YBS နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ ထူးျခားလာေတာ့မည္

ျပည္ခိုင္ျဖိဳးဦးေဆာင္၍ YBS အေၾကာင္း ေဆြးေႏြးပြဲျပဳလုပ္မည္

ရန္ကုန္ျမိဳ႕ရွိ ခရီးသြားျပည္သူမ်ား လက္ရွိရင္ဆုိင္ ၾကံဳေတြ႔ရသည့္ အခက္အခဲႏွင့္ ပတ္သက္ျပီး ျပည္ခိုင္ျဖိဳးပါတီ ဦးစီးက်င္းပသည့္ Yangon Bus Service ႏွင့္သက္ဆိုင္သည့္ ေဆြးေႏြးပြဲတစ္ရပ္အား ေဖေဖာ္၀ါရီ ၂၄ တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျပည္ခိုင္ျဖိဳးပါတီမွ သိရသည္။
အဆိုပါ ေဆြးေႏြးပြဲအား “ရန္ကုန္ခရီးသြား ဒို႔အေလးထား” ေခါင္း စဥ္ျဖင့္ ေဖေဖာ္၀ါရီ ၂၄ ရက္ နံနက္ ၉ နာရီမွ ေန႔ ၁၁ နာရီအထိ ရန္ကုန္ျမိဳ႕ရွိ Melia ဟိုတယ္၌ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္တိုင္းေဒသၾကီး ျပည္ေထာင္စု ၾကံ႕ခုိင္ေရးႏွင့္ ဖြံ႕ျဖိဳးေရးပါတီ တိုင္းေကာ္မတီ၀င္ ဦးတင္လိႈင္က “အဓိကကေတာ့ ရန္ကုန္ခရီးသြားေတြ အဆင္ေျပဖို႔အတြက္ ဘယ္လိုလုပ္ၾကမလဲဆိုတ့ဲ ေဆြးေႏြးပြဲေပါ့။ အခုအခ်ိန္မွာေတာ့ ရန္ကုန္က ခရီးသြားေတြ အေျခအေနမွာ အေတာ္ေလး အခက္အခဲ အက်ပ္အတည္းေတြ ရင္ဆိုင္ေနရတယ္ဆိုတ့ဲ အသံေတြ ၾကားေနရတာေပါ့။ ၾကားတ့ဲအခါမွာ အ့ဲဒါပတ္သက္ျပီး ဘယ္လိုေကာင္း မြန္ေအာင္ လုပ္မလဲဆိုတာ ေဆြးေႏြးၾကမွာ ျဖစ္တယ္” ဟု ေျပာသည္။
၂၀၁၅ ေရြးေကာက္ပြဲအႏိုင္ရ ပါတီျဖစ္သည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဴပ္ ပါတီမွ ေရြးေကာက္ တင္ေျမွာက္ထားသည့္ ရန္ကုန္တုိင္းေဒသၾကီး ၀န္ၾကီးဦးျဖိဳးမင္းသိန္းမွ ဇန္န၀ါရီ ၁၅ ရက္ေန႔တြင္ ယခင္ေျပးဆြဲေန သည့္ ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစုံထိန္းသိမ္းေရး ေကာ္မတီ(မထသ)အား ဖ်က္သိမ္းျပီး ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) အစီစဥ္ျဖင့္ ေျပးဆြဲသည့္ Yangon Bus Service ယာဥ္လိုင္းစနစ္သစ္အား ဇန္န၀ါရီ ၁၆ ရက္ေန႔တြင္ ေျပးဆြဲေစသည္။
စတင္ေျပးဆြဲသည့္ေန႔မွ စတင္ျပီး ရန္ကုန္ျမိဳ႕ရွိ ျပည္သူမ်ား အခက္အခဲမ်ား ရင္ဆိုင္ၾကံဳေတြ႔ ေနရျခင္းမ်ား ရွိခ့ဲသည္။ အဆိုပါအခက္အခဲမ်ားႏွင့္ ပတ္သက္ျပီး ျပည္သူမ်ား ၾကံဳေတြေနရသည့္ အခက္အခဲအား ေျပ လည္ေစႏုိင္မည့္ နည္းလမ္းကို ၀ိုင္း၀န္းစဥ္စားျပီး ေဆြးေႏြးပြဲမွ ထြက္ေပၚလာသည့္ အၾကံျပဳခ်က္မ်ားအား လက္ရိွအစိုးရမွ ေျဖရွင္းေပးရန္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း ဆိုသည္။
ဦးတင္လိႈင္က “ေဆြးေႏြးျပီးေတာ့ ဒီကရရွိ ထြက္ေပၚလာတ့ဲ ရလဒ္ေလးေတြကို Live (လူမႈကြန္ရက္က တိုက္႐ိုက္ သတင္းထုတ္လႊင္ျခင္း) ထုတ္လႊင့္တာေတြ လုပ္မွာျဖစ္တယ္။ ဒါကို တာ၀န္ရွိသူေတြ အေနနဲ႔ ဒါကိုေျဖရွင္းႏိုင္ေပးဖို႔ကို ရည္ရြယ္တာပါ။ ရန္ကုန္ခရီးသြားေတြ အခုျဖစ္ေနတ့ဲ အခက္အခဲ အက်ပ္အတည္း ေတြကေန ပိုျပီးေတာ့ အဆင္ေျပသြားေအာင္ ဘာေလးေတြ ျပဳျပင္ရင္ေကာင္းမလဲ ေဆြးေႏြးရင္းနဲ႔ အေၾကာင္းအ ရာ ေလးေတြ ထြက္ေပၚလာမွာ ျဖစ္တယ္။ လက္ရွိတာ၀န္ယူတာက အစိုးရကတာ၀န္ယူတာ ဆိုေတာ့သူတို႔ အေနနဲ႕ လုပ္ေပးႏုိင္တာေလးေတြ ရွိရင္ လုပ္ေပးရင္ ပိုေကာင္းသြားမွာေပါ့”ဟု ေျပာသည္။
အဆိုပါ ေဆြးေႏြးပြဲသို႔ ျပည္ခိုင္ျဖိဳးပါတီဌာနခ်ဴပ္ ဗဟိုေကာ္မတီ၀င္မ်ား၊ ယာဥ္လုပ္ငန္းရွင္မ်ား၊ ၀န္ထမ္းမ်ား အပါအ၀င္ စသည့္ အလႊာစုံ အသီးသီးမွ ဖိတ္ၾကားထားျပီး ၎တို႔မွ တက္ေရာက္၍ ရန္ကုန္ခရီးသြားလာမႈ အေျခ အေနႏွင့္ ပတ္သက္ျပီး ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ဦးတင္လိႈင္ က ေျပာသည္။
စုိင္းဟန္
The Ladies News


ပြည်ခိုင်ဖြိုးဦးဆောင်၍ YBS အကြောင်း ဆွေးနွေးပွဲပြုလုပ်မည်
--------------------------------
ရန်ကုန်မြို့ရှိ ခရီးသွားပြည်သူများ လက်ရှိရင်ဆိုင် ကြုံတွေ့ရသည့် အခက်အခဲနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဦးစီးကျင်းပသည့် Yangon Bus Service နှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲတစ်ရပ်အား ဖေဖော်ဝါရီ ၂၄ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲအား “ရန်ကုန်ခရီးသွား ဒို့အလေးထား” ခေါင်း စဉ်ဖြင့် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီမှ နေ့ ၁၁ နာရီအထိ ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီ၀င် ဦးတင်လှိုင်က “အဓိကကတော့ ရန်ကုန်ခရီးသွားတွေ အဆင်ပြေဖို့အတွက် ဘယ်လိုလုပ်ကြမလဲဆိုတ့ဲ ဆွေးနွေးပွဲပေါ့။ အခုအချိန်မှာတော့ ရန်ကုန်က ခရီးသွားတွေ အခြေအနေမှာ အတော်လေး အခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်ဆိုတ့ဲ အသံတွေ ကြားနေရတာပေါ့။ ကြားတ့ဲအခါမှာ အ့ဲဒါပတ်သက်ပြီး ဘယ်လိုကောင်း မွန်အောင် လုပ်မလဲဆိုတာ ဆွေးနွေးကြမှာ ဖြစ်တယ်” ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ပါတီမှ ရွေးကောက် တင်မြှောက်ထားသည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဦးဖြိုးမင်းသိန်းမှ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ယခင်ပြေးဆွဲနေ သည့် မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ(မထသ)အား ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အစီစဉ်ဖြင့် ပြေးဆွဲသည့် Yangon Bus Service ယာဉ်လိုင်းစနစ်သစ်အား ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြေးဆွဲစေသည်။
စတင်ပြေးဆွဲသည့်နေ့မှ စတင်ပြီး ရန်ကုန်မြို့ရှိ ပြည်သူများ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရခြင်းများ ရှိခ့ဲသည်။ အဆိုပါအခက်အခဲများနှင့် ပတ်သက်ပြီး ပြည်သူများ ကြုံတွေနေရသည့် အခက်အခဲအား ပြေ လည်စေနိုင်မည့် နည်းလမ်းကို ၀ိုင်း၀န်းစဉ်စားပြီး ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အကြံပြုချက်များအား လက်ရှိအစိုးရမှ ဖြေရှင်းပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။
ဦးတင်လှိုင်က “ဆွေးနွေးပြီးတော့ ဒီကရရှိ ထွက်ပေါ်လာတ့ဲ ရလဒ်လေးတွေကို Live (လူမှုကွန်ရက်က တိုက်ရိုက် သတင်းထုတ်လွှင်ခြင်း) ထုတ်လွှင့်တာတွေ လုပ်မှာဖြစ်တယ်။ ဒါကို တာ၀န်ရှိသူတွေ အနေနဲ့ ဒါကိုဖြေရှင်းနိုင်ပေးဖို့ကို ရည်ရွယ်တာပါ။ ရန်ကုန်ခရီးသွားတွေ အခုဖြစ်နေတ့ဲ အခက်အခဲ အကျပ်အတည်း တွေကနေ ပိုပြီးတော့ အဆင်ပြေသွားအောင် ဘာလေးတွေ ပြုပြင်ရင်ကောင်းမလဲ ဆွေးနွေးရင်းနဲ့ အကြောင်းအ ရာ လေးတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်။ လက်ရှိတာ၀န်ယူတာက အစိုးရကတာ၀န်ယူတာ ဆိုတော့သူတို့ အနေနဲ့ လုပ်ပေးနိုင်တာလေးတွေ ရှိရင် လုပ်ပေးရင် ပိုကောင်းသွားမှာပေါ့”ဟု ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီဌာနချူပ် ဗဟိုကော်မတီ၀င်များ၊ ယာဉ်လုပ်ငန်းရှင်များ၊ ၀န်ထမ်းများ အပါအ၀င် စသည့် အလွှာစုံ အသီးသီးမှ ဖိတ်ကြားထားပြီး ၎င်းတို့မှ တက်ရောက်၍ ရန်ကုန်ခရီးသွားလာမှု အခြေ အနေနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးတင်လှိုင် က ပြောသည်။
စိုင်းဟန်
The Ladies News

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...