အိမ္ေထာင္ျပဳဖုိ႕ေနာက္က်ရင္ ဘာေတြျဖစ္လာမလဲ..ႏွိပ္သာၾကည့္လိုက္



အရင္းႏွီးဆံုး သူစိမ္းတစ္ေယာက္နဲ႕ ဘ၀တစ္ခုလံုးအတူလက္တြဲရင္း အခက္အခဲေတြ ရင္ဆိုင္ျဖတ္သန္းဖုိ႕ဆိုတာ ထင္သေလာက္ေတာ့ မလြယ္ပါဘူး။ အဲ့ဒီမလြယ္ကူတဲ့အရာကို ပံုေဖာ္ဖုိ႕ အခ်ိန္ေတြယူလြန္းျပန္ရင္လည္း ရလာဒ္က မေကာင္းျပန္ပါဘူး။ ဘာလုိ႕လဲဆုိေတာ့ အိမ္ေထာင္ျပဳဖုိ႔အခ်ိန္ ၾကာၾကာေစာင့္ေလ ကြာရွင္းျပတ္စဲဖုိ႔ အလားအလာ ပုိမ်ားေလလုိ႔ ေလ့လာမႈ အသစ္တစ္ရပ္က ေဖာ္ျပထားလို႕ပါပဲ။

Utah တကၠသိုလ္မွ လူမႈေဗဒပညာရွင္ တစ္ဦးျဖစ္သူ Nicholas Wolfinger က ကြာရွင္းျပတ္စဲျခင္းျဖင့္ အဆုံးသတ္ႏုိင္ေျခရိွတဲ့ အိမ္ေထာင္ဟာ အသက္ ၃၃ ႏွစ္ကေန ေနာက္ပုိင္း တစ္ႏွစ္ထက္ တစ္ႏွစ္ ကြာရွင္းႏုိင္ေျခ ပိုပိုမ်ားလာတယ္လုိ႔ ဆုိပါတယ္။
အသက္ ၂၀ နဲ႔ အိမ္ေထာင္က်သူေတြဟာ အသက္ ၂၅ ႏွစ္အရြယ္နဲ႔ အိမ္ေထာင္ျပဳသူေတြထက္ ကြာရွင္းျပတ္စဲႏုိင္ေျခ ၅၀% ပုိမ်ားျပီး ၂၅ ႏွစ္ျပည့္ျပီးေနာက္ပုိင္း အိမ္ေထာင္ျပဳသူေတြကေတာ့ ကြာရွင္းျပတ္စဲႏႈန္း ႏွစ္စဥ္ ၁၁% ေလ်ာ့က်ပါတယ္။ ဒါေပမယ့္ ၃၂ ႏွစ္ေနာက္ပုိင္း အိမ္ေထာင္ျပဳသူေတြကေတာ့ ကြာရွင္းမႈႏႈန္း ႏွစ္စဥ္ ၅% ပုိတက္လာေၾကာင္း ဆိုပါတယ္။

Ref: Metro
Trend Myanmar
=========
အိမ်ထောင်ပြုဖို့ အချိန်ပိုစောင့်လေ ကွာရှင်းပြတ်စဲနိုင်ခြေ ပိုများလေသာဖြစ်

အရင်းနှီးဆုံး သူစိမ်းတစ်ယောက်နဲ့ ဘဝတစ်ခုလုံးအတူလက်တွဲရင်း အခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်းဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ပါဘူး။ အဲ့ဒီမလွယ်ကူတဲ့အရာကို ပုံဖော်ဖို့ အချိန်တွေယူလွန်းပြန်ရင်လည်း ရလာဒ်က မကောင်းပြန်ပါဘူး။ ဘာလို့လဲဆိုတော့ အိမ်ထောင်ပြုဖို့အချိန် ကြာကြာစောင့်လေ ကွာရှင်းပြတ်စဲဖို့ အလားအလာ ပိုများလေလို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားလို့ပါပဲ။

Utah တက္ကသိုလ်မှ လူမှုဗေဒပညာရှင် တစ်ဦးဖြစ်သူ Nicholas Wolfinger က ကွာရှင်းပြတ်စဲခြင်းဖြင့် အဆုံးသတ်နိုင်ခြေရှိတဲ့ အိမ်ထောင်ဟာ အသက် ၃၃ နှစ်ကနေ နောက်ပိုင်း တစ်နှစ်ထက် တစ်နှစ် ကွာရှင်းနိုင်ခြေ ပိုပိုများလာတယ်လို့ ဆိုပါတယ်။
အသက် ၂၀ နဲ့ အိမ်ထောင်ကျသူတွေဟာ အသက် ၂၅ နှစ်အရွယ်နဲ့ အိမ်ထောင်ပြုသူတွေထက် ကွာရှင်းပြတ်စဲနိုင်ခြေ ၅၀% ပိုများပြီး ၂၅ နှစ်ပြည့်ပြီးနောက်ပိုင်း အိမ်ထောင်ပြုသူတွေကတော့ ကွာရှင်းပြတ်စဲနှုန်း နှစ်စဉ် ၁၁% လျော့ကျပါတယ်။ ဒါပေမယ့် ၃၂ နှစ်နောက်ပိုင်း အိမ်ထောင်ပြုသူတွေကတော့ ကွာရှင်းမှုနှုန်း နှစ်စဉ် ၅% ပိုတက်လာကြောင်း ဆိုပါတယ်။

Ref: Metro
Trend Myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...