သားငယ်အားတောင်ကုတ် သူဌေးကြီး ဦးကျောက်တောင်မှ ဦးဆောင်၍တောင်ကုတ် ကားဂိတ်တွင်ကြိုဆိုခဲ့ပြီး
သူ၏ ကိုယ်ပိုင် ဟိုတယ်တွင် free ကြိုက်သလိုတည်းခိုနေခွင့်ပေးပြီး နံနက်စာကို သားငယ် နဲ့အတူသုံးဆောင်....
၃၀.၃.၂၀၁၇ နေ့ တွင်လဲ သူဌေးကြီး ဦးကျောက်တောင် စီစဉ်မှုဖြင့် သားငယ်နှင့် ပရိတ်တွေ့ဆုံပွဲ free show ကို တောင်ကုတ် မြို့မ ဘောလုံး ကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။
ကျွန်တော်တို့ ရဲ့ Myanmar Idol ခရီးစဉ်ဟာ မပြီးဆုံးသေးပါဘူး။ Myanmar Idol Season 2 Winner သားငယ် က အခုဆိုရင် သူ့ရဲ့ ဇာတိမြေ ရခိုင်ပြည်နယ် မာန်အောင်ကျွန်း ကိုသွားနေပါပြီ။ တွေ့တဲ့နေရာ မှာ နူတ်ဆက်ကြတဲ့သူများလို့လဲ ပျော်ရွင် ပီတိဖြစ်ဖွယ်ကောင်းလှပါတယ်။ သူ့ရဲ့ အိမ်ပြန်ခရီးစဉ်ကိုလည်း ရိုက်ကူးဖို့အတွက် MNTV / Ch 9 မှ Myanmar Idol အဖွဲ့သားများဟာ ပင်ပန်းနေတဲ့ကြားက မနားမနေ ဆက်လက်လိုက်သွားပြီး ရိုက်ကူးမှတ်တမ်းတင်လျက် ရှိပါတယ်။ ဌင်းအစီအစဉ်ကို MNTV မှ ဆက်လက်ထုတ်လွင့်ပေးသွားပါမယ်။ ခရီးစဉ်ဝေးတာ မို့ စိတ်ရှည်စွာဖြင့် စောင့်မျော်ပေးပါလို့။ နောက်ဆုံးရ ပုံရိပ်နဲ့ သတင်းများကိုလည်း ဆက်လက်ဖေါ်ပေးပါ့မယ်။
0 comments :
Post a Comment