သဘာဝတရားအရ လွန်ဆန်လို့မရတဲ့ လိင်စိတ်ဖြစ်ပေါ်မှုကို အမှန်ကန်ဆုံးနည်းလမ်းနဲ့ စနစ်တကျ ဖြေရှင်းဖို့ အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ လူ့ဘ၀ကြီးမှာ ဒီကိစ္စတစ်ခုတည်းပဲ အရေးကြီးတာမဟုတ်တဲ့အတွက် လူသားတစ်ယောက်ရဲ့ တခြားအရေးကြီးတဲ့ ကိစ္စတွေကို တာဝန်တွေကျေပွန်အောင်ထမ်းဆောင်ဖို့ ဘ၀ခရီးလမ်းကို အမှားအယွင်းမရှိလျှောက်လှမ်းနိုင်ဖို့လိုပါတယ်။
အခု တခါမှာတော့ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းမိလို့ အခြေအနေဆိုးနဲ့ကြုံတွေ့ ရတဲ့သူတွေအကြောင်း ကို ဖော်ပြချင်ပါတယ်။လိင်ဆက်ဆံရင်း သေဆုံးသွားတဲ့ သူတွေအကြောင်းကို Shwemom website မှ တဆင့် ပြန်လည်ကူယူ ဖော်ပြပေး လိုက်ပါတယ်။
The woman who was electrocuted during a sex romp
Kirsten Taylor အမည်ရှိတဲ့ အသက် ၂၉နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၂၃ရက်နေ့ ညက အသက် ၃၇နှစ်အရွယ် သူမရဲ့ ခင်ပွန်းဖြစ်သူ Toby နဲ့ လိင်ဆက်ဆံစဉ် လျှပ်စစ်ကိရိယာတပ် ပစ္စည်းတစ်ခုကို အသုံးပြုခဲ့တဲ့အတွက် မတော်တဆ လျှပ်စစ်စီးနေတဲ့ ကြိုးကိုအသုံးပြုရာမှ Taylorသေဆုံးသွားခဲ့ပါတယ်။
The man who killed his lover while using a cucumber as a sex toy
ဂျာမန်အရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၄၆နှစ်အရွယ် Oliver Dietmann ဆိုသူက သူ့ရဲ့ချစ်သူ Rica Varna(အသက် ၄၆)ကို မတော်တဆမှုတစ်ခုကြောင့် သေစေခဲ့ပါတယ်။သေဆုံးသူ Ricaရဲ့ လည်ချောင်းထဲမှာ သခွားသီးတွေတွေ့ရပြီး ၊ Sex Toyအဖြစ် အသုံးပြုခဲ့ပုံ ယူဆရတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
The actor who died from autoerotic asphyxiation
Kung Fu and Kill Bill star David Carradineကို ဘန်ကောက်က ဟိုတယ်အခန်းတစ်ခုမှာ သူ့ရဲ့ လိင်အင်္ဂါနဲ့ လည်ပင်းမှာ ကြိုးတွေတုပ်နှောင်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ထိုင်းရဲတွေက David အနေနဲ့ အန္တရာယ်ရှိတဲ့ လိင်စိတ်ဖြေမှုတစ်ခုကို ပြုလုပ်ခဲ့ပုံရတယ်လို့ သံသယရှိကြောင်း ဆိုပါတယ်။
The two popes who died while in the act
အေဒီ ၉၃၆မှ အေဒီ ၉၃၉ထိ ရှိခဲ့တဲ့ Pope Leo VIIဟာ သူ့ရဲ့ ချစ်သူနဲ့ လိင်ဆက်ဆံစဉ်မှာ ရုတ်တရက်နှလုံးသွေးကြော ပိတ်ခြင်းကြောင့် သေဆုံးသွားခဲ့ပါတယ်။
Pope Paul II ကတော့ ၁၄၆၄ခုနှစ်ကနေ ၁၄၇၁ခုနှစ်ထိ ရှိခဲ့ပြီး အဲဒီနှစ်ရဲ့ ဇူလိုင်လ ၂၆ရက်နေ့မှာ ရုတ်တရက်သေဆုံး သွားခဲ့ပါတယ်။သူသေဆုံးမှုနဲ့ပတ်သက်ပြီး လိင်တူချင်း လိင်ဆက်ဆံနေစဉ်မှာ ရုတ်တရက်သေဆုံးသွားတယ်လို့ ဆိုပါတယ်။
The lovers who were shot during a tryst in a Philadelphia park
၂၀၁၅ခုနှစ် ကအသက် ၂၅နှစ်အရွယ် Shakoor Arline နဲ့ သူရဲ့ ချစ်သူ အသက် ၃၂နှစ်အရွယ် Lisa Smithတို့ Philadelphia parkမှာချိန်းတွေ့ရင်း သေဆုံးသွားခဲ့ကြပါတယ်။ သူတို့ရဲက အလောင်းတွေမှာ Arlineက ၀တ်လစ်စားလစ်အနေ အထားနဲ့ ဖြစ်နေပြီး၊ Smithကတော့ အ၀တ်အစားတချို့တ၀က်ပဲ ပါတော့တယ်လို့ ပန်းခြံတာဝန်ရှိသူတွေကဆိုပါတယ်။
Credit - ခြူးသစ်နွယ်@ChoChoThan(Shwemom)
0 comments :
Post a Comment