အသက် ၅ နှစ်သာ ရှိသေးတဲ့ မူကြို ကျောင်းသူလေးက ဆရာမကို မာစီးဒီးစ်ကားသစ် လက်ဆောင်ပေး




Credit : Duwun
ကူဝိတ်နိုင်ငံက မူကြို ကျောင်းသူလေးတစ်ဦးဟာ သူမရဲ့ ဆရာမကို နှစ်ကုန်လက်ဆောင်အဖြစ်နဲ့ တန်ဖိုးမြင့် မာစီးဒီးစ်ကားအသစ်စက်စက်ကို လက်ဆောင်ပေးခဲ့ပါတယ်။ သူမအချစ်ဆုံး ဆရာမမို့လို့ ဒီလက်ဆောင်ကိုပေးရတာဖြစ်ကြောင်း နော အယ်လ် ဖာရစ်က ဆိုပါတယ်။

အသက် ၅ နှစ်သာ ရှိသေးတဲ့ ကလေးမလေးဟာ ကျောင်းတက်စဉ်ကာလမှာ ဆရာမရဲ့သင်ပြမှုတွေကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ပေးအပ်တယ်လို့ ပြောပါတယ်။ ” ဒီကားက သမီးအနှစ်သက်ဆုံးဆရာမ နာဒီယာအတွက်” လို့ အာရဗီဘာသာစကားနဲ့ ကားပေါ်မှာ စာရေးထိုးထားပါတယ်။

နောရဲ့ မိခင်က ဆုံးပါးသွားခဲ့ပြီဖြစ်လို့ မိတဆိုးသမီးလေးရဲ့အလိုက ဖခင်ကလိုက်လျောပေးခဲ့တာပါ။ မိခင်မရှိတော့တဲ့နောက် သမီးငယ်ကို ဂရုစိုက်ပေးတဲ့အတွက် ဆရာမကိုကျေးဇူးတင်မိတယ်လို့လည်း နောရဲ့ဖခင်က ပြောပါတယ်။

Credit : Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...