ဦးကိုနီလုပ္ႀကံခံရမႈမွာ ႀကံရာပါတဦးျဖစ္တဲ့ ေထာက္လွမ္းေရး ေဟာင္း ေဇယ်ာၿဖိဳးကို ႐ံုးထုတ္လာစဥ္။ (မတ္ ၁၇-၂၀၁၇)
ေရွ႕ေနႀကီး ဦးကိုနီ လုပ္ႀကံခံရမႈမွာ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အဓိက တရားခံ ေအာင္ဝင္းခိုင္ကို လူဖမ္း၀ရံ ထပ္ၿပီးထုတ္ေပးဖို႔ မေန႔ ေသာၾကာေန႔က အမႈကို ဒုတိယအႀကိမ္ ရံုးထုတ္ စစ္ေဆးခ်ိန္မွာ တရား လိုေရွ႕ေနေတြက တရားရံုးကို ေလွ်ာက္ထားခဲ့ပါတယ္။ ဒီအေတာအတြင္း မတ္လ (၁၅)ရက္ေန႔က ႀကိဳးဆဲြခ်ေသဆံုးခဲ့တယ္ဆိုတဲ့ တာေမြၿမိဳ႕နယ္ ေထြအုပ္ဒုဦးစီးမွဴး ေနမ်ဳိးေဆြဟာ ဦးကိုနီလုပ္ႀကံခံရမႈမွာ ႀကံရာပါတဦးျဖစ္တဲ့ ေထာက္လွမ္းေရး ေဟာင္း ေဇယ်ာၿဖိဳးကို အာဏာပိုင္ေတြ ဖမ္းဆီးခ်ိန္ သက္ေသခံပစၥည္းသိမ္းဆည္းရာမွာ ပါ၀င္ခဲ့သူ တဦးျဖစ္တယ္လို႔ သတင္းေတြ
ထြက္လာေပမယ့္ သက္ဆိုင္ရာ ရဲစခန္းကေတာ့ အတည္မျပဳ ႏုိင္ေသးေၾကာင္း ဗီြအိုေအကိုေျပာပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံုကို တင္ျပမွာပါ။
တရားခံ ၾကည္လင္း
ေရွ႕ေနဦးကိုနီ လုပ္ႀကံခံရမႈနဲ႔ပတ္သက္လို႔ မတ္လ (၁၇)ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေျမာက္ပိုင္း ခရိုင္တရားရံုးမွာ ရံုးတင္စစ္ေဆးခ်ိန္မွာ ေနာက္ထပ္ ႀကံရာပါတဦးျဖစ္တဲ့ ေအာင္၀င္းခိုင္၊ ေအာင္၀င္းေဇာ္တို႔နဲ႔ ညီအကို ေတာ္စပ္သူ ေအာင္၀င္းထြန္း ကိုလည္း ရံုးထုတ္ခဲ့ပါတယ္။ သူ႔ကို ျပည္ထဲေရး၀န္ႀကီးဌာနကေန ဦးကိုနီအမႈနဲ႔ပတ္သက္လို႔ ေဖေဖၚ၀ါရီလ ကုန္ပိုင္းက သတင္းစာရွင္းလင္းပဲြျပဳလုပ္ခ်ိန္ ဖမ္းဆီးရမိထားတဲ့ လူစာရင္းထုတ္ျပန္ရာမွာ ေဖၚျပခဲ့ျခင္းမရွိပါဘူး။
ႀကံရာပါျဖစ္တဲ့ ေအာင္၀င္းထြန္းဟာ ဦးကိုနီကို လုပ္ႀကံသတ္ျဖတ္ဖို႔ ကားေမာင္းပို႔တာေတြ၊ ေနရာစီစဥ္တာေတြ လုပ္ခဲ့သူတဦးျဖစ္တယ္လို႔ ဆိုပါတယ္။ သူ႔ကို ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ (၂၁၂) ျပစ္မႈက်ဴးလြန္သူကို လက္သင့္ခံတဲ့ ဥပေဒနဲ႔ တရားစဲြထားေၾကာင္း တရားလိုေရွ႕ေနေတြက ေျပာပါတယ္။
တရားခံ ေအာင္ဝင္းေဇာ္
မေန႔က ဒုတိယ အႀကိမ္ရံုးထုတ္စစ္ေဆးခ်ိန္မွာ အမႈနဲ႔ပတ္သက္လို႔ ေလွ်ာက္လဲၾကားနာခ်က္ေတြ မလုပ္ႏိုင္ေသးေပမယ့္ တရားလို ေရွ႕ေနေတြဘက္ကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ တရားခံ ေအာင္၀င္းခိုင္ နဲ႔ ပတ္သက္လို႔ တရားရံုးဘက္က ဥပေဒေၾကာင္းအရ ျပည့္စံုတဲ့ လူဖမ္း၀ရမ္း ထပ္မံထုတ္ေပးဖို႔ ေလွ်ာက္ထားခဲ့ေၾကာင္း အစိုးရ တရားလိုေရွ႕ေန ဦးေနလက ရံုးခ်ိန္းအၿပီးမွာ သတင္းေထာက္ေတြကို အခုလို ေျပာသြားပါတယ္။
" အန္ကယ္လ္တို႔ေျပာတဲ့ကိစၥက ဘာလဲဆိုေတာ့ ဝရမ္းကိုတရားရံုးက ထုတ္တဲ့အခါမွာ ထပ္မံၿပီးေတာ့ ဝရမ္းလံုေလာက္မႈမရွိတဲ့အတြက္ေၾကာင့္ ထပ္မံၿပီးေတာ့ ဝရမ္းထုတ္ေစခ်င္ပါတယ္။ လူဖမ္းဝရမ္းေပါ့ ေအာင္ဝင္းခုိင္ကို ဖမ္းဖို႔ ထပ္ထုတ္ေပးပါလို႔ အန္ကယ္လ္တို႔ လတ္တေလာ ေလွ်ာက္ထားထားတယ္။ ေလွ်ာက္ထားခ်က္အေပၚ တရား႐ံုးက ခ်က္ျခင္း အမိန္႔မခ်ေသးဘူး။
သူတို႔ရဲ႕ေခ်ပခ်က္မရွိေသးဘူး။ ေလာေလာဆယ္ ေခ်ပခ်က္မရွိေသးဘူး။ တရားခံေျပးေၾကညာသင့္၊ မေၾကညာသင့္ ဥပေဒေရးရာအရ အျငင္းပြားမႈေတာ့ ရွိေနေသးတယ္။"
ပထမအႀကိမ္ ရုံးထုတ္စစ္ေဆးမႈကို မတ္လ (၃)ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။ ေနာက္တပတ္ ေသာၾကာေန႔ တတိယေျမာက္ ရံုးထုတ္စစ္ေဆးမွာျဖစ္ၿပီး အမႈနဲ႔ ပတ္သက္ေနတဲ့ သက္ေသ အေတာ္မ်ားမ်ားကို ေခၚယူစစ္ေဆးမယ္လို႔ ခန္႔မွန္းထားေၾကာင္း ဦးကိုနီမိသားစုေရွ႕ေန ဦးခင္ေမာင္ေဌးက ရံုးခ်ိန္အၿပီးမွာ သတင္းေထာက္ေတြကို အခုလိုေျပာပါတယ္။
" ေနာက္တပတ္ဆိုရင္ေတာ့ က်ေနာ္တို႔ တရားလိုကို စစစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ စစ္မွာပါ ဒီအမႈနဲ႔ပတ္သက္ၿပီး သူတို႔ ခံုဖြဲ႔ၿပီး စစစ္တယ္။ အစိုးရဘက္ကလည္း ခံုဖြဲ႔ေပးလိုက္တယ္။ က်ေနာ္တို႔ကေတာ့ နစ္နာသူက ဌားထားတဲ့ ေရွ႕ေနက အစိုးရေရွ႕ေနမ်ားနဲ ႔အတူ အၾကံေပးၿပီးေတာ့ ပူးေပါင္းၿပီးေဆာင္ရြက္ဖို႔အတြက္ပါ။ သူတို႔ရဲ႕ ၾကီးၾကပ္ကြပ္ကဲမႈေအာက္ကေန အမႈမွာ က်ေနာ္တို႔ ပူးေပါင္းၿပီးေဆာင္ရြက္မွာပါ။"
တရားခြင္ စစ္ခ်က္ေပးမႈေတြမွာ သတင္းသမားေတြကို ၾကည့္ရွဳနားေထာင္ခြင့္ေပးခဲ့ေပမယ့္ ဗီြဒီယိုကင္မရာနဲ႔ ရိုက္ကူးတာ၊ အသံဖမ္းတာေတြကိုေတာ့ ခြင့္မျပဳခဲ့ပါဘူး။ အဲဒီရံုးခ်ိန္မွာ သက္ဆိုင္ရာ ၿမိဳ႕နယ္ လႊတ္ေတာ္အမတ္ေတြလည္း လာေရာက္နားေထာင္ခဲ့ၾကပါတယ္။
ဒီအေတာအတြင္း မတ္လ (၁၅)ရက္ေန႔က တာေမြၿမိဳ႕နယ္ ေထြအုပ္ဒုဦးစီးမွဴး ေနမ်ဳိးေဆြ မိမိကိုယ္ မိမိ ႀကိဳးဆဲြခ်ေသဆံုးခဲ့တယ္ဆိုတဲ့အမႈမွာ ဦးကိုနီလုပ္ႀကံခံရမႈနဲ႔ ပတ္သက္ေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။
ဦးကိုနီကို လုပ္ႀကံမႈမွာ ႀကံရာပါတဦးျဖစ္တဲ့ ေထာက္လွမ္းေရးေဟာင္း ေဇယ်ာၿဖိဳးကို အာဏာပိုင္ေတြ ဖမ္းဆီးခ်ိန္သက္ေသခံပစၥည္းေတြကို သိမ္းဆည္းရာမွာ ဦးေနမ်ဳိးေဆြ ပါ၀င္ခဲ့သူတဦးျဖစ္တယ္လို႔ သတင္းေတြထြက္ေပၚေနတာနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ တာေမြၿမိဳ႕နယ္ ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာမွာ တာ၀န္က် ရဲအရာရွိတဦး တုန္႔ျပန္ေျပာတာကေတာ့-
" အဲ့ဒီ့ကိစၥကို ဃဃနန မသိတာ။ က်ေနာ္တို႔လည္း ဘာမွ မသိတာ။"
ေမး။ ။ ဟုတ္ကဲ့ က်မတို႔ ဒုဦးစီးမွဴး ဦးေနမ်ိဳးေဆြကိစၥေလး ေသခ်ာေမးခ်င္လို႔ပါ။ သူၾကိဳးဆြဲခ်ေသဆံုးမႈ အေျခအေန ေနာက္ဆံုး ရဲစခန္းဘက္က ဘာေတြမ်ား ထုတ္ျပန္ထားပါလဲ။
"ဆရာဝန္ေတာင္ ထင္ျမင္ခ်က္မေပးႏုိင္ေသးဘူး။ က်ေနာ္တို႔အေနနဲ႔ ဘာမွ မသိႏိုင္ေသးဘူး။ က်န္တဲ့အေျခအေနက က်ေနာ္တို႔လည္း ေသခ်ာလည္း မသိႏုိင္ဘူးေလ အမ ။ က်ေနာ္တို႔ကို ေထြအုပ္က ဖုန္းဆက္လို႔ အေၾကာင္းၾကားလို႔ သြားလို႔ရတာေလ။ ဖုန္းဆက္အေၾကာင္းၾကားလို႔ သြားေတာ့မွ အေျခအေနကေတာ့ အခုအခ်ိန္အထိ ဘာမွ မသိရေသးဘူး။"
မႈခင္းကို ကိုယ္တိုင္သြားေရာက္စစ္ေဆးခဲ့သူေတြထဲမွာ ပါ၀င္ခဲ့တဲ့ တာေမြၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းကေတာ့ ဦးေနမ်ဳိးေဆြ ႀကိဳးဆဲြခ် ေသဆံုးတဲ့ေနရာနဲ႔ တေပေလာက္အကြာမွာ ေသြးကြက္တကြက္နဲ႔ ညာဘက္မ်က္ခံုးမွာ ေပါက္ၿပဲဒဏ္ရာတခု ေတြ႕ခဲ့ေၾကာင္း သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။
http://burmese.voanews.com
Credit:အင္ၾကင္းႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)
=========
#Unicode Version
ဦးကိုနီလုပ်ကြံခံရမှုမှာ ကြံရာပါတဦးဖြစ်တဲ့ ထောက်လှမ်းရေး ဟောင်း ဇေယျာဖြိုးကို ရုံးထုတ်လာစဉ်။ (မတ် ၁၇-၂၀၁၇)
ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အဓိက တရားခံ အောင်ဝင်းခိုင်ကို လူဖမ်းဝရံ ထပ်ပြီးထုတ်ပေးဖို့ မနေ့ သောကြာနေ့က အမှုကို ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးချိန်မှာ တရား လိုရှေ့နေတွေက တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ဒီအတောအတွင်း မတ်လ (၁၅)ရက်နေ့က ကြိုးဆွဲချသေဆုံးခဲ့တယ်ဆိုတဲ့ တာမွေမြို့နယ် ထွေအုပ်ဒုဦးစီးမှူး နေမျိုးဆွေဟာ ဦးကိုနီလုပ်ကြံခံရမှုမှာ ကြံရာပါတဦးဖြစ်တဲ့ ထောက်လှမ်းရေး ဟောင်း ဇေယျာဖြိုးကို အာဏာပိုင်တွေ ဖမ်းဆီးချိန် သက်သေခံပစ္စည်းသိမ်းဆည်းရာမှာ ပါဝင်ခဲ့သူ တဦးဖြစ်တယ်လို့ သတင်းတွေ
ထွက်လာပေမယ့် သက်ဆိုင်ရာ ရဲစခန်းကတော့ အတည်မပြု နိုင်သေးကြောင်း ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
တရားခံ ကြည်လင်း
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ မတ်လ (၁၇)ရက်နေ့က ရန်ကုန်မြို့ မြောက်ပိုင်း ခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးချိန်မှာ နောက်ထပ် ကြံရာပါတဦးဖြစ်တဲ့ အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်တို့နဲ့ ညီအကို တော်စပ်သူ အောင်ဝင်းထွန်း ကိုလည်း ရုံးထုတ်ခဲ့ပါတယ်။ သူ့ကို ပြည်ထဲရေးဝန်ကြီးဌာနကနေ ဦးကိုနီအမှုနဲ့ပတ်သက်လို့ ဖေဖေါ်ဝါရီလ ကုန်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန် ဖမ်းဆီးရမိထားတဲ့ လူစာရင်းထုတ်ပြန်ရာမှာ ဖေါ်ပြခဲ့ခြင်းမရှိပါဘူး။
ကြံရာပါဖြစ်တဲ့ အောင်ဝင်းထွန်းဟာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ကားမောင်းပို့တာတွေ၊ နေရာစီစဉ်တာတွေ လုပ်ခဲ့သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၁၂) ပြစ်မှုကျူးလွန်သူကို လက်သင့်ခံတဲ့ ဥပဒေနဲ့ တရားစွဲထားကြောင်း တရားလိုရှေ့နေတွေက ပြောပါတယ်။
တရားခံ အောင်ဝင်းဇော်မနေ့က ဒုတိယ အကြိမ်ရုံးထုတ်စစ်ဆေးချိန်မှာ အမှုနဲ့ပတ်သက်လို့ လျှောက်လဲကြားနာချက်တွေ မလုပ်နိုင်သေးပေမယ့် တရားလို ရှေ့နေတွေဘက်ကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ အောင်ဝင်းခိုင် နဲ့ ပတ်သက်လို့ တရားရုံးဘက်က ဥပဒေကြောင်းအရ ပြည့်စုံတဲ့ လူဖမ်းဝရမ်း ထပ်မံထုတ်ပေးဖို့ လျှောက်ထားခဲ့ကြောင်း အစိုးရ တရားလိုရှေ့နေ ဦးနေလက ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။
" အန်ကယ်လ်တို့ပြောတဲ့ကိစ္စက ဘာလဲဆိုတော့ ဝရမ်းကိုတရားရုံးက ထုတ်တဲ့အခါမှာ ထပ်မံပြီးတော့ ဝရမ်းလုံလောက်မှုမရှိတဲ့အတွက်ကြောင့် ထပ်မံပြီးတော့ ဝရမ်းထုတ်စေချင်ပါတယ်။ လူဖမ်းဝရမ်းပေါ့ အောင်ဝင်းခိုင်ကို ဖမ်းဖို့ ထပ်ထုတ်ပေးပါလို့ အန်ကယ်လ်တို့ လတ်တလော လျှောက်ထားထားတယ်။ လျှောက်ထားချက်အပေါ် တရားရုံးက ချက်ခြင်း အမိန့်မချသေးဘူး။
သူတို့ရဲ့ချေပချက်မရှိသေးဘူး။ လောလောဆယ် ချေပချက်မရှိသေးဘူး။ တရားခံပြေးကြေညာသင့်၊ မကြေညာသင့် ဥပဒေရေးရာအရ အငြင်းပွားမှုတော့ ရှိနေသေးတယ်။"
ပထမအကြိမ် ရုံးထုတ်စစ်ဆေးမှုကို မတ်လ (၃)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ နောက်တပတ် သောကြာနေ့ တတိယမြောက် ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး အမှုနဲ့ ပတ်သက်နေတဲ့ သက်သေ အတော်များများကို ခေါ်ယူစစ်ဆေးမယ်လို့ ခန့်မှန်းထားကြောင်း ဦးကိုနီမိသားစုရှေ့နေ ဦးခင်မောင်ဌေးက ရုံးချိန်အပြီးမှာ သတင်းထောက်တွေကို အခုလိုပြောပါတယ်။
" နောက်တပတ်ဆိုရင်တော့ ကျနော်တို့ တရားလိုကို စစစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်မှာပါ ဒီအမှုနဲ့ပတ်သက်ပြီး သူတို့ ခုံဖွဲ့ပြီး စစစ်တယ်။ အစိုးရဘက်ကလည်း ခုံဖွဲ့ပေးလိုက်တယ်။ ကျနော်တို့ကတော့ နစ်နာသူက ဌားထားတဲ့ ရှေ့နေက အစိုးရရှေ့နေများနဲ့အတူ အကြံပေးပြီးတော့ ပူးပေါင်းပြီးဆောင်ရွက်ဖို့အတွက်ပါ။ သူတို့ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ကနေ အမှုမှာ ကျနော်တို့ ပူးပေါင်းပြီးဆောင်ရွက်မှာပါ။"
တရားခွင် စစ်ချက်ပေးမှုတွေမှာ သတင်းသမားတွေကို ကြည့်ရှုနားထောင်ခွင့်ပေးခဲ့ပေမယ့် ဗွီဒီယိုကင်မရာနဲ့ ရိုက်ကူးတာ၊ အသံဖမ်းတာတွေကိုတော့ ခွင့်မပြုခဲ့ပါဘူး။ အဲဒီရုံးချိန်မှာ သက်ဆိုင်ရာ မြို့နယ် လွှတ်တော်အမတ်တွေလည်း လာရောက်နားထောင်ခဲ့ကြပါတယ်။
ဒီအတောအတွင်း မတ်လ (၁၅)ရက်နေ့က တာမွေမြို့နယ် ထွေအုပ်ဒုဦးစီးမှူး နေမျိုးဆွေ မိမိကိုယ် မိမိ ကြိုးဆွဲချသေဆုံးခဲ့တယ်ဆိုတဲ့အမှုမှာ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဦးကိုနီကို လုပ်ကြံမှုမှာ ကြံရာပါတဦးဖြစ်တဲ့ ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးကို အာဏာပိုင်တွေ ဖမ်းဆီးချိန်သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရာမှာ ဦးနေမျိုးဆွေ ပါဝင်ခဲ့သူတဦးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာမွေမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲအရာရှိတဦး တုန့်ပြန်ပြောတာကတော့-
" အဲ့ဒီ့ကိစ္စကို ဃဃနန မသိတာ။ ကျနော်တို့လည်း ဘာမှ မသိတာ။"
မေး။ ။ ဟုတ်ကဲ့ ကျမတို့ ဒုဦးစီးမှူး ဦးနေမျိုးဆွေကိစ္စလေး သေချာမေးချင်လို့ပါ။ သူကြိုးဆွဲချသေဆုံးမှု အခြေအနေ နောက်ဆုံး ရဲစခန်းဘက်က ဘာတွေများ ထုတ်ပြန်ထားပါလဲ။
"ဆရာဝန်တောင် ထင်မြင်ချက်မပေးနိုင်သေးဘူး။ ကျနော်တို့အနေနဲ့ ဘာမှ မသိနိုင်သေးဘူး။ ကျန်တဲ့အခြေအနေက ကျနော်တို့လည်း သေချာလည်း မသိနိုင်ဘူးလေ အမ ။ ကျနော်တို့ကို ထွေအုပ်က ဖုန်းဆက်လို့ အကြောင်းကြားလို့ သွားလို့ရတာလေ။ ဖုန်းဆက်အကြောင်းကြားလို့ သွားတော့မှ အခြေအနေကတော့ အခုအချိန်အထိ ဘာမှ မသိရသေးဘူး။"
မှုခင်းကို ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သူတွေထဲမှာ ပါဝင်ခဲ့တဲ့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းကတော့ ဦးနေမျိုးဆွေ ကြိုးဆွဲချ သေဆုံးတဲ့နေရာနဲ့ တပေလောက်အကွာမှာ သွေးကွက်တကွက်နဲ့ ညာဘက်မျက်ခုံးမှာ ပေါက်ပြဲဒဏ်ရာတခု တွေ့ခဲ့ကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
http://burmese.voanews.com
Credit:အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
Home
/
ျပည္တြင္းသတင္း
/
ျဖစ္ရပ္မွန္
/
ဦးေနမ်ိဳးေဆြ ႀကိဳးဆြဲခ်တယ္ဆိုတာ ဦးကိုနီအမႈနဲ႔ ပတ္သက္ေနသလား ?
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment