Myanmar Idol ၿပိဳင္ပဲြ၀င္ ပိုးမီတို႔သားမိနဲ႔ သူတို႔ဘ၀ရင္ဖြင့္သံ (ႏွလံုးေသြးနဲ႕ေရးတဲ႕စာ)

ႏွလံုးေသြးနဲ႕ေရးတဲ႕စာ

တစ္ကယ္ေတာ့ဒီစာဟာေရႊနားေတာ္သြင္းဧခ်င္းတစ္ပုဒ္မဟုတ္သလို
ဘယ္သူတစ္စံုတစ္ဦးကိုမွနစ္နာပုတ္ခတ္လိုတဲ႕စာမဟုတ္ပါဘူး။သမီးကိုသနားေပမယ့္ဘာမွလုပ္မေပးနိုင္လို႕ရင္နင့္ေျကကြဲေနတဲ႕မိခင္တေယာက္ရဲ႕ႏွလံုးေသြးနဲ႕ေရးတဲ႕စာပါ။အသနားခံတဲ႕စာမဟုတ္ပါဘူး။မခံစားနိုင္လြန္းလို႕သက္သာရာရလိုရျငားေရးမိတဲ႕စာပါ။
လြန္ခဲ႕တဲ႕၈ႏွစ္ကစီပိုးကင္ဆာျဖစ္ေနျပီဆိုတဲ႕ဖခင္ရဲ႕ေဆးကုသမွႈစရိတ္ရွာဖို႕မိန္းကေလးတစ္ေယာက္ဟာဟိုးးအေဝးျကီးမွာသူခ်စ္ျမတ္နိုးတဲ႕ဂီတနဲ႕အလုပ္လုပ္ရေအာင္သြားခဲ႕ဖူးတယ္။ရုပ္ရည္မရွိအပိုစကားမေျပာခ်င္သီခ်င္းသာဆိုခ်င္တဲ႕မိန္းကေလးဟာအေဖေဆးကုသစရိတ္ရဖို႕အငတ္ခံအဆင္းရဲခံခဲ႕ရပါတယ္။အေဖဆံုးျပီဆိုတဲ႕အခါစာခ်ဳပ္မျပည့္ေသးတဲ႕သူမဟာရင္ကြဲမတတ္ငိုေျကြးရရံုကလြဲလို႕ျပန္မလာနိုင္ခဲ႕ပါဘူး။ျပန္လာတဲ႕အခါသာမန္ဝန္ထမ္းတစ္ဦးျဖစ္တဲ႕အေမနဲ႕ညီမေလးေတြအတြက္ရရာအလုပ္ဝင္လုပ္ခဲ႕ရေပမယ့္နိုက္တင္ေဂးလ္ငွက္ကေလးဟာသီခ်င္းမဆိုရလို႕မေပ်ာ္ရႊင္ရွာဘူး။ဒါ့ေျကာင့္သူျမတ္နိုးတဲ႕ဂီတနဲ႕ရိုးသားစြာရွာေဖြခဲ႕အခက္အခဲေတြကိုရင္ဆိုင္ခဲ႕တယ္။သူ႕အေမရဲ႕ နားခိုစရာကိုယ္ပိုင္အိမ္ကေလးတစ္လံုးအေသအလဲပိုင္ဆိုင္ခ်င္တဲ႕အိပ္မက္ကိုသူသိတယ္။ဒီအိပ္မက္ကိုျဖည့္ေပးလို႕ရနိုင္တဲ႕အိပ္မက္တစ္ခုသူေတြ႕တဲ႕အခါအဲဒီလမ္းကိုသူေလ်ွာက္ခဲ႕တယ္ေလ။အေမ့ဆီကတစ္ျပားတစ္ခ်ပ္မွသူမေတာင္းခံခဲ႕ပဲသူ႕စြမ္းအားနဲ႕သူျပိဳင္ပြဲဝင္ခဲ႕တယ္။ဒီျကားထဲဂုဏ္ထူးတန္းပထမႏွစ္တက္ရမဲ႕ညီမေလးကိုေက်ာင္းဆက္တက္ေစခဲ႕တယ္။အမႊာညီမေလးနွစ္ေယာက္အတြက္ေထာက္ပံ႕ခဲ႕တယ္။Top Tenပါျပီးတဲ႕အခါသူေတြေဝတယ္။ေမေမျဖစ္ပါ့မလား။ေမေမတစ္ေယာက္ထည္းမရွာနိုင္မွာစိုးလို႕ဝင္မျပိဳင္ေတာ့ဘူးတဲ႕။တစ္ဖက္ကလဲမိခင္ကိုအိမ္ကေလးဖန္ဆင္းေပးခ်င္တဲ႕အိပ္မက္ကရွိေသး။ခ်ီတံုခ်တံုျဖစ္ေနတဲ႕သမီးကိုမိခင္ကဘုရင့္ေနာင္လိုက်င့္ဖို႕တိုက္တြန္းခဲ႕တယ္။သမီးရဲ႕ဂီတခ်စ္ျခင္းကိုသိေနသလိုသူကိုယ္တိုင္ေရးတဲ႕သီခ်င္းေလးေတြကိုမိတ္ေဆြအတီးသမားေတြရဲ႕ကူညီပံ႕ပိုးမွႈနဲ႕အငတ္ခံျပီးတစ္ပုဒ္စီသြင္းေနရတဲ႕သမီးကိုေအာင္ျမင္ေစခ်င္လို႕ပါ။ဘာမွမလိုဘူးေမေမလို႕မိခင္ကိုႏွစ္သိမ့္ျပီးသူ႕ဖာသာပိုက္ဆံရွာခဲ႕တယ္။သီခ်င္းမဆိုပါဘူးလိုကတိေပးထားရတဲ႕သမီးအတြက္အခက္အခဲရွိမွန္းသိခဲ႕ေပမယ့္မိခင္ကမေထာက္ပံ႕နိုင္ခဲ႕ဘူး။ပါေကးရွင္းတီးျပီးေငြရွာခဲ႕လို႕ေယာင္ကိုင္းေနတဲ႕လက္ဖဝါးကေလးေတြဟာမိခင္ရင္္ကိုျပင္းစြာနာက်င္ေစခဲ႕ပါတယ္။campေရာက္ေတာ့ဖုန္းဆက္တယ္။အားငယ္လိုက္တာေမေမရယ္တဲ႕။သမီးကအသက္လဲအျကီးဆိုးရုပ္ကလဲအဆိုးဆံုးဆိုေတာ့ခ်က္ခ်င္းျပဳတ္မွာပါပဲတဲ႕။ဗိုလ္ခ်ဳပ္ေျပာစကားနဲ႕မိခင္ကခြန္အားျဖည့္ေပးခဲ႕ရျပန္တယ္။အေကာင္းဆံုးကိုေမ်ွာ္လင့္ထားသလိုအဆိုးဆံုးကိုရင္ဆိုင္ဖို႕လဲအသင့္ျပင္ထားေပါ့သမီးရယ္လို႕။အားငယ္သြားတဲ႕သမီးကျပိဳင္ပြဲအစလာခဲ႕ပါေမေမရယ္တဲ႕။ကတိေပးျပီးမွဝန္ထမ္းေမေမသင္တန္းတက္ရလို႕ကတိပ်က္ခဲ႕ရျပန္တယ္။မဲနည္းလို႕ျပိဳင္ရံုရွိေသးစထိုင္ခဲ႕ရတဲ႕သမီးအတြက္ေမေမဘာမွလုပ္မေပးနိုင္ခဲ႕တာရင္နာရျပန္တယ္။
တတိယအျကိမ္အဆင္မေျပဘူးေမေမရယ္တဲ႕။ကိုယ္ကဘာမွလုပ္မေပးနိုင္ေတာ့အရွံႈးကိုရင္ဆိုင္ရနိုင္တဲ႕သမီးအတြက္ေမေမေရာက္ေအာင္လာခဲ႕ရ။သမီးအနားမွာေမေမရွိေနေပးခ်င္တယ္။သမီးအရွံႈးကိုေမေမ့အျပံဳးနဲ႕ကုစားေပးခ်င္တယ္။
ေမ်ွာ္လင့္ထားသလိုအရွံႈးကိုရင္ဆိုင္ရတဲ႕အခါျပံဳးေနရွာတဲ႕သမီးအျပံဳးေလးဟာေမေမ့ရင္ကိုျပင္းစြာနာက်င္ေစပါတယ္။သမီးမ်က္နွာကိုအေဝးကလွမ္းေမ်ွာ္ရင္းျပံဳးျပေနခဲ႕ရေပမယ့္ငါဘာမွမတတ္နိုင္ေလျခင္းဆိုတဲ႕အသိဟာေမေမ့ကိုေျကကဲြနာက်င္ေစပါတယ္။လမ္းသိပါရဲ႕မေလ်ွာက္နိုင္ခဲ႕ျကတဲ႕ေမေမတို႕အရွံႈးဟာတခဲနက္အားေပးေနျကတဲ႕ပရိသာတ္ရယ္ တရားမ်ွတတဲ႕ဒိုင္ေတြရဲ႕
ေနာက္ဆံုးလက္နက္ရယ္ကယ္တင္ျခင္းခံခဲ႕ရတယ္။
ေဖာ္ျပျခင္းငွာမစြမ္းသာေလာက္ေအာင္ေက်းဇူးတင္မိတယ္။ျကက္သီးျဖန္းျဖန္းထမိတယ္။ေမေမ လို႕အားကိုးတျကီးေခၚလိုက္တဲ႕ငိုရွိူက္သံေလးဟာေမေမ့ႏွလံုးေသြးေတြပြက္ပြက္ဆူေစခဲ႕ပါတယ္သမီးေရ။အဲဒီအခ်ိန္ကေလးမွာသမီးအတြက္ေငြရွာမေပးနိုင္တဲ႕ေမေမ့ကိုေမေမမုန္းလိုက္တာ။သမီးကိုမဲအမ်ားျကီးရေအာင္လုပ္မေပးနိုင္တဲ႕ေမေမ့ကိုယ္ေမေမနာက်ည္းလိုက္တာ။
ဒါေပမယ့္ ေမေမ သမီးအတြက္ျပံဳးေနခဲ႕ပါတယ္။တာဝန္ေက်တဲ႕သမီးအတြက္တာဝန္မေက်တဲ႕ေမေမလုပ္ေပးနိုင္တာဂုဏ္ယူဝံ႕ျကြားတဲ႕အျပံဳးပါပဲ။
အဲ႕ဒီညဟာေမေမတို႕အတြက္ျပီးျပည့္စံုခဲ႕တဲ႕ညပါပဲ။
သမီးေရ ေျကာက္တတ္သူဟာႏွစ္ခါေသရသတဲ႕။
ေမေမတို႕တစ္ခ်ိန္ခ်ိန္ရွံႈးနိမ့္ဦးမွာပါပဲ။ဆရာပီမိုးနင္းေျပာသလိုေမေမတို႕ေသြးနက္ေအာင္ျကိဳတင္ျပင္ဆင္ျကရမယ္။မွန္ကန္ျခင္းအတြက္ရဲရင့္ရမယ္။
ေမေမအျမဲေျပာသလိုေပါ့သမီးရယ္။
သရဖူေဆာင္းမွသူရဲေကာင္းမဟုတ္ပါဘူး။
အရွံႈးကိုရဲရင့္စြာရင္ဆိုင္နိုင္ျခင္းဟာလဲသူရဲေကာင္းပါပဲ။
ေမေမ ေမြးရက်ိဳးနပ္တဲ႕သမီးအတြက္ေမေမဂုဏ္ယူပါတယ္။
သမီးဟာေမေမနဲ႕ညီမေလးေတြအတြက္
တမလြန္ကေဖေဖ့အတြက္သူရဲေကာင္းပါပဲ။
ေနာက္ထပ္ရင္ဆိုင္နိုင္ဖို႕ခြန္အားျဖည့္ပါ။သမီးကိုယံုျကည္ေပးတဲ႕သူေတြအတြက္အေကာင္းဆံုးျကိဳးစားပါ။ခုလိုေရးလိုက္ေတာ့ေမေမရင္ေပါ့သြားတယ္သမီး။
ေမေမ သူရဲေဘာေျကာင္တာဝန္ခံပါတယ္။သမီးျပိဳင္ပြဲကိုခုထိေမေမျပန္မျကည့္ရဲဘူးေလ။
ဘာပဲျဖစ္ျဖစ္ေမေမတို႕လက္တြဲထားျကမယ္။
သမီးအနားမွာေမေမအျမဲရွိေနမယ္။ရွံႈးျခင္းနိုင္ျခင္းထက္
ပရိႆတ္ကိုအေကာင္းဆံုးေဖ်ာ္ေျဖနိုင္ျခင္း ဆိုတဲ႕ေအာင္ပန္းကိုသာ ေမေမ့အတြက္သမီးယူေဆာင္ခဲ႕ေပးပါ၊
သမီးျကီးဟာေမေမတို႕မိသားစုအတြက္ ထာဝရ idolပါ။

ခ်စ္ေသာေမေမ
============

Unicode>>>
နှလုံးသွေးနဲ့ရေးတဲ့စာ
* * * * ** ** * * * *
တစ်ကယ်တော့ဒီစာဟာရွှေနားတော်သွင်းဧချင်းတစ်ပုဒ်မဟုတ်သလို
ဘယ်သူတစ်စုံတစ်ဦးကိုမှနစ်နာပုတ်ခတ်လိုတဲ့စာမဟုတ်ပါဘူး။သမီးကိုသနားပေမယ့်ဘာမှလုပ်မပေးနိုင်လို့ရင်နင့်ကြေကွဲနေတဲ့မိခင်တယောက်ရဲ့နှလုံးသွေးနဲ့ရေးတဲ့စာပါ။အသနားခံတဲ့စာမဟုတ်ပါဘူး။မခံစားနိုင်လွန်းလို့သက်သာရာရလိုရငြားရေးမိတဲ့စာပါ။
လွန်ခဲ့တဲ့၈နှစ်ကစီပိုးကင်ဆာဖြစ်နေပြီဆိုတဲ့ဖခင်ရဲ့ဆေးကုသမှှုစရိတ်ရှာဖို့မိန်းကလေးတစ်ယောက်ဟာဟိုးးအဝေးကြီးမှာသူချစ်မြတ်နိုးတဲ့ဂီတနဲ့အလုပ်လုပ်ရအောင်သွားခဲ့ဖူးတယ်။ရုပ်ရည်မရှိအပိုစကားမပြောချင်သီချင်းသာဆိုချင်တဲ့မိန်းကလေးဟာအဖေဆေးကုသစရိတ်ရဖို့အငတ်ခံအဆင်းရဲခံခဲ့ရပါတယ်။အဖေဆုံးပြီဆိုတဲ့အခါစာချုပ်မပြည့်သေးတဲ့သူမဟာရင်ကွဲမတတ်ငိုကြွေးရရုံကလွဲလို့ပြန်မလာနိုင်ခဲ့ပါဘူး။ပြန်လာတဲ့အခါသာမန်ဝန်ထမ်းတစ်ဦးဖြစ်တဲ့အမေနဲ့ညီမလေးတွေအတွက်ရရာအလုပ်ဝင်လုပ်ခဲ့ရပေမယ့်နိုက်တင်ဂေးလ်ငှက်ကလေးဟာသီချင်းမဆိုရလို့မပျော်ရွှင်ရှာဘူး။ဒါ့ကြောင့်သူမြတ်နိုးတဲ့ဂီတနဲ့ရိုးသားစွာရှာဖွေခဲ့အခက်အခဲတွေကိုရင်ဆိုင်ခဲ့တယ်။သူ့အမေရဲ့ နားခိုစရာကိုယ်ပိုင်အိမ်ကလေးတစ်လုံးအသေအလဲပိုင်ဆိုင်ချင်တဲ့အိပ်မက်ကိုသူသိတယ်။ဒီအိပ်မက်ကိုဖြည့်ပေးလို့ရနိုင်တဲ့အိပ်မက်တစ်ခုသူတွေ့တဲ့အခါအဲဒီလမ်းကိုသူလျှောက်ခဲ့တယ်လေ။အမေ့ဆီကတစ်ပြားတစ်ချပ်မှသူမတောင်းခံခဲ့ပဲသူ့စွမ်းအားနဲ့သူပြိုင်ပွဲဝင်ခဲ့တယ်။ဒီကြားထဲဂုဏ်ထူးတန်းပထမနှစ်တက်ရမဲ့ညီမလေးကိုကျောင်းဆက်တက်စေခဲ့တယ်။အမွှာညီမလေးနှစ်ယောက်အတွက်ထောက်ပံ့ခဲ့တယ်။Top Tenပါပြီးတဲ့အခါသူတွေဝေတယ်။မေမေဖြစ်ပါ့မလား။မေမေတစ်ယောက်ထည်းမရှာနိုင်မှာစိုးလို့ဝင်မပြိုင်တော့ဘူးတဲ့။တစ်ဖက်ကလဲမိခင်ကိုအိမ်ကလေးဖန်ဆင်းပေးချင်တဲ့အိပ်မက်ကရှိသေး။ချီတုံချတုံဖြစ်နေတဲ့သမီးကိုမိခင်ကဘုရင့်နောင်လိုကျင့်ဖို့တိုက်တွန်းခဲ့တယ်။သမီးရဲ့ဂီတချစ်ခြင်းကိုသိနေသလိုသူကိုယ်တိုင်ရေးတဲ့သီချင်းလေးတွေကိုမိတ်ဆွေအတီးသမားတွေရဲ့ကူညီပံ့ပိုးမှှုနဲ့အငတ်ခံပြီးတစ်ပုဒ်စီသွင်းနေရတဲ့သမီးကိုအောင်မြင်စေချင်လို့ပါ။ဘာမှမလိုဘူးမေမေလို့မိခင်ကိုနှစ်သိမ့်ပြီးသူ့ဖာသာပိုက်ဆံရှာခဲ့တယ်။သီချင်းမဆိုပါဘူးလိုကတိပေးထားရတဲ့သမီးအတွက်အခက်အခဲရှိမှန်းသိခဲ့ပေမယ့်မိခင်ကမထောက်ပံ့နိုင်ခဲ့ဘူး။ပါကေးရှင်းတီးပြီးငွေရှာခဲ့လို့ယောင်ကိုင်းနေတဲ့လက်ဖဝါးကလေးတွေဟာမိခင်ရင််ကိုပြင်းစွာနာကျင်စေခဲ့ပါတယ်။campရောက်တော့ဖုန်းဆက်တယ်။အားငယ်လိုက်တာမေမေရယ်တဲ့။သမီးကအသက်လဲအကြီးဆိုးရုပ်ကလဲအဆိုးဆုံးဆိုတော့ချက်ချင်းပြုတ်မှာပါပဲတဲ့။ဗိုလ်ချုပ်ပြောစကားနဲ့မိခင်ကခွန်အားဖြည့်ပေးခဲ့ရပြန်တယ်။အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးကိုရင်ဆိုင်ဖို့လဲအသင့်ပြင်ထားပေါ့သမီးရယ်လို့။အားငယ်သွားတဲ့သမီးကပြိုင်ပွဲအစလာခဲ့ပါမေမေရယ်တဲ့။ကတိပေးပြီးမှဝန်ထမ်းမေမေသင်တန်းတက်ရလို့ကတိပျက်ခဲ့ရပြန်တယ်။မဲနည်းလို့ပြိုင်ရုံရှိသေးစထိုင်ခဲ့ရတဲ့သမီးအတွက်မေမေဘာမှလုပ်မပေးနိုင်ခဲ့တာရင်နာရပြန်တယ်။
တတိယအကြိမ်အဆင်မပြေဘူးမေမေရယ်တဲ့။ကိုယ်ကဘာမှလုပ်မပေးနိုင်တော့အရှံှုးကိုရင်ဆိုင်ရနိုင်တဲ့သမီးအတွက်မေမေရောက်အောင်လာခဲ့ရ။သမီးအနားမှာမေမေရှိနေပေးချင်တယ်။သမီးအရှံှုးကိုမေမေ့အပြုံးနဲ့ကုစားပေးချင်တယ်။
မျှော်လင့်ထားသလိုအရှံှုးကိုရင်ဆိုင်ရတဲ့အခါပြုံးနေရှာတဲ့သမီးအပြုံးလေးဟာမေမေ့ရင်ကိုပြင်းစွာနာကျင်စေပါတယ်။သမီးမျက်နှာကိုအဝေးကလှမ်းမျှော်ရင်းပြုံးပြနေခဲ့ရပေမယ့်ငါဘာမှမတတ်နိုင်လေခြင်းဆိုတဲ့အသိဟာမေမေ့ကိုကြေကွဲနာကျင်စေပါတယ်။လမ်းသိပါရဲ့မလျှောက်နိုင်ခဲ့ကြတဲ့မေမေတို့အရှံှုးဟာတခဲနက်အားပေးနေကြတဲ့ပရိသာတ်ရယ် တရားမျှတတဲ့ဒိုင်တွေရဲ့
နောက်ဆုံးလက်နက်ရယ်ကယ်တင်ခြင်းခံခဲ့ရတယ်။
ဖော်ပြခြင်းငှာမစွမ်းသာလောက်အောင်ကျေးဇူးတင်မိတယ်။ကြက်သီးဖြန်းဖြန်းထမိတယ်။မေမေ လို့အားကိုးတကြီးခေါ်လိုက်တဲ့ငိုရှိူက်သံလေးဟာမေမေ့နှလုံးသွေးတွေပွက်ပွက်ဆူစေခဲ့ပါတယ်သမီးရေ။အဲဒီအချိန်ကလေးမှာသမီးအတွက်ငွေရှာမပေးနိုင်တဲ့မေမေ့ကိုမေမေမုန်းလိုက်တာ။သမီးကိုမဲအများကြီးရအောင်လုပ်မပေးနိုင်တဲ့မေမေ့ကိုယ်မေမေနာကျည်းလိုက်တာ။
ဒါပေမယ့် မေမေ သမီးအတွက်ပြုံးနေခဲ့ပါတယ်။တာဝန်ကျေတဲ့သမီးအတွက်တာဝန်မကျေတဲ့မေမေလုပ်ပေးနိုင်တာဂုဏ်ယူဝံ့ကြွားတဲ့အပြုံးပါပဲ။
အဲ့ဒီညဟာမေမေတို့အတွက်ပြီးပြည့်စုံခဲ့တဲ့ညပါပဲ။
သမီးရေ ကြောက်တတ်သူဟာနှစ်ခါသေရသတဲ့။
မေမေတို့တစ်ချိန်ချိန်ရှံှုးနိမ့်ဦးမှာပါပဲ။ဆရာပီမိုးနင်းပြောသလိုမေမေတို့သွေးနက်အောင်ကြိုတင်ပြင်ဆင်ကြရမယ်။မှန်ကန်ခြင်းအတွက်ရဲရင့်ရမယ်။
မေမေအမြဲပြောသလိုပေါ့သမီးရယ်။
သရဖူဆောင်းမှသူရဲကောင်းမဟုတ်ပါဘူး။
အရှံှုးကိုရဲရင့်စွာရင်ဆိုင်နိုင်ခြင်းဟာလဲသူရဲကောင်းပါပဲ။
မေမေ မွေးရကျိုးနပ်တဲ့သမီးအတွက်မေမေဂုဏ်ယူပါတယ်။
သမီးဟာမေမေနဲ့ညီမလေးတွေအတွက်
တမလွန်ကဖေဖေ့အတွက်သူရဲကောင်းပါပဲ။
နောက်ထပ်ရင်ဆိုင်နိုင်ဖို့ခွန်အားဖြည့်ပါ။သမီးကိုယုံကြည်ပေးတဲ့သူတွေအတွက်အကောင်းဆုံးကြိုးစားပါ။ခုလိုရေးလိုက်တော့မေမေရင်ပေါ့သွားတယ်သမီး။
မေမေ သူရဲဘောကြောင်တာဝန်ခံပါတယ်။သမီးပြိုင်ပွဲကိုခုထိမေမေပြန်မကြည့်ရဲဘူးလေ။
ဘာပဲဖြစ်ဖြစ်မေမေတို့လက်တွဲထားကြမယ်။
သမီးအနားမှာမေမေအမြဲရှိနေမယ်။ရှံှုးခြင်းနိုင်ခြင်းထက်
ပရိဿတ်ကိုအကောင်းဆုံးဖျော်ဖြေနိုင်ခြင်း ဆိုတဲ့အောင်ပန်းကိုသာ မေမေ့အတွက်သမီးယူဆောင်ခဲ့ပေးပါ၊
သမီးကြီးဟာမေမေတို့မိသားစုအတွက် ထာဝရ idolပါ။

ချစ်သောမေမေ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...