ေကာင္းကြက္ေတြကို ေဝဝါးေစတဲ့ မေကာင္းျမင္စိတ္မ်ား

ေကာင္းကြက္ေတြကို ေဝဝါးေစတဲ့ မေကာင္းျမင္စိတ္မ်ား
သခ်ၤာဆရာမတစ္ေယာက္ဟာ စာသင္ခန္းထဲကို ဝင္လာၿပီး သခ်ၤာအလီကို ေက်ာက္သင္ပုန္းေပၚခ်ေရးလိုက္ပါတယ္။
၅× ၁= ၃
၅× ၂= ၁ဝ
၅× ၃ = ၁၅
၅× ၄= ၂ဝ
၅× ၅ = ၂၅
၅× ၆ = ၃ဝ
၅× ၇= ၃၅
၅× ၈= ၄ဝ
၅× ၉= ၄၅
၅× ၁ဝ = ၅ဝ
သူမဟာ စာေရးၿပီးတဲ့အခါ သူမရဲ႕ေက်ာင္းသားေတြကို လွည့္ၾကည့္လိုက္တဲ့အခါ တစ္တန္းလံုးက ေက်ာက္သင္ပုန္းကို ၿပံဳးစိစိနဲ႔ၾကည့္ေနၾကတာကို ေတြ႕လိုက္ရပါတယ္။ တစ္ခ်ိဳ႕မ်ားဆိုရင္ ေက်ာက္သင္ပုန္းကို လက္ညွိဳးထိုးၿပီး ဟားတိုက္လို႔ေတာင္ ရယ္ေမာေတာင္ေနလိုက္ပါေသးတယ္။ ယဥ္ယဥ္ေက်းေက်းရွိတဲ့ေက်ာင္းသူတစ္ေယာက္ကေတာ့ မတ္တပ္ရပ္ၿပီး
“ဆရာမ ပထမစာေၾကာင္းက မွားေနတယ္။ ၅ တစ္လီ ၅ ျဖစ္ရမွာေလဆရာမ” လို႔ ေျပာပါတယ္။ ဤေဆာင္းပါးကို ဂႏၳဝင္မဂၢဇင္းမွ ကူးယူတင္ဆက္ပါသည္။

အဲဒီအခ်ိန္ေရာက္မွ တစ္ခ်ိန္လံုးဘာမွမေျပာဘဲ ၾကည့္ေနတဲ့ဆရာမက တစ္ခန္းလံုးကိုတစ္ခ်က္ၾကည့္ၿပီး
“တကယ္ေတာ့ ဆရာမက ပထမစာေၾကာင္းကို တမင္မွားေအာင္ေရးထားတာကြဲ႕။ ဆရာမ သားတို႔ သမီးတို႔ကိုေျပာျပခ်င္တာတစ္ခုရွိတယ္။ ေလာကႀကီးမွာျဖစ္တတ္တဲ့သေဘာတရားကို သားတို႔သမီးတို႔ကို ျမင္ေစခ်င္တာကြဲ႕။ သားတို႔သမီးတို႔သိလား ဆရာမ စာေၾကာင္း ၁ဝေၾကာင္းမွာ တစ္ေၾကာင္းမွားၿပီး ၉ ေၾကာင္းေတာင္မွန္တယ္ေလ။ ဒါေပမယ့္ ဆရာမကိုးေၾကာင္းမွန္တာကို ွ အသိအမွတ္မျပဳဘဲ အားလံုးကမွားတဲ့တစ္ေၾကာင္းကိုပဲ ေထာက္ျပၾကတယ္ေနာ္။ အဲဒီလိုပါပဲသားတို႔သမီးတို႔ ဘာေတြဘယ္ေလာက္ပဲလုပ္လုပ္ တစ္ခ်ိဳ႕လူေတြကေတာ့ အမွားေတြကိုပဲ ေထာက္ျပကဲ့ရဲ႕ၾကလိမ့္မယ္။ မွန္တာေတြကို အသိအမွတ္ျပဳဖို႔ေတာ့ လူအနည္းစုကပဲ သတိရၾကလိမ့္မယ္။ ဒါေၾကာင့္ ဘဝမွာ တစ္ခုခုလုပ္တဲ့အခါ ဘယ္သူေတြဘယ္လိုပဲ တံု႔ျပန္တံု႔ျပန္စိတ္ဓာတ္မက်ဘဲ သားတို႕သမီးတို႔လုပ္သင့္တဲ့ အရာေတြကို လုပ္ၾကပါလို႔ ဆရာမမွာခ်င္တယ္။ ဒါေပမဲ့ သားတို႔သမီးတို႔လုပ္တဲ့အလုပ္က ေကာင္းမြန္တဲ့အလုပ္ျဖစ္ဖို႔ေတာ့လိုမယ္ေနာ္။ နားလည္ၾကလား” လို႔ ရွင္းျပလိုက္သတဲ့။

ကေလးေတြအားလံုးကေတာ့ ဆရာမရဲ႕ စကားေၾကာင့္ အေတြးေတြကိုယ္စီနဲ႔ ၿငိမ္သက္သြားၾကေတာ့တယ္။
ပရိသတ္ႀကီးလည္း အမွားေတြကို ေဝဖန္တတ္သူေတြေၾကာင့္ စိတ္ဓာတ္က်ေနတယ္ဆိုရင္ ဒီပံုျပင္ေလးကုိ သတိရလိုက္ပါေနာ္။ မေကာင္းေျပာေဝဖန္ေနသူေတြေၾကာင့္ အမွားေတြကို ျပန္ေတြးၿပီး စိတ္ဓာတ္က်ေနမယ့္အစား အမွန္ျပင္ၿပီးေလွ်ာက္လွမ္းၾကပါလို႔ အႀကံျပဳေရးသားလိုက္ရပါတယ္ရွင္။
သေဘာက်ႏွစ္ၿခိဳက္ခဲ့ရင္ SHARE ေပးလိုက္ပါဦးေနာ္။
=============

ကောင်းကွက်တွေကို ဝေဝါးစေတဲ့ မကောင်းမြင်စိတ်များ
သချင်္ာဆရာမတစ်ယောက်ဟာ စာသင်ခန်းထဲကို ဝင်လာပြီး သချင်္ာအလီကို ကျောက်သင်ပုန်းပေါ်ချရေးလိုက်ပါတယ်။
၅× ၁= ၃
၅× ၂= ၁ဝ
၅× ၃ = ၁၅
၅× ၄= ၂ဝ
၅× ၅ = ၂၅
၅× ၆ = ၃ဝ
၅× ၇= ၃၅
၅× ၈= ၄ဝ
၅× ၉= ၄၅
၅× ၁ဝ = ၅ဝ
သူမဟာ စာရေးပြီးတဲ့အခါ သူမရဲ့ကျောင်းသားတွေကို လှည့်ကြည့်လိုက်တဲ့အခါ တစ်တန်းလုံးက ကျောက်သင်ပုန်းကို ပြုံးစိစိနဲ့ကြည့်နေကြတာကို တွေ့လိုက်ရပါတယ်။ တစ်ချို့များဆိုရင် ကျောက်သင်ပုန်းကို လက်ညှိုးထိုးပြီး ဟားတိုက်လို့တောင် ရယ်မောတောင်နေလိုက်ပါသေးတယ်။ ယဉ်ယဉ်ကျေးကျေးရှိတဲ့ကျောင်းသူတစ်ယောက်ကတော့ မတ်တပ်ရပ်ပြီး
“ဆရာမ ပထမစာကြောင်းက မှားနေတယ်။ ၅ တစ်လီ ၅ ဖြစ်ရမှာလေဆရာမ” လို့ ပြောပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ကူးယူတင်ဆက်ပါသည်။

အဲဒီအချိန်ရောက်မှ တစ်ချိန်လုံးဘာမှမပြောဘဲ ကြည့်နေတဲ့ဆရာမက တစ်ခန်းလုံးကိုတစ်ချက်ကြည့်ပြီး
“တကယ်တော့ ဆရာမက ပထမစာကြောင်းကို တမင်မှားအောင်ရေးထားတာကွဲ့။ ဆရာမ သားတို့ သမီးတို့ကိုပြောပြချင်တာတစ်ခုရှိတယ်။ လောကကြီးမှာဖြစ်တတ်တဲ့သဘောတရားကို သားတို့သမီးတို့ကို မြင်စေချင်တာကွဲ့။ သားတို့သမီးတို့သိလား ဆရာမ စာကြောင်း ၁ဝကြောင်းမှာ တစ်ကြောင်းမှားပြီး ၉ ကြောင်းတောင်မှန်တယ်လေ။ ဒါပေမယ့် ဆရာမကိုးကြောင်းမှန်တာကို ှ အသိအမှတ်မပြုဘဲ အားလုံးကမှားတဲ့တစ်ကြောင်းကိုပဲ ထောက်ပြကြတယ်နော်။ အဲဒီလိုပါပဲသားတို့သမီးတို့ ဘာတွေဘယ်လောက်ပဲလုပ်လုပ် တစ်ချို့လူတွေကတော့ အမှားတွေကိုပဲ ထောက်ပြကဲ့ရဲ့ကြလိမ့်မယ်။ မှန်တာတွေကို အသိအမှတ်ပြုဖို့တော့ လူအနည်းစုကပဲ သတိရကြလိမ့်မယ်။ ဒါကြောင့် ဘဝမှာ တစ်ခုခုလုပ်တဲ့အခါ ဘယ်သူတွေဘယ်လိုပဲ တုံ့ပြန်တုံ့ပြန်စိတ်ဓာတ်မကျဘဲ သားတို့သမီးတို့လုပ်သင့်တဲ့ အရာတွေကို လုပ်ကြပါလို့ ဆရာမမှာချင်တယ်။ ဒါပေမဲ့ သားတို့သမီးတို့လုပ်တဲ့အလုပ်က ကောင်းမွန်တဲ့အလုပ်ဖြစ်ဖို့တော့လိုမယ်နော်။ နားလည်ကြလား” လို့ ရှင်းပြလိုက်သတဲ့။

ကလေးတွေအားလုံးကတော့ ဆရာမရဲ့ စကားကြောင့် အတွေးတွေကိုယ်စီနဲ့ ငြိမ်သက်သွားကြတော့တယ်။
ပရိသတ်ကြီးလည်း အမှားတွေကို ဝေဖန်တတ်သူတွေကြောင့် စိတ်ဓာတ်ကျနေတယ်ဆိုရင် ဒီပုံပြင်လေးကို သတိရလိုက်ပါနော်။ မကောင်းပြောဝေဖန်နေသူတွေကြောင့် အမှားတွေကို ပြန်တွေးပြီး စိတ်ဓာတ်ကျနေမယ့်အစား အမှန်ပြင်ပြီးလျှောက်လှမ်းကြပါလို့ အကြံပြုရေးသားလိုက်ရပါတယ်ရှင်။
သဘောကျနှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦးနော်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...