ဒီဇာတ္လမ္းေလးက ကၽြန္မတို႕မိသားစုမွာတကယ္ျဖစ္ခဲ့တာပါ။ ကၽြန္မ တို႕ျခံ (အခုေတာ့ ကန္ထရိုက္တိုက္) က တာေမြျမိဳ႕နယ္ က်ိဳက္ကၠဆံေဘာလံုးကြင္းနဲ႕ကပ္ရပ္မွာရွိပါတယ္။ ကၽြန္မတို႕ အဖိုးကေတာ့ ဒီဇာတ္လမ္းေလးရဲ႕မင္းသားေပါ့ ။ အဖိုးကအလုပ္ အရမ္းလုပ္သူပါ… အိမ္မွာလဲ ေဆးျပင္းလိပ္ခံုေထာင္ထားသလို ဇတ္ပြဲကန္ထရိုက္လည္းလုပ္ပါတယ္… မိသားစုကို သံေယာဇဥ္ၾကီးသလို ေပ်ာ္ေပ်ာ္လည္းေနတတ္သူေပါ့။ ဒါေပမဲ့ ကံၾကမၼာက အဖိုးကို ကုသမရတဲ့ကင္ဆာေရာဂါကို ေပးခဲ့ပါတယ္။
ဇာတ္လမ္းကေတာ့ အဖိုးအသုဘေျမခ်တဲ့ရက္မွာစတာပါ။ ေျမခ်တဲ့ရက္မွာ မိသားစုဝင္ထဲမွာ ေယာက္်ားေလးေတြရွိေပမဲ့ အားလံုးကေသာကအပူေတြနဲ႕ဆိုေတာ့ အဖိုးလိပ္ျပာျပန္ေခၚဖို႕ ကိုသတိမရၾကဘူးေပါ့။ ဒါေပမဲ့ အဖိုးရဲ႕ေဆးလိပ္ခံု အလုပ္သမားအကိုၾကီးတစ္ေယာက္က လိပ္ျပာျပန္ေခၚခဲ့ပါတယ္။ သူကအင္မတန္ အစအေနာက္သန္တယ္ေလ။ လိပ္ျပာေခၚေတာ့လည္း သူ႕အက်င့္ကေဖ်ာက္မရဘဲ အဖိုးနာမည္နဲ႔ လိပ္ျပာကိုေကာင္းေကာင္းမေခၚဘဲ
“ကဲ…လိုက္ခ်င္တဲ့သူေတြလိုက္ခဲ့ၾက ငါ့အဘ တစ္ေယာက္ထဲပ်င္းေနမွာစိုးလို႔ ဆိုၿပီး “ေျပာျပီးေခၚလာသတဲ့ အဲ့ဒါကိုကၽြန္မတို႕ မိသားစုေတြမသ္ိလိုက္ပါဘူး။ အဖိုးကလူခ်စ္လူခင္ေပါေတာ့နာေရးမွာ လူစီခဲ့သလို အိမ္မွာလဲ သတင္းလာေမးသူေတြနဲ႕အလြန္ကိုစည္ကားေနပါတယ္… အဲ…. ၇ ရက္ျပည့္တဲ့ရက္လည္ညမွာေတာ့ အိမ္မွာမိသားစုဝင္ ေတြနဲ႕ အလုပ္သမား ၂ ေယာက္ေလာက္ပဲအိမ္မွာရွိေတာ့တယ္။ ၁၂နာရီထိုးတဲ့အထိ ေနရမွာဆိုေတာ့ မိသားစုေတြ ဖဲရုိက္ရင္းေစာင့္မယ္ေပါ့။ အဲ…အဲ့မွာစေတြ႕ေတာ့တာပဲ… ၀ိုင္းစတည္တုန္းရွိေသးတယ္.. အိမ္တံခါးမၾကီးမွာခ်ိတ္ထားတဲ့ ေသာ့ခေလာက္အၾကီးၾကီးက သူဘာသာသူ လွဳပ္ေနတာကို တံခါးကိုမ်က္ႏွာမူျပီးထိုင္တဲ့ ကၽြန္မတို႕ဘၾကီးကစျမင္ပါေလေရာ… အဘ ကအားလံုးကိုသတင္းေပး အားလံုးလည္းပူးကပ္ျပီး တံခါးကိုမ်က္ႏွာမူထိုင္လိုက္ေတာ့ ေသာ့လွဳပ္တာက ပိုၾကမ္းလာၿပီး တံခါးကိုလည္း တစ္ေယာက္ေယာက္ကကိုင္လွဳပ္ေနသလို တ၀ုန္း၀ုန္း တဒိုင္းဒိုင္းျဖစ္ေနေတာ့ အေမက နင္တို႕ အဖိုးနင္တို႕ကို ႏွဳတ္ဆက္ေနတာလို႕ ေျပာေနတုန္းမွာပင္ ေနာက္ေဖးကေနေရခ်ိဳးေနသံၾကားျပန္ေရာေလ…
ေနာက္မီးဖိုေခ်ာင္မွာ ခံုဖိနပ္နဲ႕လမ္းေလွ်ာက္ေနသံ တေဒါက္ေဒါက္ကိုလည္းထပ္ၾကားေနျပန္ေရာ… ကၽြန္မတို႕မိသားစုလည္းေၾကာက္လြန္းလို႕ အသားေတြလည္းတုန္ ေခြ်းေတြးလည္းျပန္… ဘုရားစာေတြရြတ္တာလည္း ကေျပာင္းကျပန္ေတြျဖစ္ေနတုန္းမွာအိမ္ရဲ႕ေဘးနံရံေတြကို လူအေယာက္ ၂၀ ေလာက္၀ိုင္းထုေနသလို တ၀ုန္း၀ုန္းထုၾကပါတယ္… ကၽြန္မတို႕ လည္းေၾကာက္လိုက္တာမွ လိပ္ျပာလႊင့္မတတ္ပါပဲ။ အဲခံစားခ်က္က ဒီတစ္သက္ေမ့ႏုိင္မွာမဟုတ္ပါဘူး။ ကၽြန္မစိတ္ထဲမွာလည္း မိုးျမန္ျမန္လင္းေစခ်င္ေနပါေတာ့တယ္။ အရင္ကဆို ေက်ာင္းတက္ရမွာပ်င္းလို႕ မိုးျမန္ျမန္မလင္းေစခ်င္ခဲ့ပါဘူး။ အဲလိုနဲ႕ ရသမွ်ဘုရားစာေတြ၀ိုင္းၾကရင္း အသံေတြလည္းၾကားရင္းနဲ႕ မနက္လင္းသြားပါတယ္… အလင္းေရာင္ရေတာ့ အသံေတြအားလံုးက ညကသူမဟုတ္ခဲ့သလိုပါပဲ။ တိတ္ဆိတ္ျငိမ္သက္လို႕။
အိမ္ကလူၾကီးေတြလည္း ကၽြန္မတို႕မိသားစုကိုးကြယ္တဲ့ဘုန္းဘုန္းၾကီးကိုသြားပါတယ္။ ဘုန္းဘုန္း ၾကြလာေတာ့ အိမ္ဝေရာက္ေရာက္ခ်င္း အိမ္ထဲကိုမလာသင့္တဲ့ ဧည့္သည္ေတြေရာက္ေနတာပဲလို႔… မိန္႕တယ္..
ၿပီးေတာ့ မေန႕ကလိပ္ျပာျပန္ေခၚလာတာ ဘယ္သူလည္းလို႕ေမးေတာ့ အလုပ္သမားအကိုၾကီးက သူပါလို႕ေျပာတယ္… အဲ့ေတာ့ဘုန္းဘုန္းက ဒါကာ ဘယ္လိုေျပာပီးျပန္ေခၚလာတာလည္းလို႕ေမးတယ္…
အကိုၾကီးက ျဖစ္ေၾကာင္းကုန္စဥ္ျပန္ေျပာျပတယ္။ ကၽြန္မတို႕ မိသားစုလည္းတအံ့တၾသေပါ့။ ဘုန္းဘုန္း က မိန္႕တယ္… သရဲအေကာင္ ၂၀ ထက္မနည္းပါလာတယ္တဲ့ေလ…
ႏွစ္ခ်ိဳ႕သရဲၾကီးေတြလည္းေတြလည္း ပါတယ္ေလ။ အဲဒါေၾကာင့္ ကၽြန္မတို႕ဘုရားစာရြတ္လည္းမရခဲ့တာေပါ့…။ ဘုန္းဘုန္း ကထပ္မိန္႕တယ္… သူတို႕က ျခံထဲက သရက္ပင္ကို အမွီျပဳေတာ့မွာတဲ့… အေမလည္း အဲဒါဆို တပည့္ေတာ္တို႕ ဘယ္လိုလုပ္ရမလဲ ေလွ်ာက္ေတာ့ ဘုန္းဘုန္းက ညေနျခံထဲမွာ ပရိတ္ရြတ္ဖို႕ျပင္ဆင္ထားရန္မိန္႕ၿပီးေတာ့ ျပန္ၾကြသြားပါတယ္။ ညေန ၄ နာရီေလာက္က်ေတာ့ သူတို႕လည္း ဇာတ္လမ္းျပန္စၿပီး အသံပလံေတြစေပးပါေတာ့တယ္…
ကၽြန္မတို႕မိသားစုလည္းရွိ ရွိသမွ်အမ်ိဳးေတြေခၚ ပရိတ္ရြတ္ဖို႕ျပင္ဆင္ၾကနဲ႕ အလုပ္ရွဳတ္ေနတာ သူတို႕ကိုေတာင္ အခ်ိန္ေပးၿပီးမေၾကာက္ႏုိင္ေတာ့ပါဘူး။ အဲဒါနဲ႕ ညေန ၅ နာရီေလာက္က်ေတာ့ ဘုန္းဘုန္းအပါအ၀င္ ေနာက္ဘုန္းဘုန္း ၃ ပါးၾကြလာပါတယ္ ။ပရိတ္စရြတ္ေတာ့ အိမ္ထဲမွာေလမုန္တိုင္းက်သလို အသံေတြဆူညံပြက္ေလာရုိက္ေနပါေတာ့တယ္။ အစမွာ အဲလိုဆူညံေပမဲ့ ေနာက္တျဖည္းျဖည္းတိုးသြားၿပီး အမွ်ေခၚတဲ့ အခ်ိန္မွာေတာ့လံုး၀ျငိမ္သက္တိတ္ဆိတ္သြားပါတယ္။
ဘုန္းဘုန္းၾကီး က ပရိတ္ေရေတြကို သရက္ပင္ကိုသြားေလာင္းပါတယ္။ ေနာက္ေတာ့ ဒါကာ ဒါကာမ တို႕မစိုးရိမ္ပါနဲ႕ အားလံုးသူေနရာသူျပန္သြားပါပီ ။ ဒီညေအးေအးခ်မ္းခ်မ္းအိပ္လို႕ရပါၿပီ လို႕မိန္႕ပီးျပန္ၾကြသြားပါတယ္။ ဒါေပမဲ့လည္း ကၽြန္မတို႕အေၾကာက္အရွိန္မေသပဲ တစ္ညလံုးမအိပ္ႏုိင္ၾကပါဘူး ။ သို႕ေသာ္ ဘာမွထူးျခားမွဳမရွိပါ… ေအးေအးခ်မ္းခ်မ္းပါပဲ။
အလုပ္သမားအကိုၾကီးကလည္း အေဖ အေမတုိ႕ ကိုေတာင္းပန္ပါတယ္… သူ အဲလို မရည္ရြယ္ေၾကာင္း ေနာက္ေျပာင္ရံုသက္သက္ေျပာခဲ့တာျဖစ္ေၾကာင္း.. ေတာင္းပန္ခဲ့ သလို ကၽြန္မမိဘေတြကလည္း လူငယ္မို႕ျဖစ္တာပဲေလဆိုၿပီး ေဗြမယူခဲ့ပါဘူး။ ထူးဆန္းတာက မနက္က်ေတာ့ ပရိတ္ေရေလာင္းခဲ့သရက္ပင္ၾကီးက မေန႔ကပဲ အရြက္အလက္ေတြနဲ႔ ေ၀ေ၀ဆာဆာရွိရာကေန ညတြင္းခ်င္းမွာပဲ မီးရိွဳ႕ထားသလို တစ္ပင္လံုးမဲေျခာက္လို႕ေနပါေတာ့တယ္……….။ ။ ။
( အခုလို ျဖစ္ရပ္မွန္ဇာတ္လမ္းေလးကို ေျပာျပေပးခဲ့တဲ့ မစူးငယ္ကို ကြ်န္ေတာ္တို႔ Admin မ်ားကိုယ္စား ေက်းဇူးအထူးတင္ရွိရပါတယ္ ခင္ဗ်ာ )
Credit: ပရေလာက၏ သည္းထိတ္ရင္ဖို ျဖစ္ရပ္မ်ား
===
Unicode
ဒီဇာတ်လမ်းလေးက ကျွန်မတို့မိသားစုမှာတကယ်ဖြစ်ခဲ့တာပါ။ ကျွန်မ တို့ခြံ (အခုတော့ ကန်ထရိုက်တိုက်) က တာမွေမြို့နယ် ကျိုက်က္ကဆံဘောလုံးကွင်းနဲ့ကပ်ရပ်မှာရှိပါတယ်။ ကျွန်မတို့ အဖိုးကတော့ ဒီဇာတ်လမ်းလေးရဲ့မင်းသားပေါ့ ။ အဖိုးကအလုပ် အရမ်းလုပ်သူပါ… အိမ်မှာလဲ ဆေးပြင်းလိပ်ခုံထောင်ထားသလို ဇတ်ပွဲကန်ထရိုက်လည်းလုပ်ပါတယ်… မိသားစုကို သံယောဇဉ်ကြီးသလို ပျော်ပျော်လည်းနေတတ်သူပေါ့။ ဒါပေမဲ့ ကံကြမ္မာက အဖိုးကို ကုသမရတဲ့ကင်ဆာရောဂါကို ပေးခဲ့ပါတယ်။
ဇာတ်လမ်းကတော့ အဖိုးအသုဘမြေချတဲ့ရက်မှာစတာပါ။ မြေချတဲ့ရက်မှာ မိသားစုဝင်ထဲမှာ ယောက်ျားလေးတွေရှိပေမဲ့ အားလုံးကသောကအပူတွေနဲ့ဆိုတော့ အဖိုးလိပ်ပြာပြန်ခေါ်ဖို့ ကိုသတိမရကြဘူးပေါ့။ ဒါပေမဲ့ အဖိုးရဲ့ဆေးလိပ်ခုံ အလုပ်သမားအကိုကြီးတစ်ယောက်က လိပ်ပြာပြန်ခေါ်ခဲ့ပါတယ်။ သူကအင်မတန် အစအနောက်သန်တယ်လေ။ လိပ်ပြာခေါ်တော့လည်း သူ့အကျင့်ကဖျောက်မရဘဲ အဖိုးနာမည်နဲ့ လိပ်ပြာကိုကောင်းကောင်းမခေါ်ဘဲ
“ကဲ…လိုက်ချင်တဲ့သူတွေလိုက်ခဲ့ကြ ငါ့အဘ တစ်ယောက်ထဲပျင်းနေမှာစိုးလို့ ဆိုပြီး “ပြောပြီးခေါ်လာသတဲ့ အဲ့ဒါကိုကျွန်မတို့ မိသားစုတွေမသ်ိလိုက်ပါဘူး။ အဖိုးကလူချစ်လူခင်ပေါတော့နာရေးမှာ လူစီခဲ့သလို အိမ်မှာလဲ သတင်းလာမေးသူတွေနဲ့အလွန်ကိုစည်ကားနေပါတယ်… အဲ…. ၇ ရက်ပြည့်တဲ့ရက်လည်ညမှာတော့ အိမ်မှာမိသားစုဝင် တွေနဲ့ အလုပ်သမား ၂ ယောက်လောက်ပဲအိမ်မှာရှိတော့တယ်။ ၁၂နာရီထိုးတဲ့အထိ နေရမှာဆိုတော့ မိသားစုတွေ ဖဲရိုက်ရင်းစောင့်မယ်ပေါ့။ အဲ…အဲ့မှာစတွေ့တော့တာပဲ… ၀ိုင်းစတည်တုန်းရှိသေးတယ်.. အိမ်တံခါးမကြီးမှာချိတ်ထားတဲ့ သော့ခလောက်အကြီးကြီးက သူဘာသာသူ လှုပ်နေတာကို တံခါးကိုမျက်နှာမူပြီးထိုင်တဲ့ ကျွန်မတို့ဘကြီးကစမြင်ပါလေရော… အဘ ကအားလုံးကိုသတင်းပေး အားလုံးလည်းပူးကပ်ပြီး တံခါးကိုမျက်နှာမူထိုင်လိုက်တော့ သော့လှုပ်တာက ပိုကြမ်းလာပြီး တံခါးကိုလည်း တစ်ယောက်ယောက်ကကိုင်လှုပ်နေသလို တဝုန်းဝုန်း တဒိုင်းဒိုင်းဖြစ်နေတော့ အမေက နင်တို့ အဖိုးနင်တို့ကို နှုတ်ဆက်နေတာလို့ ပြောနေတုန်းမှာပင် နောက်ဖေးကနေရေချိုးနေသံကြားပြန်ရောလေ…
နောက်မီးဖိုချောင်မှာ ခုံဖိနပ်နဲ့လမ်းလျှောက်နေသံ တဒေါက်ဒေါက်ကိုလည်းထပ်ကြားနေပြန်ရော… ကျွန်မတို့မိသားစုလည်းကြောက်လွန်းလို့ အသားတွေလည်းတုန် ချွေးတွေးလည်းပြန်… ဘုရားစာတွေရွတ်တာလည်း ကပြောင်းကပြန်တွေဖြစ်နေတုန်းမှာအိမ်ရဲ့ဘေးနံရံတွေကို လူအယောက် ၂၀ လောက်ဝိုင်းထုနေသလို တဝုန်းဝုန်းထုကြပါတယ်… ကျွန်မတို့ လည်းကြောက်လိုက်တာမှ လိပ်ပြာလွှင့်မတတ်ပါပဲ။ အဲခံစားချက်က ဒီတစ်သက်မေ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်မစိတ်ထဲမှာလည်း မိုးမြန်မြန်လင်းစေချင်နေပါတော့တယ်။ အရင်ကဆို ကျောင်းတက်ရမှာပျင်းလို့ မိုးမြန်မြန်မလင်းစေချင်ခဲ့ပါဘူး။ အဲလိုနဲ့ ရသမျှဘုရားစာတွေဝိုင်းကြရင်း အသံတွေလည်းကြားရင်းနဲ့ မနက်လင်းသွားပါတယ်… အလင်းရောင်ရတော့ အသံတွေအားလုံးက ညကသူမဟုတ်ခဲ့သလိုပါပဲ။ တိတ်ဆိတ်ငြိမ်သက်လို့။
အိမ်ကလူကြီးတွေလည်း ကျွန်မတို့မိသားစုကိုးကွယ်တဲ့ဘုန်းဘုန်းကြီးကိုသွားပါတယ်။ ဘုန်းဘုန်း ကြွလာတော့ အိမ်ဝရောက်ရောက်ချင်း အိမ်ထဲကိုမလာသင့်တဲ့ ဧည့်သည်တွေရောက်နေတာပဲလို့… မိန့်တယ်..
ပြီးတော့ မနေ့ကလိပ်ပြာပြန်ခေါ်လာတာ ဘယ်သူလည်းလို့မေးတော့ အလုပ်သမားအကိုကြီးက သူပါလို့ပြောတယ်… အဲ့တော့ဘုန်းဘုန်းက ဒါကာ ဘယ်လိုပြောပီးပြန်ခေါ်လာတာလည်းလို့မေးတယ်…
အကိုကြီးက ဖြစ်ကြောင်းကုန်စဉ်ပြန်ပြောပြတယ်။ ကျွန်မတို့ မိသားစုလည်းတအံ့တသြပေါ့။ ဘုန်းဘုန်း က မိန့်တယ်… သရဲအကောင် ၂၀ ထက်မနည်းပါလာတယ်တဲ့လေ…
နှစ်ချို့သရဲကြီးတွေလည်းတွေလည်း ပါတယ်လေ။ အဲဒါကြောင့် ကျွန်မတို့ဘုရားစာရွတ်လည်းမရခဲ့တာပေါ့…။ ဘုန်းဘုန်း ကထပ်မိန့်တယ်… သူတို့က ခြံထဲက သရက်ပင်ကို အမှီပြုတော့မှာတဲ့… အမေလည်း အဲဒါဆို တပည့်တော်တို့ ဘယ်လိုလုပ်ရမလဲ လျှောက်တော့ ဘုန်းဘုန်းက ညနေခြံထဲမှာ ပရိတ်ရွတ်ဖို့ပြင်ဆင်ထားရန်မိန့်ပြီးတော့ ပြန်ကြွသွားပါတယ်။ ညနေ ၄ နာရီလောက်ကျတော့ သူတို့လည်း ဇာတ်လမ်းပြန်စပြီး အသံပလံတွေစပေးပါတော့တယ်…
ကျွန်မတို့မိသားစုလည်းရှိ ရှိသမျှအမျိုးတွေခေါ် ပရိတ်ရွတ်ဖို့ပြင်ဆင်ကြနဲ့ အလုပ်ရှုတ်နေတာ သူတို့ကိုတောင် အချိန်ပေးပြီးမကြောက်နိုင်တော့ပါဘူး။ အဲဒါနဲ့ ညနေ ၅ နာရီလောက်ကျတော့ ဘုန်းဘုန်းအပါအဝင် နောက်ဘုန်းဘုန်း ၃ ပါးကြွလာပါတယ် ။ပရိတ်စရွတ်တော့ အိမ်ထဲမှာလေမုန်တိုင်းကျသလို အသံတွေဆူညံပွက်လောရိုက်နေပါတော့တယ်။ အစမှာ အဲလိုဆူညံပေမဲ့ နောက်တဖြည်းဖြည်းတိုးသွားပြီး အမျှခေါ်တဲ့ အချိန်မှာတော့လုံးဝငြိမ်သက်တိတ်ဆိတ်သွားပါတယ်။
ဘုန်းဘုန်းကြီး က ပရိတ်ရေတွေကို သရက်ပင်ကိုသွားလောင်းပါတယ်။ နောက်တော့ ဒါကာ ဒါကာမ တို့မစိုးရိမ်ပါနဲ့ အားလုံးသူနေရာသူပြန်သွားပါပီ ။ ဒီညအေးအေးချမ်းချမ်းအိပ်လို့ရပါပြီ လို့မိန့်ပီးပြန်ကြွသွားပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့အကြောက်အရှိန်မသေပဲ တစ်ညလုံးမအိပ်နိုင်ကြပါဘူး ။ သို့သော် ဘာမှထူးခြားမှုမရှိပါ… အေးအေးချမ်းချမ်းပါပဲ။
အလုပ်သမားအကိုကြီးကလည်း အဖေ အမေတို့ ကိုတောင်းပန်ပါတယ်… သူ အဲလို မရည်ရွယ်ကြောင်း နောက်ပြောင်ရုံသက်သက်ပြောခဲ့တာဖြစ်ကြောင်း.. တောင်းပန်ခဲ့ သလို ကျွန်မမိဘတွေကလည်း လူငယ်မို့ဖြစ်တာပဲလေဆိုပြီး ဗွေမယူခဲ့ပါဘူး။ ထူးဆန်းတာက မနက်ကျတော့ ပရိတ်ရေလောင်းခဲ့သရက်ပင်ကြီးက မနေ့ကပဲ အရွက်အလက်တွေနဲ့ ဝေဝေဆာဆာရှိရာကနေ ညတွင်းချင်းမှာပဲ မီးရှို့ထားသလို တစ်ပင်လုံးမဲခြောက်လို့နေပါတော့တယ်……….။ ။ ။
( အခုလို ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြောပြပေးခဲ့တဲ့ မစူးငယ်ကို ကျွန်တော်တို့ Admin များကိုယ်စား ကျေးဇူးအထူးတင်ရှိရပါတယ် ခင်ဗျာ )
Credit: ပရလောက၏ သည်းထိတ်ရင်ဖို ဖြစ်ရပ်များ
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment