“ တေပါင္းလျပည့္ ျမတ္ဗုဒၶ ျပည္ေတာ္၀င္ အခါေတာ္ေန႔ ”


“ျမတ္ဗုဒၶ ႏွင့္ တေပါင္းလ”

တေပါင္းလသည္ ျမန္မာလမ်ားတြင္ ၁၂-လေျမာက္ျဖစ္သည္။
တႏွစ္တာ၏ ေနာက္ဆံုးလျဖစ္သည္။
တေပါင္းလ၏ ပထမလ၀က္သည္
ေဆာင္းရာသီတြင္ က်ေရာက္သည္။
ဒုတိယလ၀က္ကား ေႏြရာသီတြင္ က်ေရာက္သည္။
ေဆာင္းကူးေႏြစ သာယာလွေသာ လရာသီျဖစ္သည္။
ထို႔ေၾကာင့္ ေခတ္အဆက္ဆက္ စာဆိုတို႔သည္
တေပါင္းလ၏အလွကို ေရးဖြဲၾကသည္မွာ
ယေန႔တိုင္ျဖစ္သည္။
ေရွးယခင္က တပါင္းလပြဲေတာ္သည္ သဲပံုေစတီပြဲေတာ္ ျဖစ္သည္။ သဲပံုေစတီပြဲေတာ္သည္ ပုဂံေခတ္ (သို႔မဟုတ္)
ပုဂံေခတ္မတိုင္မီကပင္ ေပၚေပါက္ခဲ့သည္ဟု
အခ်ိဳ႔က ဆိုၾကသည္။ ေနာက္ပိုင္းတြင္ သဲပံုေစတီပြဲေတာ္
က်င္းပသည့္ဓေလ့ တျဖည္းျဖည္း ေမွးမွိန္သြားသည္။ တေပါင္းလျပည့္ေန႔တြင္ ဘုရားပြဲေတာ္မ်ား က်င္းပသည့္ ဓေလ့ ေခတ္စားလာခဲ့သည္။ ထိုသို႔ ဘုရားပြဲေတာ္ က်င္းပျခင္းကိုပင္ “တေပါင္းလပြဲေတာ္”ဟု ေခၚၾကသည္။
တေပါင္းလသည္ ရာသီဥတု သာယာသည္ႏွင့္အမွ်
သာသနာေရးတြင္လည္း မွတ္တမ္းတင္သင့္ေသာ
ျဖစ္ရပ္ႀကီးမ်ား ေပၚထြန္းခဲ့သည္။
ဗုဒၶဘုရားရွင္လက္ထက္ေတာ္က ဘုရားရွင္သည္ ရာဇျဂိဳဟ္ျပည္ ေ၀ဠဳန္၀န္ေက်ာင္းေတာ္၌ သီတင္းသံုးကာ အဂၤတိုင္းႏွင့္ မဂဓတိုင္းမွ ဒကာ ဒကာမမ်ားအား တရားေရေအးတိုက္ေကၽြးလ်က္ရွိသည္။ ထုိသတင္းကို ခမည္းေတာ္ သုေဒၶါဒနမင္းႀကီး ၾကားသိေသာအခါ သားေတာ္ဘုရားကို ဖူးေတြ႔ခ်င္ေနသည္။ ထို႔ေၾကာင့္ အမတ္တေယာက္အား အေျခြအရံတေထာင္ႏွင့္အတူ ေစလႊတ္၍ ပင့္ခိုင္း၏။
ထိုအမတ္သည္ ဗုဒၶထံ ေရာက္လာရာမွ တရားေတာ္ကိုနာရ၍ အေျခြအရံတို႔ႏွင့္အတူ ရဟန္းျပဳသြားသည္။ သုေဒၶါဒနမင္းႀကီးထံ ဘုရားရွင္ၾကြေရာက္ေတာ္မူရန္ မပင့္ျဖစ္ေခ်။ မင္းႀကီးလည္း
ေနာက္ထပ္၍ အမတ္တို႔ကို အျေခြအရံ တေထာင္စီျဖင့္
ကိုးႀကိမ္တိုင္ေအာင္ ေစလႊတ္ခဲ့သည္။
သို႔ေသာ္ အားလံုး ရဟန္းျပဳ၍ ေနၾကျပန္သည္။
ဆယ္ႀကိမ္ေျမာက္တြင္မူ ဗုဒၶဘုရားရွင္ႏွင့္ ဖြားဖက္ေတာ္ျဖစ္ေသာ ကာဠဳဒါယီအမတ္ကို ေစလႊတ္သည္။ ကာဠဳဒါယီအမတ္သည္လည္း ေရွးကအမတ္မ်ားႏွင့္နည္းတူပင္ ေနာက္ပါမ်ားႏွင့္တကြ ရဟန္းျပဳျပန္သည္။ သို႔ရာတြင္ ခရီးလမ္းပန္းသာယာေသာ တေပါင္းလအခ်ိန္သို႔ ေရာက္ေသာအခါတြင္ကား လမ္းခရီးသာယာပံု တေပါင္းအလွကို ဂါထာေပါင္း ၆၀-ျဖင့္ ဖြဲ႔ႏြဲ႔ကာ ကပိလ၀တ္ျပည္သို႔ ၾကြပါမည့္အေၾကာင္း ဘုရားရွင္အား ေလွ်ာက္ထားေတာင္းပန္သည္။ ဗုဒၶဘုရားရွင္လည္း လက္ခံကာ တေပါင္းလျပည့္ေန႔၌ ကပိလ၀တ္ျပည္သို႔ ၾကြေတာ္မူခဲ့သည္။
ဘုရားရွင္ ကပိလ၀တ္ေနျပည္ေတာ္သို႔ ၾကြေတာ္မူျခင္းေၾကာင့္ နိေျဂာဓာရံုေက်ာင္းႀကီး ေပၚေပါက္လာသည္။
ဂါထာ ၁၀၀၀-ျဖင့္ တန္ဆာဆင္အပ္ေသာ
ေ၀ႆႏၲရာဇာတ္ေတာ္ႀကီးကို ေဟာေတာ္မူခဲ့သည္။
ခမည္းေတာ္ သုေဒၶါဒနမင္းႀကီးသည္လည္း
မဟာဓမၼပါလဇာတ္ေတာ္ႀကီးကို ၾကားနာရသျဖင့္
အနာဂါမ္ တည္ခဲ့သည္။ ေနာင္အခါ
အရဟတၱဖိုလ္ တည္သြားသည္။
ဗုဒၶဘုရားရွင္ ကပိလ၀တ္ျပည္သို႔ ၾကြေရာက္ေတာ္မူ၍ တရားေဟာေတာ္မူသျဖင့္ မိေထြးေတာ္ေဂါတမီသည္လည္း ေသာတာပန္တည္သည္။
ယေသာ္ဓရာကို အေၾကာင္းျပဳ၍ စႏၵကိႏၷရီဇာတ္ေတာ္ကိုလည္း ဘုရားေဟာေတာ္မူခဲ့သည္။
ညီေတာ္နႏၵမင္းသား ရဟန္းျပဳျဖစ္သည္။
သားေတာ္ရာဟုလာ သာမေဏဘ၀သို႔ ေရာက္ရွိသည္။ သာကီ၀င္မင္းသားတေထာင္ ရဟန္းေဘာင္သို႔ ေရာက္ရွိသည္။
ေဆြမ်ိဳးတို႔ ဘုရားရွင္ကို ၾကည္ညိဳေစရန္ ေဆာင္ရြက္ရာ၌ အထူးေအာင္ျမင္သျဖင့္ ကာဠဳဒါယီမေထရ္အား
ကုလပၸသာဒ ဧတဒဂ္ဘြဲ႔ ခ်ီးျမႇင့္ေတာ္မူခဲ့သည္။
တေပါင္းလျပည့္ေန႔သည္ ဘုရားရွင္ ျပည္ေတာ္၀င္ရန္ စတင္ၾကြလွမ္းေသာေန႔ျဖစ္သျဖင့္လည္း
ထိုေန႔ကို အေၾကာင္းျပဳ၍ သာသနာေတာ္၌
ထူးျခားေသာ ျဖစ္ရပ္ႀကီးမ်ား ေပၚထြန္းခဲ့သည္။
ထို႔ျပင္ မဟာသကၠရာဇ္ ၁၀၃-ခု တေပါင္းလျပည့္
ဗုဒၶဟူးေန႔တြင္ သိၾကားမင္း၊ ဥကၠလာပမင္းႀကီး
တပုႆႏွင့္ဘလႅိက ကုန္သည္ညီေနာင္တို႔ႀကီးမွဴး၍
ေရႊတိဂံုေစတီေတာ္ႀကီး တည္ထားခဲ့သည္ဟု
သမိုင္းကဆိုသည္။
ဤကား တေပါင္းလကို အေၾကာင္းျပဳ၍
သာသနာေတာ္၌ ထူးျခားေသာ မွတ္တိုင္ႀကီးမ်ား
ေပၚထြန္းလာခဲ့ျခင္း ျဖစ္ေပသည္။
-【မဂၤလာသတင္းစဥ္】
Posted by►
=====

“ တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ ”
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
“မြတ်ဗုဒ္ဓ နှင့် တပေါင်းလ”
••••••••••••••••••••••••••••••••••
တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။
တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။
တပေါင်းလ၏ ပထမလဝက်သည်
ဆောင်းရာသီတွင် ကျရောက်သည်။
ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည်။
ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။
ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည်
တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာ
ယနေ့တိုင်ဖြစ်သည်။
ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်)
ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု
အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော်
ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ
သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော
ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။
ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း
နောက်ထပ်၍ အမတ်တို့ကို အြခွေအရံ တထောင်စီဖြင့်
ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလဝတ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလဝတ်ပြည်သို့ ကြွတော်မူခဲ့သည်။
ဘုရားရှင် ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။
ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော
ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း
မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။ နောင်အခါ
အရဟတ္တဖိုလ် တည်သွားသည်။
ဗုဒ္ဓဘုရားရှင် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။
ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။
ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
သားတော်ရာဟုလာ သာမဏေဘဝသို့ ရောက်ရှိသည်။ သာကီဝင်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။
ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း
ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌
ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်
ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍
သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ
ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
-【မင်္ဂလာသတင်းစဉ်】
Posted by►

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...