ဘဏ္ဝန္ထမ္း အမ်ိဳးသမီး လည္ပင္းကို ဓါးနဲ႔လွီးၿပီး လုယက္မႈ ျဖစ္

ေက်ာက္မဲတြင္ ဘဏ္ဝန္ထမ္း အမ်ိဳးသမီး လည္ပင္းကို ဓါးနဲ႔လွီးၿပီး လုယက္မႈ ျဖစ္ပြား
ရွမ္းျပည္နယ္ေျမာက္ပုိင္း ေက်ာက္မဲၿမိဳ႕မွာ အေသးစားေငြေခ်းလုပ္ငန္း (Pact Myanmar)မွ ႐ုံး၀န္ထမ္းတဦးအား ဓားျပေတြက တုတ္နဲ႔႐ုိက္၊ လည္ပင္းကုိ ဓားနဲ႔လွီးၿပီး လုယက္မႈ ျဖစ္ပြားခဲ့ပါတယ္။
ဘဏ္အေသးစား ေငြေခ်းလုပ္ငန္းလုပ္ကိုင္ေနတဲ့ တအာင္းအမ်ဳိးသမီးတစ္ဦးျဖစ္သူ မခိုင္နီလာထြန္းဟာ မတ္လ ၂ ရက္ေန႔ ေန႔လယ္ ၂ နာရီေက်ာ္ေလာက္က ေတာ့ဆန္ဘက္ကုိ အလုပ္ကိစၥသြားအၿပီးအျပန္ မန္ကန္ေက်းရြာနဲ႔ အံုငန္ေက်းရြာၾကားမွာ တုတ္ျဖင့္ ႐ုိက္နွက္ၿပီး လည္ပင္းကို ဓားနဲ႔လွီးကာ ဓားျပတိုက္တာ ခံခဲ့ရတာလုိ႔ လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူ နန္းၾကည္ၾကည္ေအးက ေျပာပါတယ္။
“အစ္မတို႔ ၆ ေယာက္သြားတယ္။ အစ္မက ပန္စံမွာေနခဲ့တာ။ က်န္တဲ့လူေတြကလည္း တျခားရြာေတြ သြားၾကတာ။ အဲမွာ သူ႔ကို တုတ္နဲ႔ ႐ုိက္သြားၿပီးေတာ့ ဘာမွ ျပန္ေျပာလို႔ မရေအာင္ လည္ပင္းကို ဓားနဲ႔လွီးလိုက္တယ္။ ဒါက ႀကိဳတင္ႀကံစည္မႈပဲ ျဖစ္မယ္။”
ဓားျမတိုက္သူေတြဟာ ပိုက္ဆံ ၆သိန္းေက်ာ္၊ မွတ္ပံုတင္၊ ယဥ္ေမာင္းလိုင္စင္၊ ႐ုံးဝန္ထမ္းကတ္၊ ဘဏ္စာအုပ္နဲ႔ ႐ုံးစာရြက္စာတမ္းေတြ ထည့္ထားတဲ့ ေက်ာပိုးအိပ္တလံုးကို ယူသြားၾကတယ္လို႔ ဆုိပါတယ္။
ေဆြးမ်ဳိးေတာ္စပ္ၿပီး အမည္မေဖာ္လိုသူ တဦးက “သူက အ႐ုိက္ခံရၿပီး သတိတခ်က္လစ္သြားတယ္။ ဒါေပမယ့္ အံုငန္းရြာသားေတြက သူကိုယ္တိုင္ ဆိုင္ကယ္ေမာင္းလာတယ္လို႔ေျပာတယ္။ လူေတြေတြ႔မွပဲ သတိလစ္ၿပီး ရြာက လူေတြက ေဆး႐ုံလာပို႔ၾကတယ္။ သူ႔ကို ျပန္ေမးေတာ့ သူမမွတ္မိဘူးလို႔ေျပာေနတယ္” လုိ႔ ေျပာပါတယ္။
ဓားျပတိုက္ခံရသူ မခိုင္နီလာထြန္းဟာ လည္ပင္း ဓားလွီးခံရတဲ့ဒဏ္ရာေၾကာင့္ စကားမေျပာႏိုင္ေသးဘဲ စာနဲ႔သာေရးၿပီး ေျပာေနရတယ္လို႔ ဆုိပါတယ္။
ေက်ာက္မဲေဒသဟာ သူခိုးဓားျပေတြေပါတဲ့ ေဒသျဖစ္ၿပီး ေတာင္ေပၚေဒသကုိ ေစ်းတက္ေရာင္းေနၾကတဲ့ ေစ်းသည္ေတြလည္း မၾကာခဏလုယက္မႈ ခံေနရတယ္လုိ႔ ေက်ာက္မဲေဒသခံေတြက ေျပာပါတယ္။
ဓားျမတိုက္သြားတဲ့အဖြဲ႔ကို သိရွိႏိုင္ဖုိ႔ Pact Myanmar တာ၀န္ရွိသူနဲ႔ ပန္စံေက်းရြာရွိ ရဲတပ္ဖြဲ႔တို႔ အခင္းျဖစ္ပြားရာ ပတ္၀န္းက်င္ကုိ သြားေရာက္ စံုစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။
သတင္းႏွင့္ဓာတ္ပုံ – မိုင္းအနိုင္
DVB 
 ကျောက်မဲတွင် ဘဏ်ဝန်ထမ်း အမျိုးသမီး လည်ပင်းကို ဓါးနဲ့လှီးပြီး လုယက်မှု ဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ အသေးစားငွေချေးလုပ်ငန်း (Pact Myanmar)မှ ရုံးဝန်ထမ်းတဦးအား ဓားပြတွေက တုတ်နဲ့ရိုက်၊ လည်ပင်းကို ဓားနဲ့လှီးပြီး လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဘဏ်အသေးစား ငွေချေးလုပ်ငန်းလုပ်ကိုင်နေတဲ့ တအာင်းအမျိုးသမီးတစ်ဦးဖြစ်သူ မခိုင်နီလာထွန်းဟာ မတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်က တော့ဆန်ဘက်ကို အလုပ်ကိစ္စသွားအပြီးအပြန် မန်ကန်ကျေးရွာနဲ့ အုံငန်ကျေးရွာကြားမှာ တုတ်ဖြင့် ရိုက်နှက်ပြီး လည်ပင်းကို ဓားနဲ့လှီးကာ ဓားပြတိုက်တာ ခံခဲ့ရတာလို့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ နန်းကြည်ကြည်အေးက ပြောပါတယ်။
“အစ်မတို့ ၆ ယောက်သွားတယ်။ အစ်မက ပန်စံမှာနေခဲ့တာ။ ကျန်တဲ့လူတွေကလည်း တခြားရွာတွေ သွားကြတာ။ အဲမှာ သူ့ကို တုတ်နဲ့ ရိုက်သွားပြီးတော့ ဘာမှ ပြန်ပြောလို့ မရအောင် လည်ပင်းကို ဓားနဲ့လှီးလိုက်တယ်။ ဒါက ကြိုတင်ကြံစည်မှုပဲ ဖြစ်မယ်။”
ဓားမြတိုက်သူတွေဟာ ပိုက်ဆံ ၆သိန်းကျော်၊ မှတ်ပုံတင်၊ ယဉ်မောင်းလိုင်စင်၊ ရုံးဝန်ထမ်းကတ်၊ ဘဏ်စာအုပ်နဲ့ ရုံးစာရွက်စာတမ်းတွေ ထည့်ထားတဲ့ ကျောပိုးအိပ်တလုံးကို ယူသွားကြတယ်လို့ ဆိုပါတယ်။
ဆွေးမျိုးတော်စပ်ပြီး အမည်မဖော်လိုသူ တဦးက “သူက အရိုက်ခံရပြီး သတိတချက်လစ်သွားတယ်။ ဒါပေမယ့် အုံငန်းရွာသားတွေက သူကိုယ်တိုင် ဆိုင်ကယ်မောင်းလာတယ်လို့ပြောတယ်။ လူတွေတွေ့မှပဲ သတိလစ်ပြီး ရွာက လူတွေက ဆေးရုံလာပို့ကြတယ်။ သူ့ကို ပြန်မေးတော့ သူမမှတ်မိဘူးလို့ပြောနေတယ်” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရသူ မခိုင်နီလာထွန်းဟာ လည်ပင်း ဓားလှီးခံရတဲ့ဒဏ်ရာကြောင့် စကားမပြောနိုင်သေးဘဲ စာနဲ့သာရေးပြီး ပြောနေရတယ်လို့ ဆိုပါတယ်။
ကျောက်မဲဒေသဟာ သူခိုးဓားပြတွေပေါတဲ့ ဒေသဖြစ်ပြီး တောင်ပေါ်ဒေသကို စျေးတက်ရောင်းနေကြတဲ့ စျေးသည်တွေလည်း မကြာခဏလုယက်မှု ခံနေရတယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။
ဓားမြတိုက်သွားတဲ့အဖွဲ့ကို သိရှိနိုင်ဖို့ Pact Myanmar တာဝန်ရှိသူနဲ့ ပန်စံကျေးရွာရှိ ရဲတပ်ဖွဲ့တို့ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ကို သွားရောက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ – မိုင်းအနိုင်
DVB



Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...