ဘီလီလမင်းအေးကို မင်းသမီးတင်မယ့် ဒါရိုက်တာစတီးလ်


#MyanmarIdols ရဲ့  First Runner #Up ဆုရှင် ဘီလီလမင်းအေးကို ဒါရိုက်တာ စတီးလ် က "လမ်းကြောင်း"ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ထားတယ်လို့သိရပါတယ်။ဒီလိုရွေးချယ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ဒါရိုက်တာ စတီးလ် က
"ဒီဇာတ်ကားတစ်ကားလုံးကတောင်ကြီးမှာသွားရိုက်မှာဖြစ်တဲ့အတွက်ဒေသခံတောင်ကြီးသူတစ်ယောက်လိုချင်နေတဲ့အချိန်မှာ ဘီလီလမင်းအေးကို သွားမြင်မိတယ်၊ အဲ့ဒါနဲ့ ပရိုဂျူဆာကိုပြောပြတော့ပရိုဂျူဆာကလည်းသဘောကျတယ်၊ #ဘီလီလမင်းအေး ကို လည်း ဒီဇာတ်​ကားအကြောင်းပြောပြတယ်၊သူ့ကိုစိတ်ဝင်စားလားမေးတော့ သူကလည်းစိတ်ဝင်စားတယ်၊သရုပ်ဆောင်မလုပ်ဖူးဘူးလို့တော့သူကပြောတယ်၊ ဇာတ်လမ်းအရ သူက သူဌေးသမီးဂေါ်လီလေးပေါ့၊သူနဲ့ #ထွန်းထွန်း နဲ့တွဲမယ်၊ ဇာတ်လမ်းကအက်ရှင်ဇာတ်လမ်းပါ၊ဒါကကျွန်တော်ပထမဆုံးရိုက်မယ့်အက်ရှင်ကားဆိုလည်းမမှားပါဘူး " လို့ လမ်းကြောင်းရုပ်ရှင် နဲ့ ပတ်သတ်ပြီး ဒါရိုက်တာ စတီးလ် က Mahar #Entertainment ကို ပြောပြခဲ့ပါတယ်။
ဒီဇာတ်​ကား ကို အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ လာမယ့်မေလမှာ စတင်ရိုက်ကူး သွားမှာဖြစ်ပြီး ၊ သရုပ်ဆောင်တွေအနေနဲ့ #ထွန်းထွန်း၊ #မင်းမော်ကွန်း၊ နေမျိုးအောင် ၊ #ထွန်းကိုကို၊ ရွှေသမီး နဲ့ ဘီလီလမင်းအေး တို့ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။

https://www.facebook.com/maharnetworks/

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...