က်ေတာ္ဖတ္ျပီး မ်က္ရည္က်မိပါတယ္
" ဆည္မႏိုင္တဲ့ စုန္ေရ " တဲ႕
ဖတ္ၾကည့္ပါေနာ္
ဆည္မႏိုင္တဲ႕စုန္ေရ
"အေမကသားကို မခ်စ္ပါဘူးဗ်ာ"
"နင္က ခ်စ္စရာ ေကာင္းတာကိုး အေကာင္ရဲ႕"
"အေမက သားကို ဆိုအေကာင္းကိုမေျပာဘူး"
"ေအးေဟ့ ငါ့သားေလး သိပ္ခ်စ္တာပဲ ေတြ ဘာေတြ ေျပာမေနအားဘူး ၊ လုပ္စားရတာ ေမာရတဲ့ၾကား နင္ကတစ္မ်ိဳး ေရာ့ ဒီမွာ လက္ဖက္ရည္ဖိုး ထားခဲ့တယ္ သြားမယ္ "
ကြၽန္ေတာ္ျပံဳးလိုက္သည္။ ေသခ်ာေအာင္ ေစာင္ထဲက ေခ်ာင္းၾကည့္လိုက္သည္။ ပိုက္ဆံ တစ္ေထာင္တန္ကိုျမင္မွ ေစာင္ျခံဳၿပီး အသာျပန္ေကြးေနလိုက္သည္။ မနက္ခင္းတိုင္းၾကား ရျမဲအသံေတြထဲ မွာ အေမ ေနာက္ဆံုးေျပာေနက် လက္ဖက္ရည္ ဖိုး ထားခဲ့တယ္ ဆိုတဲ့ အသံသည္ ကြၽန္ေတာ္မနက္ခင္း တိုင္းအတြက္ အသာယာဆံုး ေတးသံပင္ျဖစ္သည္။ တခါ တရံ ငါးရာတန္ ထားခဲ့လွ်င္ဂ်ီက် တတ္လို႔ အခုဆို တစ္ေထာင္တန္ သာထားခဲ့တာမ်ားသည္။ အေမ က နံနက္လင္းသည္ႏွင့္ မုန္ ့ေစ်းေတာင္းျပင္ ၿပီးေစ်းထြက္သည္။ ကြၽန္ေတာ္က ၁၀ တန္းေအာင္ၿပီး အေဝးသင္ တကၠသိုလ္ တတ္ရန္ ေစာင့္ ေနသည့္ အေဝးသင္ တကၠသိုလ္ ေက်ာင္းသားႀကီး ျဖစ္သည္။ေနဖင္ထိုး လို႔ ေက်ာပူမွ အိပ္ယာထ တာကေတာ့ ၁၀ တန္းေျဖၿပီး ကတည္းက စြဲခဲ့တဲ့ ကြၽန္တာ့္ အက်င့္ ပါ။ အေမ့ ကိုဝိုင္းကူဖို႔ ဆို တာ မစဥ္းစားခ်င္ပါ။ အေမတစ္ေယာက္တည္းေစ်း ေရာင္းသြားလည္း အဆင္ေျပတာပဲေလ။ကြၽန္ေတာ္ တို႔ သားမိ ႏွစ္ေယာက္အတြက္ အေမ့ မုန္ ့ေစ်းေတာင္းေလး ကအဆင္ေျပသည္။အလုပ္မလုပ္ခ်င္ ၍မဟုတ္ ၊ကြၽန္ေတာ္ လုပ္ခ်င္သည္။ ကြၽန္ေတာ္ဘဝ ၏တိုးတတ္ရာ ႐ွာခ်င္ ပါသည္။သို႔ေသာ္ ကြၽန္ေတာ္ ဘာလုပ္ရမလဲမသိပါ။သူငယ္ခ်င္းေတြ အလုပ္လုပ္ ထြက္ၾကတာ အားက်စရာပင္ ျဖစ္သည္။ဒီတစ္ေခါက္ျပန္လာတာ မိဘ ကို ဘယ္ေလာက္ကန္ေတာ့တာေလ ဆိုတဲ့ အေျပာမ်ိဳး ျဖင့္ တျခားမိဘ ေတြ လို အေမ့ကိုေပ်ာ္ေစခ်င္သည္။တျခား အေမ ေတြကို ဂုဏ္ယူဝံ့ႂကြား ေျပာေစခ်င္သည္။
"အေမ သား ထြန္းကို တို႔နဲ႔ ရန္ကုန္ကို အလုပ္႐ွာဖို႔လိုက္ခ်င္တယ္"
"အံမယ္ နင္ကဘာလုပ္တတ္လို႔တုန္း"
"ဟာ အေမ ကလည္း ဒီလိုပဲ လုပ္တတ္သြား မွာေပါ့၊သားက ဆယ္တန္းေအာင္ၿပီးသား ဆိုေတာ့ အလုပ္တစ္ခုခုေတာ့ ရမွာပါ"
"နင္လို ငပ်င္း ဘယ္သူ ကအလုပ္ခန္႔မွာလဲ"
"သားႀကိဳးစား လုပ္မွာပါ အေမ ရာ ၊သားကို သြားခြင့္ေပးပါေနာ္ ၊အလုပ္ မရ ရင္လည္း အေမ့ ဆီျပန္လာမွာေပါ့"
"ေအးပါ ၊ေအးပါ ဘယ္ေန႔သြား မွာလဲ ႀကိဳေျပာ လမ္းစရိတ္ ကႀကိဳ႐ွာထား ရမွာ "
အေမ မွာတားမရလို႔ ခြင့္ျပဳလိုက္ရေသာ္လည္း ၊သက္ျပင္း ႐ွည္႐ွည္ေတြ ခ်ၿပီး မခြဲရေသးေသာ သားကို ႀကိဳလြမ္းေနသလား ထင္မိသည္။
" အေမ့ ေမတၱာ အစုန္မွာ သားေမ်ာမေနခ်င္ေတာ့ လို႔ပါအေမ၊
သားေမတၱာ ေတြ ဆန္တတ္ႏိုင္ဖို႔ သားႀကိဳးစား မွာပါ အေမရယ္" ဟုစိတ္ထဲက သာတီးတိုး ေရရြတ္မိသည္။
"အေမ တစ္ေယာက္တည္း ျဖစ္ပါ့ မလား အေမ"
"ေအာင္မယ္ သြားခါနီးလာခါ နီး ငါ့အတြက္ စိတ္ပူ မေနနဲ႔၊ နင္က ငါ့ကို ဘာမ်ား ဝိုင္းကူ ဖူးလို႔လဲ၊ ကိုယ့္လမ္း ကိုယ္သာ ေျဖာင့္ေျဖာင့့္သြား ၊ကားဂိတ္ေတာ့ လိုက္မပို႔ေတာ့ဘူး ၊မုန္႔လုပ္ဖို႔ ေစ်း သြားဝယ္ရဦးမယ္"
"ဟုတ္ သား အေမ့ ကို ကန္ေတာ့ ခဲ့မယ္ေနာ္"
"ေအး ေအး ကန္ေတာ့ ၊မိဘ ကန္ေတာ့ ရမွန္း ခုမွသိေတာ့တယ္ ၊ဆုေတာ့ မေပးတတ္ဖူး ေအ ၊ ငါ့သားေလး သူေတာ္ေကာင္း နဲ႔ ေတြပါ ဆံုပါေစ ေတာ္"
ေျပာေျပာ ဆိုဆို အိမ္ေနာက္ေဖး တန္းဝင္ သြား တဲ့ အေမ့ ေက်ာျပင္ေလး သိမ့္သိမ့္တုန္ေနသည္။ က်လာတဲ့ မ်က္ရည္ ကို ဆြဲသုတ္ ၿပီး အေမ့ ကို ႏႈတ္ဆက္လိုက္သည္။
"အေမ သားသြားေတာ့မယ္ ဗ်ိဳ႕"
"ေအး ေအး"
အေမ့ ႏႈတ္ဆက္ သံ မွာ ႐ႈိက္သံေတြပါ ေနသည္။
" ၾကမ္းၾကမ္း တမ္းတမ္း ဘဝ ကို ျဖတ္သန္း ေနရ ေပမဲ့ ၊သားအေပၚ ထားတဲ့ ေမတၱာတရား ကို သားနားလည္ပါတယ္ အေမရယ္"
ရန္ကုန္ မွာ ေရာက္ေနႏွင့္ၿပီးသား သူငယ္ခ်င္း မ်ား၏ အဆက္အသြယ္ျဖင့္ လစာ သင့္တင့္ေသာ အလုပ္ တစ္ခုရ ရိွခဲ့သည္။ အေမ့ အိမ္မွာ လို ေနဖင္ထိုးေအာင္ အိပ္ခြင့္မရေတာ့ပါ။ ပါလာတဲ့ ေငြေလး ျခစ္ကုတ္ ၿပီးေနရတာေၾကာင့္ လက္ဖက္ရည္ တစ္ခြက္ကို ေသာက္ဖို႔ ခ်င့္ခ်ိန္ ေနရသည္။ ေပတူးေနေအာင္ဝတ္ထားတဲ့ ဂ်င္းေဘာင္းဘီ အထူႀကီးေတြကို အေမ့ လက္ေသးေသးေလး ေတြ ဘယ္ေလာက္အားစိုက္ခဲ့ရလဲ ဆိုတာ ကိုယ္ခ်င္းစာတတ္လာသည္။ ဖြယ္ဖြယ္ရာရာ ခ်က္ထားတဲ့ အေမ့လက္ရာ ကို ေခ်းမ်ား ခဲ့ဖူး ေသာ္လည္း ဘဲဥ ခ်ဥ္ဟင္း တစ္ခြက္ ျဖင့္ ထမင္းၿမိန္ဖို႔ ႀကိဳးစားေနရၿပီ။ အေမ့၏ ဝါးကပ္ အိမ္ေလး အတြင္းမွာ လံုျခံဳ ေႏြးေထြးစြာ လူးလိမ့္ အိပ္ခဲ့ရျခင္း အရသာ ကို ေက်ာတစ္ခင္းစာ ေနရာေလး မွာ အိပ္ေပ်ာ္ဖို႔ ႀကိဳးစားရင္းသိခဲ့ရၿပီ။တနည္းအားျဖင့္ အေမ့ အေပၚ အမွီခိုကင္းစြာ ရပ္တည္ဖို႔ ႀကိဳးစားခြင့္ ရခဲ့သည္။
အေဝးသင္ အနီးကပ္သင္တန္း တတ္ရန္ အလုပ္မွ ခြင့္ တစ္လ ရသည္။ စုထားတဲ့ ပိုက္ဆံေလး ေတြ ထုတ္ေရၾကည့္သည္။ေက်ာင္းစရိတ္ အတြက္ လံုေလာက္ သည္။ အေမ့ကို ကန္ေတာ့ရန္ နည္းနည္း ဖယ္ထားလိုက္သည္။ ေက်ာင္းမသြားခင္ အေမ့ ဆီအရင္ သြားကန္ေတာ့ ရမည္ ဟု စိတ္ကူးလိုက္သည္။ အေမ့ ဝမ္းသာေနမွာပဲ ဟု စိတ္ကူးႏွင့္ ၾကည္ႏူးမိသည္။ ပထမဆံုး အေန ျဖင့္ အေမ အေပၚ ေက်းဇူးဆပ္ႏိုင္ မည့္ ဆန္ေရ အတြက္ ႀကိဳတင္ ေပ်ာ္ရႊင္မိသည္။
"အေမ သံုးခ်င္ရာ သံုးဖို႔ သား ကန္ေတာ့ တာ အေမ"
"နင့္ ပိုက္ဆံ ငါမသံုးပါဘူး ၊လိုတဲ့ အခ်ိန္ျပန္ေတာင္း ငါသိမ္းထားေပးပါ့မယ္"
"အေမ ကလည္း အေမ့ ကိုကန္ေတာ့ ဖို႔ သားက ဖယ္ထားတာပါ"
"ေအးပါေတာ္ ေအးပါ သာဓုပါေတာ္"
စာေမးပြဲ ေျဖၿပီး ရန္ကုန္ ျပန္ခ်ိန္မွာေတာ့ စရိတ္မေလာက္လို႔ အေမ့ ဆီ က လမ္းစရိတ္ျပန္ေတာင္းခဲ့ရသည္။ အေမ ကေတာ့ ႀကိဳသိေနသလိုပင္။ ကန္ေတာ့ထားတဲ့ေငြေလး အထုတ္ေတာင္ မျဖည္ရေသး ျပန္ေပးလိုက္သည္။
"အေမ့ကို ေနာက္ႏွစ္ ျပန္လာခါ မွ မ်ားမ်ား ကန္ေတာ့မယ္ ေနာ္"
အေမ ကေတာ့ ဘာမွ ျပန္မေျပာပါ။ ခြဲခြာ ရဦးမည့္သား ကိုသာ မ်က္ရည္ ဝဲဝဲ ၾကား က ျပံဳးၾကည့္၍ ေနသည္။ ေရစုန္ ကို ဆန္ဖို႔ တကယ္ မလြယ္ပါ။ဒီထက္ပို ႀကိဳးစားဖို႔သာ ရိွေတာ့သည္။
အေမ့အိမ္ ကိုလြမ္းေသာ္ လည္းမျပန္ျဖစ္တာ ၾကာခဲ့ၿပီ။ေက်ာင္းမၿပီးခင္ ႏွစ္မ်ား တြင္သာ ေက်ာင္းတတ္ျပန္ရင္း အေမ့ဆီ ျပန္တတ္သည္။ ျပန္တိုင္းလည္း အေမ့ကသာ ျပန္ေပးလိုက္ရသည္သာမ်ားသည္။ ဒီဘက္ႏွစ္ေတြ မွာ ျပန္ခ်င္စိတ္ သာရိွေသာ္လည္း မျပန္ျဖစ္ခဲ့ပါ။ဘဝတတ္လမ္း အတြက္ သာတစိုက္မတ္မတ္ အားထုတ္ႀကိဳးပမ္းခဲ့မိသည္။ အေမ့အတြက္ ေကာင္းေကာင္းမြန္မြန္ ေထာက္ပံံမေပးႏိုင္ခဲ့ပါ။ ဖုန္းဆက္ စကားေျပာ တိုင္း အေမ အဆင္ေျပပါတယ္ ဆိုတဲ့ စကားတစ္ခြန္း ကိုသာ အျမဲ ေျပာတတ္သည္။ ေနမေကာင္း ျဖစ္တဲ့ အခ်ိန္မ်ားဆို အေမ့ကို ပို လြမ္းသည္။ အေမ့ အိမ္မွာဆို ေနမေကာင္းျဖစ္တိုင္း မတိုက္ရတဲ့ လွည္း က က်ိဳး ေနေတာ့ တာပဲ ဟု တတြတ္တြတ္ ေျပာတတ္ေသာ္ လည္း ၾကင္ၾကင္နာနာျပဳစုတတ္တဲ့ အေမ ျဖစ္သည္။ ဒီတခါ ေနေကာင္းရင္ ေတာ့ ခြင့္ယူ ၿပီး ျပန္ဦးမည္ ဟု စိတ္ကူးမိ ေသာ္လည္း စိတ္ကူး ႏွင့္သာ ၿပီးဆံုးသြားတတ္သည္။ အလုပ္ ကိစၥ အေရးႀကီး ေနသည္က မ်ားေနသည္။ အခုဆို အလုပ္ထဲ မွာ လည္း ေနရာ အတန္အသင့္ ရေနၿပီ ျဖစ္သည္။ ဒီတခါ အလုပ္ကိစၥ ႏွင့္ လမ္းၾကံဳတဲ့ အခါ အေမ့ ဆီ ဝင္ျဖစ္ေအာင္ ဝင္ဖို႔ ဆံုးျဖတ္ထားလိုက္သည္။
"အေမ ၊အေမ "
"ဟဲ့ေကာင္ေလး အေၾကာင္းမၾကား ဘာမၾကား နဲ႔ ၊ အမေလး အေမ့ဆီ လာဖို႔ သတိရေသးသားပဲ"
"ဟုတ္တယ္ အေမ အလုပ္ ကိစၥ နဲ႔ လာရင္းမို႔ ၊ မေသခ်ာလို႔ ဖုန္းမဆက္ထားျဖစ္တာ"
အေမ့ ကို တင္းတင္း ဖက္ထားရင္း အေမ အေတာ္ ေလး အိုစာ သြားသည္ကို သတိထားမိသည္။ အေမ တစ္ေယာက္တည္း ႐ုန္းကန္ေနရတဲ့ အေမ့အတြက္ စိတ္မေကာင္း ျဖစ္မိသည္။ ဒီတစ္ခါ ရန္ကုန္ျပန္ ေရာက္တဲ့ အခါ ေနရာစီစဥ္ၿပီး အေမ့ ကို ေခၚထားရမည္။
"အေမ့ကို သားကန္႔ေတာ့ဖို႔.......ဟာ သြားၿပီ"
"ဘာျဖစ္တာလဲ သား"
"အေမ့ ကန္ေတာ့ ဖို႔ သိမ္းထားတဲ့ ေငြေလး နဲ႔ သားအလုပ္ ကေငြ ေတြ အားလံုး ခါးပိုက္ႏိႈက္ ခံလိုက္ရၿပီ အေမ"
"ဟုတ္ရဲ႕လား ေကာင္ေလး ရယ္ ေသခ်ာၾကည့္ပါဦး၊ငါ့ ကန္ေတာ့ဖို႔က အေရးမႀကီးပါဘူး"
"တကယ္ပါ အေမ ဟူး... အလုပ္က ေငြ ေတြ ျပန္မအပ္ႏိုင္ရင္ေတာ့ သြားၿပီ အေမေရ ၊အလုပ္က အခု မွ အဆင္ေျပမယ္ ရိွေသး"
"မင္းေငြ ကဘယ္ေလာက္ေတာင္တုန္း ဟဲ့ ေကာင္ေလးရဲ႕ ၊ မင္း မသံုးေတာ့တဲ့ ထင္းရွဴး ေသတၱာ ခြံ႔ေလး ထဲ မင္း ထြက္သြားကတည္းက မင္းအတြက္ ေပးရမဲ့ လက္ဖက္ရည္ဖိုး တစ္ေထာင္ ၊တစ္ေထာင္ ထည့္ထားတာ ဘယ္ေလာက္ ရိွလည္းေတာ့မသိဘူး၊ မင္း စထြက္သြားတဲ့ ဆယ္ႏွစ္ ေက်ာ္ေက်ာ္ တစ္ရက္ မွ မပ်က္ဘူး ၊ ေရာ့ ေသာ့ သြားဖြင့္ ၾကည့္လိုက္"
"ဗ်ာ"
စိုးရိမ္ စိတ္ကေန ဝမ္းနည္း စိတ္ အျဖစ္ ႐ုတ္ခ်ည္း ေျပာင္းလဲ သြားသည္။ အေမ့ အတြက္ ဘာမွ လုပ္မေပးႏိုင္ခဲ့ေပမဲ့ အေမ ကေတာ့ လက္ဖက္ရည္ ဖိုးေပးတာ တစ္ရက္မပ်က္ခဲ့ဘူးတဲ့ ။မ်က္ရည္ေတြ ထိန္းခ်ဳပ္မရေတာ့ ။အေမကိုေျပးဖက္ ၿပီး အားရပါရငိုခ်လိုက္သည္။
"အေမ ရယ္"
"ဟဲ့ ေကာင္ေလး ဘာျဖစ္တာတုန္း သြားယူေလ ၊ေျသာ္ဒီကေလးနဲ႔ ၊ကေလးစိတ္ ကိုမကုန္ေသးဘူး"
အေမကေတာ့ ဘာမွ မျဖစ္သလို ခပ္ေအးေအးပင္ ျဖစ္သည္။
"အေမ သား သြားေတာ့မယ္ေနာ္၊ ဒီတစ္ခါ ရန္ကုန္ျပန္ေရာက္လို႔ ေနစရာ စီစဥ္ၿပီး ရင္ အေမ့ ကိုသားလာေခၚလွည့္မယ္ေနာ္"
"ေနပါေစ သားရယ္ အေမ ဒီမွာပဲ ေနတတ္ပါတယ္"
"အေမ ကို သားေမး စရာရိွတယ္"
"အေမ သိမ္းထားတဲ့ ပိုက္ဆံေတြ ဘာလုပ္ဖိုလဲ ဟင္"
"အစ ကေတာ့ မင္းကို လက္ဖက္ရည္ဖိုး ေပးခ်ိန္ေရာက္ရင္ သတိရတာ နဲ႔ ထည့္ထည့္ထား တာ၊ သိပ္မၾကာခင္ မင္းျပန္လာ မွာပဲလို႔ ထင္ေနတာ"
စို႔ လာတဲ့ မ်က္ရည္ စေလး ကိုသုတ္ၿပီး အေမ ဆက္ေျပာသည္။
"ၾကာလာေတာ့ မင္းမလာ ေတာ့တာ သိေတာ့ ၊မင္းမိန္းမ ယူတဲ့အခါ ေတာင္းေပး လို႔ရေအာင္ဆိုၿပီး ဒီတိုင္းပဲ ဆက္ၿပီးထည့္ေနခဲ့တာ "
"အခု သားမိန္းမ ယူမယ္ဆို ေတာင္းေပးစရာ မရိွေတာ့ဘူးေပါ့ ေနာ္ အေမ"
အေမကို ဝမ္းနည္းစိတ္ေလ်ာ့သြားေစရန္ စ လိုက္သည္။
အဲဒီေတာ့ အေမ က ျပံဳးၾကည့္ ၿပီး
"ရိွတာေပါ့ ေကာင္ေလးရယ္ အေမ့ အိမ္ဝိုင္း ေလး ေရာင္းၿပီး ေတာင္းေပးမွာေပါ့၊ ၿပီးရင္ အေမ က လူအိုရံု သြားေနလိုက္ရံုပဲ"
အေမ့ ေမတၱာ ကို စူးစူးနစ္နစ္ ေတြ႔ လိုက္ရသည္။ အေမ ဆိုတာ မွန္းဆ ၾကည့္လို႔ မရႏိုင္တဲ့ အနႏၱေမတာၱ ႐ွင္ဆိုတာ သိလိုက္ရသည္။ အေမ့ေမတၱာ ကို အရင္ကတည္း ကနားလည္ခဲ့ ေသာ္လည္း တေန႔ေန႔ တစ္ခ်ိန္ခ်ိန္ မွာ ျပန္လည္ေပးဆပ္ႏိုင္မည္ ဟု ထင္ခဲ့သည္။ ခုေတာ့ နားလည္လိုက္ၿပီ။ အေမ့ ေမတၱာ စုန္ေရ ဟာ ဘယ္လိုဆည္မ်ိဳးႏွင့္မွဆန္တတ္ စီးဆင္းေစ ဖို႔ တတ္ႏိုင္မည္မထင္
Source - FB
www.apannpyay.com
============
ကျတော်ဖတ်ပြီး မျက်ရည်ကျမိပါတယ်
" ဆည်မနိုင်တဲ့ စုန်ရေ " တဲ့
ဖတ်ကြည့်ပါနော်
ဆည်မနိုင်တဲ့စုန်ရေ
"အမေကသားကို မချစ်ပါဘူးဗျာ"
"နင်က ချစ်စရာ ကောင်းတာကိုး အကောင်ရဲ့"
"အမေက သားကို ဆိုအကောင်းကိုမပြောဘူး"
"အေးဟေ့ ငါ့သားလေး သိပ်ချစ်တာပဲ တွေ ဘာတွေ ပြောမနေအားဘူး ၊ လုပ်စားရတာ မောရတဲ့ကြား နင်ကတစ်မျိုး ရော့ ဒီမှာ လက်ဖက်ရည်ဖိုး ထားခဲ့တယ် သွားမယ် "
ကျွန်တော်ပြုံးလိုက်သည်။ သေချာအောင် စောင်ထဲက ချောင်းကြည့်လိုက်သည်။ ပိုက်ဆံ တစ်ထောင်တန်ကိုမြင်မှ စောင်ခြုံပြီး အသာပြန်ကွေးနေလိုက်သည်။ မနက်ခင်းတိုင်းကြား ရမြဲအသံတွေထဲ မှာ အမေ နောက်ဆုံးပြောနေကျ လက်ဖက်ရည် ဖိုး ထားခဲ့တယ် ဆိုတဲ့ အသံသည် ကျွန်တော်မနက်ခင်း တိုင်းအတွက် အသာယာဆုံး တေးသံပင်ဖြစ်သည်။ တခါ တရံ ငါးရာတန် ထားခဲ့လျှင်ဂျီကျ တတ်လို့ အခုဆို တစ်ထောင်တန် သာထားခဲ့တာများသည်။ အမေ က နံနက်လင်းသည်နှင့် မုန် ့စျေးတောင်းပြင် ပြီးစျေးထွက်သည်။ ကျွန်တော်က ၁၀ တန်းအောင်ပြီး အဝေးသင် တက္ကသိုလ် တတ်ရန် စောင့် နေသည့် အဝေးသင် တက္ကသိုလ် ကျောင်းသားကြီး ဖြစ်သည်။နေဖင်ထိုး လို့ ကျောပူမှ အိပ်ယာထ တာကတော့ ၁၀ တန်းဖြေပြီး ကတည်းက စွဲခဲ့တဲ့ ကျွန်တာ့် အကျင့် ပါ။ အမေ့ ကိုဝိုင်းကူဖို့ ဆို တာ မစဉ်းစားချင်ပါ။ အမေတစ်ယောက်တည်းစျေး ရောင်းသွားလည်း အဆင်ပြေတာပဲလေ။ကျွန်တော် တို့ သားမိ နှစ်ယောက်အတွက် အမေ့ မုန် ့စျေးတောင်းလေး ကအဆင်ပြေသည်။အလုပ်မလုပ်ချင် ၍မဟုတ် ၊ကျွန်တော် လုပ်ချင်သည်။ ကျွန်တော်ဘဝ ၏တိုးတတ်ရာ ရှာချင် ပါသည်။သို့သော် ကျွန်တော် ဘာလုပ်ရမလဲမသိပါ။သူငယ်ချင်းတွေ အလုပ်လုပ် ထွက်ကြတာ အားကျစရာပင် ဖြစ်သည်။ဒီတစ်ခေါက်ပြန်လာတာ မိဘ ကို ဘယ်လောက်ကန်တော့တာလေ ဆိုတဲ့ အပြောမျိုး ဖြင့် တခြားမိဘ တွေ လို အမေ့ကိုပျော်စေချင်သည်။တခြား အမေ တွေကို ဂုဏ်ယူဝံ့ကြွား ပြောစေချင်သည်။
"အမေ သား ထွန်းကို တို့နဲ့ ရန်ကုန်ကို အလုပ်ရှာဖို့လိုက်ချင်တယ်"
"အံမယ် နင်ကဘာလုပ်တတ်လို့တုန်း"
"ဟာ အမေ ကလည်း ဒီလိုပဲ လုပ်တတ်သွား မှာပေါ့၊သားက ဆယ်တန်းအောင်ပြီးသား ဆိုတော့ အလုပ်တစ်ခုခုတော့ ရမှာပါ"
"နင်လို ငပျင်း ဘယ်သူ ကအလုပ်ခန့်မှာလဲ"
"သားကြိုးစား လုပ်မှာပါ အမေ ရာ ၊သားကို သွားခွင့်ပေးပါနော် ၊အလုပ် မရ ရင်လည်း အမေ့ ဆီပြန်လာမှာပေါ့"
"အေးပါ ၊အေးပါ ဘယ်နေ့သွား မှာလဲ ကြိုပြော လမ်းစရိတ် ကကြိုရှာထား ရမှာ "
အမေ မှာတားမရလို့ ခွင့်ပြုလိုက်ရသော်လည်း ၊သက်ပြင်း ရှည်ရှည်တွေ ချပြီး မခွဲရသေးသော သားကို ကြိုလွမ်းနေသလား ထင်မိသည်။
" အမေ့ မေတ္တာ အစုန်မှာ သားမျောမနေချင်တော့ လို့ပါအမေ၊
သားမေတ္တာ တွေ ဆန်တတ်နိုင်ဖို့ သားကြိုးစား မှာပါ အမေရယ်" ဟုစိတ်ထဲက သာတီးတိုး ရေရွတ်မိသည်။
"အမေ တစ်ယောက်တည်း ဖြစ်ပါ့ မလား အမေ"
"အောင်မယ် သွားခါနီးလာခါ နီး ငါ့အတွက် စိတ်ပူ မနေနဲ့၊ နင်က ငါ့ကို ဘာများ ဝိုင်းကူ ဖူးလို့လဲ၊ ကိုယ့်လမ်း ကိုယ်သာ ဖြောင့်ဖြောင့့်သွား ၊ကားဂိတ်တော့ လိုက်မပို့တော့ဘူး ၊မုန့်လုပ်ဖို့ စျေး သွားဝယ်ရဦးမယ်"
"ဟုတ် သား အမေ့ ကို ကန်တော့ ခဲ့မယ်နော်"
"အေး အေး ကန်တော့ ၊မိဘ ကန်တော့ ရမှန်း ခုမှသိတော့တယ် ၊ဆုတော့ မပေးတတ်ဖူး အေ ၊ ငါ့သားလေး သူတော်ကောင်း နဲ့ တွေပါ ဆုံပါစေ တော်"
ပြောပြော ဆိုဆို အိမ်နောက်ဖေး တန်းဝင် သွား တဲ့ အမေ့ ကျောပြင်လေး သိမ့်သိမ့်တုန်နေသည်။ ကျလာတဲ့ မျက်ရည် ကို ဆွဲသုတ် ပြီး အမေ့ ကို နှုတ်ဆက်လိုက်သည်။
"အမေ သားသွားတော့မယ် ဗျို့"
"အေး အေး"
အမေ့ နှုတ်ဆက် သံ မှာ ရှိုက်သံတွေပါ နေသည်။
" ကြမ်းကြမ်း တမ်းတမ်း ဘဝ ကို ဖြတ်သန်း နေရ ပေမဲ့ ၊သားအပေါ် ထားတဲ့ မေတ္တာတရား ကို သားနားလည်ပါတယ် အမေရယ်"
ရန်ကုန် မှာ ရောက်နေနှင့်ပြီးသား သူငယ်ချင်း များ၏ အဆက်အသွယ်ဖြင့် လစာ သင့်တင့်သော အလုပ် တစ်ခုရ ရှိခဲ့သည်။ အမေ့ အိမ်မှာ လို နေဖင်ထိုးအောင် အိပ်ခွင့်မရတော့ပါ။ ပါလာတဲ့ ငွေလေး ခြစ်ကုတ် ပြီးနေရတာကြောင့် လက်ဖက်ရည် တစ်ခွက်ကို သောက်ဖို့ ချင့်ချိန် နေရသည်။ ပေတူးနေအောင်ဝတ်ထားတဲ့ ဂျင်းဘောင်းဘီ အထူကြီးတွေကို အမေ့ လက်သေးသေးလေး တွေ ဘယ်လောက်အားစိုက်ခဲ့ရလဲ ဆိုတာ ကိုယ်ချင်းစာတတ်လာသည်။ ဖွယ်ဖွယ်ရာရာ ချက်ထားတဲ့ အမေ့လက်ရာ ကို ချေးများ ခဲ့ဖူး သော်လည်း ဘဲဥ ချဉ်ဟင်း တစ်ခွက် ဖြင့် ထမင်းမြိန်ဖို့ ကြိုးစားနေရပြီ။ အမေ့၏ ဝါးကပ် အိမ်လေး အတွင်းမှာ လုံခြုံ နွေးထွေးစွာ လူးလိမ့် အိပ်ခဲ့ရခြင်း အရသာ ကို ကျောတစ်ခင်းစာ နေရာလေး မှာ အိပ်ပျော်ဖို့ ကြိုးစားရင်းသိခဲ့ရပြီ။တနည်းအားဖြင့် အမေ့ အပေါ် အမှီခိုကင်းစွာ ရပ်တည်ဖို့ ကြိုးစားခွင့် ရခဲ့သည်။
အဝေးသင် အနီးကပ်သင်တန်း တတ်ရန် အလုပ်မှ ခွင့် တစ်လ ရသည်။ စုထားတဲ့ ပိုက်ဆံလေး တွေ ထုတ်ရေကြည့်သည်။ကျောင်းစရိတ် အတွက် လုံလောက် သည်။ အမေ့ကို ကန်တော့ရန် နည်းနည်း ဖယ်ထားလိုက်သည်။ ကျောင်းမသွားခင် အမေ့ ဆီအရင် သွားကန်တော့ ရမည် ဟု စိတ်ကူးလိုက်သည်။ အမေ့ ဝမ်းသာနေမှာပဲ ဟု စိတ်ကူးနှင့် ကြည်နူးမိသည်။ ပထမဆုံး အနေ ဖြင့် အမေ အပေါ် ကျေးဇူးဆပ်နိုင် မည့် ဆန်ရေ အတွက် ကြိုတင် ပျော်ရွှင်မိသည်။
"အမေ သုံးချင်ရာ သုံးဖို့ သား ကန်တော့ တာ အမေ"
"နင့် ပိုက်ဆံ ငါမသုံးပါဘူး ၊လိုတဲ့ အချိန်ပြန်တောင်း ငါသိမ်းထားပေးပါ့မယ်"
"အမေ ကလည်း အမေ့ ကိုကန်တော့ ဖို့ သားက ဖယ်ထားတာပါ"
"အေးပါတော် အေးပါ သာဓုပါတော်"
စာမေးပွဲ ဖြေပြီး ရန်ကုန် ပြန်ချိန်မှာတော့ စရိတ်မလောက်လို့ အမေ့ ဆီ က လမ်းစရိတ်ပြန်တောင်းခဲ့ရသည်။ အမေ ကတော့ ကြိုသိနေသလိုပင်။ ကန်တော့ထားတဲ့ငွေလေး အထုတ်တောင် မဖြည်ရသေး ပြန်ပေးလိုက်သည်။
"အမေ့ကို နောက်နှစ် ပြန်လာခါ မှ များများ ကန်တော့မယ် နော်"
အမေ ကတော့ ဘာမှ ပြန်မပြောပါ။ ခွဲခွာ ရဦးမည့်သား ကိုသာ မျက်ရည် ဝဲဝဲ ကြား က ပြုံးကြည့်၍ နေသည်။ ရေစုန် ကို ဆန်ဖို့ တကယ် မလွယ်ပါ။ဒီထက်ပို ကြိုးစားဖို့သာ ရှိတော့သည်။
အမေ့အိမ် ကိုလွမ်းသော် လည်းမပြန်ဖြစ်တာ ကြာခဲ့ပြီ။ကျောင်းမပြီးခင် နှစ်များ တွင်သာ ကျောင်းတတ်ပြန်ရင်း အမေ့ဆီ ပြန်တတ်သည်။ ပြန်တိုင်းလည်း အမေ့ကသာ ပြန်ပေးလိုက်ရသည်သာများသည်။ ဒီဘက်နှစ်တွေ မှာ ပြန်ချင်စိတ် သာရှိသော်လည်း မပြန်ဖြစ်ခဲ့ပါ။ဘဝတတ်လမ်း အတွက် သာတစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့မိသည်။ အမေ့အတွက် ကောင်းကောင်းမွန်မွန် ထောက်ပံံမပေးနိုင်ခဲ့ပါ။ ဖုန်းဆက် စကားပြော တိုင်း အမေ အဆင်ပြေပါတယ် ဆိုတဲ့ စကားတစ်ခွန်း ကိုသာ အမြဲ ပြောတတ်သည်။ နေမကောင်း ဖြစ်တဲ့ အချိန်များဆို အမေ့ကို ပို လွမ်းသည်။ အမေ့ အိမ်မှာဆို နေမကောင်းဖြစ်တိုင်း မတိုက်ရတဲ့ လှည်း က ကျိုး နေတော့ တာပဲ ဟု တတွတ်တွတ် ပြောတတ်သော် လည်း ကြင်ကြင်နာနာပြုစုတတ်တဲ့ အမေ ဖြစ်သည်။ ဒီတခါ နေကောင်းရင် တော့ ခွင့်ယူ ပြီး ပြန်ဦးမည် ဟု စိတ်ကူးမိ သော်လည်း စိတ်ကူး နှင့်သာ ပြီးဆုံးသွားတတ်သည်။ အလုပ် ကိစ္စ အရေးကြီး နေသည်က များနေသည်။ အခုဆို အလုပ်ထဲ မှာ လည်း နေရာ အတန်အသင့် ရနေပြီ ဖြစ်သည်။ ဒီတခါ အလုပ်ကိစ္စ နှင့် လမ်းကြုံတဲ့ အခါ အမေ့ ဆီ ဝင်ဖြစ်အောင် ဝင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။
"အမေ ၊အမေ "
"ဟဲ့ကောင်လေး အကြောင်းမကြား ဘာမကြား နဲ့ ၊ အမလေး အမေ့ဆီ လာဖို့ သတိရသေးသားပဲ"
"ဟုတ်တယ် အမေ အလုပ် ကိစ္စ နဲ့ လာရင်းမို့ ၊ မသေချာလို့ ဖုန်းမဆက်ထားဖြစ်တာ"
အမေ့ ကို တင်းတင်း ဖက်ထားရင်း အမေ အတော် လေး အိုစာ သွားသည်ကို သတိထားမိသည်။ အမေ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ အမေ့အတွက် စိတ်မကောင်း ဖြစ်မိသည်။ ဒီတစ်ခါ ရန်ကုန်ပြန် ရောက်တဲ့ အခါ နေရာစီစဉ်ပြီး အမေ့ ကို ခေါ်ထားရမည်။
"အမေ့ကို သားကန့်တော့ဖို့.......ဟာ သွားပြီ"
"ဘာဖြစ်တာလဲ သား"
"အမေ့ ကန်တော့ ဖို့ သိမ်းထားတဲ့ ငွေလေး နဲ့ သားအလုပ် ကငွေ တွေ အားလုံး ခါးပိုက်နှိုက် ခံလိုက်ရပြီ အမေ"
"ဟုတ်ရဲ့လား ကောင်လေး ရယ် သေချာကြည့်ပါဦး၊ငါ့ ကန်တော့ဖို့က အရေးမကြီးပါဘူး"
"တကယ်ပါ အမေ ဟူး... အလုပ်က ငွေ တွေ ပြန်မအပ်နိုင်ရင်တော့ သွားပြီ အမေရေ ၊အလုပ်က အခု မှ အဆင်ပြေမယ် ရှိသေး"
"မင်းငွေ ကဘယ်လောက်တောင်တုန်း ဟဲ့ ကောင်လေးရဲ့ ၊ မင်း မသုံးတော့တဲ့ ထင်းရှူး သေတ္တာ ခွံ့လေး ထဲ မင်း ထွက်သွားကတည်းက မင်းအတွက် ပေးရမဲ့ လက်ဖက်ရည်ဖိုး တစ်ထောင် ၊တစ်ထောင် ထည့်ထားတာ ဘယ်လောက် ရှိလည်းတော့မသိဘူး၊ မင်း စထွက်သွားတဲ့ ဆယ်နှစ် ကျော်ကျော် တစ်ရက် မှ မပျက်ဘူး ၊ ရော့ သော့ သွားဖွင့် ကြည့်လိုက်"
"ဗျာ"
စိုးရိမ် စိတ်ကနေ ဝမ်းနည်း စိတ် အဖြစ် ရုတ်ချည်း ပြောင်းလဲ သွားသည်။ အမေ့ အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ပေမဲ့ အမေ ကတော့ လက်ဖက်ရည် ဖိုးပေးတာ တစ်ရက်မပျက်ခဲ့ဘူးတဲ့ ။မျက်ရည်တွေ ထိန်းချုပ်မရတော့ ။အမေကိုပြေးဖက် ပြီး အားရပါရငိုချလိုက်သည်။
"အမေ ရယ်"
"ဟဲ့ ကောင်လေး ဘာဖြစ်တာတုန်း သွားယူလေ ၊သြော်ဒီကလေးနဲ့ ၊ကလေးစိတ် ကိုမကုန်သေးဘူး"
အမေကတော့ ဘာမှ မဖြစ်သလို ခပ်အေးအေးပင် ဖြစ်သည်။
"အမေ သား သွားတော့မယ်နော်၊ ဒီတစ်ခါ ရန်ကုန်ပြန်ရောက်လို့ နေစရာ စီစဉ်ပြီး ရင် အမေ့ ကိုသားလာခေါ်လှည့်မယ်နော်"
"နေပါစေ သားရယ် အမေ ဒီမှာပဲ နေတတ်ပါတယ်"
"အမေ ကို သားမေး စရာရှိတယ်"
"အမေ သိမ်းထားတဲ့ ပိုက်ဆံတွေ ဘာလုပ်ဖိုလဲ ဟင်"
"အစ ကတော့ မင်းကို လက်ဖက်ရည်ဖိုး ပေးချိန်ရောက်ရင် သတိရတာ နဲ့ ထည့်ထည့်ထား တာ၊ သိပ်မကြာခင် မင်းပြန်လာ မှာပဲလို့ ထင်နေတာ"
စို့ လာတဲ့ မျက်ရည် စလေး ကိုသုတ်ပြီး အမေ ဆက်ပြောသည်။
"ကြာလာတော့ မင်းမလာ တော့တာ သိတော့ ၊မင်းမိန်းမ ယူတဲ့အခါ တောင်းပေး လို့ရအောင်ဆိုပြီး ဒီတိုင်းပဲ ဆက်ပြီးထည့်နေခဲ့တာ "
"အခု သားမိန်းမ ယူမယ်ဆို တောင်းပေးစရာ မရှိတော့ဘူးပေါ့ နော် အမေ"
အမေကို ဝမ်းနည်းစိတ်လျော့သွားစေရန် စ လိုက်သည်။
အဲဒီတော့ အမေ က ပြုံးကြည့် ပြီး
"ရှိတာပေါ့ ကောင်လေးရယ် အမေ့ အိမ်ဝိုင်း လေး ရောင်းပြီး တောင်းပေးမှာပေါ့၊ ပြီးရင် အမေ က လူအိုရုံ သွားနေလိုက်ရုံပဲ"
အမေ့ မေတ္တာ ကို စူးစူးနစ်နစ် တွေ့ လိုက်ရသည်။ အမေ ဆိုတာ မှန်းဆ ကြည့်လို့ မရနိုင်တဲ့ အနန္တမေတ္တာ ရှင်ဆိုတာ သိလိုက်ရသည်။ အမေ့မေတ္တာ ကို အရင်ကတည်း ကနားလည်ခဲ့ သော်လည်း တနေ့နေ့ တစ်ချိန်ချိန် မှာ ပြန်လည်ပေးဆပ်နိုင်မည် ဟု ထင်ခဲ့သည်။ ခုတော့ နားလည်လိုက်ပြီ။ အမေ့ မေတ္တာ စုန်ရေ ဟာ ဘယ်လိုဆည်မျိုးနှင့်မှဆန်တတ် စီးဆင်းစေ ဖို့ တတ်နိုင်မည်မထင်
Source - FB
www.apannpyay.com
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment