တယ်။
source : mirror.co.uk
Credit:ညီလင်းထက် (Shwemom)
အမျိုးသမီးတစ်ယောက်ကတော့ အမျိုးသမီးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Sex Robot နဲ့ အတူတူ နေထိုင်ခဲ့ခြင်းကနေ ရရှိခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ အမည်ဟာ Karley Sciortino ဖြစ်ပြီး Single တစ်ယောက် ဖြစ်ပါတယ်။
Karley ဟာ အသက် 31 နှစ်အရွယ် ဖြစ်ပြီး၊ လိင်မှုရေးရာနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ရေးတဲ့ ပင်တိုင်ဆောင်းပါးရှင်
တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ Gabriel အမည်ပေးထားတဲ့ အမျိုးသား Robot နဲ့ မိနစ် 20 ကြာ အတွေ့အကြုံကို ပြန်လည် မျှဝေခဲ့ပါတယ်။
သူမက ” အရုပ်နဲ့ဆိုပေမယ့်လည်း အတွေ့အကြုံတွေ အများကြီးရပါတယ် … သင့်ကို လိင်ပိုင်းဆိုင်ရာ ဘယ်လို ပြုမူ
ဆောင်ရွက်ရမယ်ဆိုတာကို သင်ပြပေးမှာဖြစ်သလို … မြန်နှုန်းနဲ့ အနေအထားတွေကိုလည်း သင်ကြားသွားပါလိ့မ်မယ် “လို့ ရည်ညွှန်းခဲ့ပါတယ်။
အမျိုးသမီးများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Sex Robot တွေဟာ အရပ်အမောင်း 5 ပေ 9 လက်မ ရှိပြီး၊ စီလီကွန်အကောင်းစားနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ကုန်ကျစာရိတ်ကတော့ ပေါင် 5000 အထိ ရှိတယ်လို့ သိရပါ
တယ်။
နည်းပညာမြှင့်ထားတဲ့ Sex Robot တွေဖြစ်လို့ ချစ်တင်းမနှောခင်မှာ အမျိုးသားအင်္ဂါဟာ သဘာဝအတိုင်း တွဲနေတဲ့အနေအထားမှာသာ ရှိနေမှာဖြစ်ပြီး၊ Warmer ခလုတ်ကလေးကို နှိပ်လိုက်တာနဲ့ မိမိစိတ်ကြိုက် အရွယ်အစားကို ရောက်လာစေမယ်လို့ သိရပါတယ်။ ဒါပေမယ့် Robot ရဲ့ ခန္ဓာကိုယ်ဟာ ပြင်ပရာသီဥတုကို လိုက်ပြီး အေးစက်တာမျိုးဖြစ်တတ်လို့ ဒါကတော့ ပြဿနာတစ်ရပ်အဖြစ် ရှိနေသေးတယ်လို့ သူမက မျှဝေခဲ့ပါတယ်။
READ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင် အရက်သောက်တာ ဟာ သန္ဓေသားကိုထိခိုက်စေနိုင်
Karley ဟာ နယူးယောက်ခ်အခြေစိုက် မဂ္ဂဇင်းတွေဖြစ်တဲ့ Vogue နဲ့ Vice မဂ္ဂဇင်းတို့မှာ လိင်ပိုင်းဆိုင်ရာ ပညာပေး ဆောင်းပါးတွေ ပင်တိုင်ရေးနေတဲ့ စာရေးဆရာမတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။
0 comments :
Post a Comment