Aung N Htwe (ဂိုလ်ရှယ်လေး) ဆိုသူအား သိစေရန် - ဒေါက်တာ ဒေါ်သက်သက်ခိုင်

Aung N Htwe (ဂိုလ်ရှယ်လေး) ဆိုသူအား သိစေရန်

၂၀၁၇ခုနှစ် မတ်လ ၁၄ရက်နေ့ မြန်မာစံတော်ချိန် မနက်၆နာရီ ၃၄မိနစ်မှာ ဂိုလ်ရှယ်လေး ဆိုသူမှ ကျွန်မ ဒေါက်တာ သက်သက်ခိုင်( ဒဂုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၏ ဂုဏ်သိက္ခာ ကျဆင်း အောင် မဟုတ်မမှန် တင်ထားသော Post ကို လိုအပ်ချက်အရ ပြန်လည် ဖြေရှင်းရခြင်း ဖြစ်ပါတယ်။
ဂိုလ်ရှယ်လေးဆိုသူရဲ့ ရေးထားချက်အရ
(၁) ဒေါက်တာ သက်သက်ခိုင်မှ ဦးဝီရသူအား သိန်းပေါင်းရှစ်ထောင် လှူဒါန်းကြောင်းကို အခြေအမြစ်မရှိ သက်သေအထောက်အထားမရှိ ၎င်းရဲ့ ပို့စ်မှာ ရေးတင်ထားခြင်းဟာ လုံးဝ (လုံးဝ) မှားယွင်းနေပါတယ်။
(၂) ဂိုလ်ရှယ်လေးရဲ့ “ခင်ဗျားတို့ ခိုးတူးနေတဲ့ ရွှေတွင်းတွေအကြောင်းပါ လူထုအားလုံး သိစေရမယ်” ဆိုတဲ့ အချက်ဟာလည်း လုံးဝ (လုံးဝ) မှားယွင်းနေပါတယ်။ လူထုအားလုံး သိအောင် ပြောမယ်ဆိုရင် ပထမဦးစွာ Aung N Htwe Account ပိုင်ရှင် (ဂိုလ်ရှယ်လေး) ဆိုတာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အခုချက်ချင်း မိမိကိုယ်မိမိ လူထုအားလုံး သိအောင် အရင်ချပြပါ။
သက်သေအထောက်အထားမပြနိုင်ဘဲ အကောင့်အတုနဲ့ အခြေအမြစ်မရှိ ရေးတင်ထားတာ ဟာ Facebook ကို တာဝန်ယူမှု မရှိ၊ လူ့ကျင့်ဝတ်နှင့်မညီစွာ အသုံးချနေခြင်းသာဖြစ်ပါတယ်။
ဒီပို့စ် အရ ဂိုလ်ရှယ်လေးဟာ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတစ်ယောက်လို့ ယူဆ လို့ရပါတယ်။ မိမိကိုယ် မိမိ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ ကြေငြာပြီး အထက်ပါ စွပ်စွဲ ပြောဆိုချက်များကို သက်သေပြနိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုရင် ကျွန်မ ဒေါက်တာသက်သက်ခိုင်မှ လေယာဉ် စရိတ် ကျခံမည် ဖြစ်ပါကြောင်း ဂိုလ်ရှယ်လေးဆို သူအား သိစေအပ်ပါသည်။

ဖေ့ဘုတ်တွင် ဂိုရှယ်လေးအကောင့် ရေးသားချက်အား လွှတ်တော်အမတ် ဒေါ်သက်သက်ခိုင် ပြန်လည်ရေးသားရှင်းလင်း
Aung N Htwe (ဂိုုလ်ရှယ်လေး) ဆိုုသူအား သိစေရန်

၂၀၁ရခုုနှစ် မတ်လ ၁၄ရက်နေ့ မြန်မာစံတော်ချိန် မနက်၆နာရီ ၃၄မိနစ်မှာ ဂိုုလ်ရှယ်လေး ဆိုုသူမှ ကျွန်မ ဒေါက်တာ သက်သက်ခိုုင်( ဒဂုုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ်) ၏ ဂုုဏ်သိက္ခာ ကျဆင်း အောင် မဟုုတ်မမှန် တင်ထားသော Post ကိုု လိုုအပ်ချက်အရ ပြန်လည် ဖြေရှင်းရခြင်း ဖြစ်ပါတယ်။
ဂိုုလ်ရှယ်လေးဆိုုသူရဲ့ ရေးထားချက်အရ
(၁) ဒေါက်တာ သက်သက်ခိုုင်မှ ဦးဝီရသူအား သိန်းပေါင်းရှစ်ထောင် လှူဒါန်းကြောင်းကိုု အခြေအမြစ်မရှိ သက်သေအထောက်အထားမရှိ ၎င်းရဲ့ ပိုု့စ်မှာ ရေးတင်ထားခြင်းဟာ လုုံးဝ (လုုံးဝ) မှားယွင်းနေပါတယ်။
(၂) ဂိုုလ်ရှယ်လေးရဲ့ “ခင်ဗျားတိုု့ ခိုုးတူးနေတဲ့ ရွှေတွင်းတွေအကြောင်းပါ လူထုုအားလုုံး သိစေရမယ်” ဆိုုတဲ့ အချက်ဟာလည်း လုုံးဝ (လုုံးဝ) မှားယွင်းနေပါတယ်။ လူထုုအားလုုံး သိအောင် ပြောမယ်ဆိုုရင် ပထမဦးစွာ Aung N Htwe Account ပိုုင်ရှင် (ဂိုုလ်ရှယ်လေး) ဆိုုတာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုုတာကိုု အခုုချက်ချင်း မိမိကိုုယ်မိမိ လူထုုအားလုုံး သိအောင် အရင်ချပြပါ။
သက်သေအထောက်အထားမပြနိုုင်ဘဲ အကောင့်အတုုနဲ့ အခြေအမြစ်မရှိ ရေးတင်ထားတာ ဟာ Facebook ကိုု တာဝန်ယူမှု မရှိ၊ လူ့ကျင့်ဝတ်နှင့်မညီစွာ အသုုံးချနေခြင်းသာဖြစ်ပါတယ်။
ဒီပိုု့စ် အရ ဂိုုလ်ရှယ်လေးဟာ အမေရိကန်နိုုင်ငံမှာ နေထိုုင်နေတဲ့ မြန်မာတစ်ယောက်လိုု့ ယူဆ လိုု့ရပါတယ်။ မိမိကုုိယ် မိမိ ဘယ်သူဘယ်ဝါဆိုုတာ အတိအကျ ကြေငြာပြီး အထက်ပါ စွပ်စွဲ ပြောဆိုုချက်များကိုု သက်သေပြနိုုင်ဖိုု့ မြန်မာနိုုင်ငံကိုု လာရောက်မယ်ဆိုုရင် ကျွန်မ ဒေါက်တာသက်သက်ခိုုင်မှ လေယာဉ် စရိတ် ကျခံမည် ဖြစ်ပါကြောင်း ဂိုုလ်ရှယ်လေးဆိုု သူအား သိစေအပ်ပါသည်။
Credit: Thet Thet Khine fb

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...