ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ ၿမိဳ႕ေတာ္ဝန္ကို ရန္ကုန္မွလာ ေနျပည္ေတာ္တြင္ဆႏၵျပ

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက အက်င့္ပ်က္၀န္ထမ္းေတြကို အေရးမယူလို႔ဆိုၿပီး ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိး တို႔ကို ရန္ကုန္ၿမိဳ႕ခံ ၁၄ ေယာက္က ဒီကေန႔ ပ်ဥ္းမနားၿမိဳ႕မွာ ဆႏၵျပၾကပါတယ္။

အက်င္႔ပ်က္၀န္ထမ္းေတြကုိ အေရးယူေပးဖို႔ ပ်က္ကြက္ခဲ့တဲ့ကိစၥကို ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ သိေစခ်င္တဲ့အတြက္ အခုလုိ ပ်ဥ္းမနားၿမိဳ႕မွာ လာေရာက္ဆႏၵျပတာျဖစ္တယ္လို႔ ဆႏၵျပပြဲကို ဦးေဆာင္သူ ဦးညီညီထြန္း က ေျပာပါတယ္။

အခုလို ဆႏၵထုတ္ေဖာ္ဖို႔အတြက္ ရန္ကုန္ၿမိဳ႕နဲ႔ ေနျပည္ေတာ္မွာ ခြင့္ေတာင္းခဲ့ေပမယ့္ သက္ဆိုင္ရာက လံုၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ ခြင့္မျပဳခဲ့ဘူးလို႔ ဦးညီညီထြန္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ အထက္ပုဇြန္ေတာင္လမ္းမႀကီးမွာရွိတဲ႔ ၂ ခန္းတြဲ ၆ ထပ္ အေဆာက္အဦးေဆာက္လုပ္ရာမွာ စည္းကမ္းခ်က္နဲ႔ မညီဘဲ အခန္းေတြကုိ ပုိေဆာက္ေနသလုိ ဆက္သြယ္ေရးတာ၀ါတုိင္ စုိက္ထူေနတဲ့အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအဆင့္ဆင့္နဲ႔ ၀န္ႀကီးခ်ဳပ္ကို တိုင္ၾကားခဲ့ေပမယ့္ အေရးယူမႈမရွိတာေၾကာင့္ အခုလို ဆႏၵျပရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဆႏၵျပသူေတြဟာ ျပည္သူတုိ႔ရဲ႕တုိင္စာနဲ႔ နစ္နာမႈတုိင္ၾကားခ်က္မ်ားကုိ အေလးထားေဆာင္ရြက္ေပးပါ၊ ျပည္သူမ်ားအား လ်စ္လ်ဴရႈ မပစ္ပယ္ပါနဲ႔၊ လာဘ္စား၀န္ထမ္း အလုိမရွိ၊ ဥပေဒရဲ႕ အထက္မွာ မည္သူမွ်မရွိေစရ စတဲ႔ ေၾကြးေၾကာ္သံေတြကို ေၾကြးေၾကာ္ခဲ့ၾကၿပီး ပ်ဥ္းမနားၿမိဳ႕ ဘုရားကုိးဆူေထာင္႔ကေန ေက်ာက္တုိင္ကြင္းအထိ ခ်ီတက္ဆႏၵျပၾကတာျဖစ္ပါတယ္။

Photo: Win Naung Toe/RFA

( ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း နဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စုိး တို႔ကို ရန္ကုန္ၿမိဳ႕ခံ ၁၄ ေယာက္က ပ်ဥ္းမနားၿမိဳ႕မွာ မတ္လ ၃ ရက္ေန႔က ဆႏၵျပစဥ္ )



ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြို့တော်ဝန်ကို ဆန္ဒပြ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကျင့်ပျက်ဝန်ထမ်းတွေကို အရေးမယူလို့ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့ကို ရန်ကုန်မြို့ခံ ၁၄ ယောက်က ဒီကနေ့ ပျဉ်းမနားမြို့မှာ ဆန္ဒပြကြပါတယ်။

အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူပေးဖို့ ပျက်ကွက်ခဲ့တဲ့ကိစ္စကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် သိစေချင်တဲ့အတွက် အခုလို ပျဉ်းမနားမြို့မှာ လာရောက်ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးညီညီထွန်း က ပြောပါတယ်။

အခုလို ဆန္ဒထုတ်ဖော်ဖို့အတွက် ရန်ကုန်မြို့နဲ့ နေပြည်တော်မှာ ခွင့်တောင်းခဲ့ပေမယ့် သက်ဆိုင်ရာက လုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်မပြုခဲ့ဘူးလို့ ဦးညီညီထွန်းက ပြောပါတယ်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမကြီးမှာရှိတဲ့ ၂ ခန်းတွဲ ၆ ထပ် အဆောက်အဦးဆောက်လုပ်ရာမှာ စည်းကမ်းချက်နဲ့ မညီဘဲ အခန်းတွေကို ပိုဆောက်နေသလို ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူနေတဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်နဲ့ ဝန်ကြီးချုပ်ကို တိုင်ကြားခဲ့ပေမယ့် အရေးယူမှုမရှိတာကြောင့် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပြည်သူတို့ရဲ့တိုင်စာနဲ့ နစ်နာမှုတိုင်ကြားချက်များကို အလေးထားဆောင်ရွက်ပေးပါ၊ ပြည်သူများအား လျစ်လျူရှု မပစ်ပယ်ပါနဲ့၊ လာဘ်စားဝန်ထမ်း အလိုမရှိ၊ ဥပဒေရဲ့ အထက်မှာ မည်သူမျှမရှိစေရ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပြီး ပျဉ်းမနားမြို့ ဘုရားကိုးဆူထောင့်ကနေ ကျောက်တိုင်ကွင်းအထိ ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။

Photo: Win Naung Toe/RFA

( ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့ကို ရန်ကုန်မြို့ခံ ၁၄ ယောက်က ပျဉ်းမနားမြို့မှာ မတ်လ ၃ ရက်နေ့က ဆန္ဒပြစဉ် )

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...