ရုပ်ကလေးလှသလောက် ဆက်စီကျလွန်းတဲ့ ဂျပန်ပလေး နာမည်ကြီးနေ


Baba Fumika ဆိုတဲ့ ဂျပန်မော်ဒယ်မလေးဟာ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် နာမည်ကြီးနေပါတယ်။အရမ်းလှတဲ့ ခန္ဓာကိုယ် အချိုး အ စားကြောင့် သူမကို အံ့သြလောက်စရာ ခန္ဓာကိုယ်လို့တောင် နာမည်ပေး ထားရပါတယ်။


အသက် (၂၁)နှစ်သာရှိသေးပေမယ့် ဂျပန်နိုင်ငံမှာတော့ အမိုက်ဆုံး အလန်းဆုံး စွဲဆောင်မှုအရှိဆုံး မော်ဒယ်တစ်ယောက်အဖြစ် နာမည်ကြီး နေသူပါ။ သူမရဲ့ အချိုးအစားတွေကတော့ အရပ်(၅)ပေ(၆)လက်မ၊ခါး(၂၂)၊ရင်ကတော့ E-cup ဘရာဆိုဒ်ပါ။သူမဟာ ဂျပန်မှာတော့ (၂၀၁၄)ခုနှစ်တည်းက ပုရိသတွေအကြား နာမည်ကြီးလာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဂျပန်မှာသာမက ကိုရီးယားမှာပါ နာမည်ကြီးနေ ပါတယ်။



မိန်းမလှလေးတွေပေါတဲ့ ကိုရီးယားမှာတောင် သူမရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးဟာ မင်းသမီး Kim Yoo Jung နဲ့တူပြီး Sexy ကျတာကတော့ HyunA နဲ့တူတယ်လို့ ပြောနေကြပါတယ်။အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ sexy ကျတဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ထားတဲ့ အလှကို ပိုင်ဆိုင် ထားတာကေ တာ့ တခြား sexy မော်ဒယ်တွေနဲ့ မတူတဲ့ အချက်ပါ။


မော်ဒယ်နဲ့ အနုပညာအလုပ်သာမက လက်လှည့်အစွမ်းနဲ့ ဘဲလေးအကကို လည်း ကျွမ်းကျင်ပိုင်နိုင်သူလေးပါ။ကျစ်လစ်ပြီး ကြွက်သားတွေပြည့်နေတဲ့ ဗိုက်သားမျိုးကိုတော့ ပိုင်ဆိုင်မထားပေမယ့် သဘာဝအတိုင်း လှပနေတဲ့ ပြီးပြည့်စုံတဲ့ အချိုးအစားကို အံ့သြရလောက်အာင် ပိုင်ဆိုင်ထားသူပါ။
Credit, http://www.shwemom.com



Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...