စိတ္မႏွံ႔တဲ့ မိန္းကေလးငယ္ကိုမွ လုပ္ရက္လိုက္တာ အဖိုးႀကီးရယ္..။

စိတ္မႏွံ႔တဲ့ မိန္းကေလးငယ္ကိုမွ လုပ္ရက္လိုက္တာ အဖိုးႀကီးရယ္..။
က်ံဳေပ်ာ္တြင္ စိတ္မႏွံ႔ေသာ ၁၇ႏွစ္အရြယ္ မိန္းကေလးငယ္အား အဓမၼျပဳက်င့္မႈျဖင့္ အသက္ ၅၆ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဥိးကို ဖမ္းဆီး

ေမာင္ရဲႏိုင္
The Ayeyarwaddy Times 
မတ္လ ၇ ရက္ (က်ံဳေပ်ာ္)
ဧရာဝတီတိုင္းေဒသႀကီး က်ံဳေပ်ာ္ၿမိဳ႕နယ္တြင္ ၁၇ႏွစ္အရြယ္ စိတ္မႏွံ႔သူ မိန္းကေလးငယ္အား ၅၆ႏွစ္အရြယ္ရွိ ေယာက္်ားတဦးက အလိုမတူဘဲ သားမယားျပဳက်င့္မႈျဖစ္ပြားေၾကာင္းသိရသည္။
ျဖစ္စဥ္မွာ ၅.၃.၂၀၁၇ ရက္ေန႔ ေန႔လည္ ၁၂း၀၀အခ်ိန္ခန္႔ က်ံဳေပ်ာ္ၿမိဳ႕နယ္ အင္းတေရာ္ေက်းရြာအုပ္စုတြင္ ေနထိုင္သူ အသက္ ၁၇ ႏွစ္အရြယ္ စိတ္မႏွံ႔သူတဦးအား 
အသက္ ၅၆ ႏွစ္အရြယ္ ထြန္းသိန္းဆိုသူက 
၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလထဲတြင္ သားမယား အျဖစ္
ႏွစ္ႀကိမ္တိုင္ ျပဳက်င့္ခ့ဲေၾကာင္း
စိတ္မႏွံ႔သူ မိန္းကေလးငယ္က မိဘမ်ားအား ေျပာျပေသာ္လည္း မယံုၾကည္ခ့ဲဘဲ ၆.၃.၂၀၁၇ ရက္ေန႔တြင္ သမီးျဖစ္သူ ရင္သားမ်ားႀကီးထြားေနျခင္းကို မသကၤာသျဖင့္ ရွားခဲေက်းရြာမွ သားဖြားဆရာမ ေဒၚနန္းနန္းၿမိဳင္ (ၿငိမ္း) ထံသြားေရာက္စစ္ေဆးရာ ကိုယ္ဝန္ ၅လ ရွိေနၿပီ ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိမွ သမီးျဖစ္သူ သားမယားျပဳက်င့္ခံခဲ႔ရေၾကာင္း အုပ္ထိန္းသူမ်ားက သိခဲ႔သည္။
ထို႔ေၾကာင့္ မိဘမ်ားက သမီးျဖစ္သူ သားမယားက်င့္ခံရမႈကို အေထာင္နယ္ေျမရဲစခန္း၌ ၆.၃.၂၀၁၇ ရက္ေန႔ ေန႔လည္တြင္ သြားေရာက္တိုင္တန္းရာ အေထာင္နယ္ေျမရဲစခန္း မွ (ပ)၁၄/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ၿပီး ထြန္းသိန္းအား အမႈျဖင့္ဖမ္းဆီးစစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
The Ayeyarwaddy Times
ဓါတ္ပံု - ဧရာဝတီတိုင္းရဲတပ္ဖြဲ႕
ကျုံပျော်တွင် စိတ်မနှံ့သော ၁ရနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဥိးကို ဖမ်းဆီး

မောင်ရဲနိုင်
The Ayeyarwaddy Times
မတ်လ ၇ ရက် (ကျုံပျော်)
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ၁ရနှစ်အရွယ် စိတ်မနှံ့သူ မိန်းကလေးငယ်အား ၅၆နှစ်အရွယ်ရှိ ယောက်ျားတဦးက အလိုမတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၅.၃.၂၀၁၇ ရက်နေ့ နေ့လည် ၁၂းဝဝအချိန်ခန့် ကျုံပျော်မြို့နယ် အင်းတရော်ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် စိတ်မနှံ့သူတဦးအား
အသက် ၅၆ နှစ်အရွယ် ထွန်းသိန်းဆိုသူက
၂၀၁၆ ခုနှစ် အောက်တိုဘာလထဲတွင် သားမယား အဖြစ်
နှစ်ကြိမ်တိုင် ပြုကျင့်ခဲ့ကြောင်း
စိတ်မနှံ့သူ မိန်းကလေးငယ်က မိဘများအား ပြောပြသော်လည်း မယုံကြည်ခဲ့ဘဲ ၆.၃.၂၀၁၇ ရက်နေ့တွင် သမီးဖြစ်သူ ရင်သားများကြီးထွားနေခြင်းကို မသင်္ကာသဖြင့် ရှားခဲကျေးရွာမှ သားဖွားဆရာမ ဒေါ်နန်းနန်းမြိုင် (ငြိမ်း) ထံသွားရောက်စစ်ဆေးရာ ကိုယ်ဝန် ၅လ ရှိနေပြီ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိမှ သမီးဖြစ်သူ သားမယားပြုကျင့်ခံခဲ့ရကြောင်း အုပ်ထိန်းသူများက သိခဲ့သည်။
ထို့ကြောင့် မိဘများက သမီးဖြစ်သူ သားမယားကျင့်ခံရမှုကို အထောင်နယ်မြေရဲစခန်း၌ ၆.၃.၂၀၁၇ ရက်နေ့ နေ့လည်တွင် သွားရောက်တိုင်တန်းရာ အထောင်နယ်မြေရဲစခန်း မှ (ပ)၁၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ထွန်းသိန်းအား အမှုဖြင့်ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
The Ayeyarwaddy Times
ဓါတ်ပုံ - ဧရာဝတီတိုင်းရဲတပ်ဖွဲ့

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...