မီးေလာင္တဲ့ကားေပၚက ဆင္းလာတာ နွစ္ေယာက္ဆိုတာ က်ိန္းေသတယ္ဆိုတဲ့... အျမန္လမ္းမီးေလာင္မႈ မ်က္ျမင္သက္ေသ

မီးေလာင္တဲ့ကားေပၚက နွစ္ေယာက္ဆင္းလာတာလို့ က်ြန္ေတာ္ေျပာခ်င္တယ္။နွစ္ေယာက္ဆိုတာ က်ိန္းေသတယ္ဆိုတဲ့...
အျမန္လမ္းမီးေလာင္မႈ မ်က္ျမင္သက္ေသနဲ႔ speaker journal အင္တာဗ်ဴး
--------------------------------------
Speaker ။ ။ အဲ့ဒီေန႔ မနက္ပိုင္း ၄ မိုင္ ၂ဖာလံုကို ေရာက္လာတယ္။ ကားျဖတ္တဲ့ ေနရာကို အကိုတို႔ေရာက္တယ္။ ကားျဖတ္တဲ့ ေနရာ မေရာက္ခင္ ကတည္းက hiace ကားကိုေတြ႔တာလား။ ကားျဖတ္တဲ့ ေနရာေရာက္မွ ကားကိုေတြ႔တာလား။ အဲ့ဒီေန႔ မနက္ပိုင္း ျမင္ကြင္းေလးကို ေျပာျပပါဦး။
ကိုေအာင္ေက်ာ္။ ။ အဲ့ဒါက ဘယ္လိုစေတြ႔လဲဆိုေတာ့ ရြာကေန တက္လာတယ္။ တက္လာေတာ့ အဲဒီနားလည္း ေရာက္ေရာ ကားက အဲဒီနားက်မွ ဝင္တိုက္တာ ပလက္ေဖာင္း ကို ဝင္တိုက္တာ ။ ကားရပ္ၿပီးေတာ့ ညာဘက္ကေနၿပီးေတာ့ တစ္ေယာက္ဆင္းတယ္။ ၿပီးေတာ့ သူက ဘယ္ဘက္တံခါးကို ေျပးဖြင့္တယ္။ ေျပးဖြင့္ေတာ့ တစ္ေယာက္ဆင္းတယ္ေပါ့။ ဆင္းၿပီးေတာ့ တေအာင့္ေနေတာ့ သူတို႔ႏွစ္ေယာက္ စကားခဏေျပာၿပီးေတာ့ တစ္ေယာက္ဖုန္းဆက္တယ္။ ေနာက္တစ္ေအာင့္ေလာက္ေနေတာ့ ေနာက္တစ္ေယာက္ ေပ်ာက္သြားတယ္။
ဦးေအာင္ၿမိဳင္ ။ ။ သူ(ကိုေအာင္ေက်ာ္)နဲ႔ ကြၽန္ေတာ္နဲ႔ ႏွစ္ေယာက္သြားတာပဲ။ ကြၽန္ေတာ္က ေနာက္က။ သူက ေ႐ွ႕က ဆိုင္ကယ္စီးလာတာ။ ကားလဲ အဲဒီလိုလည္း ျဖစ္ေရာ ကြၽန္ေတာ္က ဆိုင္ကယ္ထိုးရပ္လိုက္တယ္။ ေကာင္ေလး ႏွစ္ေယာက္ ကားေပၚက ဆင္းလာတယ္။ ကားလည္း မီးေလာင္ေရာ ေကာင္ေလးတစ္ေယာက္က မ႐ွိေတာ့ဘူး။ တစ္ေယာက္ဘဲ ႐ွိေတာ့တယ္။ အဲ့ေနရာမွာ ကြၽန္ေတာ္ အနားမကပ္ရဲေတာ့ဘူး။ ကြၽန္ေတာ္ အေဝးႀကီးကေနတယ္။ ျမင္ေတာ့ ျမင္ေနရတယ္။ ဘယ္သူ ဘယ္ဝါရယ္ေတာ့ ကြၽန္ေတာ္ မသိဘူး။ ကားေပၚက ညာဘက္က တစ္ေယာက္ဆင္းတယ္။ ဘယ္ဘက္ကို ေျပးဖြင့္တယ္။ ဖုန္းေျပာၿပီးေတာ့ တစ္ေယာက္က ဘာလဲမသိဘူး ကားဆီကို ေျပးယူတယ္။ အဲ့မွာ မီးထေလာင္တာ ကြၽန္ေတာ္တို႔ ေတြ႔ရတယ္။
Speaker ။ ။ အဲဒီေတာ့ အခု ကြၽန္ေတာ္တို႔က ဒီလူ ႐ွစ္ေယာက္ မီးေလာင္တဲ့ သတင္းကို မီဒီယာမွာ ေဖာ္ျပလိုက္တယ္။ Hiace ကား ညာဘက္က တစ္ေယာက္ဆင္းလာတယ္။ ဘယ္ဘက္တံခါးကို သြားဖြင့္ေပးတယ္လို႔ ေဖာ္ျပတယ္။ ဒါကို မီဒီယာက ေလ်ွာက္ဖြတာ အပိုေတြ ေျပာၾကတယ္။ အဲဒီေတာ့ ဘယ္ဘက္တံခါးက ဆင္းလာတာကိုေရာ ဘယ္လိုျမင္တာလဲ။ ကားရဲ႕ ဘယ္ဘက္တံခါးကို ဘယ္သူကဖြင့္တာလဲ။ Hiace ကားရဲ႕ ဘယ္ဘက္ကေန ဆင္းလာတာ ဘယ္လိုလူလဲ။ ဘယ္လိုပံုစံလဲ။ ဘယ္လို အက်ႌ ဝတ္ထားလဲ။ အဲ့ ႏွစ္ေယာက္ ဘယ္လို စကားေျပာတာလဲ။
ကိုေအာင္ေက်ာ္ ။ ။ ႏွစ္ေယာက္ စကားေျပာတယ္ ။ စကားေျပာၿပီးေတာ့ တစ္ေယာက္က ဖုန္းဆက္ၿပီးေတာ့ ေဘးထြက္သြားတယ္။ ေဘးထြက္သြားၿပီးေတာ့ တစ္ေယာက္က ေပ်ာက္သြားတယ္။
ဦးေအာင္ၿမိဳင္။ ။ ကြၽန္ေတာ္ ျမင္တာ ကေတာ့ မီးမေလာင္ခင္ ကားေပၚက ႏွစ္ေယာက္ ဆင္းလာတာကို ျမင္တာပဲ။
Speaker ။ ။ Hiace ကားေပၚက ဆင္းလာတဲ့ အစ္ကိုတို႔ ျမင္တဲ့ လူႏွစ္ေယာက္ အေနအထားကို ေျပာပါဦး
ကိုေအာင္ေက်ာ္ ။ ။ ကားေပၚက ဆင္းလာတာပါ။ အက်ႌ က အနက္ေရာင္ဝတ္ထားတယ္။ ႏွစ္ေယာက္လံုး ။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာၿပီးေတာ့ တစ္ေယာက္က ဖုန္းေျပာၿပီးေတာ့ ေဘးထြက္သြားတယ္။ ကြၽန္ေတာ္တို႔က အနားမကပ္ရဲဘူး။ ကြၽန္ေတာ္တို႔ကို အကူအညီမွ မေတာင္းတာ။ အဲ့ေတာ့ ေဘးကဘဲ မတ္တပ္ရပ္ၾကည့္ေနတာ။
Speaker ။ ။ ဒါဆိုရင္ ဒီကားေပၚက လူႏွစ္ေယာက္ ဆင္းလာတယ္ဆိုတာ အစ္ကို ဘယ္လို သက္ေသျပမလဲ။ က်န္တဲ့ သူေတြေရာ ဘယ္လိုလဲ အစ္ကိုလိုဘဲ ျမင္တဲ့လူ႐ွိလား။
ကိုေအာင္ေက်ာ္ ။ ။ ကြၽန္ေတာ္နဲ႔ ဒီဦးေလး ဦးေအာင္ၿမိဳင္ နဲ႔ ႏွစ္ေယာက္ ျမင္တယ္။ ေသေသခ်ာခ်ာကို ျမင္တယ္။ ဒီလိုေျပာလို႔ ေထာင္က်မယ္ဆိုလည္း ကြၽန္ေတာ္တို႔ ခံမယ္။ ဒီအမႈ အမွန္အတိုင္းျဖစ္ေစရမယ္။
Speaker ။ ။ အကိုတို႔ ရပ္ေနတဲ့ ေနရာ နဲ႔ သူတို႔ ႏွစ္ေယာက္ ရပ္စကားေျပာတဲ့ ေနရာ နဲ႔ ဘယ္ေလာက္ေလာက္ ကြာလဲ။
ကိုေအာင္ေက်ာ္ ။ ။ ႏွစ္ေယာက္ဆင္းတယ္။ ဆင္းၿပီးေတာ့ မတ္တပ္ရပ္ စကားေျပာတယ္။ တစ္ေယာက္က ဖုန္းသြားဆက္တယ္။ တေအာင့္ေလာက္ေနေတာ့ တစ္ေယာက္က ေပ်ာက္သြားတယ္။
ဦးေအာင္ၿမိဳင္ ။ ။ လူႏွစ္ေယာက္ ဆင္းလာတဲ့အခ်ိန္နဲ႔ ကားမီးေလာင္တဲ့ အခ်ိန္က ၅ မိနစ္ ေလာက္ပဲ ကြာတယ္။
Speaker ။ ။ အဲ့ေတာ့ ဒီျဖစ္စဥ္ကို တျခား ျမင္တဲ့လူေရာ႐ွိလား။ ေနာက္ အဲဒီေနရာမွာ တျခား ဘယ္သူေတြ ႐ွိလဲ ။
ကိုေအာင္ေက်ာ္ ။ ။ တျခားလူ ဘယ္သူမွ ေတာ့ မ႐ွိေလာက္ဘူး။ ကြၽန္ေတာ္တို႔အဖြဲ႔ဘဲ အဲ့ဒီအခ်ိန္မွာ ႐ွိေနတာ။
Speaker ။ ။ ဒီကိစၥ ေတြ အခုေပၚလာတာေပါ့။ ကြၽန္ေတာ္တို႔က မီဒီယာမွာ ေဖာ္ျပလိုက္တယ္။ ဒီသတင္းမွာ ကားေပၚက ဆင္းလာတာကို တစ္ေယာက္ဘဲ ႐ွိတယ္လို႔ ေျပာလို႔ ေနာက္တစ္ေယာက္ ေပၚလာတယ္။ အဲ့ဒီ ေတာ့ က်န္တဲ့သူေတြ တာဝန္႐ွိသူေတြ စစ္ေဆးခဲ့ရင္ အကိုတို႔ ဘယ္လိုေျပာမလဲ။
ကိုေအာင္ေက်ာ္ ။ ။ ႏွစ္ေယာက္ ဆင္းလာတယ္လို႔ဘဲ ေျပာမွာ။
Speaker ။ ။ ကားေပၚမွာ ဒီႏွစ္ေယာက္အျပင္ က်န္တဲ့သူေတြ ပါလာတယ္ဆိုတာကိုေရာ အကိုတို႔ သိခဲ့လား။
ကိုေအာင္ေက်ာ္ ။ ။ မသိဘူး ကားထဲမွာ လူမ႐ွိသလိုဘဲ။ ေအာ္သံလည္း မၾကားဘူး။ ဒီအတိုငး္ဘဲ။
ဦးေအာင္ၿမိဳင္ ။ ။ ကားထဲမွာ လူ႐ွိတယ္လို႔ ေျပာသံဆိုသံ ၾကားေတာ့ ကားကမီးေလာင္ေနၿပီ။ အဲဒီက်မွ ကားထဲမွာ လူပါတာကို ကြၽန္ေတာ္ က သိတာ။ ကြၽန္ေတာ္ အေဝးႀကီး က ေနတယ္။ ကားနား သြားမကပ္ရဲဘူး။
Speaker ။ ။ အကိုျမင္တဲ့ ထြက္သြားတယ္ဆိုတဲ့လူက ဘယ္ကိုထြက္သြားတာလဲ ေနျပည္ေတာ္ ဘက္ကိုလား ရန္ကုန္ဘက္ကိုလား။
ကိုေအာင္ေက်ာ္ ။ ။ ပလက္ေဖာင္း အလယ္မွာဘဲ ရပ္ေနတာ။ မီးေလာင္ေတာ့ ဘယ္ေပ်ာက္သြားလည္း မသိဘူး။ ကားႀကီး မီးေလာင္ေနေတာ့ ကြၽန္ေတာ္ ဆိုင္ကယ္ သြားထားတာေပါ့။ လမ္းေဘးမွာ။ အဲ့အခ်ိန္ မွာ တစ္ေယာက္က ေပ်ာက္သြားတယ္။ ေနာက္ေတာ့မွ လူေတြက ႐ုန္းစု ႐ုန္းစု ျဖစ္လာတာ။
Speaker ။ ။ ကားေပၚက ဆင္းလာတဲ့ လူေအာင္ခန္႔ကိုေရာ အကိုတိ့ု စကားေျပာ ျဖစ္ေသးလား။ သူ႔နား သြားၾကည့္ေသးလား။
ကိုေအာင္ေက်ာ္ ။ ။ သူ႔နားကို သြားၾကည့္တာေပါ့။ နည္းနည္းပါးပါး ေမးျမန္းၾကည့္တာေပါ့။ မီးေလာင္ေတာ့မွ ကားထဲမွာ လူပါတယ္ဆိုတာ သိတယ္။
Speaker ။ ။ကားညာဘက္က ဆင္းတဲ့ ကိုေအာင္ခန္႔နဲ႔ေရာ ေတြ႔ခဲ့ေသးလား။ သူဘာေျပာေသးလဲ။
ကိုေအာင္ေက်ာ္ ။ ။ ဟုတ္ကဲ့ ေတြ႔တယ္။ ကားႀကီးတစ္စီးလံုး မီးေလာင္ေတာ့မွ အထဲမွာ လူပါတယ္လို႔ ေျပာတယ္။
Speaker ။ ။ သက္ဆိုင္ရာ က ေခၚစစ္ရင္ အကိုိတို႔ ဘယ္လိုထြက္ဆိုမလဲ။
ဦးေအာင္ၿမိဳင္ ။ ။ ကြၽန္ေတာ္ ဒီအတိုင္း ဘဲ ထြက္ဆိုမွာဘဲ။ ကားေပၚက ႏွစ္ေယာက္ ဆင္းလာတယ္လို႔ဘဲ ထြက္ဆိုမွာဘဲ။
Speaker ။ ။ ေအာင္ခန္႔နဲ႔ အတူတူ ေတြ႔ရတာ လာကူညီတဲ့သူလို႔ ေျပာတယ္။ အစ္ကိုတို႔ကေရာ ကူညီတဲ့သူေတြကို ျမင္လား။ ကားမီးမေလာင္ခင္မွာ အကိုတို႔အျပင္ တျခးာ ဘယ္သူ႐ွိေသးလဲ။
ေျဖ။ ။ ဘာမွမ႐ွိဘူး ။ ဘယ္သူမွ မ႐ွိဘူး။ မီးသတ္ဘူးနဲ႔ေတာ့ လာကူညီတဲ့သူ ႐ွိတယ္။ မီးသတေ္ဆးဘူး လာဖ်န္းတဲ့သူက မီးေလာင္တာနဲ႔ ၁၅ မိနစ္ေလာက္ ကြာတယ္။ မီးက အ႐ွိန္က ေတာ္ေတာ္ျပင္းေနမွကို ။
Speaker ။ ။ ကားေပၚက ဆင္းလာတဲ့ သူႏွစ္ေယာက္က အခုမွ ေတြ႔တာလား။ ရင္းရင္းႏွီးႏွီး ႐ွိတဲ့ ပံုလား။
ကိုေအာင္ေက်ာ္ ။ ။ နဂိုတည္းက ရင္းရင္းႏွီးႏွီး ႐ွိတဲ့ ပံုစံ မ်ိဳးေပါ့။ ေဘးကေန လာကူညီတဲ့သူ လံုးဝ မဟုတ္ဘူး။ ညာဘက္ကထြက္တဲ့ တစ္ေယာက္ဘဲ ဖုန္းပါတယ္။ သူဖုန္းနဲ႔ သူဘဲ။ အက်ႌ အနက္ ႏွစ္ေယာက္ လံုး ဝတ္ထားတယ္။ ႏွစ္ေယာက္လံုး ႐ွဴး ဖိနပ္ေတြ စီးထားတယ္။
Speaker ။ ။ အကိုတို႔ မိးေလာင္တဲ့ကားကို ျမင္ရေတာ့ အကိုတို႔နဲ႔ ဘယ္ေလာက္ေဝးလဲ။
ေျဖ။ ။ ကားလမ္း ဟိုဘက္ျခမ္း ဒီဘက္ျခမ္းဘဲ ။
Speaker ။ ။ အခုျဖစ္စဥ္ကို အိုကတို႔အေနနဲ႔ တစ္ႏိုင္ငံလံုးမွာ႐ွိတဲ့ လူထုေရာ ေသဆံုးသြားတဲ့ မိသားစု ကိုယ္စား ဘာေၾကာင့္ျဖစ္တာလဲဆိုတာ အကိုတို႔အျမင္ ေျပာႏိုင္လား ။ ဘာေျပာခ်င္လဲ ။ အဓိက ကေတာ့ ဂ်ာနယ္က ဒီကိစၥ ႀကီး ကို လုပ္ၾကံၿပီး ေရးေနတယ္လို႔ ေျပာေနၾကတယ္။ အကိုတို႔ အေနနဲ႔ ဘာေျပာခ်င္လဲ ။
ကိုေအာင္ေက်ာ္ ။ ။ မီးေလာင္တဲ့ ကားေပၚက ႏွစ္ေယာက္ ဆင္းလာတယ္လို႔ဘဲ ေျပာခ်င္တယ္။ က်ိန္းေသ တယ္။
ဦးေအာင္ၿမိဳင္ ။ ။ ႏွစ္ေယာက္ ဆင္းလာတယ္ဘဲ ျမင္တယ္။ ေနာက္ေတာ့ မီးက ကားေခါင္းကစၿပီး ေလာင္တယ္။
Speaker ။ ။ အဲ့ေတာ့ ကားမီးေလာင္တဲ့ အခ်ိန္မွာ ကားထဲက ဘယ္လိုလႈပ္႐ွားမႈ ႐ွိလဲ။ ေအာ္ဟစ္ၿပီး အကူအညီေတာင္းတဲ့ အသံေတြေရာ ၾကားေသးလား ေျပာပါဦး ။
ကိုေအာင္ေက်ာ္ ။ ။ ကၽြန္ေတာ္တို႕ ေဆးလိပ္ေသာက္ရင္ေတာင္မွ ေဆးလိပ္မီးပူရင္ေတာင္မွ မခံႏိုင္တာ။ ဒီလိုပူတဲ့ ဟာကေတာ့ ကားကေတာ့ လႈပ္ေနမွာပဲ။ အသံကေတာ့ ႀကားမွာပဲ။ အခုက်ေတာ့ ဘာသံမွ မႀကားရဘူး၊ ကားကလဲ ျငိမ္ေနတယ္။
Speaker ။ ။ အကိုတို႕အေနနဲ႕ ကားကို ၀ိုင္း၀န္းထုႏွက္ကားမွန္ေတြကို ထုခြဲျပီး ကူညီေနတဲ့သူေတြေရာ ေတြ႕ခဲ့ေသးလား။
သံုးဦးစလံုး။ ။ အဲလိုမ်ိဳး မေတြ႕ရပါဘူး။ ကားေပၚက ဆင္းလာျပီးေတာ့ ေအာင္ခန္႕က ကားနား ျပန္မကပ္ေတာ့ဘူး။
ကိုေအာင္ေက်ာ္။ ။ အထဲမွာ လူရွိရင္ ကားေတာ့ လႈပ္ေနမွာပဲ။ ကားလည္း မလႈပ္ဘူး၊ ေအာ္သံလည္း မႀကားဘူး။ တံခါးႏွစ္ဖက္က ဖြင့္ဆင္းလာတဲ့အတြက္ ပြင့္ေနတယ္။ ဘယ္ဘက္က တစ္ေယာက္က ကားဆီျပန္ျပီး ဘာလဲမသိဘူး သြားျပန္ယူတဲ့အခ်ိန္မွာ ကားမီးထေလာင္တာ။
Speaker ။ ။CID က အကိုတို႕ကို ေခၚျပီးေတာ့ ေမးတယ္ႀကားတယ္။ ဘာေတြေမးေသးလဲ။
ဦးေက်ာ္သန္း ။ ။ ကၽြန္ေတာ့္မိသားစု အေႀကာင္း။ ေနာက္ဘာလုပ္လဲ။ ေနာက္ျပီးေတာ့ ဒီျဖစ္စဥ္က ဘယ္လိုျဖစ္လဲ။ အဲဒီလိုေပါ့။ ပံုေလးဆြဲျပတယ္။ ရန္ကုန္ကေန မႏေလးသြားတဲ့လမ္းမွာ ဒီဘက္မွာ လမ္းျဖတ္ေလးတခုရွိတယ္။ အဲဒီျဖတ္လမ္းမွာ တိုက္ျပီးေတာ့ ဘယ္လိုပံု။ ကားက လမ္းလယ္ကၽြန္းကို တိုက္သြားျပီး ရပ္သြားတယ္။ ရပ္သြားတဲ့အခ်ိန္မွာ ေအာင္ခန္႕က ထြက္လာျပီး ဒီဘက္က တစ္ေယာက္ကို လာဖြင့္ေပးတယ္။ ျပီးေတာ့ သူတို႕ႏွစ္ေယာက္ ရပ္စကားေျပာျပီး ဒီဘက္က လူက ကားထဲမွာ ဘာလဲမသိဘူး သြားယူတဲ့အခ်ိန္မွာ ကားဟုန္းဆိုျပီး မီးထေလာင္တာ။ ေအာင္ခန္႕က ကားကို ပတ္ႀကည့္ျပီး ဖုန္းေျပာတယ္။
Speaker ။ ။ ေအာင္ခန္႕က ညာဘက္ကေန ဆင္းလာျပီး ဘယ္ဘက္တံခါးကို သြားဖြင့္ျပီး လူတစ္ေယာက္ ထပ္ထြက္လာတယ္ဆိုတာကို ဘယ္လို သက္ေသျပႏိုင္မလဲ။
ကိုေအာင္ေက်ာ္ ။ ။ အမွန္ ၊ အမွန္ပဲ ေျပာရမွာေပါ့။ ညာဘက္က ထြက္တယ္ ဘယ္ဘက္တံခါးကို ဖြင့္တယ္။ လူတစ္ေယာက္ ထပ္ထြက္လာတယ္။ အမွန္အတိုင္းပဲ ေျပာရမွာေပါ့။
Speaker ။ ။ ႏိုင္ငံေတာ္ သမတနဲ႕ ေဒၚေအာင္ဆန္းစုႀကည္တို႕က ေခၚေမးရင္ေရာ ဘာေျပာမလဲ။
ကိုေအာင္ေက်ာ္ ။ ။ ႏွစ္ေယာက္ဆင္းတယ္ပဲ ေျပာမွာေပါ့။
Speaker ။ ။ အေလာင္းေတြကို ဘယ္လိုျမင္ခဲ့လဲ။ အကိုျမင္ခဲ့တဲ့ ျမင္ကြင္းက။
ကိုေအာင္ေက်ာ္ ။ ။ ထိုင္ခံုတစ္ခံုမွာ ဒီဘက္က ထိုင္ခံုမွာ တစ္ေယာက္၊ ဒီခံုမွာက ႏွစ္ေယာက္၊ ေနာက္ဆံုးခံုမွာ သံုးေယာက္၊ သံုးေယာက္ေရွ႕မွာ တစ္ေယာက္ရွိတယ္။ ထိုင္ရက္ေတြပဲ။ အေရွ႕မွာ လံုးလံုး မရွိဘူး။ ကၽြန္ေတာ္တို႕ အဲ့လိုႀကည့္ျပီးေတာ့ ရဲေတြက ေနာက္ဆုတ္ ေနာက္ဆုတ္ အကုန္ဖယ္ ဖယ္ ဆိုလို႕ ကၽြန္ေတာ္တို႕လည္း ထြက္လာခဲ့တယ္။ ဒီထဲက ပစည္းတခုခု ေပ်ာက္ရင္ မင္းတို႕ပဲ ဆိုေတာ့ ကၽြန္ေတာ္တို႕လည္း ေႀကာက္တာေပါ့။
မွတ္ခ်က္ ။ ။ အထက္ပါ အင္တာဗ်ဴးအား Speaker ဂ်ာနယ္မွ ဗီဒီယို မွတ္တမ္းတင္ထားေႀကာင္း ေဖာ္ျပအပ္ပါသည္။
Ye Kyaw Htay
Speaker ဂ်ာနယ္
မီးလောင်တဲ့ကားပေါ်က နှစ်ယောက်ဆင်းလာတာလို့ ကျွန်တော်ပြောချင်တယ်။နှစ်ယောက်ဆိုတာ ကျိန်းသေတယ်ဆိုတဲ့...
အမြန်လမ်းမီးလောင်မှု မျက်မြင်သက်သေနဲ့ speaker journal အင်တာဗျူး
--------------------------------------
Speaker ။ ။ အဲ့ဒီနေ့ မနက်ပိုင်း ၄ မိုင် ၂ဖာလုံကို ရောက်လာတယ်။ ကားဖြတ်တဲ့ နေရာကို အကိုတို့ရောက်တယ်။ ကားဖြတ်တဲ့ နေရာ မရောက်ခင် ကတည်းက hiace ကားကိုတွေ့တာလား။ ကားဖြတ်တဲ့ နေရာရောက်မှ ကားကိုတွေ့တာလား။ အဲ့ဒီနေ့ မနက်ပိုင်း မြင်ကွင်းလေးကို ပြောပြပါဦး။
ကိုအောင်ကျော်။ ။ အဲ့ဒါက ဘယ်လိုစတွေ့လဲဆိုတော့ ရွာကနေ တက်လာတယ်။ တက်လာတော့ အဲဒီနားလည်း ရောက်ရော ကားက အဲဒီနားကျမှ ဝင်တိုက်တာ ပလက်ဖောင်း ကို ဝင်တိုက်တာ ။ ကားရပ်ပြီးတော့ ညာဘက်ကနေပြီးတော့ တစ်ယောက်ဆင်းတယ်။ ပြီးတော့ သူက ဘယ်ဘက်တံခါးကို ပြေးဖွင့်တယ်။ ပြေးဖွင့်တော့ တစ်ယောက်ဆင်းတယ်ပေါ့။ ဆင်းပြီးတော့ တအောင့်နေတော့ သူတို့နှစ်ယောက် စကားခဏပြောပြီးတော့ တစ်ယောက်ဖုန်းဆက်တယ်။ နောက်တစ်အောင့်လောက်နေတော့ နောက်တစ်ယောက် ပျောက်သွားတယ်။
ဦးအောင်မြိုင် ။ ။ သူ(ကိုအောင်ကျော်)နဲ့ ကျွန်တော်နဲ့ နှစ်ယောက်သွားတာပဲ။ ကျွန်တော်က နောက်က။ သူက ရှေ့က ဆိုင်ကယ်စီးလာတာ။ ကားလဲ အဲဒီလိုလည်း ဖြစ်ရော ကျွန်တော်က ဆိုင်ကယ်ထိုးရပ်လိုက်တယ်။ ကောင်လေး နှစ်ယောက် ကားပေါ်က ဆင်းလာတယ်။ ကားလည်း မီးလောင်ရော ကောင်လေးတစ်ယောက်က မရှိတော့ဘူး။ တစ်ယောက်ဘဲ ရှိတော့တယ်။ အဲ့နေရာမှာ ကျွန်တော် အနားမကပ်ရဲတော့ဘူး။ ကျွန်တော် အဝေးကြီးကနေတယ်။ မြင်တော့ မြင်နေရတယ်။ ဘယ်သူ ဘယ်ဝါရယ်တော့ ကျွန်တော် မသိဘူး။ ကားပေါ်က ညာဘက်က တစ်ယောက်ဆင်းတယ်။ ဘယ်ဘက်ကို ပြေးဖွင့်တယ်။ ဖုန်းပြောပြီးတော့ တစ်ယောက်က ဘာလဲမသိဘူး ကားဆီကို ပြေးယူတယ်။ အဲ့မှာ မီးထလောင်တာ ကျွန်တော်တို့ တွေ့ရတယ်။
Speaker ။ ။ အဲဒီတော့ အခု ကျွန်တော်တို့က ဒီလူ ရှစ်ယောက် မီးလောင်တဲ့ သတင်းကို မီဒီယာမှာ ဖော်ပြလိုက်တယ်။ Hiace ကား ညာဘက်က တစ်ယောက်ဆင်းလာတယ်။ ဘယ်ဘက်တံခါးကို သွားဖွင့်ပေးတယ်လို့ ဖော်ပြတယ်။ ဒါကို မီဒီယာက လျှောက်ဖွတာ အပိုတွေ ပြောကြတယ်။ အဲဒီတော့ ဘယ်ဘက်တံခါးက ဆင်းလာတာကိုရော ဘယ်လိုမြင်တာလဲ။ ကားရဲ့ ဘယ်ဘက်တံခါးကို ဘယ်သူကဖွင့်တာလဲ။ Hiace ကားရဲ့ ဘယ်ဘက်ကနေ ဆင်းလာတာ ဘယ်လိုလူလဲ။ ဘယ်လိုပုံစံလဲ။ ဘယ်လို အကျႌ ဝတ်ထားလဲ။ အဲ့ နှစ်ယောက် ဘယ်လို စကားပြောတာလဲ။
ကိုအောင်ကျော် ။ ။ နှစ်ယောက် စကားပြောတယ် ။ စကားပြောပြီးတော့ တစ်ယောက်က ဖုန်းဆက်ပြီးတော့ ဘေးထွက်သွားတယ်။ ဘေးထွက်သွားပြီးတော့ တစ်ယောက်က ပျောက်သွားတယ်။
ဦးအောင်မြိုင်။ ။ ကျွန်တော် မြင်တာ ကတော့ မီးမလောင်ခင် ကားပေါ်က နှစ်ယောက် ဆင်းလာတာကို မြင်တာပဲ။
Speaker ။ ။ Hiace ကားပေါ်က ဆင်းလာတဲ့ အစ်ကိုတို့ မြင်တဲ့ လူနှစ်ယောက် အနေအထားကို ပြောပါဦး
ကိုအောင်ကျော် ။ ။ ကားပေါ်က ဆင်းလာတာပါ။ အကျႌ က အနက်ရောင်ဝတ်ထားတယ်။ နှစ်ယောက်လုံး ။ တစ်ယောက်နဲ့တစ်ယောက် စကားပြောပြီးတော့ တစ်ယောက်က ဖုန်းပြောပြီးတော့ ဘေးထွက်သွားတယ်။ ကျွန်တော်တို့က အနားမကပ်ရဲဘူး။ ကျွန်တော်တို့ကို အကူအညီမှ မတောင်းတာ။ အဲ့တော့ ဘေးကဘဲ မတ်တပ်ရပ်ကြည့်နေတာ။
Speaker ။ ။ ဒါဆိုရင် ဒီကားပေါ်က လူနှစ်ယောက် ဆင်းလာတယ်ဆိုတာ အစ်ကို ဘယ်လို သက်သေပြမလဲ။ ကျန်တဲ့ သူတွေရော ဘယ်လိုလဲ အစ်ကိုလိုဘဲ မြင်တဲ့လူရှိလား။
ကိုအောင်ကျော် ။ ။ ကျွန်တော်နဲ့ ဒီဦးလေး ဦးအောင်မြိုင် နဲ့ နှစ်ယောက် မြင်တယ်။ သေသေချာချာကို မြင်တယ်။ ဒီလိုပြောလို့ ထောင်ကျမယ်ဆိုလည်း ကျွန်တော်တို့ ခံမယ်။ ဒီအမှု အမှန်အတိုင်းဖြစ်စေရမယ်။
Speaker ။ ။ အကိုတို့ ရပ်နေတဲ့ နေရာ နဲ့ သူတို့ နှစ်ယောက် ရပ်စကားပြောတဲ့ နေရာ နဲ့ ဘယ်လောက်လောက် ကွာလဲ။
ကိုအောင်ကျော် ။ ။ နှစ်ယောက်ဆင်းတယ်။ ဆင်းပြီးတော့ မတ်တပ်ရပ် စကားပြောတယ်။ တစ်ယောက်က ဖုန်းသွားဆက်တယ်။ တအောင့်လောက်နေတော့ တစ်ယောက်က ပျောက်သွားတယ်။
ဦးအောင်မြိုင် ။ ။ လူနှစ်ယောက် ဆင်းလာတဲ့အချိန်နဲ့ ကားမီးလောင်တဲ့ အချိန်က ၅ မိနစ် လောက်ပဲ ကွာတယ်။
Speaker ။ ။ အဲ့တော့ ဒီဖြစ်စဉ်ကို တခြား မြင်တဲ့လူရောရှိလား။ နောက် အဲဒီနေရာမှာ တခြား ဘယ်သူတွေ ရှိလဲ ။
ကိုအောင်ကျော် ။ ။ တခြားလူ ဘယ်သူမှ တော့ မရှိလောက်ဘူး။ ကျွန်တော်တို့အဖွဲ့ဘဲ အဲ့ဒီအချိန်မှာ ရှိနေတာ။
Speaker ။ ။ ဒီကိစ္စ တွေ အခုပေါ်လာတာပေါ့။ ကျွန်တော်တို့က မီဒီယာမှာ ဖော်ပြလိုက်တယ်။ ဒီသတင်းမှာ ကားပေါ်က ဆင်းလာတာကို တစ်ယောက်ဘဲ ရှိတယ်လို့ ပြောလို့ နောက်တစ်ယောက် ပေါ်လာတယ်။ အဲ့ဒီ တော့ ကျန်တဲ့သူတွေ တာဝန်ရှိသူတွေ စစ်ဆေးခဲ့ရင် အကိုတို့ ဘယ်လိုပြောမလဲ။
ကိုအောင်ကျော် ။ ။ နှစ်ယောက် ဆင်းလာတယ်လို့ဘဲ ပြောမှာ။
Speaker ။ ။ ကားပေါ်မှာ ဒီနှစ်ယောက်အပြင် ကျန်တဲ့သူတွေ ပါလာတယ်ဆိုတာကိုရော အကိုတို့ သိခဲ့လား။
ကိုအောင်ကျော် ။ ။ မသိဘူး ကားထဲမှာ လူမရှိသလိုဘဲ။ အော်သံလည်း မကြားဘူး။ ဒီအတိုငး်ဘဲ။
ဦးအောင်မြိုင် ။ ။ ကားထဲမှာ လူရှိတယ်လို့ ပြောသံဆိုသံ ကြားတော့ ကားကမီးလောင်နေပြီ။ အဲဒီကျမှ ကားထဲမှာ လူပါတာကို ကျွန်တော် က သိတာ။ ကျွန်တော် အဝေးကြီး က နေတယ်။ ကားနား သွားမကပ်ရဲဘူး။
Speaker ။ ။ အကိုမြင်တဲ့ ထွက်သွားတယ်ဆိုတဲ့လူက ဘယ်ကိုထွက်သွားတာလဲ နေပြည်တော် ဘက်ကိုလား ရန်ကုန်ဘက်ကိုလား။
ကိုအောင်ကျော် ။ ။ ပလက်ဖောင်း အလယ်မှာဘဲ ရပ်နေတာ။ မီးလောင်တော့ ဘယ်ပျောက်သွားလည်း မသိဘူး။ ကားကြီး မီးလောင်နေတော့ ကျွန်တော် ဆိုင်ကယ် သွားထားတာပေါ့။ လမ်းဘေးမှာ။ အဲ့အချိန် မှာ တစ်ယောက်က ပျောက်သွားတယ်။ နောက်တော့မှ လူတွေက ရုန်းစု ရုန်းစု ဖြစ်လာတာ။
Speaker ။ ။ ကားပေါ်က ဆင်းလာတဲ့ လူအောင်ခန့်ကိုရော အကိုတို့ စကားပြော ဖြစ်သေးလား။ သူ့နား သွားကြည့်သေးလား။
ကိုအောင်ကျော် ။ ။ သူ့နားကို သွားကြည့်တာပေါ့။ နည်းနည်းပါးပါး မေးမြန်းကြည့်တာပေါ့။ မီးလောင်တော့မှ ကားထဲမှာ လူပါတယ်ဆိုတာ သိတယ်။
Speaker ။ ။ကားညာဘက်က ဆင်းတဲ့ ကိုအောင်ခန့်နဲ့ရော တွေ့ခဲ့သေးလား။ သူဘာပြောသေးလဲ။
ကိုအောင်ကျော် ။ ။ ဟုတ်ကဲ့ တွေ့တယ်။ ကားကြီးတစ်စီးလုံး မီးလောင်တော့မှ အထဲမှာ လူပါတယ်လို့ ပြောတယ်။
Speaker ။ ။ သက်ဆိုင်ရာ က ခေါ်စစ်ရင် အကိိုတို့ ဘယ်လိုထွက်ဆိုမလဲ။
ဦးအောင်မြိုင် ။ ။ ကျွန်တော် ဒီအတိုင်း ဘဲ ထွက်ဆိုမှာဘဲ။ ကားပေါ်က နှစ်ယောက် ဆင်းလာတယ်လို့ဘဲ ထွက်ဆိုမှာဘဲ။
Speaker ။ ။ အောင်ခန့်နဲ့ အတူတူ တွေ့ရတာ လာကူညီတဲ့သူလို့ ပြောတယ်။ အစ်ကိုတို့ကရော ကူညီတဲ့သူတွေကို မြင်လား။ ကားမီးမလောင်ခင်မှာ အကိုတို့အပြင် တခြးာ ဘယ်သူရှိသေးလဲ။
ဖြေ။ ။ ဘာမှမရှိဘူး ။ ဘယ်သူမှ မရှိဘူး။ မီးသတ်ဘူးနဲ့တော့ လာကူညီတဲ့သူ ရှိတယ်။ မီးသတေ်ဆးဘူး လာဖျန်းတဲ့သူက မီးလောင်တာနဲ့ ၁၅ မိနစ်လောက် ကွာတယ်။ မီးက အရှိန်က တော်တော်ပြင်းနေမှကို ။
Speaker ။ ။ ကားပေါ်က ဆင်းလာတဲ့ သူနှစ်ယောက်က အခုမှ တွေ့တာလား။ ရင်းရင်းနှီးနှီး ရှိတဲ့ ပုံလား။
ကိုအောင်ကျော် ။ ။ နဂိုတည်းက ရင်းရင်းနှီးနှီး ရှိတဲ့ ပုံစံ မျိုးပေါ့။ ဘေးကနေ လာကူညီတဲ့သူ လုံးဝ မဟုတ်ဘူး။ ညာဘက်ကထွက်တဲ့ တစ်ယောက်ဘဲ ဖုန်းပါတယ်။ သူဖုန်းနဲ့ သူဘဲ။ အကျႌ အနက် နှစ်ယောက် လုံး ဝတ်ထားတယ်။ နှစ်ယောက်လုံး ရှူး ဖိနပ်တွေ စီးထားတယ်။
Speaker ။ ။ အကိုတို့ မိးလောင်တဲ့ကားကို မြင်ရတော့ အကိုတို့နဲ့ ဘယ်လောက်ဝေးလဲ။
ဖြေ။ ။ ကားလမ်း ဟိုဘက်ခြမ်း ဒီဘက်ခြမ်းဘဲ ။
Speaker ။ ။ အခုဖြစ်စဉ်ကို အိုကတို့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုရော သေဆုံးသွားတဲ့ မိသားစု ကိုယ်စား ဘာကြောင့်ဖြစ်တာလဲဆိုတာ အကိုတို့အမြင် ပြောနိုင်လား ။ ဘာပြောချင်လဲ ။ အဓိက ကတော့ ဂျာနယ်က ဒီကိစ္စ ကြီး ကို လုပ်ကြံပြီး ရေးနေတယ်လို့ ပြောနေကြတယ်။ အကိုတို့ အနေနဲ့ ဘာပြောချင်လဲ ။
ကိုအောင်ကျော် ။ ။ မီးလောင်တဲ့ ကားပေါ်က နှစ်ယောက် ဆင်းလာတယ်လို့ဘဲ ပြောချင်တယ်။ ကျိန်းသေ တယ်။
ဦးအောင်မြိုင် ။ ။ နှစ်ယောက် ဆင်းလာတယ်ဘဲ မြင်တယ်။ နောက်တော့ မီးက ကားခေါင်းကစပြီး လောင်တယ်။
Speaker ။ ။ အဲ့တော့ ကားမီးလောင်တဲ့ အချိန်မှာ ကားထဲက ဘယ်လိုလှုပ်ရှားမှု ရှိလဲ။ အော်ဟစ်ပြီး အကူအညီတောင်းတဲ့ အသံတွေရော ကြားသေးလား ပြောပါဦး ။
ကိုအောင်ကျော် ။ ။ ကျွန်တော်တို့ ဆေးလိပ်သောက်ရင်တောင်မှ ဆေးလိပ်မီးပူရင်တောင်မှ မခံနိုင်တာ။ ဒီလိုပူတဲ့ ဟာကတော့ ကားကတော့ လှုပ်နေမှာပဲ။ အသံကတော့ ကြားမှာပဲ။ အခုကျတော့ ဘာသံမှ မကြားရဘူး၊ ကားကလဲ ငြိမ်နေတယ်။
Speaker ။ ။ အကိုတို့အနေနဲ့ ကားကို ၀ိုင်းဝန်းထုနှက်ကားမှန်တွေကို ထုခွဲပြီး ကူညီနေတဲ့သူတွေရော တွေ့ခဲ့သေးလား။
သုံးဦးစလုံး။ ။ အဲလိုမျိုး မတွေ့ရပါဘူး။ ကားပေါ်က ဆင်းလာပြီးတော့ အောင်ခန့်က ကားနား ပြန်မကပ်တော့ဘူး။
ကိုအောင်ကျော်။ ။ အထဲမှာ လူရှိရင် ကားတော့ လှုပ်နေမှာပဲ။ ကားလည်း မလှုပ်ဘူး၊ အော်သံလည်း မကြားဘူး။ တံခါးနှစ်ဖက်က ဖွင့်ဆင်းလာတဲ့အတွက် ပွင့်နေတယ်။ ဘယ်ဘက်က တစ်ယောက်က ကားဆီပြန်ပြီး ဘာလဲမသိဘူး သွားပြန်ယူတဲ့အချိန်မှာ ကားမီးထလောင်တာ။
Speaker ။ ။CID က အကိုတို့ကို ခေါ်ပြီးတော့ မေးတယ်ကြားတယ်။ ဘာတွေမေးသေးလဲ။
ဦးကျော်သန်း ။ ။ ကျွန်တော့်မိသားစု အကြောင်း။ နောက်ဘာလုပ်လဲ။ နောက်ပြီးတော့ ဒီဖြစ်စဉ်က ဘယ်လိုဖြစ်လဲ။ အဲဒီလိုပေါ့။ ပုံလေးဆွဲပြတယ်။ ရန်ကုန်ကနေ မနလေးသွားတဲ့လမ်းမှာ ဒီဘက်မှာ လမ်းဖြတ်လေးတခုရှိတယ်။ အဲဒီဖြတ်လမ်းမှာ တိုက်ပြီးတော့ ဘယ်လိုပုံ။ ကားက လမ်းလယ်ကျွန်းကို တိုက်သွားပြီး ရပ်သွားတယ်။ ရပ်သွားတဲ့အချိန်မှာ အောင်ခန့်က ထွက်လာပြီး ဒီဘက်က တစ်ယောက်ကို လာဖွင့်ပေးတယ်။ ပြီးတော့ သူတို့နှစ်ယောက် ရပ်စကားပြောပြီး ဒီဘက်က လူက ကားထဲမှာ ဘာလဲမသိဘူး သွားယူတဲ့အချိန်မှာ ကားဟုန်းဆိုပြီး မီးထလောင်တာ။ အောင်ခန့်က ကားကို ပတ်ကြည့်ပြီး ဖုန်းပြောတယ်။
Speaker ။ ။ အောင်ခန့်က ညာဘက်ကနေ ဆင်းလာပြီး ဘယ်ဘက်တံခါးကို သွားဖွင့်ပြီး လူတစ်ယောက် ထပ်ထွက်လာတယ်ဆိုတာကို ဘယ်လို သက်သေပြနိုင်မလဲ။
ကိုအောင်ကျော် ။ ။ အမှန် ၊ အမှန်ပဲ ပြောရမှာပေါ့။ ညာဘက်က ထွက်တယ် ဘယ်ဘက်တံခါးကို ဖွင့်တယ်။ လူတစ်ယောက် ထပ်ထွက်လာတယ်။ အမှန်အတိုင်းပဲ ပြောရမှာပေါ့။
Speaker ။ ။ နိုင်ငံတော် သမတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ခေါ်မေးရင်ရော ဘာပြောမလဲ။
ကိုအောင်ကျော် ။ ။ နှစ်ယောက်ဆင်းတယ်ပဲ ပြောမှာပေါ့။
Speaker ။ ။ အလောင်းတွေကို ဘယ်လိုမြင်ခဲ့လဲ။ အကိုမြင်ခဲ့တဲ့ မြင်ကွင်းက။
ကိုအောင်ကျော် ။ ။ ထိုင်ခုံတစ်ခုံမှာ ဒီဘက်က ထိုင်ခုံမှာ တစ်ယောက်၊ ဒီခုံမှာက နှစ်ယောက်၊ နောက်ဆုံးခုံမှာ သုံးယောက်၊ သုံးယောက်ရှေ့မှာ တစ်ယောက်ရှိတယ်။ ထိုင်ရက်တွေပဲ။ အရှေ့မှာ လုံးလုံး မရှိဘူး။ ကျွန်တော်တို့ အဲ့လိုကြည့်ပြီးတော့ ရဲတွေက နောက်ဆုတ် နောက်ဆုတ် အကုန်ဖယ် ဖယ် ဆိုလို့ ကျွန်တော်တို့လည်း ထွက်လာခဲ့တယ်။ ဒီထဲက ပစည်းတခုခု ပျောက်ရင် မင်းတို့ပဲ ဆိုတော့ ကျွန်တော်တို့လည်း ကြောက်တာပေါ့။
မှတ်ချက် ။ ။ အထက်ပါ အင်တာဗျူးအား Speaker ဂျာနယ်မှ ဗီဒီယို မှတ်တမ်းတင်ထားကြောင်း ဖော်ပြအပ်ပါသည်။
Ye Kyaw Htay
Speaker ဂျာနယ်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...