အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နာယက သူရဦးတင္ဦးေျပာၿပီ..။

ျမတ္စြာဘုရား၏သကၤန္း(အေရေတာ္)ဝတ္ထားသည့္ ပုဂၢိဳလ္ တစ္ဦးကေျပာေသာ စကားမ်ားေၾကာင့္ ဝမ္းနည္းရေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္နာယက သူရဦးတင္ဦးက ေျပာၾကားသည္။

ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ လိႈင္ၿမိဳ႕နယ္တြင္ မတ္လ ၄ ရက္ ကျပဳလုပ္သည့္ လူထုေတြ႕ဆံုစည္း႐ံုးပြဲ၌ ဒီခ်ဳပ္နာယကက ယင္းသို႔ ထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။

‘‘တစ္ခါတေလ ကြၽန္ေတာ္က ဝမ္းနည္းတယ္ဗ်။ ျမတ္စြာဘုရားရဲ႕ အေရေတာ္ဝတ္ထားတဲ့ ပုဂၢိဳလ္တစ္ဦးက ေျပာခ်လိုက္တဲ့ ဟာေတြက အင္မတန္ဝမ္းနည္းစရာေကာင္းတဲ့ စကားေတြ ခင္ဗ်ားတို႔လည္း ၾကားမွာပဲ’’ဟု ဦးတင္ဦးက ေျပာသည္။

မည္သည့္ပုဂၢိဳလ္ကိုမွ် ရည္ ရြယ္ေျပာျခင္းမဟုတ္ေၾကာင္း ဦး တင္ဦးက ေျပာသည္။

ျမတ္စြာဘုရား၏ တရား ေတာ္မွ သာမညသုတ္တြင္ ေရ လုၾကရင္း သတ္ၾကျဖတ္ၾကျခင္း ကို ျမတ္စြာဘုရားက လာေရာက္ ေဟာၾကားၿပီး မွ်ေဝယူၾကျခင္းျဖင့္ ခ်မ္းသာသည့္ တရားေဟာခဲ့ကာ ၿငိမ္းခ်မ္းေစခဲ့ေၾကာင္း ၎က ေျပာသည္။

၎ငယ္စဥ္က အမ်ိဳးသား ေက်ာင္း၌ ဓမၼပဒသင္ခဲ့ရေၾကာင္း ဦးတင္ဦးက ေျပာျပသည္။

 ‘‘အမ်က္ေျခာင္းေျခာင္း ထြက္ေနတဲ့သူကို သည္းခံေအး ခ်မ္းေသာနည္းနဲ႔ တံု႔ျပန္ရင္ ေအး ခ်မ္းေသာနည္းဟာ ေအာင္ႏိုင္ရာ ၏တဲ့။ စိတ္ယုတ္၊ စိတ္ပုပ္၊ စိတ္ညံ့ရွိတဲ့သူကို စိတ္ေကာင္းစိတ္ သန္႔ေလးနဲ႔ တုံ႔ျပန္ရင္ ေအာင္ျမင္မွာပါတဲ့။ ကြၽန္ေတာ္ ေျပာတာ မဟုတ္ဘူးေနာ္။ ျမတ္စြာဘုရား ေဟာတာ။ ႏို႔မဟုတ္ရင္ တစ္ဖက္က စြပ္စြဲၿပီးေတာ့ ဘာညာဘာညာ နဲ႔ လုပ္မွာ စိုးရိမ္ရေသးတယ္’’ဟု ၎က ေျပာသည္။

သူရဦးတင္ဦး၏ေဟာေျပာ ခ်က္ကို ပရိသတ္က ေသာင္း ေသာင္းျဖျဖအားေပးခဲ့သည္။

‘‘တြန္႔တိုတဲ့သူကို ေပးကမ္း စြန္႔ႀကဲေသာနည္းျဖင့္ ေအာင္ျမင္ ရာ၏တဲ့။ အမွားတရားမ်ားကို မွန္ ကန္ေသာ သစၥာတရားက ေအာင္ျမင္ရာ၏။ အဲဒါေလာက္ေလး နား လည္သြားမယ္ဆိုရင္ေတာ့ ေအး ခ်မ္းမွာပဲလို႔ ေအာက္ေမ့ပါတယ္။ အဲဒီလိုမဟုတ္ဘဲ ဆန္႔က်င္ေျပာ ရင္ေတာ့လည္းပဲ ဗုဒၶတရားကို ဆန္႔ က်င္ရာေရာက္ပါတယ္။ ကြၽန္ ေတာ္ပုဂၢိဳလ္ေရးေျပာတာမဟုတ္ ပါဘူးေနာ္။ တရားရဲ႕သေဘာအ တုိင္းေျပာတာပါ။ ကြၽန္ေတာ္တို႔ အဖြဲ႕အစည္းဟာ အခု ေရွ႕ဆက္ သြားတဲ့အခါမွာလည္း ေတြ႕ဦးမွာ ပဲ။ အျပစ္ေတြ ေျပာၾကဦးမွာပါပဲ။ ဒါေပမဲ့ ညီညီၫြတ္ၫြတ္နဲ႔ ကိုယ့္ လမ္းကိုယ္ ေလွ်ာက္ၾကရမွာပါပဲ’’ဟု ၎က တိုက္တြန္းသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ဥပေဒအႀကံေပး ဦးကိုနီကို လုပ္ႀကံသူမ်ားအား ေက်းဇူးတင္ ေၾကာင္း အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႕ (မဘသ)ဆရာေတာ္ ဦးဝီရသူက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖေဖာ္ဝါရီ ၂၆ ရက္၌ ေရးသားခဲ့သည္။

‘‘ဒီပြဲမွာေတာ့ အနာဂတ္ျမန္ မာ့သာသနာအတြက္ စိုးရိမ္မႈေတြ ကင္းေပ်ာက္သြားလို႔ စိတ္သက္ သာရာေတာ့ ရလိုက္တယ္။ ၾကည္လင္းကို ေက်းဇူးတင္တယ္။ ေအာင္ဝင္းေဇာ္ကို ေက်းဇူးတင္ တယ္။ ေအာင္ဝင္းခုိင္ကို ေက်းဇူး တင္တယ္။ ေဇယ်ာၿဖိဳးကို ေက်းဇူးတင္တယ္’’ဟု ဦးဝီရသူက ေရး သားခဲ့သည္။

အဘယ္ေၾကာင့္ ေက်းဇူး တင္ေၾကာင္း The Speaker သတင္းဂ်ာနယ္က ဆရာေတာ္ ဦးဝီရသူထံ ေလွ်ာက္ထားေမး ျမန္းခဲ့ၿပီးေနာက္ မတ္လ ၂ ရက္ ထုတ္ The Speaker သတင္းဂ်ာ နယ္အတြဲ(၁)အမွတ္(၁၅) တြင္ ပံုႏွိပ္ေဖာ္ျပခဲ့သည္။

‘‘အဓိကကေတာ့ ေတာတစ္ ေတာရွင္းသြားတာေပါ့။ ဆိုလိုခ်င္ တာက ရပ္ကြက္ထဲမွာ ေခြး႐ူးတစ္ ေကာင္ ေသာင္းက်န္းေနတယ္။ ပါဏာတိပါတဆိုတဲ့ သိကၡာပုဒ္ ႀကီးကို ထိန္းေနရတယ္။ ဒါေပမဲ့ ဒီေခြး႐ူးရဲ႕ဒဏ္ကို တစ္ရပ္ကြက္ လံုးက ခံေနရတယ္။ အဲဒီအခ်ိန္ မွာ အဲဒီေခြး႐ူးကို ရွင္းတဲ့လူတစ္ ေယာက္ေပၚလာတယ္ေပါ့။ ေခြး ႐ူးအေပၚေတာ့ ေမတၱာ၊ က႐ုဏာထား တယ္။ ေခြး႐ူးဒဏ္ခံေနရတာ ကို ေတာ့ ျပည္သူေတြက မလိုလား ဘူး။ အနစ္နာခံၿပီးေတာ့ အကု သိုလ္အျဖစ္ခံၿပီး ရပ္အက်ိဳးရြာအ က်ိဳးကို သယ္ပိုးလိုက္တ့ဲလူတစ္ ေယာက္ကို နင့္ေၾကာင့္ ငါတို႔ရပ္ ရြာေလးေအးခ်မ္းသြားတယ္။ ေခြး ႐ူးအႏၲရာယ္ကင္းေဝးသြားတယ္။ အဲဒီအတြက္ ေက်းဇူးတင္တဲ့ပံုစံ ေလးပါ’’ဟု ဦးဝီရသူက The Speaker သတင္းဂ်ာနယ္အား မိန္႔ ၾကားခဲ့သည္။

ရဟန္းတစ္ပါးျဖစ္၍ ထိုသို႔ ေထာက္ခံျခင္းမွာ ဝိနည္းနဲ႔ ညီပါသလားဟူေသာေမးျမန္းခ်က္ကို ဦးဝီရသူက သူတစ္ပါး အသက္ သတ္မႈႏွင့္ပတ္သက္ၿပီး အနည္း ငယ္မွ် အရိပ္အႁမြက္ မေျပာ ေကာင္းေၾကာင္း၊ ေသသည့္သူ လည္း ေသသြားၿပီျဖစ္ၿပီး သတ္ တာကို ေထာက္ခံတာလည္း မဟုတ္ေၾကာင္း၊ သတ္ပါဟု တိုက္တြန္းတာလည္း မဟုတ္ေၾကာင္း၊ သတ္တာကို ခ်ီးက်ဴးတာလည္း မဟုတ္ေၾကာင္း၊ သို႔ေသာ္ ေတာ တစ္ေတာကို ရွင္းလင္းေပးလိုက္ သျဖင့္ ေက်းဇူးတင္သည္ဟုေျပာ ျခင္းျဖစ္ေၾကာင္း ျပန္လည္ မိန္႔ ၾကားခဲ့သည္။

7daydaily
==================

မြတ်စွာဘုရား၏သင်္ကန်း(အရေတော်)ဝတ်ထားသည့် ပုဂ္ဂိုလ် တစ်ဦးကပြောသော စကားများကြောင့် ဝမ်းနည်းရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လှိုင်မြို့နယ်တွင် မတ်လ ၄ ရက် ကပြုလုပ်သည့် လူထုတွေ့ဆုံစည်းရုံးပွဲ၌ ဒီချုပ်နာယကက ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

‘‘တစ်ခါတလေ ကျွန်တော်က ဝမ်းနည်းတယ်ဗျ။ မြတ်စွာဘုရားရဲ့ အရေတော်ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောချလိုက်တဲ့ ဟာတွေက အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ စကားတွေ ခင်ဗျားတို့လည်း ကြားမှာပဲ’’ဟု ဦးတင်ဦးက ပြောသည်။

မည်သည့်ပုဂ္ဂိုလ်ကိုမျှ ရည် ရွယ်ပြောခြင်းမဟုတ်ကြောင်း ဦး တင်ဦးက ပြောသည်။

မြတ်စွာဘုရား၏ တရား တော်မှ သာမညသုတ်တွင် ရေ လုကြရင်း သတ်ကြဖြတ်ကြခြင်း ကို မြတ်စွာဘုရားက လာရောက် ဟောကြားပြီး မျှဝေယူကြခြင်းဖြင့် ချမ်းသာသည့် တရားဟောခဲ့ကာ ငြိမ်းချမ်းစေခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းငယ်စဉ်က အမျိုးသား ကျောင်း၌ ဓမ္မပဒသင်ခဲ့ရကြောင်း ဦးတင်ဦးက ပြောပြသည်။

 ‘‘အမျက်ခြောင်းခြောင်း ထွက်နေတဲ့သူကို သည်းခံအေး ချမ်းသောနည်းနဲ့ တုံ့ပြန်ရင် အေး ချမ်းသောနည်းဟာ အောင်နိုင်ရာ ၏တဲ့။ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့ရှိတဲ့သူကို စိတ်ကောင်းစိတ် သန့်လေးနဲ့ တုံ့ပြန်ရင် အောင်မြင်မှာပါတဲ့။ ကျွန်တော် ပြောတာ မဟုတ်ဘူးနော်။ မြတ်စွာဘုရား ဟောတာ။ နို့မဟုတ်ရင် တစ်ဖက်က စွပ်စွဲပြီးတော့ ဘာညာဘာညာ နဲ့ လုပ်မှာ စိုးရိမ်ရသေးတယ်’’ဟု ၎င်းက ပြောသည်။

သူရဦးတင်ဦး၏ဟောပြော ချက်ကို ပရိသတ်က သောင်း သောင်းဖြဖြအားပေးခဲ့သည်။

‘‘တွန့်တိုတဲ့သူကို ပေးကမ်း စွန့်ကြဲသောနည်းဖြင့် အောင်မြင် ရာ၏တဲ့။ အမှားတရားများကို မှန် ကန်သော သစ္စာတရားက အောင်မြင်ရာ၏။ အဲဒါလောက်လေး နား လည်သွားမယ်ဆိုရင်တော့ အေး ချမ်းမှာပဲလို့ အောက်မေ့ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဆန့်ကျင်ပြော ရင်တော့လည်းပဲ ဗုဒ္ဓတရားကို ဆန့် ကျင်ရာရောက်ပါတယ်။ ကျွန် တော်ပုဂ္ဂိုလ်ရေးပြောတာမဟုတ် ပါဘူးနော်။ တရားရဲ့သဘောအ တိုင်းပြောတာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းဟာ အခု ရှေ့ဆက် သွားတဲ့အခါမှာလည်း တွေ့ဦးမှာ ပဲ။ အပြစ်တွေ ပြောကြဦးမှာပါပဲ။ ဒါပေမဲ့ ညီညီညွတ်ညွတ်နဲ့ ကိုယ့် လမ်းကိုယ် လျှောက်ကြရမှာပါပဲ’’ဟု ၎င်းက တိုက်တွန်းသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသူများအား ကျေးဇူးတင် ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဆရာတော် ဦးဝီရသူက လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၆ ရက်၌ ရေးသားခဲ့သည်။

‘‘ဒီပွဲမှာတော့ အနာဂတ်မြန် မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက် သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင် တယ်။ အောင်ဝင်းခိုင်ကို ကျေးဇူး တင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်’’ဟု ဦးဝီရသူက ရေး သားခဲ့သည်။

အဘယ်ကြောင့် ကျေးဇူး တင်ကြောင်း The Speaker သတင်းဂျာနယ်က ဆရာတော် ဦးဝီရသူထံ လျှောက်ထားမေး မြန်းခဲ့ပြီးနောက် မတ်လ ၂ ရက် ထုတ် The Speaker သတင်းဂျာ နယ်အတွဲ(၁)အမှတ်(၁၅) တွင် ပုံနှိပ်ဖော်ပြခဲ့သည်။

‘‘အဓိကကတော့ တောတစ် တောရှင်းသွားတာပေါ့။ ဆိုလိုချင် တာက ရပ်ကွက်ထဲမှာ ခွေးရူးတစ် ကောင် သောင်းကျန်းနေတယ်။ ပါဏာတိပါတဆိုတဲ့ သိက္ခာပုဒ် ကြီးကို ထိန်းနေရတယ်။ ဒါပေမဲ့ ဒီခွေးရူးရဲ့ဒဏ်ကို တစ်ရပ်ကွက် လုံးက ခံနေရတယ်။ အဲဒီအချိန် မှာ အဲဒီခွေးရူးကို ရှင်းတဲ့လူတစ် ယောက်ပေါ်လာတယ်ပေါ့။ ခွေး ရူးအပေါ်တော့ မေတ္တာ၊ ကရုဏာထား တယ်။ ခွေးရူးဒဏ်ခံနေရတာ ကို တော့ ပြည်သူတွေက မလိုလား ဘူး။ အနစ်နာခံပြီးတော့ အကု သိုလ်အဖြစ်ခံပြီး ရပ်အကျိုးရွာအ ကျိုးကို သယ်ပိုးလိုက်တဲ့လူတစ် ယောက်ကို နင့်ကြောင့် ငါတို့ရပ် ရွာလေးအေးချမ်းသွားတယ်။ ခွေး ရူးအန္တရာယ်ကင်းဝေးသွားတယ်။ အဲဒီအတွက် ကျေးဇူးတင်တဲ့ပုံစံ လေးပါ’’ဟု ဦးဝီရသူက The Speaker သတင်းဂျာနယ်အား မိန့် ကြားခဲ့သည်။

ရဟန်းတစ်ပါးဖြစ်၍ ထိုသို့ ထောက်ခံခြင်းမှာ ဝိနည်းနဲ့ ညီပါသလားဟူသောမေးမြန်းချက်ကို ဦးဝီရသူက သူတစ်ပါး အသက် သတ်မှုနှင့်ပတ်သက်ပြီး အနည်း ငယ်မျှ အရိပ်အမြွက် မပြော ကောင်းကြောင်း၊ သေသည့်သူ လည်း သေသွားပြီဖြစ်ပြီး သတ် တာကို ထောက်ခံတာလည်း မဟုတ်ကြောင်း၊ သတ်ပါဟု တိုက်တွန်းတာလည်း မဟုတ်ကြောင်း၊ သတ်တာကို ချီးကျူးတာလည်း မဟုတ်ကြောင်း၊ သို့သော် တော တစ်တောကို ရှင်းလင်းပေးလိုက် သဖြင့် ကျေးဇူးတင်သည်ဟုပြော ခြင်းဖြစ်ကြောင်း ပြန်လည် မိန့် ကြားခဲ့သည်။

7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...