သူငယ္ခ်င္းအဓမၼက်င့္ခံေနရသည့္ ဗြီဒီယုိကုိ အြန္လုိင္းေပၚမွာ LIVE လႊင့္ခဲ့သည့္ ေကာင္မေလး

အေမရိကန္ျပည္ေထာင္စု Columbus, Ohio မွာ ေနထုိင္တဲ့ Marina Lonina (19)ႏွစ္အရြယ္ ေကာင္မေလးဟာ သူမရဲ႕ သူငယ္ခ်င္းျဖစ္သူကို အမ်ိဳးသားတစ္ဦးက အဓမၼက်င့္တဲ့ ဗြီဒီယုိဖုိင္ကို ကိုယ္တုိင္႐ိုက္ကူးကာ အြန္လုိ္င္းေပၚမွာ Live လႊင့္ခဲ့တဲ့အတြက္ ေထာင္ဒဏ္ 9 လ ခ်မွတ္ခံခဲ့ရပါတယ္။ အဓမၼက်င့္ခံရတဲ့ အသက္ 17 ႏွစ္အရြယ္ သူငယ္ခ်င္းဟာ ထုိစဥ္က အရက္အလြန္အကၽြံမူးေနတယ္လုိ႔ သိရပါတယ္။

ဒီအဓမၼမႈနဲ႔ပတ္သက္ၿပီး Lonina ဟာ ပူးေပါင္းက်ဴးလြန္သူတစ္ေယာက္အျဖစ္ စြဲခ်က္တင္ခံရၿပီး၊ သာမန္ဆုိ ေထာင္ဒဏ္အနွစ္ 40 က်ခံရမွာ ျဖစ္ပါတယ္။ သူမကုိ စြဲထားတဲ့ စြဲခ်က္ေတြထဲမွာ မုဒိမ္းမႈ၊ အၾကမ္းဖက္မႈ၊ လိင္ပုိင္ဆုိင္းရာ အတင္းအၾကပ္ခ်ဳပ္ေႏွာင္ေစာ္ကားမႈေတြနဲ႔ အမႈဖြင့္ခဲ့ေပမယ့္ တရားခံ Lonina ဘက္က ေခ်ပႏုိင္ခဲ့ပါတယ္။

အဓမၼက်င့္ခံရတဲ့ ေကာင္မေလးရဲ႕နာမည္ကို ေဖာ္ျပျခင္းမျပဳဖုိ႔ တရား႐ုံးက တားျမစ္ထားၿပီး၊ သူမ အဓမၼက်င့္ခံရတဲ့ ဗြီဒီယုိဖုိင္ကို ဆုိရွယ္ App ျဖစ္တဲ့ Periscope မွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလက ျဖန္႔ေ၀ခံခဲ့ရပါတယ္။ ဒီဗြီဒီယုိကုိ Lonina က မိမိဖုန္းနဲ႔ စိတ္ႀကိဳက္႐ုိက္ကူးခဲ့တာ ျဖစ္ပါတယ္။

အဓမၼက်င့္ခံရသည့္ ေကာင္မေလးက အခုဆုိ အသက္ 18 ႏွစ္ ျပည့္ပါၿပီ။ သူမက ” ကၽြန္မရဲ႕ အားနည္းခ်က္က လူတစ္
ေယာက္ကုိ ခဏခ်င္းမွာပဲ အျပည့္အ၀ ယုံၾကည္မိတာပဲ … သူတုိ႔က ဒီအခ်က္ကုိ ေကာင္းေကာင္းအသုံးခ်သြားတာပါ “လုိ႔ မ်က္ရည္စက္လက္နဲ႔ ေျပာပါတယ္။ အဓမၼက်င့္ခဲ့တဲ့ အသက္ 29 ႏွစ္အရြယ္ အမ်ိဳးသား Raymond B. Gates ကုိလည္း ေထာင္ဒဏ္ 9 ႏွစ္ ခ်မွတ္ထားၿပီးၿပီလုိ႔ သိရပါတယ္။
မုဒိမ္းမႈက်ဴးလြန္သူ Gates
တရားခံ Lonina အပါအ၀င္ အဓမၼက်င့္ခံရသည့္ ေကာင္မေလးတုိ႔ဟာ Gates နဲ႔ ခင္တာ မၾကာေသးဘဲ၊ ေစ်း၀ယ္ထြက္ရင္း ဆုံးဆည္းရာကေန ခင္မင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေနာက္ေန႔မွာ Gates က သူမတုိ႔ႏွစ္ေယာက္ကို အိမ္ကို ဖိတ္လုိက္ၿပီး၊ ေသာက္စားခဲ့ၾကပါတယ္။ အဲဒီမွာ အမူးလြန္ေနတဲ့ ကာယကံရွင္ကုိ Gates က အဓမၼက်င့္ခဲ့ၿပီး၊ ဒါကို Lonina က တဟီးဟီးတဟားဟားနဲ႔ ဗြီဒီယုိ႐ုိက္ကူးကာ အင္တာနက္ေပၚကို Live လႊင့္ခဲ့တာ ျဖစ္ပါတယ္။

source : thesun.co.uk
Credit:Shwemom
 =====
Unicode
အမေရိကန်ပြည်ထောင်စု Columbus, Ohio မှာ နေထိုင်တဲ့ Marina Lonina (19)နှစ်အရွယ် ကောင်မလေးဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူကို အမျိုးသားတစ်ဦးက အဓမ္မကျင့်တဲ့ ဗွီဒီယိုဖိုင်ကို ကိုယ်တိုင်ရိုက်ကူးကာ အွန်လို်င်းပေါ်မှာ Live လွှင့်ခဲ့တဲ့အတွက် ထောင်ဒဏ် 9 လ ချမှတ်ခံခဲ့ရပါတယ်။ အဓမ္မကျင့်ခံရတဲ့ အသက် 17 နှစ်အရွယ် သူငယ်ချင်းဟာ ထိုစဉ်က အရက်အလွန်အကျွံမူးနေတယ်လို့ သိရပါတယ်။

ဒီအဓမ္မမှုနဲ့ပတ်သက်ပြီး Lonina ဟာ ပူးပေါင်းကျူးလွန်သူတစ်ယောက်အဖြစ် စွဲချက်တင်ခံရပြီး၊ သာမန်ဆို ထောင်ဒဏ်အနှစ် 40 ကျခံရမှာ ဖြစ်ပါတယ်။ သူမကို စွဲထားတဲ့ စွဲချက်တွေထဲမှာ မုဒိမ်းမှု၊ အကြမ်းဖက်မှု၊ လိင်ပိုင်ဆိုင်းရာ အတင်းအကြပ်ချုပ်နှောင်စော်ကားမှုတွေနဲ့ အမှုဖွင့်ခဲ့ပေမယ့် တရားခံ Lonina ဘက်က ချေပနိုင်ခဲ့ပါတယ်။

အဓမ္မကျင့်ခံရတဲ့ ကောင်မလေးရဲ့နာမည်ကို ဖော်ပြခြင်းမပြုဖို့ တရားရုံးက တားမြစ်ထားပြီး၊ သူမ အဓမ္မကျင့်ခံရတဲ့ ဗွီဒီယိုဖိုင်ကို ဆိုရှယ် App ဖြစ်တဲ့ Periscope မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖြန့်ဝေခံခဲ့ရပါတယ်။ ဒီဗွီဒီယိုကို Lonina က မိမိဖုန်းနဲ့ စိတ်ကြိုက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အဓမ္မကျင့်ခံရသည့် ကောင်မလေးက အခုဆို အသက် 18 နှစ် ပြည့်ပါပြီ။ သူမက ” ကျွန်မရဲ့ အားနည်းချက်က လူတစ်
ယောက်ကို ခဏချင်းမှာပဲ အပြည့်အဝ ယုံကြည်မိတာပဲ … သူတို့က ဒီအချက်ကို ကောင်းကောင်းအသုံးချသွားတာပါ “လို့ မျက်ရည်စက်လက်နဲ့ ပြောပါတယ်။ အဓမ္မကျင့်ခဲ့တဲ့ အသက် 29 နှစ်အရွယ် အမျိုးသား Raymond B. Gates ကိုလည်း ထောင်ဒဏ် 9 နှစ် ချမှတ်ထားပြီးပြီလို့ သိရပါတယ်။
မုဒိမ်းမှုကျူးလွန်သူ Gates
တရားခံ Lonina အပါအဝင် အဓမ္မကျင့်ခံရသည့် ကောင်မလေးတို့ဟာ Gates နဲ့ ခင်တာ မကြာသေးဘဲ၊ စျေးဝယ်ထွက်ရင်း ဆုံးဆည်းရာကနေ ခင်မင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်နေ့မှာ Gates က သူမတို့နှစ်ယောက်ကို အိမ်ကို ဖိတ်လိုက်ပြီး၊ သောက်စားခဲ့ကြပါတယ်။ အဲဒီမှာ အမူးလွန်နေတဲ့ ကာယကံရှင်ကို Gates က အဓမ္မကျင့်ခဲ့ပြီး၊ ဒါကို Lonina က တဟီးဟီးတဟားဟားနဲ့ ဗွီဒီယိုရိုက်ကူးကာ အင်တာနက်ပေါ်ကို Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။

source : thesun.co.uk
Credit:Shwemom

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...