ဆီးမထိန္းႏုိင္ျခင္းအတြက္_ေဆာင္ရန္_ေရွာင္ရန္မ်ား

#ဆီးမထိန္းႏုိင္ျခင္းအတြက္_ေဆာင္ရန္_ေရွာင္ရန္မ်ား
############################%
#Source - ေဒါက္တာခင္မုိးမုိး

အသက္ ၄၅ ႏွစ္မွ ၆၀ ႏွစ္ၾကား အမ်ုဳိးသမီးေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းခန္႔ဟာ ဆီးမထိန္းႏုိင္တဲ့ျပႆနာရွိၾကပါတယ္။ ႐ုတ္တရက္ ဆီးသြားခ်င္စိတ္ေပါက္လာၿပီး အိမ္သာ ကိုမေရာက္ခင္မွာဘဲ ဆီးထြက္သြားတတ္တဲ့အမ်ဳိးအစားကေတာ့ Urge
Incontinence လို႔ေခၚၿပီး ဆီးအိတ္အလုပ္လြန္တာေၾကာင့္ ျဖစ္တာပါ။ ဆီးအိတ္ကို ဆီးထိန္းထားႏုိင္ေအာင္ ေလ့က်င့္ေပးရပါမယ္။ တစ္နာရီျခားတစ္ခါ ဆီးသြားတဲ့ အက်င့္ကို တစ္ပတ္ေလာက္ေလ့က်င့္ေပးၿပီး ေနာက္အပတ္ကစၿပီး နာ
ရီ၀က္စီ တိုးသြားကာ သံုးနာရီေလာက္ ဆီးထိန္းႏုိင္ေအာင္ ေလ့က်င့္ေပးရပါမယ္။ တခ်ဳိ႕အမ်ဳိးသမီးေတြက ရယ္ေမာတဲ့အခါ၊ ႏွာေခ်တဲ့အခါ၊ ေခ်ာင္းဆိုးတဲ့အခါ ဒါမွမဟုတ္ ေလ့က်င့္ခန္းလုပ္တဲ့အ ခါမွာ ဆီးထြက္က်တတ္တာကို Stress
Incontinence လို႔ေခၚၿပီး မီးယပ္ေသြးဆံုးၿပီး ေနာက္ပိုင္း အီစထ႐ိုဂ်င္ ေလ်ာ့က်သြားတာေၾကာင့္ျဖစ္တာပါ။ သဘာ၀အတုိင္း ကေလးေမြးဖြားစဥ္မွာလည္း ဆီးအိတ္ရဲ႕တစ္သွ်ဴးေတြက ဖိအားသက္ေရာက္မႈခံရၿပီး အားေပ်ာ့သြားတာေၾကာင့္
မီးယပ္ေသြးဆံုးၿပီးေနာက္ပုိင္းမွာ ဆီးမထိန္းႏုိင္တဲ့ျပႆနာ ေတြျဖစ္တတ္ပါတယ္။ ဆီးမထိန္းႏုိင္သူေတြကို ေရေလွ်ာ့ေသာက္ခုိင္းတဲ့အက်င့္က မွားယြင္းပါတယ္။ ေရေလွ်ာ့ေသာက္လိုက္တာေၾကာင့္ ဆီးထိန္းႏုိင္မွာ မဟုတ္ပါဘူး။ ဆီးက
ပိုပ်စ္သြားၿပီး ဆီးအိတ္ရဲ႕နံရံေတြကို လႈံ႔ေဆာ္မႈေပးႏုိင္တဲ့အတြက္ ပိုၿပီးေတာ့ေတာင္ ဆီးမထိန္းႏိုင္ေတာ့ပါဘူး။ ဆီးမထိန္းႏုိင္တဲ့သူေတြ ေဆာင္ရန္၊ ေရွာင္ရန္ အစားအစာေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

#စားသင့္သည့္အစားအစာမ်ား

၁။ သခြားသီး
သခြားသီးမွာပါ၀င္တဲ့ Silica က သူ႔မွာ ပါ၀င္တဲ့ေရာင္ရမ္းမႈကို ေလ်ာ့က်ေစတဲ့ ဂုဏ္သတိ္ၱေၾကာင့္ ဆီးအိတ္ကို အေထာက္အပံ့ေပးႏုိင္ပါတယ္။ ေျမပဲ၊ ေနၾကာေစ့၊ ဗာဒံေစ့၊ မုန္လာဥနီ၊ ပန္းသီး၊ ၾကက္သြန္နီ၊ ဖ႐ံုသီးနဲ႔ ငါးေတြ
မွာလည္း Silica မ်ားစြာ ပါ၀င္တဲ့အတြက္ ဆီးမထိန္းႏိုင္သူေတြ စားသင့္တဲ့အစားအစာေတြပါ။

၂။ Vitamin C ပိုမိုစားသံုးပါ

ဗီတာမင္စီက ဆီးအိတ္နဲ႔ေယာနိကို ေထာက္ပံ့ေပးတဲ့တစ္သွ်ဴးေတြရဲ႕ က်ဳံ႕ႏုိင္၊ ဆန္႔ႏုိင္အားေကာင္းေစႏုိင္တဲ့ ေကာ္လာဂ်င္ထုတ္လုပ္မႈကို ေကာင္းမြန္ေစႏုိင္ပါတယ္။ အေရာင္စံုပါ၀င္တဲ့အစားအစာေတြကို စားေပးတာက ဗီ
တာမင္စီပမာဏမ်ားစြာ ရရွိေစႏိုင္တဲ့အျပင္ ေကာ္လာဂ်င္ထုတ္လုပ္မႈကို ကူညီေပးႏုိင္တဲ့ Bioflavonoids ရရွိႏုိင္ပါတယ္။

၃။ မဂၢနီဆီယမ္
ကိုက္လန္၊ ေဂၚဖီထုပ္နဲ႔ အစိမ္းေရာင္ ပန္းေဂၚဖီေတြမွာပါ၀င္တတ္တဲ့ မဂၢနီဆီယမ္ဟာ ႂကြက္သားနဲ႔အာ႐ံုေၾကာလုပ္ငန္းေတြကို ေကာင္းမြန္ေစႏုိင္တဲ့အတြက္ ဆီးမထိန္းႏုိင္သူေတြကို အကူအညီရရွိႏုိင္ပါတယ္။
.........................................................
#ေရွာင္သင့္သည့္အစားအစာမ်ား

၁။ အရက္
အယ္လ္ကိုေဟာဟာ ဦးေႏွာက္မွဆီးအိတ္ကို အခ်က္ျပတဲ့စနစ္ကို အေႏွာင့္အယွက္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ အရက္ေသာက္ထားသူေတြက ပိုၿပီးေတာ့ ဆီးမထိန္းတတ္ၾကပါဘူး။

၂။ ကဖင္း
ကဖင္းက ဆီးရႊင္ႏုိင္တဲ့ဂုဏ္သတ္ၱိရွိတဲ့အတြက္ ေကာ္ဖီမ်ားမ်ားေသာက္သူေတြက ဆီးမထိန္းႏုိင္တာနဲ႔ဆက္စပ္မႈရွိပါတယ္။

၃။ အခ်ဳိစာမ်ား
အခ်ဳိစာေတြက က်န္းမာေရးအတြက္ ဆိုးရြားေစႏုိင္တာေၾကာင့္ သင္က်န္းမာေရး ေကာင္းဖို႔အတြက္ အခ်ဳိစာေတြကို တတ္ႏုိင္သမွ် ေလွ်ာ့စားသင့္ပါတယ္။ အခ်ဳိစာေတြက ဆီးအိတ္ကို လံႈ႔ေဆာ္မႈေပးႏုိင္တာေၾကာင့္ ဆီးထိန္းရ
ပိုမိုခက္ခဲသြားႏုိင္ပါတယ္။

၄။ အစပ္စာမ်ား
အစာလြန္ကဲတဲ့အစားအစာေတြက ဆီးအိတ္နံရံကို လႈံ႔ေဆာ္မႈေပးႏုိင္တာေၾကာင့္ ဆီးထြက္က်ႏုိင္ပါတယ္။ ဒါေၾကာင့္ ဆီးမထိန္းသူေတြအေနနဲ႔ င႐ုတ္သီးနဲ႔ Wasabi လိုမ်ဳိး အစားအစာေတြ ေရွာင္သင့္ပါတယ္။

#ဖတ္မိသမ်ွ_က်န္းမာ_လွပ_သုတ
www.apannpyay.com
===================

#ဆီးမထိန်းနိုင်ခြင်းအတွက်_ဆောင်ရန်_ရှောင်ရန်များ
############################%
#Source - ဒေါက်တာခင်မိုးမိုး

အသက် ၄၅ နှစ်မှ ၆၀ နှစ်ကြား အမျုုိးသမီးတွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ ဆီးမထိန်းနိုင်တဲ့ပြဿနာရှိကြပါတယ်။ ရုတ်တရက် ဆီးသွားချင်စိတ်ပေါက်လာပြီး အိမ်သာ ကိုမရောက်ခင်မှာဘဲ ဆီးထွက်သွားတတ်တဲ့အမျိုးအစားကတော့ Urge
Incontinence လို့ခေါ်ပြီး ဆီးအိတ်အလုပ်လွန်တာကြောင့် ဖြစ်တာပါ။ ဆီးအိတ်ကို ဆီးထိန်းထားနိုင်အောင် လေ့ကျင့်ပေးရပါမယ်။ တစ်နာရီခြားတစ်ခါ ဆီးသွားတဲ့ အကျင့်ကို တစ်ပတ်လောက်လေ့ကျင့်ပေးပြီး နောက်အပတ်ကစပြီး နာ
ရီဝက်စီ တိုးသွားကာ သုံးနာရီလောက် ဆီးထိန်းနိုင်အောင် လေ့ကျင့်ပေးရပါမယ်။ တချို့အမျိုးသမီးတွေက ရယ်မောတဲ့အခါ၊ နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တဲ့အ ခါမှာ ဆီးထွက်ကျတတ်တာကို Stress
Incontinence လို့ခေါ်ပြီး မီးယပ်သွေးဆုံးပြီး နောက်ပိုင်း အီစထရိုဂျင် လျော့ကျသွားတာကြောင့်ဖြစ်တာပါ။ သဘာဝအတိုင်း ကလေးမွေးဖွားစဉ်မှာလည်း ဆီးအိတ်ရဲ့တစ်သျှူးတွေက ဖိအားသက်ရောက်မှုခံရပြီး အားပျော့သွားတာကြောင့်
မီးယပ်သွေးဆုံးပြီးနောက်ပိုင်းမှာ ဆီးမထိန်းနိုင်တဲ့ပြဿနာ တွေဖြစ်တတ်ပါတယ်။ ဆီးမထိန်းနိုင်သူတွေကို ရေလျှော့သောက်ခိုင်းတဲ့အကျင့်က မှားယွင်းပါတယ်။ ရေလျှော့သောက်လိုက်တာကြောင့် ဆီးထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဆီးက
ပိုပျစ်သွားပြီး ဆီးအိတ်ရဲ့နံရံတွေကို လှုံ့ဆော်မှုပေးနိုင်တဲ့အတွက် ပိုပြီးတော့တောင် ဆီးမထိန်းနိုင်တော့ပါဘူး။ ဆီးမထိန်းနိုင်တဲ့သူတွေ ဆောင်ရန်၊ ရှောင်ရန် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

#စားသင့်သည့်အစားအစာများ

၁။ သခွားသီး
သခွားသီးမှာပါဝင်တဲ့ Silica က သူ့မှာ ပါဝင်တဲ့ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတိ်္တကြောင့် ဆီးအိတ်ကို အထောက်အပံ့ပေးနိုင်ပါတယ်။ မြေပဲ၊ နေကြာစေ့၊ ဗာဒံစေ့၊ မုန်လာဥနီ၊ ပန်းသီး၊ ကြက်သွန်နီ၊ ဖရုံသီးနဲ့ ငါးတွေ
မှာလည်း Silica များစွာ ပါဝင်တဲ့အတွက် ဆီးမထိန်းနိုင်သူတွေ စားသင့်တဲ့အစားအစာတွေပါ။

၂။ Vitamin C ပိုမိုစားသုံးပါ

ဗီတာမင်စီက ဆီးအိတ်နဲ့ယောနိကို ထောက်ပံ့ပေးတဲ့တစ်သျှူးတွေရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်အားကောင်းစေနိုင်တဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ အရောင်စုံပါဝင်တဲ့အစားအစာတွေကို စားပေးတာက ဗီ
တာမင်စီပမာဏများစွာ ရရှိစေနိုင်တဲ့အပြင် ကော်လာဂျင်ထုတ်လုပ်မှုကို ကူညီပေးနိုင်တဲ့ Bioflavonoids ရရှိနိုင်ပါတယ်။

၃။ မဂ္ဂနီဆီယမ်
ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင် ပန်းဂေါ်ဖီတွေမှာပါဝင်တတ်တဲ့ မဂ္ဂနီဆီယမ်ဟာ ကြွက်သားနဲ့အာရုံကြောလုပ်ငန်းတွေကို ကောင်းမွန်စေနိုင်တဲ့အတွက် ဆီးမထိန်းနိုင်သူတွေကို အကူအညီရရှိနိုင်ပါတယ်။
.........................................................
#ရှောင်သင့်သည့်အစားအစာများ

၁။ အရက်
အယ်လ်ကိုဟောဟာ ဦးနှောက်မှဆီးအိတ်ကို အချက်ပြတဲ့စနစ်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်ထားသူတွေက ပိုပြီးတော့ ဆီးမထိန်းတတ်ကြပါဘူး။

၂။ ကဖင်း
ကဖင်းက ဆီးရွှင်နိုင်တဲ့ဂုဏ်သတ်္တိရှိတဲ့အတွက် ကော်ဖီများများသောက်သူတွေက ဆီးမထိန်းနိုင်တာနဲ့ဆက်စပ်မှုရှိပါတယ်။

၃။ အချိုစာများ
အချိုစာတွေက ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်တာကြောင့် သင်ကျန်းမာရေး ကောင်းဖို့အတွက် အချိုစာတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အချိုစာတွေက ဆီးအိတ်ကို လှုံ့ဆော်မှုပေးနိုင်တာကြောင့် ဆီးထိန်းရ
ပိုမိုခက်ခဲသွားနိုင်ပါတယ်။

၄။ အစပ်စာများ
အစာလွန်ကဲတဲ့အစားအစာတွေက ဆီးအိတ်နံရံကို လှုံ့ဆော်မှုပေးနိုင်တာကြောင့် ဆီးထွက်ကျနိုင်ပါတယ်။ ဒါကြောင့် ဆီးမထိန်းသူတွေအနေနဲ့ ငရုတ်သီးနဲ့ Wasabi လိုမျိုး အစားအစာတွေ ရှောင်သင့်ပါတယ်။

#ဖတ်မိသမျှ_ကျန်းမာ_လှပ_သုတ
www.apannpyay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...