"အခွန်ဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့စာရင်းကို တုန့်ပြန်စာပို့လိုက်တဲ့ လူမင်း


******
လွန်ခဲ့သောလ အနည်းငယ်ကပင် သက်ဆိုင်ရာအခွန်ဦးစီးအရာရှိများနှင့် ရုပ်ရှင်အစည်းအရုံး တို့တွေ့ဆုံဆွေးနွေး၍ အခွန်ထမ်းဆောင်ရန်စည်းရုံးလှုံ့ဆော်မှုများပြုလုပ်လျက်ရှိပါသည်။
#credit-Ayarwady Lu min
Unicode
အကယ်ဒမီ လူမင်းဟာ ပြည်တွင်းအခွန်များဦးစီးဌာနသို့ . . .လိပ်မူပြီး သူ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။
******
အသိပေးကြေညာချက်ထုတ်ပြန်ရာတွင် " ကျသင့်သည့်အခွန်များကိုတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သောအနုပညာရှင်များစာရင်းကို . . . အသိပေးကြေညာအပ်ပါသည် " ဟုရေးသားထားပါသဖြင့် ဖေါ်ပြပါ အနုပညာရှင် (၁၉) ဦးမှလွဲ၍ ကျန်အနုပညာရှင်များသည်အခွန်လုံးဝထမ်းဆောင်ခြင်းမရှိဟုအဓိပ္ပါယ်သက်ရောက်နေပါသည် ။ သို့သော် ကျွန်တော်အပါအဝင် နှစ်စဉ်အခွန်ထမ်းဆောင်သော အနုပညာရှင်များစွာရှိနေပါသေးသည် ။
ယခုဘဏ္ဍာနှစ် ကုန်ဆုံးရန်လည်း ရက်အနည်းငယ်ကျန်ရှိနေသေးသည်ဖြစ်ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အတွက်သာထမ်းဆောင်ရန်ကျန်ရှိနေခြင်းများလည်းဖြစ်နိုင်ပါသည် ။ ကျွန်တော်ကိုယ်တိုင်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိအခွန်ထမ်းဆောင်ခဲ့ပြီးဖြစ်၍ယခုနှစ်အတွက်လည်းဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။
လွန်ခဲ့သောလ အနည်းငယ်ကပင် သက်ဆိုင်ရာအခွန်ဦးစီးအရာရှိများနှင့် ရုပ်ရှင်အစည်းအရုံး တို့တွေ့ဆုံဆွေးနွေး၍ အခွန်ထမ်းဆောင်ရန်စည်းရုံးလှံ ု့ဆော်မှုများပြုလုပ်လျက်ရှိပါသည်။
သို့ပါ၍ အများပြည်သူသိရှိနိုင်ပါရန် (ဖေါ်ပြပါစာရင်းတွင်မပါရှိသေးသော ) အခွန်ထမ်းအနုပညာရှင်များ၏ကိုယ်စား ပြန်လည်ရှင်းလင်းတင်ပြအပ်ပါသည်။
#credit-Ayarwady Lu min

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...