ကိုယ့္ခ်စ္သူကို ဒီအလုပ္ (၇) မ်ိဳးကို လုပ္ေပးတဲ့ မိန္းမကို ဘယ္ေယာက္်ားမွ မရိုးမအီဘူး


ေယာက္်ားရဲ႕ အခ်စ္ေမတၱာေတြ ကိုယ့္တစ္ေယာက္တည္းဆီမွာပဲ ၿမဲေနေစခ်င္လား … လူဆိုတာ ဘယ္အရာကိုျဖစ္ေစ ၾကာေလ ႐ိုးအီေလ ျငီးေငြ႕လာေလပါပဲ။ ပစၥည္းတစ္ခုခုကို အရမ္းၾကိဳက္ႏွစ္သက္လို႕ မျဖစ္မေန၀ယ္ခဲ့တာေတာင္ မၾကာ ခင္မွာပဲ ႐ိုးအီသြားတတ္တယ္ မဟုတ္လား။

သေဘာသဘာ၀ခ်င္း မတူညီတဲ့ လူတစ္ဦးတစ္ေယာက္အေပၚမွာ အခ်ိန္ၾကာလာတဲ့ အခါ ႐ိုးအီျငီးေငြ႕ လာတတ္ၾကတာ သဘာ၀ပါပဲ။ ခင္ပြန္းသည္ရဲ႕ ဂ႐ုစိုက္မႈကို ျပန္လည္ရရွိလိုတဲ့ အိမ္ေထာင္သည္အမ်ိဳးသမီးမ်ားအေနနဲ႕ လုပ္ေဆာင္ရမယ့္ အခ်က္ (၇) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) တကုိယ္ရည္ သန္႕ရွင္းမႈ ရွိပါ ခင္ပြန္းဆိုတာ မိသားစု၀င္တစ္ဦးအေနနဲ႕ အတူေနထိုင္တာ ၾကာလာတဲ့အခါ ကိုယ္က သိပ္ၾကီး သန္႕ရွင္းလွပေနဖို႕မလိုပဲ ဘုိသီဘတ္သီျဖစ္ေနရင္ေတာင္ ခ်စ္မယ္လို႕ ထင္တတ္ၾကပါတယ္။ ေရေမႊးမသံုးပဲ အျပင္ထြက္ရင္လည္း ရတယ္လို႕ထင္ၾကပါတယ္။

တကယ္ေတာ့ သူတို႕က အခ်စ္မပ်က္တာမွန္ေပမဲ့ ဆြဲေဆာင္မႈမရွိေတာ့တာလည္း အမွန္ပါပဲ။ စတင္ေတြ႕ဆံုခဲ့ၾကတုန္းက ဘယ္လိုဆြဲေဆာင္ခဲ့လဲ မိမိကိုယ္ကို ျပန္ဆန္း စစ္ၾကည့္ေနာ္။ ေရမိုးခ်ိဳး ဂ်ီးေျပာင္ေနေအာင္ တြန္းျပီး ေရေမႊးေတြလည္း တအားဆြတ္ထားခဲ့တယ္မလား။ ကိုယ့္ခင္ပြန္းက ကိုယ့္ကို ျမတ္ႏိုးလို႕ တစ္သက္လံုးတူတူေနဖို႕ထိေတာင္ ဆံုးျဖတ္ခဲ့တာ သူ႕ကို ဆြဲေဆာင္ႏိုင္ဖို႕ ၾကိဳးစားသင့္တယ္ေလ။

ဒီေတာ့ ေရပံုမွန္ခ်ိဳး၊ သြားမွန္မွန္တိုက္ျပီး အေမႊးနံ႕သာေလးသံုး ေရေမႊးေလး ဆြတ္ၾကေနာ္။ ဒါလည္း ခင္ပြန္းရဲ႕ ပိုက္ဆံနဲ႕ ၀ယ္လို႕ရတာပဲေလ။ ဒီလိုလုပ္ရင္ ခင္ပြန္းရဲ႕ ပိုမိုဂ႐ုစိုက္ျမတ္ႏိုးမႈကို ရလာ႐ံုတင္မဟုတ္ပဲ မိမိကုိုယ္ကိုလည္း ပိုမိုေက် နပ္ေပ်ာ္ရႊင္လာ မွာပါ။ သူမ်ားေတြက လွတယ္လို႕ ခ်ီးက်ဴးရင္ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိလာျပီး ေပ်ာ္တာပဲ မလား။ ေမႊး ပ်ံ႕ တဲ့ရနံ႕ဟာ လူကို စိတ္ၾကည္ႏူးေစလို႕ ေရေမႊးေလးေတြ သံုးလိုက္ၾကပါစို႕ေနာ္။

(၂) လွလွေလး ၀တ္ပါ တကယ္တမ္း၀န္ခံရရင္ က်မကိုယ္တိုင္လည္း ပြေယာင္းေယာင္းအ၀တ္အစား ကို ၾကိဳက္တာေပါ့။ သက္ေတာင့္သက္သာရွိတယ္ေလ။ ဂါ၀န္တိုက်ပ္ က်ပ္ေလးနဲ႕ ေဒါက္ျမင့္ဖိနပ္အစား ေဘာင္းဘီတိုနဲ႕ တီရွပ္၀တ္ခ်င္ တာေပါ့။ ဒါေပမဲ့ ၀တုတ္တုတ္ပံုစံျဖစ္ေနတာ သိပ္ေတာ့မေကာင္းဘူးေလ။

ခင္ပြန္းသည္က အဲဒီသဘာ၀အလွေလးကို သေဘာက်ေနရင္ေတာင္ အေျပာင္းအလဲအျဖစ္ လွလွပပေလးေတာ့ ျမင္ ခ်င္မွာေပါ့။ ရွင္တို႕ရဲ႕ အ၀တ္ဘီ႐ိုထဲမွာ ဆြဲေဆာင္မႈ အျပည့္ရွိတဲ့ ကိုယ္က်ပ္ဂါ၀န္တစ္ ထည္ေလာက္ ေတာ့ ရွိကုိရွိမွာပါ။ ပြဲရွိရွိ မရွိရွိ လွလွပပေလး ခဏခဏေတာ့ ၀တ္ေပးေပါ့။ ခင္ပြန္းသည္က တအံ့တၾသနဲ႕ ၾကည့္မ၀ျဖစ္ေနရင္ ရွင္လည္း ေပ်ာ္မွာပဲေလ။

(၃) ႏႈတ္ခမ္းနဲ႕ မ်က္လံုးကို ဂ႐ုစိုက္ပါ ႏႈတ္ခမ္းနီ သို႕မဟုတ္ ႏႈတ္ခမ္းဆီ တစ္ခုခု လက္ကိုင္အိတ္ထဲ အျမဲထည့္ထား ပါ။ Eye Liner လည္းမရွိမျဖစ္ အိတ္ထဲတည့္ထားဖို႕ လိုအပ္ပါတယ္။ ဘယ္အခ်ိန္အေရးေပၚလိုမယ္မွန္း မသိႏိုင္ဘူးေလ ။ ႏႈတ္ခမ္းနီ၊ eyeliner နဲ႕ မ်က္ေတာင္ေကာ့ေဆးထည့္ထားတဲ့ အိတ္က အေရးအၾကီးဆံုးလို႕ မိန္းကေလးေတာ္ေတာ္ မ်ားမ်ား ယူဆသင့္ပါတယ္။ ႏႈတ္ခမ္းေလး ရႊန္းစိုေနျပီး မ်က္လံုးထင္းေနရင္ တကယ့္ကို လွသြားႏိုင္လို႕ ပါးနီေတြ၊ မိတ္ ကပ္ေတြထက္ ပိုအေရးၾကီးပါတယ္။

(၄) ခႏၶာကိုယ္အလွအပကို ထိန္းသိမ္းပါ အလွျပင္ခန္းမကို သြားျပီး တကိုယ္လံုးေပါင္းတင္တာကို ခဏခဏလုပ္ရမယ္ လို႕ မဆိုလိုပါဘူး။ အိမ္မွာပဲ လြယ္လြယ္လုပ္လို႕ရမယ့္နည္းေတြရွိပါတယ္။ လက္သည္းေျခသည္းေလးေတြကို အျမဲဂ႐ု စိုက္ပါ။ လက္သည္း ဆိုးေဆး ပ်က္ေနတာ၊ ဂ်ီးေတြ၀င္ေနတာဟာ အရမ္းကို႐ုပ္ဆိုးပါတယ္။ လက္သည္းေျခ သည္းျပဳျပင္ ဖို႕ အလွျပင္ဆိုင္သြားဖို႕ မတတ္ႏိုင္ရင္ေတာင္ ကုိယ့္ဘာသာ အိမ္မွာ လုပ္လို႕ရပါတယ္။ အနီေရာင္လက္သည္းနီဟာ ခ်စ္ေမတၱာကို ကိုယ္စားျပဳလို႕ အနီေရာင္ကို ေရြးခ်ယ္သင့္ပါတယ္။ ေျခေထာက္ကိုလည္း အေမႊးရိပ္လိုက္ပါ။

(၅) အတင္းတိုက္တြန္းတာမ်ိဳးကို ေရွာင္ပါ ေျပာရတာထက္ လုပ္ရတာ ပိုခက္တာ လူတိုင္းအသိပါ။ ဒီေတာ့ ရွင္ေျပာတဲ့အရာကို ခင္ပြန္းက မလုပ္ေသးရင္ ဘာမွမေျပာေသးပဲ ဘယ္လိုႏူးညံ့စြာေျပာႏိုင္မလဲ အရင္စဥ္းစားပါ။ တကယ့္ကို အလုပ္ျဖစ္တဲ့နည္းလမ္းေလးပါ။ ေယာက်္ားေတြဟာ အလိုဆႏၵသိပ္မမ်ားေပမဲ့ ခဏခဏ နားပူေအာင္ေျပာတာမ်ိဳးကိုေတာ့မခံႏိုင္ၾကပါဘူး။

ဇနီးေကာင္းတစ္ေယာက္ျဖစ္ခ်င္ရင္ေတာ့ ခင္ပြန္းကို အျပစ္တင္ေ၀ဖန္မႈေတြနဲ႕ မဆက္ဆံသင့္ပါဘူး။ “ရန္ပဲျဖစ္ခ်င္ေနတဲ့ ဇနီးတစ္ေယာက္နဲ႕ ေနမယ့္အစား လမ္းေဘးမွာပဲေနတာ ပိုေကာင္းတယ္” ဆုိတဲ့ စကားပံုတစ္ခုရွိပါတယ္။ ခင္ပြန္းကို အတင္း ထိန္းခ်ဳပ္ ျပဳျပင္ေျပာင္းလဲဖို႕ မၾကိဳးစားပါနဲ႕။ ေျပာင္းလဲေစခ်င္တာဟာ ဘ၀ကို ပိုေကာင္းေစခ်င္လို႕ျဖစ္ေ ၾကာင္း ေအးေအးေဆးေဆးေျပာျပ ႏိုင္ရင္ေတာ့ ေကာင္းပါတယ္။ အတင္းတိုက္တြန္း႐ံုနဲ႕ မေျပာင္းလဲႏိုင္သလို ေျပာင္း လဲခဲ့ရင္လည္း ခဏပါပဲ။ ေအးေဆးႏူးည့ံတဲ့ ဇနီးေကာင္းမွသာ ခင္ပြန္းကို ေျပာင္းလဲေကာင္းမြန္လာေစတာပါ။

(၆)မိမိကိုယ္ကို ယံုၾကည္မႈရွိပါ မိမိကိုယ္ကို ယံုၾကည္မႈရွိျခင္းဟာ အလွဆံုးပဲလို႕ေျပာေလ့ရွိၾကပါတယ္။ တကယ္လည္း အ မွန္ပါပဲ။ ကိုယ့္ခင္ပြန္းေတာင္မွ ကိုယ့္ရဲ႕ ယံုၾကည္မႈျပည့္၀ျခင္း ကို သတိျပဳမိတတ္ျပီး အိမ္ေထာင္ေရး အတြက္ လက္တြဲ ညီသူအျဖစ္ ယံုၾကည္လာတတ္ပါတယ္။ ကိုယ့္ကိုကိုယ္ေရာ ခင္ပြန္းကိုပါ ယံုၾကည္မႈအျပည့္ ထားပါ။

သံသယ၀င္တိုင္း မစြပ္စြဲသင့္ပါဘူး။ ရွင့္ကို ယံုပါတယ္လို႕ လြယ္လြယ္ ေလးေျပာလိုက္႐ံုနဲ႕ ရွင့္ခင္ပြန္းသည္က တကယ္ကို ၀မ္းသာေက်နပ္မွာပါ။ ခင္ပြန္းသည္အေၾကာင္း ကို သူငယ္ခ်င္းေတြဆီ မေကာင္းမေျပာပါနဲ႕။ ရွင္က စိတ္ဆိုးတုန္းေျပာ မိ တာဆိုရင္ေတာင္ ရွင့္မိတ္ေဆြေတြက သူ႕ကို မေကာင္းသူအျဖစ္ပဲျမင္ၾကေတာ့မွာပါ။ ခင္ပြန္းသည္ကို လိုလိုလားလား လက္ထပ္ခဲ့ျပီးမွ တစ္ေလွတည္းစီး မိသားစု၀င္ အခ်င္းခ်င္း မေကာင္းေျပာတာဟာ သိပ္ကို ၀မ္းနည္းစရာအျဖစ္ပါ။

ယံုၾကည္လို႔ပဲ လက္ထပ္ခဲ့တာမဟုတ္လား။ သူရဲ႕ နဂိုအားနည္းခ်က္ေတြကို အျပစ္တင္ရင္း သူ႕ကိုယ္သူ ယံုၾကည္မႈမဲ့ေ အာင္ မလုပ္ပါနဲ႕။ သူလုပ္သမွ် မေကာင္းဘူးလို႕ေ၀ဖန္တာ၊ တျခားမိန္းမေတြကို ၾကည့္လို႕ စိတ္ဆိုးတာေတြဟာ ရွင့္ဘာ သာ ယံုၾကည္မႈမရွိလို႕ျဖစ္ရတာပါ။ ရွင္ကိုယ္တိုင္ သူ႕အေပၚယံုၾကည္မႈရွိမွ သူ႕ေမတၱာကို ရဖို႕ တကယ္ေသခ်ာႏိုင္မွာပါ။

(၇) ႏွစ္ကိုယ္တူ ၾကည္ႏူးဖြယ္ကာလေတြ ဖန္တီးပါ ခင္ပြန္းနဲ႕ ဇနီး ခပ္စိမ္းစိမ္းျဖစ္ေနရင္ေတာ့ အိမ္ေထာင္ေရး မသာ ယာႏိုင္ပါဘူး။ မိန္းမေတြဟာ ေယာက်္ားေတြထက္ အာ႐ံုပိုမ်ားလို႕ ခင္ပြန္းအေပၚ ဂ႐ုစိုက္မႈေလ်ာ့ႏိုင္ပါတယ္။ ဒီလိုနဲ႕ပဲ ခင္ပြန္းသည္က တျခားမိန္းမဆီ စိတ္ယိုင္သြားရင္ေတာ့ သူ႕ကိုခ်ည္းပဲ အျပစ္တင္႐ံုနဲ႕ မျပီးေတာ့ပါဘူး။

ဒီေတာ့ ခင္ပြန္းရဲ႕ ယုယမႈကို ခံယူရင္း သူ႕ကိုလည္း ျပန္လည္ယုယဖို႕ အခ်ိန္တစ္ခု ရေအာင္ဖန္တီးပါ။ လူတိုင္းဟာ အလုပ္မ်ားျပီး ပင္ပန္းႏြန္းနယ္ၾကတာ အမွန္ဆိုေပမဲ့ ဒီအတြက္နဲ႕ေတာ့ ခ်စ္ခင္ၾကင္နာ ဖို႕ ပ်က္ကြက္လို႕ မျဖစ္ပါဘူး။ ဒါဟာ သိပ္ကို ဆိုး၀ါးတဲ့ ဆင္ေျခေပးမႈပါ။ ခင္ပြန္းသည္က ခ်စ္ေမတၱာ လိုအပ္ေနခ်ိန္ လ်စ္လ်ဴရႈတာဟာ တကိုယ္ေကာင္းဆန္ျခင္းတစ္မ်ိဳးပါပဲ။

သူ႕ကို ရွင့္အနားမွာေနရင္း အိမ္အလုပ္ေတြ ကူေစခ်င္ရင္ေတာ့ သူ႕ကို ၾကင္နာေပးရမွာျဖစ္ပါတယ္။ အႏွစ္ခ်ဳပ္ေျပာရရင္ေ တာ့ တျခားအရာေတြထက္ ရွင့္ရဲ႕အိမ္ေထာင္ေရးက ပိုအေရးၾကီးပါတယ္။ ဘာလို႕လဲဆိုေတာ့ အိမ္ေထာင္ေရးအဆင္ မေျ ပရင္ ကြဲကြာၾကရင္ေတာ့ အရာအားလံုး တစစီျပိဳကြဲတတ္လို႕ပါပဲ။ ကေလးေတြရွိေနရင္ေတာင္ ႏွစ္ေယာက္တည္းေနဖို႕ အခ်ိန္ကို ဖန္တီးပါ။

ခ်စ္ခ်စ္ခင္ခင္နဲ႕ ၀ါသနာပါရာ တစ္ခုခု( သီခ်င္းဆို၊ ပန္းခ်ီဆြဲ စသည္) ကို အတူတူ လုပ္ေဆာင္ရင္း အခ်ိန္ကုန္ဆံုးပါ။ ကိုယ့္ခင္ပြန္းကို တကယ္ႏွစ္သက္လို႕ အိမ္ေထာင္တစ္ခုျပဳခဲ့့ျပီးမွ သေဘာထားကြဲလြဲတာ နားလည္မႈေတြ ညွိႏိုင္း ရခက္ တာေလာက္နဲ႕ အေနေ၀းကာ စိမ္းမသြားပဲ အိမ္ေထာင္သက္ ဘယ္ေလာက္ၾကာၾကာ လွလွပပျပင္ဆင္ျပီး ခ်စ္စဖြယ္ေကာင္းတဲ့ ဇနီးေကာင္းေလးေတြ ျဖစ္ၾကေစဖို႕ ဆႏၵျပဳလိုက္ရပါတယ္။ ‪

Credit: Yangon life
======
ကိုယ့်ချစ်သူကို ဒီအလုပ် (၇) မျိုးကို လုပ်ပေးတဲ့ မိန်းမကို ဘယ်ယောက်ျားမှ မရိုးမအီဘူး
ယောက်ျားရဲ့ အချစ်မေတ္တာတွေ ကိုယ့်တစ်ယောက်တည်းဆီမှာပဲ မြဲနေစေချင်လား … လူဆိုတာ ဘယ်အရာကိုဖြစ်စေ ကြာလေ ရိုးအီလေ ငြီးငွေ့လာလေပါပဲ။ ပစ္စည်းတစ်ခုခုကို အရမ်းကြိုက်နှစ်သက်လို့ မဖြစ်မနေဝယ်ခဲ့တာတောင် မကြာ ခင်မှာပဲ ရိုးအီသွားတတ်တယ် မဟုတ်လား။

သဘောသဘာဝချင်း မတူညီတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အချိန်ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့ လာတတ်ကြတာ သဘာဝပါပဲ။ ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို ပြန်လည်ရရှိလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့ လုပ်ဆောင်ရမယ့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တကိုယ်ရည် သန့်ရှင်းမှု ရှိပါ ခင်ပွန်းဆိုတာ မိသားစုဝင်တစ်ဦးအနေနဲ့ အတူနေထိုင်တာ ကြာလာတဲ့အခါ ကိုယ်က သိပ်ကြီး သန့်ရှင်းလှပနေဖို့မလိုပဲ ဘိုသီဘတ်သီဖြစ်နေရင်တောင် ချစ်မယ်လို့ ထင်တတ်ကြပါတယ်။ ရေမွှေးမသုံးပဲ အပြင်ထွက်ရင်လည်း ရတယ်လို့ထင်ကြပါတယ်။

တကယ်တော့ သူတို့က အချစ်မပျက်တာမှန်ပေမဲ့ ဆွဲဆောင်မှုမရှိတော့တာလည်း အမှန်ပါပဲ။ စတင်တွေ့ဆုံခဲ့ကြတုန်းက ဘယ်လိုဆွဲဆောင်ခဲ့လဲ မိမိကိုယ်ကို ပြန်ဆန်း စစ်ကြည့်နော်။ ရေမိုးချိုး ဂျီးပြောင်နေအောင် တွန်းပြီး ရေမွှေးတွေလည်း တအားဆွတ်ထားခဲ့တယ်မလား။ ကိုယ့်ခင်ပွန်းက ကိုယ့်ကို မြတ်နိုးလို့ တစ်သက်လုံးတူတူနေဖို့ထိတောင် ဆုံးဖြတ်ခဲ့တာ သူ့ကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်လေ။

ဒီတော့ ရေပုံမှန်ချိုး၊ သွားမှန်မှန်တိုက်ပြီး အမွှေးနံ့သာလေးသုံး ရေမွှေးလေး ဆွတ်ကြနော်။ ဒါလည်း ခင်ပွန်းရဲ့ ပိုက်ဆံနဲ့ ဝယ်လို့ရတာပဲလေ။ ဒီလိုလုပ်ရင် ခင်ပွန်းရဲ့ ပိုမိုဂရုစိုက်မြတ်နိုးမှုကို ရလာရုံတင်မဟုတ်ပဲ မိမိကိုုယ်ကိုလည်း ပိုမိုကျေ နပ်ပျော်ရွှင်လာ မှာပါ။ သူများတွေက လှတယ်လို့ ချီးကျူးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာပြီး ပျော်တာပဲ မလား။ မွှေး ပျံ့ တဲ့ရနံ့ဟာ လူကို စိတ်ကြည်နူးစေလို့ ရေမွှေးလေးတွေ သုံးလိုက်ကြပါစို့နော်။

(၂) လှလှလေး ဝတ်ပါ တကယ်တမ်းဝန်ခံရရင် ကျမကိုယ်တိုင်လည်း ပွယောင်းယောင်းအဝတ်အစား ကို ကြိုက်တာပေါ့။ သက်တောင့်သက်သာရှိတယ်လေ။ ဂါဝန်တိုကျပ် ကျပ်လေးနဲ့ ဒေါက်မြင့်ဖိနပ်အစား ဘောင်းဘီတိုနဲ့ တီရှပ်ဝတ်ချင် တာပေါ့။ ဒါပေမဲ့ ဝတုတ်တုတ်ပုံစံဖြစ်နေတာ သိပ်တော့မကောင်းဘူးလေ။

ခင်ပွန်းသည်က အဲဒီသဘာဝအလှလေးကို သဘောကျနေရင်တောင် အပြောင်းအလဲအဖြစ် လှလှပပလေးတော့ မြင် ချင်မှာပေါ့။ ရှင်တို့ရဲ့ အဝတ်ဘီရိုထဲမှာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကိုယ်ကျပ်ဂါဝန်တစ် ထည်လောက် တော့ ရှိကိုရှိမှာပါ။ ပွဲရှိရှိ မရှိရှိ လှလှပပလေး ခဏခဏတော့ ဝတ်ပေးပေါ့။ ခင်ပွန်းသည်က တအံ့တသြနဲ့ ကြည့်မဝဖြစ်နေရင် ရှင်လည်း ပျော်မှာပဲလေ။

(၃) နှုတ်ခမ်းနဲ့ မျက်လုံးကို ဂရုစိုက်ပါ နှုတ်ခမ်းနီ သို့မဟုတ် နှုတ်ခမ်းဆီ တစ်ခုခု လက်ကိုင်အိတ်ထဲ အမြဲထည့်ထား ပါ။ Eye Liner လည်းမရှိမဖြစ် အိတ်ထဲတည့်ထားဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်အရေးပေါ်လိုမယ်မှန်း မသိနိုင်ဘူးလေ ။ နှုတ်ခမ်းနီ၊ eyeliner နဲ့ မျက်တောင်ကော့ဆေးထည့်ထားတဲ့ အိတ်က အရေးအကြီးဆုံးလို့ မိန်းကလေးတော်တော် များများ ယူဆသင့်ပါတယ်။ နှုတ်ခမ်းလေး ရွှန်းစိုနေပြီး မျက်လုံးထင်းနေရင် တကယ့်ကို လှသွားနိုင်လို့ ပါးနီတွေ၊ မိတ် ကပ်တွေထက် ပိုအရေးကြီးပါတယ်။

(၄) ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းပါ အလှပြင်ခန်းမကို သွားပြီး တကိုယ်လုံးပေါင်းတင်တာကို ခဏခဏလုပ်ရမယ် လို့ မဆိုလိုပါဘူး။ အိမ်မှာပဲ လွယ်လွယ်လုပ်လို့ရမယ့်နည်းတွေရှိပါတယ်။ လက်သည်းခြေသည်းလေးတွေကို အမြဲဂရု စိုက်ပါ။ လက်သည်း ဆိုးဆေး ပျက်နေတာ၊ ဂျီးတွေဝင်နေတာဟာ အရမ်းကိုရုပ်ဆိုးပါတယ်။ လက်သည်းခြေ သည်းပြုပြင် ဖို့ အလှပြင်ဆိုင်သွားဖို့ မတတ်နိုင်ရင်တောင် ကိုယ့်ဘာသာ အိမ်မှာ လုပ်လို့ရပါတယ်။ အနီရောင်လက်သည်းနီဟာ ချစ်မေတ္တာကို ကိုယ်စားပြုလို့ အနီရောင်ကို ရွေးချယ်သင့်ပါတယ်။ ခြေထောက်ကိုလည်း အမွှေးရိပ်လိုက်ပါ။

(၅) အတင်းတိုက်တွန်းတာမျိုးကို ရှောင်ပါ ပြောရတာထက် လုပ်ရတာ ပိုခက်တာ လူတိုင်းအသိပါ။ ဒီတော့ ရှင်ပြောတဲ့အရာကို ခင်ပွန်းက မလုပ်သေးရင် ဘာမှမပြောသေးပဲ ဘယ်လိုနူးညံ့စွာပြောနိုင်မလဲ အရင်စဉ်းစားပါ။ တကယ့်ကို အလုပ်ဖြစ်တဲ့နည်းလမ်းလေးပါ။ ယောကျ်ားတွေဟာ အလိုဆန္ဒသိပ်မများပေမဲ့ ခဏခဏ နားပူအောင်ပြောတာမျိုးကိုတော့မခံနိုင်ကြပါဘူး။

ဇနီးကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ခင်ပွန်းကို အပြစ်တင်ဝေဖန်မှုတွေနဲ့ မဆက်ဆံသင့်ပါဘူး။ “ရန်ပဲဖြစ်ချင်နေတဲ့ ဇနီးတစ်ယောက်နဲ့ နေမယ့်အစား လမ်းဘေးမှာပဲနေတာ ပိုကောင်းတယ်” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ခင်ပွန်းကို အတင်း ထိန်းချုပ် ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ပြောင်းလဲစေချင်တာဟာ ဘဝကို ပိုကောင်းစေချင်လို့ဖြစ်ေ ကြာင်း အေးအေးဆေးဆေးပြောပြ နိုင်ရင်တော့ ကောင်းပါတယ်။ အတင်းတိုက်တွန်းရုံနဲ့ မပြောင်းလဲနိုင်သလို ပြောင်း လဲခဲ့ရင်လည်း ခဏပါပဲ။ အေးဆေးနူးည့ံတဲ့ ဇနီးကောင်းမှသာ ခင်ပွန်းကို ပြောင်းလဲကောင်းမွန်လာစေတာပါ။

(၆)မိမိကိုယ်ကို ယုံကြည်မှုရှိပါ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အလှဆုံးပဲလို့ပြောလေ့ရှိကြပါတယ်။ တကယ်လည်း အ မှန်ပါပဲ။ ကိုယ့်ခင်ပွန်းတောင်မှ ကိုယ့်ရဲ့ ယုံကြည်မှုပြည့်ဝခြင်း ကို သတိပြုမိတတ်ပြီး အိမ်ထောင်ရေး အတွက် လက်တွဲ ညီသူအဖြစ် ယုံကြည်လာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ရော ခင်ပွန်းကိုပါ ယုံကြည်မှုအပြည့် ထားပါ။

သံသယဝင်တိုင်း မစွပ်စွဲသင့်ပါဘူး။ ရှင့်ကို ယုံပါတယ်လို့ လွယ်လွယ် လေးပြောလိုက်ရုံနဲ့ ရှင့်ခင်ပွန်းသည်က တကယ်ကို ဝမ်းသာကျေနပ်မှာပါ။ ခင်ပွန်းသည်အကြောင်း ကို သူငယ်ချင်းတွေဆီ မကောင်းမပြောပါနဲ့။ ရှင်က စိတ်ဆိုးတုန်းပြော မိ တာဆိုရင်တောင် ရှင့်မိတ်ဆွေတွေက သူ့ကို မကောင်းသူအဖြစ်ပဲမြင်ကြတော့မှာပါ။ ခင်ပွန်းသည်ကို လိုလိုလားလား လက်ထပ်ခဲ့ပြီးမှ တစ်လှေတည်းစီး မိသားစုဝင် အချင်းချင်း မကောင်းပြောတာဟာ သိပ်ကို ဝမ်းနည်းစရာအဖြစ်ပါ။

ယုံကြည်လို့ပဲ လက်ထပ်ခဲ့တာမဟုတ်လား။ သူရဲ့ နဂိုအားနည်းချက်တွေကို အပြစ်တင်ရင်း သူ့ကိုယ်သူ ယုံကြည်မှုမဲ့ေ အာင် မလုပ်ပါနဲ့။ သူလုပ်သမျှ မကောင်းဘူးလို့ဝေဖန်တာ၊ တခြားမိန်းမတွေကို ကြည့်လို့ စိတ်ဆိုးတာတွေဟာ ရှင့်ဘာ သာ ယုံကြည်မှုမရှိလို့ဖြစ်ရတာပါ။ ရှင်ကိုယ်တိုင် သူ့အပေါ်ယုံကြည်မှုရှိမှ သူ့မေတ္တာကို ရဖို့ တကယ်သေချာနိုင်မှာပါ။

(၇) နှစ်ကိုယ်တူ ကြည်နူးဖွယ်ကာလတွေ ဖန်တီးပါ ခင်ပွန်းနဲ့ ဇနီး ခပ်စိမ်းစိမ်းဖြစ်နေရင်တော့ အိမ်ထောင်ရေး မသာ ယာနိုင်ပါဘူး။ မိန်းမတွေဟာ ယောကျ်ားတွေထက် အာရုံပိုများလို့ ခင်ပွန်းအပေါ် ဂရုစိုက်မှုလျော့နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ခင်ပွန်းသည်က တခြားမိန်းမဆီ စိတ်ယိုင်သွားရင်တော့ သူ့ကိုချည်းပဲ အပြစ်တင်ရုံနဲ့ မပြီးတော့ပါဘူး။

ဒီတော့ ခင်ပွန်းရဲ့ ယုယမှုကို ခံယူရင်း သူ့ကိုလည်း ပြန်လည်ယုယဖို့ အချိန်တစ်ခု ရအောင်ဖန်တီးပါ။ လူတိုင်းဟာ အလုပ်များပြီး ပင်ပန်းနွန်းနယ်ကြတာ အမှန်ဆိုပေမဲ့ ဒီအတွက်နဲ့တော့ ချစ်ခင်ကြင်နာ ဖို့ ပျက်ကွက်လို့ မဖြစ်ပါဘူး။ ဒါဟာ သိပ်ကို ဆိုးဝါးတဲ့ ဆင်ခြေပေးမှုပါ။ ခင်ပွန်းသည်က ချစ်မေတ္တာ လိုအပ်နေချိန် လျစ်လျူရှုတာဟာ တကိုယ်ကောင်းဆန်ခြင်းတစ်မျိုးပါပဲ။

သူ့ကို ရှင့်အနားမှာနေရင်း အိမ်အလုပ်တွေ ကူစေချင်ရင်တော့ သူ့ကို ကြင်နာပေးရမှာဖြစ်ပါတယ်။ အနှစ်ချုပ်ပြောရရင်ေ တာ့ တခြားအရာတွေထက် ရှင့်ရဲ့အိမ်ထောင်ရေးက ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးအဆင် မေြ ပရင် ကွဲကွာကြရင်တော့ အရာအားလုံး တစစီပြိုကွဲတတ်လို့ပါပဲ။ ကလေးတွေရှိနေရင်တောင် နှစ်ယောက်တည်းနေဖို့ အချိန်ကို ဖန်တီးပါ။

ချစ်ချစ်ခင်ခင်နဲ့ ၀ါသနာပါရာ တစ်ခုခု( သီချင်းဆို၊ ပန်းချီဆွဲ စသည်) ကို အတူတူ လုပ်ဆောင်ရင်း အချိန်ကုန်ဆုံးပါ။ ကိုယ့်ခင်ပွန်းကို တကယ်နှစ်သက်လို့ အိမ်ထောင်တစ်ခုပြုခဲ့့ပြီးမှ သဘောထားကွဲလွဲတာ နားလည်မှုတွေ ညှိနိုင်း ရခက် တာလောက်နဲ့ အနေဝေးကာ စိမ်းမသွားပဲ အိမ်ထောင်သက် ဘယ်လောက်ကြာကြာ လှလှပပပြင်ဆင်ပြီး ချစ်စဖွယ်ကောင်းတဲ့ ဇနီးကောင်းလေးတွေ ဖြစ်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။ ‪

Credit: Yangon life

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...