အကယ်ဒမီမှာ အရှက်ခွဲခံခဲ့ရဖူးတဲ့ ဦးကျော်သူ
ဆိုင်ချင်ကြတယ်။
Credit - Oasis Journal
================
ငဘရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီထင်ကြေးပေးခံနေရတဲ့ ကျော်သူနဲ့ တွေ့ဆုံခိုက်......
အကယ်ဒမီလား ခုမှမဟုတ်ဘူး။ ဟိုးကတည်းကရင်မခုန်ခဲ့တာ။ ကျွန်တော်က ဟိုးခေတ်ကတည်း
ကခေါ်ပြီးအရှက်ခွဲခံခဲ့ရဖူးတာလေ။ အကယ်ဒမီဆိုတာ အနုပညာသမားတိုင်း မြတ်မြတ်နိုးနိုးနဲ့ ပိုင်
ဆိုင်ချင်ကြတယ်။
ငဘဇာတ်ကားအတွက်ဆိုလည်း ကျွန်တော်သေသေချာချာ ကြိုးစားခဲ့တယ်။ တံစဉ်တွေ ဘာတွေဆို 
လိုက်ရှာရတာ ဧရာဝတီတိုင်းရောက်တယ်။ ဂျပန်ခေတ်က တံစဉ်ဖြစ်ရမှာလေ။ ခုခေတ်တံစဉ်လည်း 
မရဘူးဆိုတော့ပီပြင်အောင်ကြိုးစားရတာပေါ့။ ဒီအချိန်ဒီအရွယ်မှာ ပရိသတ်တစ်စုံတစ်ရာ အကျိုးရှိ
မယ့်ကားမျိုးကိုပဲ ရွေးချယ်ရိုက်ကူးချင်တော့တယ်။ ငဘမှာ ကျွန်တော်အတော့်ကို ကြိုးစားထားပါတယ်။ 
အကယ်ဒမီနဲ့ ပတ်သက်ပြီးပြောရရင်တော့ ပေးသင့်တဲ့သူကို မပေးတာတွေ၊ နောက်မင်းသားနှစ်လက်၊ 
မင်းသမီးနှစ်လက်စသဖြင့် အတွဲလိုက်ကြီးတွေပေးတာတွေမကောင်းဘူး။ အရှင်းဆုံးပြောရရင်တော့ 
မြန်မာအကယ်ဒမီကို မြန်မာရွေးချယ်ရေးအဖွဲ့နဲ့ မရွေးဘဲပြည်ပပညာရှင်တွေနဲ့ ရွေးချယ်ပါစေ။ ဥပမာ 
ဆန်ကာတင် ၅ ကားဆို ၅ ကား၊ ၁၀ ကားဆို ၁၀ ကား ရွေးပေးလိုက်၊ အဲဒီအထဲကနေ သူတို့ဘာသာ
သူတို့ရွေးကြပါစေ။ သူတို့က ဒါကျော်သူ၊ ဒါစိုးအောင်၊ ဒါရန်အောင်ဆိုတာမသိဘူး၊ မခင်ကြဘူးလေ။ 
ကောင်းတဲ့ သူကိုပဲပေးသွားမှာ။ ဒါကြောင့်ကျွန်တော်ကတော့ ဒီလိုရွေးချယ်နေကြသရွေ့ အကယ်ဒမီ
ကို ရင်ကိုမခုန်တော့တာ...
Credit - Oasis Journal
Written By ရန်ပိုင်စိုး
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...