ႏွလံုးက်န္းမာေရး ေကာင္းမြန္ေစမည့္ အေလ့အထ ၁၁ မ်ဳိး

ေလ့လာမႈေတြအရ ႏွလံုးကို က်န္းမာ ဖြံ႕ၿဖိဳးေစမယ့္ အေၾကာင္း အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အနီေရာင္ စားပါ

စေတာ္ဘယ္ရီ၊ ရက္စ္ဘယ္ရီ၊ ဖရဲသီး၊ ခရင္မ္ဘယ္ရီ၊ သလဲသီး၊ ခရမ္းခ်ဥ္သီး၊ အနီေရာင္ င႐ုတ္ေကာင္းမႈန္႔၊ ဝိုင္အနီေရာင္နဲ႔ စပ်စ္သီး အနီေရာင္လို အသီးေတြမွာ လိုင္ကိုပင္း (Lycopene) ေတြ ပါဝင္ၿပီး သစ္သီးအေရာင္ကို ရင့္ေစတဲ့ က႐ိုတီႏိြဳက္ဓာတ္ေတြ ပါဝင္ပါတယ္။ ဒီအစားအစာေတြထဲမွာ စြမ္းအင္ျပည့္ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္ၿပီး ဆဲလ္ေတြ ပ်က္စီးမႈကို ကာကြယ္ေပးႏိုင္ကာ ႏွလံုးက်န္းမာေရးကိုလည္း တိုးတက္ ေကာင္းမြန္ေစပါတယ္။ အင္တီေအာက္ဆီးဒင့္ အျပင္ ဗီတာမင္စီပါ ထပ္ေဆာင္း ပါဝင္တာေၾကာင့္ ႏွလံုးေရာဂါသည္ေတြ အတြက္ အေကာင္းဆံုး အာဟာရပါလို႔ ေလ့လာသူေတြက ဆိုပါတယ္။

၂။ ဟင္းခတ္အေမႊးအႀကိဳင္ သံုးပါ

ဟင္းကို ပိုၿပီး အရသာတိုးေစတဲ့ အျပင္ ဟင္းခတ္ အေမႊးအႀကိဳင္ေတြဟာ တျခားေရာဂါေတြကို တိုက္ထုတ္ေပးႏိုင္တဲ့ အာနိသင္ ရွိပါတယ္။ ကမ႓ာေပၚမွာ ႐ိုးရာဓေလ့ ထံုးတမ္းအရ အသံုးျပဳတတ္တဲ့ ဟင္းခတ္ အေမႊးအႀကိဳင္ေတြ မ်ားစြာ ရွိၾကပါတယ္။ သစ္ႀကံပိုးေခါက္၊ ဇာတိပိၹဳလ္သီး၊ ပင္စိမ္းပင္၊ င႐ုတ္ေကာင္းစတဲ့ ဟင္းခတ္ အေမႊးအႀကိဳင္ေတြ မွီဝဲပါ။

၃။ ပိုေကာင္းတာကို ရွာပါ

အနီေရာင္ဝိုင္နဲ႔ အနက္ေရာင္ ေခ်ာကလက္ ႏွစ္မ်ဳိးစလံုးဟာ ႏွလံုးေသြးေၾကာ ပ်က္စီးတာကို ကာကြယ္ႏိုင္တဲ့ အက်ဳိးေက်းဇူးေတြ ရွိပါတယ္။ ဒါေပမဲ့ ဘာနဲ႔မွ ေရာမထားတဲ့ အနက္ေရာင္ ေခ်ာကလက္ျဖစ္ဖို႔ လိုပါတယ္။ တစ္ေန႔ဝိုင္တစ္ခြက္နဲ႔ ေခ်ာကလက္ တစ္လက္မခြဲ ပတ္လည္ေလာက္ စားေပးပါ။

၄။ လက္ဖက္ရည္ ေသာက္ပါ

Black Tea ဟာ သင့္ႏွလံုးအတြက္ အရမ္းကို ေကာင္းမြန္ေစတယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။ ေန႔စဥ္ပံုမွန္ Black Tea တစ္ခြက္ ေသာက္ရင္ ႏွလံုးေရာဂါနဲ႔ ႐ုတ္တရက္ ႏွလံုးေဖာက္ျပန္မႈေတြကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ ေန႔လည္ေန႔ခင္းမွာ Black Tea တစ္ခြက္ေလာက္ ေသာက္ပါ။

၅။ ကခုန္ပါ

ကခုန္တာေၾကာင့္ ႏွလံုးေသြး လည္ပတ္မႈကို ေကာင္းေစတဲ့ အျပင္ ဖိစီးမႈေတြကိုပါ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ခႏၶာကိုယ္ အေလးခ်ိန္ ထိန္းဖို႔နဲ႔ စိတ္ကို လန္းဆန္းေစဖို႔ အေကာင္းဆံုးနည္းဟာ ကခုန္တဲ့ ေလ့က်င့္ခန္းပါပဲ။

၆။ အိမ္ထဲမွာ ျဖစ္ပါေစ လမ္းေလွ်ာက္ပါ

အေမရိကန္မွာ လူဦးေရ ၅၅ ရာခိုင္ႏႈန္းေလာက္ဟာ အိမ္ထဲမွာ အျမဲတမ္း ထိုင္ေနတာေၾကာင့္ ႏွလံုးေရာဂါနဲ႔ တျခား ေသြးေၾကာဆိုင္ရာ ေရာဂါေတြ ပိုၿပီးျဖစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ထိုင္ေနမယ့္အစား အိမ္ထဲမွာလည္း လမ္းေလွ်ာက္ေပးပါ။ အိမ္မွာ လက္ကိုင္ဖုန္း အစား ႀကိဳးဖုန္းကို သံုးပါ။ တီဗီရီမုဒ္အစား တီဗီကို သြားၿပီးဖြင့္ရတဲ့ ခလုတ္ကိုသံုးပါ။

၇။ ပံုမွန္စစ္ေဆးပါ

ႏွလံုးက်န္းမာေနေစဖို႔ လစဥ္ပံုမွန္ က်န္းမာေရး စစ္ေဆးေပးဖို႔လည္း လိုပါတယ္။ တခ်ဳိ႕ ေလ့က်င့္ခန္းေတြဟာ ႏွလံုးေရာဂါသမားေတြ အတြက္ မျပဳလုပ္သင့္တာေတြ ရွိတယ္ဆိုတာလည္း သိထားဖို႔ လိုပါတယ္။ ပံုမွန္စစ္ေဆးမႈ အေနနဲ႔ ေသြးေပါင္ပံုမွန္ ခ်ိန္တာမ်ဳိး၊ ေသြးတြင္း ကိုလက္စထေရာ စစ္တာမ်ဳိး၊ ႏွလံုးေရာဂါမ်ဳိး႐ိုး ရာဇဝင္ ရွိ၊ မရွိ စတာေတြကို ပံုမွန္စစ္ေဆးဖို႔ လိုပါတယ္။

၈။ ဂ႐ုတစိုက္ရွိပါ

သင္ဟာ ႏွလံုးေရာဂါ ေဝဒနာရွင္ ဆိုရင္ သင့္အတြက္ ေရာဂါအေၾကာင္းကို ေျပာဆိုေဆြးေႏြး တိုင္ပင္ဖို႔ ဆရာဝန္တစ္ဦး လိုအပ္ပါတယ္။ ေသြးဖိအား၊ ေသြးတြင္းသၾကားဓာတ္၊ ကိုလက္စထေရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ခႏၶာကိုယ္ အေလးခ်ိန္နဲ႔ ေဆးဝါးေတြကို အျမဲတမ္း စမ္းသပ္ စစ္ေဆးေပးေနဖို႔ လိုပါတယ္။

၉။ လံုေလာက္စြာ အနားယူပါ

ငါးႏွစ္ၾကာ ေလ့လာမႈအရ ပံုမွန္အိပ္ခ်ိန္ ေျခာက္နာရီခြဲနဲ႔ ခုနစ္နာရီခြဲၾကား ရွိတတ္သူေတြဟာ ႏွလံုးေရာဂါ အႏၲရာယ္ကို ေလ်ာ့နည္း ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ညဘက္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ၿပီး လံုေလာက္တဲ့ အိပ္စက္မႈနဲ႔အတူ ႏိုးထလာဖို႔ လိုအပ္ပါတယ္။

၁၀။ ေပ်ာ္ေပ်ာ္ေနပါ

ႏွလံုးေရာဂါသည္ေတြ အေနနဲ႔ အျပဳသေဘာေဆာင္တဲ့ အေတြးအေခၚနဲ႔အတူ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔ လိုပါတယ္။ မိသားစု၊ လုပ္ငန္းခြင္၊ လူမႈေရးရာေတြရဲ႕ ဖိစီးမႈေတြကို ေက်ာ္လႊားႏိုင္ဖို႔ စိတ္ညစ္စရာေတြကို မေတြးဘဲ ေပ်ာ္ေပ်ာ္ေနပါ။

၁၁။ ခ်စ္သူနဲ႔ ခ်ိန္းေတြ႕ပါ

သင့္ကို ခ်စ္ခင္တဲ့သူေတြ၊ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔ မၾကာခဏေတြ႕ဆံုၿပီး ခံစားခ်က္ေတြကို ရင္ဖြင့္ေျပာဆိုပါ။ ႏွလံုးေရာဂါ ရွိသူေတြ အေနနဲ႔ ပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္မႈကလည္း သင့္က်န္းမာေရးအတြက္ အက်ဳိးရွိေစပါတယ္။ ခ်စ္ခင္သူေတြနဲ႔ အတူ သဘာဝ ေလေကာင္းေလသန္႔ကို ႐ွဴရင္း လမ္းေလွ်ာက္ထြက္ပါ။

Credit: Good Health
======
 Unicode

လေ့လာမှုတွေအရ နှလုံးကို ကျန်းမာ ဖွံ့ဖြိုးစေမယ့် အကြောင်း အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အနီရောင် စားပါ

စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲသီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ်သီး၊ အနီရောင် ငရုတ်ကောင်းမှုန့်၊ ဝိုင်အနီရောင်နဲ့ စပျစ်သီး အနီရောင်လို အသီးတွေမှာ လိုင်ကိုပင်း (Lycopene) တွေ ပါဝင်ပြီး သစ်သီးအရောင်ကို ရင့်စေတဲ့ ကရိုတီနွိုက်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီအစားအစာတွေထဲမှာ စွမ်းအင်ပြည့် အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကာ နှလုံးကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ အင်တီအောက်ဆီးဒင့် အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်တာကြောင့် နှလုံးရောဂါသည်တွေ အတွက် အကောင်းဆုံး အာဟာရပါလို့ လေ့လာသူတွေက ဆိုပါတယ်။

၂။ ဟင်းခတ်အမွှေးအကြိုင် သုံးပါ

ဟင်းကို ပိုပြီး အရသာတိုးစေတဲ့ အပြင် ဟင်းခတ် အမွှေးအကြိုင်တွေဟာ တခြားရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကမ႓ာပေါ်မှာ ရိုးရာဓလေ့ ထုံးတမ်းအရ အသုံးပြုတတ်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ များစွာ ရှိကြပါတယ်။ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီး၊ ပင်စိမ်းပင်၊ ငရုတ်ကောင်းစတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ မှီဝဲပါ။

၃။ ပိုကောင်းတာကို ရှာပါ

အနီရောင်ဝိုင်နဲ့ အနက်ရောင် ချောကလက် နှစ်မျိုးစလုံးဟာ နှလုံးသွေးကြော ပျက်စီးတာကို ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ ဘာနဲ့မှ ရောမထားတဲ့ အနက်ရောင် ချောကလက်ဖြစ်ဖို့ လိုပါတယ်။ တစ်နေ့ဝိုင်တစ်ခွက်နဲ့ ချောကလက် တစ်လက်မခွဲ ပတ်လည်လောက် စားပေးပါ။

၄။ လက်ဖက်ရည် သောက်ပါ

Black Tea ဟာ သင့်နှလုံးအတွက် အရမ်းကို ကောင်းမွန်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ နေ့စဉ်ပုံမှန် Black Tea တစ်ခွက် သောက်ရင် နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံးဖောက်ပြန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် နေ့လည်နေ့ခင်းမှာ Black Tea တစ်ခွက်လောက် သောက်ပါ။

၅။ ကခုန်ပါ

ကခုန်တာကြောင့် နှလုံးသွေး လည်ပတ်မှုကို ကောင်းစေတဲ့ အပြင် ဖိစီးမှုတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန် ထိန်းဖို့နဲ့ စိတ်ကို လန်းဆန်းစေဖို့ အကောင်းဆုံးနည်းဟာ ကခုန်တဲ့ လေ့ကျင့်ခန်းပါပဲ။

၆။ အိမ်ထဲမှာ ဖြစ်ပါစေ လမ်းလျှောက်ပါ

အမေရိကန်မှာ လူဦးရေ ၅၅ ရာခိုင်နှုန်းလောက်ဟာ အိမ်ထဲမှာ အမြဲတမ်း ထိုင်နေတာကြောင့် နှလုံးရောဂါနဲ့ တခြား သွေးကြောဆိုင်ရာ ရောဂါတွေ ပိုပြီးဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ထိုင်နေမယ့်အစား အိမ်ထဲမှာလည်း လမ်းလျှောက်ပေးပါ။ အိမ်မှာ လက်ကိုင်ဖုန်း အစား ကြိုးဖုန်းကို သုံးပါ။ တီဗီရီမုဒ်အစား တီဗီကို သွားပြီးဖွင့်ရတဲ့ ခလုတ်ကိုသုံးပါ။

၇။ ပုံမှန်စစ်ဆေးပါ

နှလုံးကျန်းမာနေစေဖို့ လစဉ်ပုံမှန် ကျန်းမာရေး စစ်ဆေးပေးဖို့လည်း လိုပါတယ်။ တချို့ လေ့ကျင့်ခန်းတွေဟာ နှလုံးရောဂါသမားတွေ အတွက် မပြုလုပ်သင့်တာတွေ ရှိတယ်ဆိုတာလည်း သိထားဖို့ လိုပါတယ်။ ပုံမှန်စစ်ဆေးမှု အနေနဲ့ သွေးပေါင်ပုံမှန် ချိန်တာမျိုး၊ သွေးတွင်း ကိုလက်စထရော စစ်တာမျိုး၊ နှလုံးရောဂါမျိုးရိုး ရာဇဝင် ရှိ၊ မရှိ စတာတွေကို ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

၈။ ဂရုတစိုက်ရှိပါ

သင်ဟာ နှလုံးရောဂါ ဝေဒနာရှင် ဆိုရင် သင့်အတွက် ရောဂါအကြောင်းကို ပြောဆိုဆွေးနွေး တိုင်ပင်ဖို့ ဆရာဝန်တစ်ဦး လိုအပ်ပါတယ်။ သွေးဖိအား၊ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရော၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ခန္ဓာကိုယ် အလေးချိန်နဲ့ ဆေးဝါးတွေကို အမြဲတမ်း စမ်းသပ် စစ်ဆေးပေးနေဖို့ လိုပါတယ်။

၉။ လုံလောက်စွာ အနားယူပါ

ငါးနှစ်ကြာ လေ့လာမှုအရ ပုံမှန်အိပ်ချိန် ခြောက်နာရီခွဲနဲ့ ခုနစ်နာရီခွဲကြား ရှိတတ်သူတွေဟာ နှလုံးရောဂါ အန္တရာယ်ကို လျော့နည်း စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်ပြီး လုံလောက်တဲ့ အိပ်စက်မှုနဲ့အတူ နိုးထလာဖို့ လိုအပ်ပါတယ်။

၁၀။ ပျော်ပျော်နေပါ

နှလုံးရောဂါသည်တွေ အနေနဲ့ အပြုသဘောဆောင်တဲ့ အတွေးအခေါ်နဲ့အတူ ပျော်ပျော်နေတတ်ဖို့ လိုပါတယ်။ မိသားစု၊ လုပ်ငန်းခွင်၊ လူမှုရေးရာတွေရဲ့ ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ စိတ်ညစ်စရာတွေကို မတွေးဘဲ ပျော်ပျော်နေပါ။

၁၁။ ချစ်သူနဲ့ ချိန်းတွေ့ပါ

သင့်ကို ချစ်ခင်တဲ့သူတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ မကြာခဏတွေ့ဆုံပြီး ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုပါ။ နှလုံးရောဂါ ရှိသူတွေ အနေနဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှုကလည်း သင့်ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ ချစ်ခင်သူတွေနဲ့ အတူ သဘာဝ လေကောင်းလေသန့်ကို ရှူရင်း လမ်းလျှောက်ထွက်ပါ။

Credit: Good Health

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...