ဇနီးဖြစ်​သူမှ မကွာရှင်းမ​ပေးနိုင်လို့ ပဲခူး​ရွှေ​မော်​​ဓောဘုရား​ပေါ်မှာ ဓားနဲ့ထိုး မှုဖြစ်ပွား


ယ​နေ့(29.3.2017)​နေ့ နံနက်​(7)နာရီအချိန်​ခန့်​က ပဲခူး​ရွှေ​မော်​​ဓော ဘုရား​ပေါ် အ​နောက်​ဘက်​မုဒ်​​ဗောဓိ​ညောင်​ပင်​​အောက်​တွင်​ ဓားထိုးမှုတစ်​ခုဖြစ်​ပွားခဲ့သည်​။ဖြစ်​စဉ်​မှာ ငြိမ်းချမ်း(20)နှစ်​၊(ဘ)ဦးအုန်းသီး၊ဆိုင်​ကယ်​ကယ်​ရီ​မောင်း၊မင်းကြီးညို(3)လမ်း၊နယ်​​မြေ(19)၊ကျွန်းသာယာရပ်​ကွက်​၊ပဲခူးမြို့​နေသူသည်​ ကမာနတ်​​ကျေးရွာမှ အမျိုးသမီးတစ်​ဦးအား​နေအိမ်​သို့​ခေါ်​ဆောင်​လာပြီး ဇနီးဖြစ်​သူမသဇင်​(25)နှစ်​၊(ဘ)ဦးမင်း​အောင်​၊ကျွန်းသာယာရပ်​ကွ​က်​​နေသူအားကွာရှင်​​ပေးရန်​​ပြောဆိုခဲ့ရာ ဇနီးဖြစ်​သူမှ မကွာရှင်းမ​ပေးနိုင်​​ကြောင်း​ပြော၍ယ​နေ့ နံနက်​ပိုင်းတွင်​ ဘုရား​ပေါ်သို့ချိန်းဆိုခဲ့ရာ မသဇင်​မှလာ​ရောက်ပြီးစကား​ပြောဆို​နေစဉ်​ ငြိမ်းချမ်းမှ အရိုးအသွား(၁၀)လက်​မခန့်​ရှိ အသင့်​ပါလာ​သောဓားဖြင့်​ထိုးခဲ့ရာ မသဇင်​မှာ
ထိုးသွင်းဒဏ်​ရာရရှိခဲ့သဖြင့်​​ဆေးရုံသို့ပို့​ဆောင်​ခဲ့ရာ ​ဆေးရုံတွင်​ အတွင်းလူနာ(စိုးရိမ်​ရ)ဖြင့်​​ဆေးကုသမှု
ခံယူလျှက်​ရှိ ငြိမ်းချမ်းမှာအခင်းဖြစ်​​နေရာမှထွက်​​ပြေးသွား၍စခန်းမှ စခန်းမှူးဒုရဲမှူးနိုင်​စိုးနှင့်​အဖွဲ့
သည်​ တရားခံအားလိုက်​လံရှာ​ဖွေဖမ်းဆီးခဲ့ရာ နာရီပိုင်း
အတွင်းဖမ်းဆီးရမိခဲ့ပြီးစခန်းမှ (ပ)၆၆၆/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၂၆အရအမှုဖွင့်​အ​ရေးယူထား
ကြောင်းသိရှိရသည်​။
Ko Thant Zin - Lwin Oo

No automatic alt text available.

Image may contain: one or more people, people standing, outdoor and nature

Image may contain: 3 people, people standing and outdoor

Image may contain: 2 people, people sitting

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...