အိမ္ေထာင္ျပဳျခင္း က အသက္ရွည္ေစတယ္လို႔ ေလ့လာမႈတစ္ရပ္ေဖာ္ျပ

အိမ္ေထာင္ျပဳျခင္း က အသက္ရွည္ေစတယ္လို႔ ေလ့လာမႈတစ္ရပ္ေဖာ္ျပသက္လတ္ပိုင္း ေရာက္တဲ့အထိ တည္ၿငိမ္တဲ့ သံေယာဇဥ္ ေႏွာင္ဖြဲ႕မႈ ကင္းမဲ့ေနသူေတြဟာ အရြယ္မတိုင္မီ ေသဆံုးႏိုင္တဲ့ အလားအလာေတြ ပိုမိုေနတယ္လို႔ Duke တကၠသိုလ္ ေဆးပညာ႒ာနရဲ႕ ေလ့လာမႈမွာ ေဖာ္ျပထားခဲ့ပါတယ္။

Duke တကၠသိုလ္ သုေတသီေတြကေတာ့ သုေတသနျပဳလုပ္ဖို႔အတြက္ အမ်ိဳးသား၊ အမ်ိဳးသမီး ၄၈၀၂ ဦးကို ေခၚယူခဲ့တာပါ။သူတို႔အားလံုးကေတာ့ ေျမာက္ကာ႐ိုလိုင္းနား တကၠသိုလ္၏ ႏွလံုးေလ့လာ သင္ၾကားမႈ သင္တန္းကို တက္ဖူးသူမ်ား ျဖစ္ၾက သည္။အဲ့သင္တန္းကေတာ့ ၁၉၄၀ ခုႏွစ္မ်ားမွာေမြးဖြားခဲ့သူေတြရဲ႕ က်န္းမာေရးကို ေျခရာခံေစာင့္ၾကည့္ေနခဲ့တဲ့ သင္တန္း တစ္ခုလည္းျဖစ္ပါတယ္။

လက္ထပ္ထိမ္းျမားမႈရဲ႕ သက္လတ္ပိုင္း အရြယ္အေပၚ အက်ိဳး သက္ေရာက္ ပံုကို ေလ့လာခဲ့ၾကရာမွာေတာ့ သုေတသန ရလဒ္မ်ားကို လႊမ္းမိုးမႈ ရွိလာမည့္ ကိုယ္ရည္ ကိုယ္ေသြး ျပႆနာမ်ား၊ လူမႈ စီးပြားေရး အေျခအေန တို႔ႏွင့္ က်န္းမာေရးႏွင့္ မညီညြတ္ေသာ အျပဳအမူ စသည့္ အခ်က္မ်ားကို ထိန္းခ်ဳပ္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးမွ သုေတသနတြင္ ပါဝင္ရန္ ေရြးခ်ယ္ခဲ့တာပါ။ သုေတသနမွာ ေတြ႕ရွိခ်က္အရ တစ္ႀကိမ္တစ္ခါမွ် လက္မထပ္ဖူး သူမ်ားသည္ လူရြယ္ဘဝမွ စ၍ ခိုင္မာေသာ ခ်စ္သံေယာဇဥ္ ထူေထာင္လာ ခဲ့ေသာ ဇနီးေမာင္ႏွံ မ်ားထက္ အရြယ္မတိုင္မီ ေသဆံုးရန္ ႏွစ္ဆ အလားအလာ မ်ားေၾကာင္းကို ေတြ႕ရွိလုိက္ရတာျဖစ္ပါတယ္။

တစ္ကိုယ္တည္းေနသူေတြ ၊ ဇနီးခင္ပြန္းဆံုးပါးသြားသူေတြဟာ သက္ႀကီး ရြယ္အို ဘဝအထိ အသက္မရွည္ႏိုင္သည္႕ အလားအလာ မ်ားျပားပါတယ္။ဒီသက္ေရာက္မႈကေတာ့ က်န္းမာေရးႏွင့္ ညီညြတ္စြာ ျပဳမူေနထိုင္သူမ်ား၊ လူမႈစီးပြားေရး အေျခအေန ေကာင္းမြန္သူ မ်ား၌ ပါေတြ႔ရတတ္ပါတယ္။
လက္မထပ္ဘဲ အတူ ေနထိုင္တဲ့ ပံုစံကို အာ႐ံုစိုက္ ေလ့လာတာဟာ ကေလးေတြ တစ္ၿပံဳႀကီး ေမြးေနသူေတြ အတြက္ အေရးပါတဲ့ ေလ့လာမႈ ျဖစ္လာႏိုင္ပါတယ္။ ဒီလိုပံုစံ ေနထိုင္သူ ေတြဟာ ေစာစီးစြာ ေသဆံုးမႈႏွင့္ ဆက္စပ္ေနတဲ့ အတြက္ စိတ္ပိုင္းဆိုင္ရာ၊ လူမႈေရးဆိုင္ရာ အေထာက္ အပံ့ေတြ ပိုမို ေပးအပ္ သင့္ပါတယ္။ သက္လတ္ပိုင္း အရြယ္မွာ လူမႈေရးအရ တြယ္တာ ေႏွာင္ဖြဲ႕မႈေတြကို ေလ့လာျခင္း အားျဖင့္ အရြယ္မတိုင္မီ ေသဆံုးရတဲ့ အေၾကာင္းရင္း တစ္ခုကို ေတြ႕ရွိ လာရပါတယ္လို႔ သုေတသနမွတ္တမ္းေတြမ်ာ ထည့္သြင္းေဖာ္ျပထားခဲ့ပါတယ္။

Credit: သစ္ထူးလြင္
=======
 Unicode
အိမ်ထောင်ပြုခြင်း က အသက်ရှည်စေတယ်လို့ လေ့လာမှုတစ်ရပ်ဖော်ပြသက်လတ်ပိုင်း ရောက်တဲ့အထိ တည်ငြိမ်တဲ့ သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့နေသူတွေဟာ အရွယ်မတိုင်မီ သေဆုံးနိုင်တဲ့ အလားအလာတွေ ပိုမိုနေတယ်လို့ Duke တက္ကသိုလ် ဆေးပညာဋ္ဌာနရဲ့ လေ့လာမှုမှာ ဖော်ပြထားခဲ့ပါတယ်။

Duke တက္ကသိုလ် သုတေသီတွေကတော့ သုတေသနပြုလုပ်ဖို့အတွက် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့တာပါ။သူတို့အားလုံးကတော့ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။အဲ့သင်တန်းကတော့ ၁၉၄၀ ခုနှစ်များမှာမွေးဖွားခဲ့သူတွေရဲ့ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့်နေခဲ့တဲ့ သင်တန်း တစ်ခုလည်းဖြစ်ပါတယ်။

လက်ထပ်ထိမ်းမြားမှုရဲ့ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာခဲ့ကြရာမှာတော့ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ်ခဲ့တာပါ။ သုတေသနမှာ တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်းကို တွေ့ရှိလိုက်ရတာဖြစ်ပါတယ်။

တစ်ကိုယ်တည်းနေသူတွေ ၊ ဇနီးခင်ပွန်းဆုံးပါးသွားသူတွေဟာ သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားပါတယ်။ဒီသက်ရောက်မှုကတော့ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရတတ်ပါတယ်။
လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်လို့ သုတေသနမှတ်တမ်းတွေမျာ ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

Credit: သစ်ထူးလွင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...