တိုက်ခန်းအတွင်း ဘုရားရှိခိုးနေသာ အသက် ၇၀ အရွယ် ဗိုလ်ကြီး (အငြိမ်းစား) တစ်ဦးကို ဓားဖြင့်ထိုးပြီး အနုကြမ်းစီးမှု ဖြစ်ပွား
Credit:7DayDaily
ဗိုလ်တထောင် မြို့နယ် လမ်း ၅၀ မှ တိုက်ခန်း ၅ လွှာတွင် New Wave Service ကုမ္ပဏီ တိုက်ခန်းအတွင်း ဘုရားရှိခိုးနေသာ အသက် ၇၀ အရွယ် ဗိုလ်ကြီး (အငြိမ်းစား) တစ်ဦးကို အမျိုးသားတစ်ဦး က ဓားဖြင့်ထိုးပြီး အနုကြမ်းစီး မှု ဖြစ်ပွားခဲ့သည်။ ယနေ့(မတ်၂၁ ရက်)နံနက် ၈ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော ၇၀ အရွယ်အမျိုးသားကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထား ကြောင်း ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အနုကြမ်းစီးရာတွင် လက်တလော စစ်ဆေးမှု အရ အမျိူးသားတစ်ဦး သာ ပါဝင်ကြောင်းသိရပြီး CCTV မှတ်တမ်းများကို စစ်ဆေးနေကြောင်း ၎င်းကဆက်ပြောသည်။
Credit:7DayDaily
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...