လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် အမျိုးသမီးအချို့နှင့် ဖြစ်ပွားခဲ့သည့် ပြသာနာ ဂျွန်လွင်ရှင်းပြီ


မတ် ၁၇ရက်ညက လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် အကယ်ဒမီ အစမ်းလေ့ကျင့်ပွဲ၌ Star Model Agencyမှ ကိုဂျွန်လွင်နှင့် အမျိုးသမီးအချို့ ဖြစ်ပွားခဲ့သည့် ပြဿနာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေရန် ရည်ရွယ်ပြောဆိုခြင်းမဟုတ်ကြောင်း ဂျွန်လွင်က News Watchသို့ ပြောသည်။
“ပြောတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ သဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲညမှာ ရှပ်ရှင်၊ သဘင်၊ ဂီတ လောကသားတွေ အားလုံး စုပေါင်းလက်တွဲ ဖြေရှင်းကြရမှာပါ။ အချိန်အတိုင်းအတာနဲ့ အလုပ်လုပ်နေရတဲ့ အချိန်မှာ အစားအသောက်ကို ဦးစားပေးနေရတာ စလေ့ကျင့်တဲ့ နေ့ကတည်းကမို့၊ ဒါကြောင့် နောက်ဆုံး လေ့ကျင့်တဲ့နေ့မှာတော့ အဖွဲ့တွေအားလုံး ညီညီညာညာနဲ့ ပြိးသွားစေချင်လို့ စေတနာနဲ့ ပြောလိုက်တာပါ” ဟု Star Model Agencyမှ ကိုဂျွန်လွင်က ပြောသည်။

Image may contain: 1 person

မတ်လ ၁၇ရက်ညက လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သော ရုပ်သံဖိုင်တွင် အကယ်ဒမီပေးပွဲနေ့အတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေကြသော အဖွဲ့များအားလုံးကို ည၇နာရီခွဲတွင် အပြီးသတ် ထမင်းစားကြရန်နှင့် မစားလိုက်ရ သော သူများကိုလည်း ထပ်မံကျွေးမွေးမှု မရှိတော့ဘဲ သီဆိုကပြ လေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ကြောင်း ဂျွန်လွင်က မိုက်ဖြင့် ပြောဆိုခဲ့မှုအပေါ် ကပြဖျော်ဖြေရာ၌ ပါဝင်မည့် အမျိုးသမီးငယ်တစ်ချို့က ကျေနပ်ခြင်း မရှိသောကြောင့် ဂျွန်လွင်ကို ပြန်လည်ပြောဆိုမှုများ ပါဝင်ခဲ့သည်။
အဆိုပါညတွင် ရှပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက ၀င်ရောက်ဖြေရှင်းမှ နှစ်ဦးနှစ်ဖက် ကျေအေးခဲ့ပြီး ဂျွန်လွင်နှင့် စကားများခဲ့သော အမျိုးသမီး အချို့မှာ မြန်မာနိုင်ငံ ရှပ်ရှင် အစည်းအရုံးမှ ရှပ်ရှင်သင်တန်းဆင်းများ ဖြစ်ကြောင်း သိရသည်။
Star Model Agencyမှ ကိုဂျွန်လွင်သည် သူ၏တပည့် မော်ဒန်သင်တန်းသားများကို သင်ကြားပို့ချရာတွင်လည်း ပိုမိုတက်မြောက်စေရန် ရည်ရွယ်၍ စကားပြောဆိုရာတွင် ရှင်းလင်း ထိရောက်စေရန် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမှုများ ရှိခဲ့ပြီး အကြောင်းသိသူများ အနေုဖြင့် နားရည်ဝနေသော်လည်း ယခုပွဲရက်မှ သိရှိသူများ အနေဖြင့် ရိုင်းပြသည်ဟု မှတ်ယူသွားခြင်းကြောင့် ယခုကဲ့သို့ အငြင်းပွားမှုများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ရှပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကယ်ဒမီပေးပွဲအတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာတွင် နံနက်၆နာရီမှ စတင်၍ ထမင်းကျွေးပြီး ကပြမည့် အမျိုးသမီး အချို့မှာ ညနေ၆နာရီအထိ ထမင်းမစားရသေးသောကြောင့် လေ့ကျင့်မှုများ နောက်ကျခဲ့ရကြောင်း၊ နောက်ဆုံး လေ့ကျင့်သည့်နေ့တွင် ထမင်းကြိုတင် စားထားရန်နှင့် စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသော အမှိုက်များကို သိမ်းဆည်းကြရန် ဂျွန်လွင်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြာဿနာ ဖြစ်ပွားချိန်တွင် အနီးဝန်းကျင်၌ ရှိခဲ့သော ပြည်သူတစ်ဦးက ပြောသည်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...