အပိုဒ်(၁)
အပိုဒ်(၂)
အပိုဒ်(၃)
အပိုဒ်(၄)
Source - ကိုဘုန်း
www.apannpyay.com
 ရဲတပ်ဖွဲ့အပေါ်အမြင်မမှားစေလိုပါ
တပုံချင်းစီထောက်ကြည့်ပြီး ဖတ်ပေးပါခင်ဗျာ...
ကိုယ်စလှယ်တစ်ဦး၏ ရေးသားချက်ကို အပြုသဘောဖြင့် ပြန်လည်ရှင်းပြလိုက်ပါသည်...👮
အပိုဒ်(၁)
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ခရီးသွားလာမိဘပြည်သူများ စိတ်အနှောက်အယှက်ဖြစ်စေသည့် အပြင်
ခရီးသွားပြည်သူများ၏လုံခြုံရေးထိခိုက်စေနိုင်သည့် လူခေါ်ပွဲစားများအားဥပဒေနှင့် အညီရှင်းလင်းဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျှက်ရှိရာ ၁၉.၃.၂၀၁၇ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ၄င်း၏လူမှုကွန်ယက်စာမျက်နှာတွင် အောက်ပါအတိုင်းဝေဖန်ရေးသားထားသည်ကိုတွေ့ရှိရပါသည်။ ၄င်း၏ဝေဖန်ရေးသားချက်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များမှဆောင်ရွက်ရသည့်ရည်ရွယ်ချက်နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ဆောင်ရွက်ခဲ့၊ဆောက်ရွက်လျှက်ရှိသည်ကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်
အပိုဒ်(၂)
ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးယာဉ် ရပ်နားစခန်း အတွင်း တရားမဝင်လူခေါ် ပွဲစားများနှင့် စည်ကမ်းမဲ့ယာဉ်များ တန်ပိုယာဉ်များကင်းရှင်းရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအားနယ်မြေခံရဲတပ်ဖွဲ့၊လူကုန်တားရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့၊ အဝေးပြေးယာဉ်ရပ်နားစခန်းအကျိုးဆောင်အဖွဲ့၊စည်ပင်သာယာရေးကော်မတီ၊ မီးသတ်တပ်ဖွဲ့ဝင်များ အုပ်ချုပ်ရေးမိတ်ဖက်အဖွဲ့စည်းများနှင့်ပူးပေါင်း ပြီး(၂၃.၉.၂၀၁၆)ရက်နေ့မှစတင်၍ အမှတ်(၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲမှူးရန်နိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်(၇)ဦးတို့အင်အားဖြည့်ပူးပေါင်းစစ်ဆေးဖမ်းဆီးဆောင်ရွက်လျက်ရှိ ရာ (၁၉.၁၀.၂၀၁၆)ရက်နေ့အထိ စည်ကမ်းမဲ့ ဆိုင်ကယ်ဖမ်းဆီးရရှိမှု(၇၆)စီး၊ လူခေါ်ပွဲစား(၁၅)မှု၊ လက်နက်မှု( ၂)မှု၊ မူးယစ်ရမ်းကားမှု(၁)မှု၊ အကောက်အခွန်မဲ့/လိုင်စင်မဲ့မော်တော်ကား(၁)စီးတို့ ဖမ်းဆီးဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခဲ့သဖြင့် (၂၀.၁၀.၁.၂၀၁၆)ရက်နေ့တွင် ရဲမှူးရန်နိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်များအား ရကဖ(၂)ကွပ်ကဲရေးမှူးမှဆုငွေ(၁) သိန်းကျပ်ပေးအပ်ချီးမြှင့်ခဲ့ပြီး ရှေ့ဆက်အရှိန်အဟုန်မြှင့်အသိပညာပေးခြင်း၊ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများဆောင်ရွက်လျက်ရှိပါသည်�
အပိုဒ်(၃)
တည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်မှု အခြေပြဇယားဖြစ်ပါတယ် �
အပိုဒ်(၄)
ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၄၁(၁၆)ပါ ပြဌာန်းချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်ဖြစ်ပါသည်။ �
Source - ကိုဘုန်း
www.apannpyay.com
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...