ျမန္မာအိုင္ေဒါမွာ တစ္ေက်ာ့ျပန္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရမယ့္သူ ..?


ယေန႔ည ၉ နာရီတြင္ ျပဳလုပ္မည့္ Myanmar Idol ၿပိဳင္ ပြဲ၌ Pantene Wild Card ျဖင့္ ျပန္လည္ယွဥ္ၿပိဳင္ခြင့္ရရွိမည့္ ၿပိဳင္ ပြဲဝင္မည္သူျဖစ္မည္ကို ပရိသတ္ မ်ားက စိတ္ဝင္စားေနၾကသည္။
Pantene Wild Card ျဖင့္ ျပန္လည္ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိမည့္သူကို ပရိသတ္မ်ား၏ မဲေပးမႈျဖင့္ ေရြးခ်ယ္ျခင္းျဖစ္ၿပီး Myanmar Idol ၏ တရား ဝင္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေပးထားသည့္ လင့္ခ္မွတစ္ဆင့္ မဲေပး၍ ေရြးခ်ယ္ျခင္းျဖစ္သည္။
မတ္လ ၃ ရက္က ျပဳလုပ္ခဲ့ ေသာ Top 5 Result Show အၿပီး တြင္ မဲစတင္ေကာက္ခံခဲ့ၿပီး မဲေပး ခ်ိန္ကို မတ္လ ၄ ရက္ ညေန ၆ နာရီေနာက္ဆံုးထား သတ္မွတ္ခဲ့ သည္။ အဆုိပါ အစီအစဥ္အ တြက္ လင့္ခ္ေပးထားသည့္ Myanmar Idol ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာႏွင့္ Pantene ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ၿပိဳင္ပြဲမွ ထြက္ခြာ သြားရေသာ ရဲေနာင္၊ ဇင္ႀကီးႏွင့္ ယြန္းတို႔အား မဲေပးမည္ဟု မွတ္ ခ်က္ျပဳေရးသားထားသူ မ်ားျပား ခဲ့သည္။

ျမန္မာအုိင္ေဒါ ဆန္ခါတင္ ၁၀ ဦးစာရင္းကတည္းက ပရိ သတ္မဲအေရအတြက္ အမ်ားဆံုး ရရွိခဲ့သူ ရဲေနာင္သည္ Pantene Wild Card ျဖင့္ ျပန္လည္ယွဥ္ၿပိဳင္ ရမည့္ အဆုိပါအစီအစဥ္အတြက္ ျဖစ္ႏုိင္ေျခအရွိဆံုးသူတစ္ဦးျဖစ္ သည္။ ဆန္ခါတင္ ငါးဦးအဆင့္ အထိ ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ ရဲေနာင္သည္ ဆန္ခါတင္ေလးဦး ေရြးခ်ယ္သည့္အဆင့္တြင္ ပရိ သတ္မဲအနည္းဆံုးရရွိေသာ ေၾကာင့္ ၿပိဳင္ပြဲမွ ထြက္ခဲ့ရေသာ္ လည္း ႏႈတ္ဆက္ညတြင္ မူလယွဥ္ ၿပိဳင္ခဲ့ေသာ သီခ်င္းကို အေကာင္း ဆံုးသီဆိုႏုိင္ခဲ့သလို အၿပံဳးျဖင့္ ႏႈတ္ဆက္ႏုိင္ခဲ့သူျဖစ္ေသာေၾကာင့္ ပရိသတ္မ်ား၏ က႐ုဏာကို ရရွိခဲ့ သည္။ ၿပိဳင္ပြဲတစ္ေလွ်ာက္ မဲအ မ်ားဆံုးရရွိသူတစ္ဦးအေနျဖင့္ မဲ အနည္းဆံုးရရွိ၍ ၿပိဳင္ပြဲမွ ထြက္ ခြာခဲ့ရသည့္အေပၚ ရဲေနာင္ကိုယ္ တိုင္ ပရိသတ္မ်ားကို ၎အတြက္ မဲမေပးရန္ ေျပာဆုိခဲ့သည္ဆုိ သည္ဟု ရဲေနာင္၏ အမာခံ ပရိ သတ္အခ်ိဳ႕က ေျပာၾကားမႈမ်ား ရွိခဲ့သည္။    ရဲေနာင္ကိုယ္ တုိင္ကလည္း Pantene Wild Card အတြက္ ဇင္ႀကီးကို မဲေပး ရန္ ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ တြင္ ေရးသားထားသည္။

ၿပိဳင္ပြဲဝင္မ်ားတြင္ ပရိသတ္ အနည္းဆံုးျဖစ္ေသာေၾကာင့္ ၿပိဳင္ ပြဲက ထြက္ခြာခဲ့ရျခင္းျဖစ္သည္ဟု ေျပာၾကားခဲ့သည့္ ဇင္ႀကီးကို ပရိသတ္မ်ား ပို၍သတိျပဳမိခဲ့ၾက သည္။ ထုိ႔အျပင္ ဇင္ႀကီး၏ အႏုပညာႏွင့္ပတ္သက္သည့္ ဗီဒီယိုဖိုင္မ်ားကိုလည္း မွ်ေဝမႈမ်ားရွိခဲ့ ေသာေၾကာင့္ Pantene WildCard ျဖင့္ ျပန္လာရမည့္သူစာရင္း တြင္ ဇင္ႀကီးကိုလည္း ခ်န္လွပ္ ထား၍ မရႏုိင္ေပ။ ထို႔အျပင္ ၿပိဳင္ပြဲ၌ အတူယွဥ္ၿပိဳင္ခဲ့သူမ်ားျဖစ္သည့္ ရဲေနာင္ႏွင့္ ခ်မ္းၿငိမ္းတို႔ကလည္း ဇင္ႀကီးအတြက္ မဲေပးရန္ ေဖ့စ္ဘြတ္ခ္တြင္ ေျပာၾကားထားသည္။
ဇင္ႀကီးကိုယ္တုိင္ကလည္း ‘‘Pantene Wild Card ဆုိတာရွိ တယ္ေတာ့ ၾကားေနရပါတယ္။ အခြင့္ရရင္ ျပန္သြားခ်င္ေပမယ့္ ေမွ်ာ္ေတာ့မေမွ်ာ္လင့္ရဲပါဘူး ဗ်ာ’’ဟု မတ္လ ၃ ရက္က ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေရး သားထားသည္။

ယခုႏွစ္ ျမန္မာအုိင္ေဒါၿပိဳင္ ပြဲတြင္ အသက္အငယ္ဆံုးၿပိဳင္ပြဲ ဝင္တစ္ဦးျဖစ္သည့္ ယြန္းကလည္းပရိသတ္အခိုင္အမာရရွိထားသူ တစ္ဦးျဖစ္ေသာေၾကာင့္ PanteneWild Card ျဖင့္ ျပန္လည္ပါဝင္ လာႏုိင္မည္လား ဆုိသည္မွာ လည္း စဥ္းစားရမည့္အခ်က္တစ္ ခုျဖစ္သည္။ ယြန္းသည္ ေဖ့စ္ ဘြတ္ခ္တြင္ Follower သံုးသိန္း ေက်ာ္ရွိၿပီး ျမန္မာအိုင္ေဒါၿပိဳင္ပြဲ ဝင္မ်ားအနက္ Follower အမ်ား ဆံုး ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ေသာ ေၾကာင့္ ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ မဲေပးရသည့္အခ်က္သည္ ယြန္း အတြက္ အားသာခ်က္တစ္ခုပင္ ျဖစ္သည္။ ထို႔အျပင္ မဲေပးခြင့္ရွိ သည့္ မတ္လ ၄ ရက္က ယြန္း၏ေဖ့စ္ဘြတ္ခ္တြင္ Live လႊင့္ခဲ့ရာၾကည့္႐ႈသူ သံုးသိန္းေက်ာ္ရွိခဲ့ သည္။

အျခားၿပိဳင္ပြဲဝင္မ်ားျဖစ္ သည့္ ေအမီဈာန္၊ ျဖဴေလး၊ ခ်မ္း ၿငိမ္းတုိ႔ကို မဲေပးသူမ်ားရွိေသာ္ လည္း အေရအတြက္နည္းပါး သည္ကို မဲေပးရမည့္ လင့္ခ္မ်ား ကို ၫႊန္းေပးထားသည့္ MyanmarIdol ႏွင့္ Pantene Myanmar ၏ ေဖ့စ္ဘြတ္ခ္မ်ားတြင္ မွတ္ခ်က္ မ်ားကိုၾကည့္၍ သိႏုိင္သည္။ ထို႔ ေၾကာင့္ ယေန႔ည Myanmar Idol ဆန္ခါတင္ေလးဦးျဖစ္သည့္ သား ငယ္၊ မုိင္းမိုင္ဆိုင္း၊ ပိုးမီ၊ ဘီလီ လမင္းေအးတုိ႔ႏွင့္အတူ ပါဝင္ ယွဥ္ၿပိဳင္ရမည့္သူမွာ ရဲေနာင္၊ ဇင္ ႀကီးႏွင့္ ယြန္းတို႔သံုးဦးမွ တစ္ဦး ျဖစ္ႏုိင္မည္ဟု ခန္႔မွန္းေနၾက သည္။
7daydaily
============

ယနေ့ည ၉ နာရီတွင် ပြုလုပ်မည့် Myanmar Idol ပြိုင် ပွဲ၌ Pantene Wild Card ဖြင့် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိမည့် ပြိုင် ပွဲဝင်မည်သူဖြစ်မည်ကို ပရိသတ် များက စိတ်ဝင်စားနေကြသည်။
Pantene Wild Card ဖြင့် ပြန်လည်ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည့်သူကို ပရိသတ်များ၏ မဲပေးမှုဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး Myanmar Idol ၏ တရား ဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပေးထားသည့် လင့်ခ်မှတစ်ဆင့် မဲပေး၍ ရွေးချယ်ခြင်းဖြစ်သည်။
မတ်လ ၃ ရက်က ပြုလုပ်ခဲ့ သော Top 5 Result Show အပြီး တွင် မဲစတင်ကောက်ခံခဲ့ပြီး မဲပေး ချိန်ကို မတ်လ ၄ ရက် ညနေ ၆ နာရီနောက်ဆုံးထား သတ်မှတ်ခဲ့ သည်။ အဆိုပါ အစီအစဉ်အ တွက် လင့်ခ်ပေးထားသည့် Myanmar Idol ဖေ့စ်ဘွတ်ခ်စာ မျက်နှာနှင့် Pantene ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ပြိုင်ပွဲမှ ထွက်ခွာ သွားရသော ရဲနောင်၊ ဇင်ကြီးနှင့် ယွန်းတို့အား မဲပေးမည်ဟု မှတ် ချက်ပြုရေးသားထားသူ များပြား ခဲ့သည်။

မြန်မာအိုင်ဒေါ ဆန်ခါတင် ၁၀ ဦးစာရင်းကတည်းက ပရိ သတ်မဲအရေအတွက် အများဆုံး ရရှိခဲ့သူ ရဲနောင်သည် Pantene Wild Card ဖြင့် ပြန်လည်ယှဉ်ပြိုင် ရမည့် အဆိုပါအစီအစဉ်အတွက် ဖြစ်နိုင်ခြေအရှိဆုံးသူတစ်ဦးဖြစ် သည်။ ဆန်ခါတင် ငါးဦးအဆင့် အထိ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရဲနောင်သည် ဆန်ခါတင်လေးဦး ရွေးချယ်သည့်အဆင့်တွင် ပရိ သတ်မဲအနည်းဆုံးရရှိသော ကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသော် လည်း နှုတ်ဆက်ညတွင် မူလယှဉ် ပြိုင်ခဲ့သော သီချင်းကို အကောင်း ဆုံးသီဆိုနိုင်ခဲ့သလို အပြုံးဖြင့် နှုတ်ဆက်နိုင်ခဲ့သူဖြစ်သောကြောင့် ပရိသတ်များ၏ ကရုဏာကို ရရှိခဲ့ သည်။ ပြိုင်ပွဲတစ်လျှောက် မဲအ များဆုံးရရှိသူတစ်ဦးအနေဖြင့် မဲ အနည်းဆုံးရရှိ၍ ပြိုင်ပွဲမှ ထွက် ခွာခဲ့ရသည့်အပေါ် ရဲနောင်ကိုယ် တိုင် ပရိသတ်များကို ၎င်းအတွက် မဲမပေးရန် ပြောဆိုခဲ့သည်ဆို သည်ဟု ရဲနောင်၏ အမာခံ ပရိ သတ်အချို့က ပြောကြားမှုများ ရှိခဲ့သည်။    ရဲနောင်ကိုယ် တိုင်ကလည်း Pantene Wild Card အတွက် ဇင်ကြီးကို မဲပေး ရန် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

ပြိုင်ပွဲဝင်များတွင် ပရိသတ် အနည်းဆုံးဖြစ်သောကြောင့် ပြိုင် ပွဲက ထွက်ခွာခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည့် ဇင်ကြီးကို ပရိသတ်များ ပို၍သတိပြုမိခဲ့ကြ သည်။ ထို့အပြင် ဇင်ကြီး၏ အနုပညာနှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်များကိုလည်း မျှဝေမှုများရှိခဲ့ သောကြောင့် Pantene WildCard ဖြင့် ပြန်လာရမည့်သူစာရင်း တွင် ဇင်ကြီးကိုလည်း ချန်လှပ် ထား၍ မရနိုင်ပေ။ ထို့အပြင် ပြိုင်ပွဲ၌ အတူယှဉ်ပြိုင်ခဲ့သူများဖြစ်သည့် ရဲနောင်နှင့် ချမ်းငြိမ်းတို့ကလည်း ဇင်ကြီးအတွက် မဲပေးရန် ဖေ့စ်ဘွတ်ခ်တွင် ပြောကြားထားသည်။
ဇင်ကြီးကိုယ်တိုင်ကလည်း ‘‘Pantene Wild Card ဆိုတာရှိ တယ်တော့ ကြားနေရပါတယ်။ အခွင့်ရရင် ပြန်သွားချင်ပေမယ့် မျှော်တော့မမျှော်လင့်ရဲပါဘူး ဗျာ’’ဟု မတ်လ ၃ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။

ယခုနှစ် မြန်မာအိုင်ဒေါပြိုင် ပွဲတွင် အသက်အငယ်ဆုံးပြိုင်ပွဲ ဝင်တစ်ဦးဖြစ်သည့် ယွန်းကလည်းပရိသတ်အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်သောကြောင့် PanteneWild Card ဖြင့် ပြန်လည်ပါဝင် လာနိုင်မည်လား ဆိုသည်မှာ လည်း စဉ်းစားရမည့်အချက်တစ် ခုဖြစ်သည်။ ယွန်းသည် ဖေ့စ် ဘွတ်ခ်တွင် Follower သုံးသိန်း ကျော်ရှိပြီး မြန်မာအိုင်ဒေါပြိုင်ပွဲ ဝင်များအနက် Follower အများ ဆုံး ပြိုင်ပွဲဝင်တစ်ဦးဖြစ်သော ကြောင့် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မဲပေးရသည့်အချက်သည် ယွန်း အတွက် အားသာချက်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် မဲပေးခွင့်ရှိ သည့် မတ်လ ၄ ရက်က ယွန်း၏ဖေ့စ်ဘွတ်ခ်တွင် Live လွှင့်ခဲ့ရာကြည့်ရှုသူ သုံးသိန်းကျော်ရှိခဲ့ သည်။

အခြားပြိုင်ပွဲဝင်များဖြစ် သည့် အေမီဈာန်၊ ဖြူလေး၊ ချမ်း ငြိမ်းတို့ကို မဲပေးသူများရှိသော် လည်း အရေအတွက်နည်းပါး သည်ကို မဲပေးရမည့် လင့်ခ်များ ကို ညွှန်းပေးထားသည့် MyanmarIdol နှင့် Pantene Myanmar ၏ ဖေ့စ်ဘွတ်ခ်များတွင် မှတ်ချက် များကိုကြည့်၍ သိနိုင်သည်။ ထို့ ကြောင့် ယနေ့ည Myanmar Idol ဆန်ခါတင်လေးဦးဖြစ်သည့် သား ငယ်၊ မိုင်းမိုင်ဆိုင်း၊ ပိုးမီ၊ ဘီလီ လမင်းအေးတို့နှင့်အတူ ပါဝင် ယှဉ်ပြိုင်ရမည့်သူမှာ ရဲနောင်၊ ဇင် ကြီးနှင့် ယွန်းတို့သုံးဦးမှ တစ်ဦး ဖြစ်နိုင်မည်ဟု ခန့်မှန်းနေကြ သည်။
7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...