သူများတွေအကယ်ဒမီရရင် ကိုယ့်အိမ်ထောင်ဖက်ကို ကျေးဇူးတင်ကြောင်းထည့်ပြောကြတယ်ဆိုပြီး မစံပယ် စိတ်ကောက်လို့ ကိုလူမင်း ချော့ရ




ဟုတ်တာပေါ့နော်
အေးအေးချမ်းချမ်းအတူတူ နေရတဲ့အချိန်ထက်
ဒါပေမယ့်
အဲဒါဘာလဲ သိလား ?

ချစ်လေး အတွက်
ကိုကို"

Source - လူမင်း
www.apannpyay.com
===========

သူများတွေအကယ်ဒမီရရင် ကိုယ့်အိမ်ထောင်ဖက်ကို ကျေးဇူးတင်ကြောင်းထည့်ပြောကြတယ်...
ကိုလူမင်းကြီးကတော့ အကယ်ဒမီ စင်မြင့်ပေါ်ကနေ သူ့ဇနီး မစံပယ်ကို ကျေးဇူးတင်ကြောင်း ထည့်မပြောလိုက်မိလို့...မစံပယ် စိတ်ကောက်တယ်ထင်ပါရဲ့...

အဲ့ဒါကြောင့် ကိုလူမင်းကိုယ်တိုင်ပဲ သူ့ရဲ့အကောင့်မှာ အခုလို သူ့ဇနီးကို ချော့တဲ့အနေနဲ့ Status တစ်ခုတင်ထားတာကို တွေ့ရပါတယ်...။

" သူများတွေက သူတို့အိမ်ထောင်ဖက်တွေကိုကျေးဇူးတင်ကြောင်းပြောကြတယ်
ယောကျာင်္း ကျတော့မိန်းမကိုထည့်လည်းမပြောဘူး" တဲ့

ဟုတ်တာပေါ့နော်
လူပုံအလည်မှာ သတိတရနဲ့ကျေးဇူးတင်ကြောင်းပြောတာကို ပီတိကလေးနဲ့ပြုံးပြီးခံစားချင်ရှာမှာပေါ့
မေ့တာမဟုတ်ပါဘူး မိန်းမရယ်
ယောကျာင်္း အံ့သြဝမ်းသာသွားတဲ့အချိန်မှာ
မိန်းမနဖူးကို ဖွဖွလေးနမ်းလိုက်တဲ့ အနမ်းတချက်
ဟာ စကားလုံးတွေအားလုံးထက် ပြီးပြည့်စုံတဲ့အနမ်းပန်းလေးပါ ကွာ ။
စိတ်ဖိစီးမှုပေါင်းများစွာနဲ့ ပွဲကြီးတခုလုံးပြီးမှ 'ဟင်း' ချနိုင်တဲ့ ယောကျာင်္းအဖြစ်ကိုမိန်းမအသိပါ ။
အစ ကထဲကမှ မင်းသားကိုယောကျာင်္းတော်ထားရတဲ့အထဲ ဥက္ကဌ ပါထပ်လုပ်ပြန်တော့
အေးအေးချမ်းချမ်းအတူူတူ နေရတဲ့အချိန်ထက်
အပူတွေကို ထပ်တူမျှဝေ ရတဲ့အချိန်တွေများလာတာ ၊ အပူရုပ်ကိုဟန်လုပ် အရှုပ်ထုပ်တွေကိုကန်ထုတ် ပြီး ဟန်မပျက် အိမ်ပြန် ပြန်လာပေမယ့်
လည်း ဖေ့စဘုတ်ကြီးကျေးဇူးကြောင့် အပူတွေကကိုယ့်အရင် အိမ်ထဲကိုကြိုလို့ရောက်နှင့်နေတာတွေ၊ စာနာမှုကင်းမဲ့တဲ့ အရေးအသားတွေကြောင့်
အကြိမ်ကြိမ် ကျခဲ့ရတဲ့ မိန်းမရဲ့မျက်ရည်တွေ ၊နောက်ကျောကထိုးတဲ့ဓါးချက်တွေကြောင့် အတူတူမိုးစင်စင်လင်းခဲ့ရတဲ့ ညတွေ . . .
လူတွေ လူတွေ အကြောင်းကိုသင်ကြားရင်း. . .
ဒါတွေ. . ဒါတွေ . . ကို အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတဲ့ သူတွေကြားမှာ ကျေးဇူး ဆိုတာ အထူးတလည် ပြောနေစရာ မဟုတ်ဘူးဆိုတာ မိန်းမသိပါတယ်
ဒါပေမယ့်
ကတိတစ်ခုတော့ မိန်းမကိုပေးနိုင်သွားပြီ
နှစ်တိုင်းမိန်းမပြောနေကျ စကားတစ်ခွန်း
နောက်နှစ် မပြောရစေဘူး
အဲဒါဘာလဲ သိလား ?

" အကယ်ဒမီပွဲ နီးလာရင် မိန်းမကြောက်တယ်
ယောကျာင်္းရယ် . ." ဆိုတာလေ. . .
ချစ်လေး အတွက်
ကိုကို"

Source - လူမင်း
www.apannpyay.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...