တောင်တွင်းကြီး မတ်(၁၉)
တောင်တွင်းကြီးမြို့ ၊ မကွေးလမ်း ၊ မြို့မဈေးကြီးရှေ့ဘက်တွင်
ယနေ့နံနက် (၁၀)နာရီချိန့်က ယာဉ်/စည်းတပ်ဖွဲ့ဦးဆောင်သော
ဆိုင်ကယ်နောက်မှစီးနင်းလိုက်ပါလာသူအမျိုးသမီးတစ်ဦးတို့အား ဆိုက္ကားဖြင့်တင်ဆောင်ပေးပြီး ဆေးရုံတွင် ရဲဆေးစာသွားယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
ထက်သူရ(Tdi)
တောင်တွင်းကြီး မတ်(၁၉)!!!!!!!!!!!!!!!!!!!!!!!!!!!
တောင်တွင်းကြီးမြို့ ၊ မကွေးလမ်း ၊ မြို့မစျေးကြီးရှေ့ဘက်တွင်
ယနေ့နံနက် (၁၀)နာရီချိ်န့်က ယာဉ်/စည်းတပ်ဖွဲ့ဦးဆောင်သော
စုပေါင်းစစ်ဆေးရေးအဖွဲ့မှ မကွေးလမ်းပေါ်တွင် ယာဉ်စည်းကမ်းလမ်း
စည်းကမ်းမလိုက်နာသော မော်တော်ယာဉ်များ၊သုံးဘီးဆိုင်ကယ်များနှင့်
ဆိုင်ကယ်စီးဦးထုပ်မဆောင်သော ဆိုင်ကယ်များအား ရှောင်တခင်စစ်ဆေးမှုပြုလုပ်လျှက်ရှိခဲ့ရာ မကွေးလမ်းမကြီးပေါ်
အရှေ့မှအနောက်သို့စီးနင်းမောင်းနှင်လာသော ရွှေကြာအင်း(၁)အောင်ဇေယျာရပ်ကွက်အပိုင်းနေ
ယာဉ်မောင်းမောင်ချစ်ရင်ဦး (သ)၁၆နှစ် (ဘ)ဦးကိုကိုဦး
မောင်းနှင်လာသော၅၁ယ/၆၆၄၆၄ Canda125နီ/နက်ခဲရောင်
ဆိုင်ကယ်မှ စုပေါင်းယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့
ရှောင်တခင်စစ်ဆေးပြုလုပ်မှုဧရိယာတွင်းအရောက်တွင် အသာတကြည်
ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးရာ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် တပ်သားဇင်ကိုကိုဦး
တာဝန်ကျနေရာ ဖောင်တော်ဦးဘုရားရှေ့အရောက်တွင် တပ်သားဇင်ကို
ဦးမှရှေ့မှပိတ်ရပ်၍တားဆီးရာ ရပ်တန်ခြင်းမပြုဘဲ တာဝန်အရတားဆီးသောယာဉ်ထိန်းတပ်ဖွဲ့ဝင်တပ်သားဇင်ကိုဦး၏
ခြေထောက်အား ဝင်ရောက်တိုက်မိပြီးအရှိန်မထိန်းနိုင်ဘဲ လဲကျခဲ့ရာဘေးနားရှိနေသောအခြားတပ်ဖွဲဝင်တစ်ဦးမှဆိုင်ကယ်နောက်ပိုင်းအားလှမ်းဆွဲခဲ့ရာဆွဲလှဲသည်ဟုထင်မှတ်ပြီး ဆိုင်ကယ်မောင်းနှင်လာသောယာဉ်မောင်းမောင်ချစ်ရင်ဦးမှ လဲနေရာမှထ၍ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ဝင် တပ်သားဇင်ကိုဦးကို စတင်ဝင်ရောက်ထိုးနှက်ခဲ့ပါသည်။ထို့နောက် ယာဉ်/စည်းတာဝန်ခံ ရဲတပ်ကြပ်ကြီးရဲဝင်းမှ၎င်းဆိုင်ကယ်အား
ဖမ်းဆီးလိုက်ပြီး ယာဉ်/စည်းတပ်ဖွဲ့ဝင်မှ တားဆီးမှုကြောင့် ဆိုင်ကယ်လဲကာ အနာတရရရှိခဲ့သောယာဉ်မောင်းမောင်ချစ်ရင်ဦးနှင့်
ဆိုင်ကယ်နောက်မှစီးနင်းလိုက်ပါလာသူအမျိုးသမီးတစ်ဦးတို့အား ဆိုက္ကားဖြင့်တင်ဆောင်ပေးပြီး ဆေးရုံံတွင် ရဲဆေးစာသွားယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
ထိုသို့ပို့ဆောင်ပေးချိန်တွင်ဂန့်ကော်ဦးဆီဆိုင်ရှေ့တွင်
တာဝန်ထမ်းဆောင်နေသော ယာဉ်/စည်းတပ်ဖွဲ့ဝင် တပ်သားအောင်မျိုးဇော်အားဆိုင်ကယ်မမောင်းနှင်သူယာဉ်မောင်း
မောင်ချစ်ရင်ထူးကဆိုက္ကာပေါ်မှ လက်ညိုးထိုး၍ပြောဆိုရာ တပ်သားအောင်မျိုးဇော်ကပြန်လည်၍ ဘာလဲဟုမေးရာမှဆက်လက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ပါသည်။
ယင်းသို့ထိုးကြိတ်မှုဖြစ်ပွားချိန်တွင် ယာဉ်/စည်းတာဝန်ခံနှင့်
တပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံထိုးနှက်ခဲ့သည်ဟုလည်းမျက်မြင်များ၏
ပြောဆိုမှုများကြောင့် သိရှိခဲ့ရပါသည်။
ယင်းဖြစ်ပွားမှုများအားဆက်လက်၍ဥပဒေအရပြုလုပ်သွား
မည်ဖြစ်ကြောင်းကို နှစ်ဦးနှစ်ဖက်စလုံးမှသိရပါသည်။
၎င်းဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့
မြို့မရဲစခန်းမှ တာဝန်ကျတာဝန်မှူးရဲအုပ်အောင်ခိုင်စိုး
မှစစ်ဆေးမှုများပြုလုပ်သွားပြီးဥပဒေအရအရေးယူဆောင်ရွက်သွား
မည်ဖြစ်ကြောင်းကနဦးသတင်းရရှိပါသည်။
ထက်သူရ(Tdi)
0 comments :
Post a Comment