မုဒိန်းကျင့် ခံရလို့ ကိုယ်ဝန်၈လရှိနေတဲ့ အလယ်​တန်း​ကျောင်းသူ​လေး သူ့ကိုယ်​၀န်​ကို ဖျက်​ချဖို့ ကြံစည်


လမပြည့်​ဘဲ ​မွေးလာတဲ့အပြင်​ အကြိမ်​ကြိ​မ်​ဖျက်​ချခံထားရလို့ သား​လေးရဲ့ မျက်​နှာမှာ ဒဏ်​ရာ​လေး​တွေပါလာတယ်​..
ကိုစိုးထိုက်​(ဖဒို)
09976867917
Source Ko Aung Soe Oo

မုဒိန်​းကျင်​့ခံလိုက်​ရတဲ့ အလယ်​တန်​း​ကျောင်​းသူ​လေး  သူ့ကိုယ်​ဝန်​ကိုလိုက်ပြီး​ဖျက်​ချ​နေတယ်​ သတင်​းကြားလို့
ချက်​ခြင်​းပဲ အဲ့ဒီနယ်​မြို့​လေးဆီကို ခရီးအပြင်​းနှင်​ခဲ့တယ်​..။
စိုးရိမ်​စရာ​ကောင်​းတာက ကိုယ်​ဝန်​က ၈ လရှိပြီတဲ့.. ထုံးစံအတိုင်​း အပျိုဗိုက်​ကလည်​းဖြစ်​​တော့ မိဘ​တွေကလည်​း
အခုမှ ရိပ်​မိကြသတဲ့.. (အိမ်​​ဘေးနားက အဖိုးအရွယ်​ကြီးနဲ့ က​လေးသဘာဝ သွား​ဆော့ရင်​း ဟိုက မုဒိန်​းကျင်​့လိုက်​တာ.. မိဘများ ကျပ်​ကျပ်​သတိထား​စေချင်​တယ်​..)
ဒီသတင်​းကြားကြားခြင်​း အမ​တော်​ ​ဒေါက်​တာမြတ်​သန်​့ က “ကိုစိုးထိုက်​ အမ ဒီအသက်​ ၂ သက်​ကို ရ​အောင်​ကယ်​မယ်​..”ဆို​တော့ ဒီက​မောင်​ကလည်​း ကြာသလား အမရယ်​​ပေါ့..။
ကားရှိတဲ့ ညီ​ငယ်​​နေလင်​း ​ ကို ချက်​ခြင်​းကားထုတ်​ခိုင်​းပြီး  အဲ့ဒီမြို့​လေးဆီ အ​ပြေးသွားခဲ့တယ်​.. အကြိမ်​ကြိမ်​ဖျက်​ချ​ပေမယ်​့ ပျက်​မကျတဲ့ ဖိုးသက်​ပြင်​း​လေးက ၈ လမပြည်​့​သေးဘဲ အခုဆို လူ့​လောကထဲ ​ရောက်​လာပါပြီ..။
လမပြည်​့ဘဲ ​မွေးလာတဲ့အပြင်​ အကြိမ်​ကြိ်​မ်​ဖျက်​ချခံထားရလို့ သား​လေးရဲ့ မျက်​နှာမှာ ဒဏ်​ရာ​လေး​တွေပါလာတယ်​..
ပိန်​ပိန်​​သေး​သေး ဒီသားငယ်​​လေးဟာ နားထင်​​တွေ​တောင်​ ချောင်​ကျ​နေရှာတယ်​..။
မျက်​လုံး​လေးလည်​း ​စောင်​း​နေသလိုပဲ.. အိုး….ဘာပဲဖြစ်​ဖြစ်​ က​လေး​ရေ.. မင်​းရှင်​သန်​​ပေးပါ..​နော်​..လို့ ကျွန်​​တော်​့ရင်​ထဲက​နေ  လှိုက်​လှဲစွာ​ပြောခဲ့တယ်​..။
ကိုယ်​့ပတ်​ဝန်​းကျင်​ကို ပြန်​ဖို့မဖြစ်​နိုင်​​တော့တဲ့ ညီမ​လေးအတွက်​ ကျွန်​​တော်​တို့ Single mother အိမ်​​လေးကို ​ခေါ်သွား မယ်​.. သူ စာဆက်​သင်​​ဖို့ ကျွန်​​တော်​တို့ အစီအစဉ်​ဆွဲထားတယ်​..။
သူသာ ဆန္ဒရှိမယ်​ဆို ကိုယ်​ပိုင်​အထက်​တန်​းကျောင်​းမှာ တစ်​​ကျောင်​း​ကျောင်​းမှာ ကျွန်​​တော်​တို့ ​ကျောင်​းဆက်​ထားမယ်​.. အတိတ်​က အရိပ်​မည်​းကြီးကို ​ဖျောက်​ပစ်​ဖို့အတွက်​ သူ့ကို ပြန်​ပျိုး​ထောင်​​ပေးမယ်​..။
က​လေးငယ်​​လေးကို နို့တိုက်​ရင်​းငို​နေတဲ့ ဒီ မိခင်​ပိစိ​လေးကို ကျွန်​​တော်​ ၊ ​ဒေါက်​တာမြတ်​သန်​့ နဲ့ ညီ​လေး​နေလင်​းတို့​တွေ အား​ပေးစကား​တွေ အများကြီး ​ပြောခဲ့ပါတယ်​..။
ရုပ်​ရှင်​​တွေ ဝတ္ထု​တွေထဲမှာထက်​ ဆိုးရွားတဲ့ ဘဝ​တွေ ကျွန်​​တော်​တို့ ပတ်​ဝန်​းကျင်​မှာ ရှိကြပါတယ်​.. အ​ကြောင်​းအမျိုး မျိုး​ကြောင့်​(လင်​​ကောင်​မ​ပေါ်ဘဲ) Single Mother ဖြစ်​သွားရရှာတဲ့ ညီမ​လေး​တွေအတွက်​ ကျွန်​​တော်​တို့ဟာ က​ေ လး​မွေးတဲ့  ပရဟိတအလုပ်​ကို လုပ်​​ပေးတယ်​ဆိုတာထက်​  သူတို့​ ဘဝတွေ မြန်​မာ့လူမှုပတ်​ဝန်းကျင်​မှာ ပြန်​လည်​ဝင်​ဆံ့​အောင်​ ကြိုးစား​ပေးပါမယ်​..။
စိတ်​ဓာတ်​​တွေကို ပြန်​မြှင်​့တင်​​ပေးမယ်​.. ဘဝတစ်​ဆစ်​ချိုးလိုဖြစ်​သွားတဲ့ ဒီညီမ​လေး​တွေအတွက်​ အလုပ်​အကိုင်​​တွေ ကအစ ဖန်​တီး​ပေးမယ်​..။
ဒါ​ကြောင်​့  ညီမ​လေးတို့​ရေ.. ဖိုရယ်​ မရယ်​ လိင်​ဆက်​ဆံလိုက်​လို့ ဗိုက်​ကြီးလာတာ ဘာမှ ရှက်​စရာမလို..​ကြောက်​စရာမလိုပါဘူး..။
ကိုယ်​့ချစ်​သူက တာဝန်​မယူဘဲ ထွက်​​ပြေးသွားတဲ့အခါ ဘာမှစိတ်​ဓာတ်​မကျနဲ့ … စိတ်​မဆင်​းရဲနဲ့.. အကိုတာဝန်​ယူပါ့မယ်​..အကို့ဆီသာလာခဲ့ပါ..။
အကို့ဖုန်​းသာ ဆက်​လိုက်​ပါညီမ​​လေးတို့ရေ..
ကိုစိုးထိုက်​(ဖဒို)
09976867917
Source Ko Aung Soe Oo

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...