အကယ်ဒမီပေးပွဲမှာ ပွဲထုတ်ဖို့ နောက်ကွယ်က ပညာရှင်တစ်ယောက်ရဲ့ ရင်ဖွင့်သံ

ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲ မှာ ပွဲထုတ် ၀တ်ဆင်သွားကြတဲ့ ရွှေထည်များအနက် မြန်မာပြည် ဦးသိန်းတန် ၀တ်ဆင်သွားတဲ့ ရွှေနဂါး ရင်ထိုးဟာ နာမည်အကြီးဆုံး လူသိအများဆုံးဖြစ်သွားတဲ့ တန်ဆာတစ်ခုဖြစ်ပါတယ်...။

ထိုရင်ထိုး နဂါးရုပ်ကြီးကို ပြုလုပ်ဖန်တီးပေးခဲ့တဲ့ ပန်းတိမ်ပညာရှင်က တော့ ကိုခင်မောင်သင်း ဖြစ်ပါတယ်...။
ကိုခင်မောင်သင်းမှ အကယ်ဒမီပေးပွဲ မတိုင်ခင် မတ်လ ၁၁ ရက်နေ့က အခုလို ရင်ဖွင့်ထားတာကို တွေ့ရပါတယ်...။

လေးစားပါတယ်.. ပန်းတိမ်မညာရှင် ကိုခင်မောင်သင်း

"မင်္ဂလာပါ ခင် ဗျာ
ကျွန်တော် ပန်တိမ်သမားတ ယောက်ပါ(မသိမှာဆိုးလို့)
အခုလာမဲ့ ၁၈ ရက်နေ့မှာကျင်းပမဲ့အကယ်ဒမီပေးပွဲမှာ
ထင်ပေါ်ကျော်ကြားတဲ့အနုပညာရှင် စုံတွဲဆင်မြန်းမဲ့
င် ကပ်ပန်း ရင် ထိုးလေးပါဘယ်သူတွေဆိုတာ
ကျွန်တော်ပြောစရာမလိုအောင် နာမည်ကြီးပြီးသားမို့
မ ပြောတော့ပါဘူး နဂါးကြီးကအရှည် ၁၅ လက္မ
အ လေးချိန် ၈ကျပ်သားရှိပါတယ် ဒေါင်းအကြီးက
အမြင့်၈ လက္မနဲ့ ၄ ကျပ်၎ပဲတင် ပါတယ်ဒေါင်းအ သေး
ဘယ်ညာ ၂ကောင် ကတစ်ခုကို၁၄ပဲတင် ပါတယ်
က ဒေါင်းလေးက ၁၅ပဲတင် ပါတယ်ဘယ်ဆိုင် က
အကုန်အကျခံစပွန်စာပေးတာလဲဆိုတာမြန်မာပြည်မှာ
နာမည်ကြီးပြီးသားမို့ကျွန်တော်ပြောစရာမလိုဘဲသိပြီးသား
ဖြစ်ကြမှာပါ
ကျွန်တော်တိုလိုပန်းတိမ်သမားများကတော့နာမည်ကြီးပြီးသား
ရွှေဆိုင်တွေထင်ပေါ်ကျော်ကြားအောင် နာမည်ကြီးပြီးသား
အနုပညာရှင်တွေပေါ်လွင်အောင် ဖန်တည်းပေးရတဲ့
နောက်ကွယ်ကအိပ်ရေးပျက်ခံ ကျည်းပေါင်းအတက်ခံ
မျက် ရိုးအကိုက်ခံဖန်တည်းပေးရတဲ့လူမသိသူမသိ
ဘယ်သူကမှလည်းမဗျူး ဘယ်ဂျာနယ်မှလည်းမပါ
ဘယ်ရွှေဆိုင်ကမှအဖက်မလုပ်တဲ့နောက်ကွယ်ကဖန်တည်း
ပေးခဲ့ရတဲ့ ဥယာဉ်မူးပန်းတိမ်သမားတွေပါ
သီးခံဖက်ပေးတဲ့သူများကိုကျေးဇူးတင် ပါတယ်
ခင်မောင်သင်း"

Source - ကိုခင်မောင်သင်း FB
www.apannpyay.com

















Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...