“ေဟ်ာင့္ သားႀကီး မေန႕က မင္းဖုန္းငါဆက္ေသးတယ္ စက္ပိတ္ထားတယ္တဲ႔ ဘာျဖစ္လို႕လဲဟ”
“ေၾသာ္ ဒါလား မေန႕က ငါရယ္ ငါ့ေဆာ္ရယ္ တည္းခိုခန္းမွာေရာက္ေနလို႕ ပိတ္ထားလိုက္တာ”
“ဟာ သားႀကီး စြံလွခ်ည္လား မင္းသူ႕ကို ခိုးေျပးလိုက္တာေပါ့”
“မင္းကလည္း ေဝးလိုက္တာ ဒီေခတ္ႀကီးထဲ ေဆာ္ကိုေခၚၿပီး တည္းခိုခန္းသြားေနတာေတြ တစ္ပံုႀကီးပါကြ”
“ဟာ အဲ႔လိုမဟုတ္ဘူးေလ ဒါဆိုမင္းညက အဲ႔မွာ ေကာင္မေလးနဲ႔ ဘာေတြမ်ားလုပ္ေနလို႕……”
“သားႀကီး မင္းေတာ္ေတာ္ ထူတာပဲ ႏွစ္ေယာက္တည္းဆိုမွေတာ့ ဘာလုပ္မလဲဟ လင္မယားလုပ္တာေဟ့ ဟုတ္ပလား”
“ဟာ မင္းသူ႕ကို ယူမွာေပါ့”
“ေရာ္ …ခက္ပီ သားႀကီးရာ ရည္းစားထားပါတယ္ဆို အဆင္မေျပရင္ျပတ္ေပါ့ ဖူးစာပါရင္ျငားေပါ့ဒါပဲရွိတာ ငါမေျဖတတ္ဘူး”
“ဟင္ မင္းကလည္း တာဝန္မယူခ်င္တဲ႕သေဘာေပါ့”
“ဒီေခတ္ႀကီးထဲမွာေလ ေယာက္်ားေလးတစ္ေယာက္ ေတာ္ကီ ႀကြယ္ရင္ မိန္းမလွေလးေတြ body ဝယ္စရာေတာင္မလိုဘူးကြ”
“မိန္းကေလးက ဘယ္ေက်နပ္နိုင္မလဲကြ ဘဝနဲ႔ရင္းရတာ”
“ဟား အခုေခတ္က ကြန္ဒံုးက လိုသံုးျဖစ္သလို မိန္းမဆိုတာလည္း ေငြေပးရင္ ေက်ေအးတတ္ပါတယ္ကြာ…”
“သူကမင္းကို တကယ္ခ်စ္လို႔ ဒီေလာက္ထိေပးဆပ္တာျဖစ္မွာပါ ကြာ မင္းသူ႕ကို ယူလိုက္ပါ”
“ယူစရာလားဟ မေန႕ညကပဲ သူ႕ကို တာေဆး ဝယ္ေပးၿပီးသား သူနဲ႔ငါလက္ထပ္ဖို႕ကေဝးႀကီး ဒီလို အညွာလြယ္ေနမွေတာ့ ဘယ္ၾကာမလဲ ေဖာက္ျပန္မွာေပါ့ဟ”
“အဲ႔လိုလည္း မေတြးနဲ႔ေလ မင္းလည္းသူ႕ခ်စ္လို႕ သူနဲ႔တူတူေနတာ သူကလည္းမင္းကို တကယ္ခ်စ္လို႔ ယံုလို႕ ေပးဆပ္တာဆိုရင္ေကာ”
“သားႀကီး ဟာသေတြလာမျပနဲ႕ ငါစိတ္မဝင္စားဘူး အထာက်တဲ႔ေဆာ္ေတြတစ္ပံုႀကီး သူမျပတ္လည္း ငါျပတ္တဲ႔ခါ ေနာက္တစ္ေယာက္ေပါ့ကြ”
“ဒါဆို သူအတြက္ မင္းဘက္က မေသခ်ာဘူးေပါ့”
“ထားပါေတာ့ သားႀကီးရာ သူလည္းတာေဆးနဲ႔အဆင္ေျပေနေလာက္ပီ မင္္းနဲ႔ငါ ဝါးတီးသြားဆြဲစို႕ ေနာက္မွ မင္းတရားဆက္ေဟာ”
“ေၾသာ္ …မင္းကေတာ့ သူ႕အတြက္ တားေဆးေပးခဲ႔တာ သူအတြက္ အရွက္တရားကေတာ့ တားေဆးမရွိဘူးကြ ”
➡ဒီလိုနဲ႕ သူတုိ႕ အတူတူ ထမင္းစားရင္း ခဏၾကာ ……⏰
‘သားႀကီး မင္းမွာ ညီမ မရွိဘူးလား”
“ညီမလည္းမရွိဘူး အမလည္းမရွိဘူး ဘာလဲ မင္းက ေစာနက ဟာကို ငါ့ ဝဋ္လိုက္မွာစိုးရိမ္ေနတာလား”
“ဝဋ္ဆိုတာ လည္စျမဲပဲေလ”
“ဟား ငါ့မွာေမာင္ႏွမ မရွိဘူး အဲ႔ေတာ့ ဘာဝဋ္မွလည္မလဲ ကိုယ့္ကံနဲ႔ကိုယ္ ေဆာ္ၾကည္တာ မနာလိုမျဖစ္ပါနဲ႕ ကြာ ဟက္ဟက္;;”
“ေအးပါကြာ……”
👉ေယာက္်ားေလးဘက္က တစ္သက္မွာ ေဆာ္ဘယ္ႏွေယာက္ထားထား မ်က္ႏွာမ်ားတဲ႔ စကားကို ဂုဏ္ပုဒ္တစ္ခုလို႕ ထင္ေနၿပီး အထည္အလဲတြဲတတ္သလို တစ္ခ်ိဳ႕က ေရၾကည္ ေရေနာက္ ေသာက္ျမည္းတတ္ၿပီး ဘဝဖ်က္ဆီးတတ္သည့္ virus တစ္ခုလို ရြံဖို႕ေကာင္းသည္။😪
“ကို ခ်စ္ကို ပစ္မသြားနဲ႔ေနာ္ ကို႕အလိုက် အကုန္ျဖစ္ေစရမယ္”
“ေအးပါခ်စ္ရယ္ ပစ္ဘူးေနာ္ ခ်စ္ကိုခ်စ္လို႔ ဒီအဆင့္ထိ ကိုစြန္႕စားခဲ႔တာေပါ့ ”
“ေရာ့ တားေဆးေလး တစ္ပတ္တစ္ခါေသာက္ေနာ္ “😪
“ဟုတ္ကိုကို ခ်စ္ဗိုက္မေပၚဖို႕ တားေဆးရွိတယ္ ကိုပစ္သြားတဲ႔အခါ ခ်စ္အရွက္ရတာ တားေဆးမရွိဘူးေနာ္ အရွက္နဲ႔လူလုပ္ေနရတာပါ ခ်စ္တုိ႔က”😪
“ေအးပါကြာ ခ်စ္တယ္ေနာ……”
သူငယ္ခ်င္းႏွစ္ေယာက္မေတြ႔ျဖစ္တာ ရက္အနည္းငယ္အၾကာတြင္⏰⏰
“တူ……တူ”☎
“ေအး သားႀကီးေျပာ”
“သားႀကီး ငါ ဟုိေဆာ္ နဲ႔ျပတ္သြားၿပီ ”
“ေဟ ဟုတ္လား ဘာျဖစ္ၾကတာလဲ”
“ေအး သူက အရင္က ရည္းစားရွိခဲ႔ဖူးတယ္ဟ”
“ဒါကေတာ့ မင္းလည္းတူတူပဲဟာ”
“အာ မင္းကလည္း သူလို အညွာလြယ္ပံုနဲ႕ သူမ်ားစားၿပီးသားႀကီး ငါမယူခ်င္ပါဘူး”
“ဟာ သားႀကီး တစ္ဖက္သက္ဆန္တာ မင္းေျပာတာက”
“သူကေတာ့ ဘာမွမျဖစ္ခဲ႔ဘူးေျပာေပမယ့္ ငါကေတာ့ အခ်ိဳသပ္ၿပီး ျဖတ္လိုက္တယ္ ”
“ေသခ်ာစဉ္းစားပါဦး ဟိုက မိန္းကေလးေလ ေတြးၾကည့္စမ္းပါကြ မင္းေဆာ္ၾကည့္ရတာ အဲ႔လိုထဲကဟုတ္ပါဘူး ရိုးရိုးေလးပါ”
“ငါမသိဘူးအဲ႔ဒါေတြ ေအး အဲ႔အေၾကာင္းေျပာတာ ဘာေျပာေျပာ မဆက္ေတာ့ဘူးျပတ္ၿပီ အခုေတာင္ ေနာင္တရတယ္ ”
“ေအးပါကြာ မင္းကံေပါ့ ဝဋ္ဆိုတာ မၾကာဘူးေနာ္”
“ဝဋ္……ထားပါေတာ့ ဒါပဲေနာ္ ဖုန္းခ်ပီ”
👉ႏွစ္အေတာ္ ၾကာေတာ့ သူအိမ္ေထာင္က်သြားတယ္။ ေနာက္ေတာ့ သူ႕မွာ သမီးေလးေမြးလာခဲ႔တယ္။ တျဖည္းျဖည္း သမီးေလးအရြယ္ေရာက္လာေတာ့ ဒီေကာင္ ေရႊလိုဥၿပီး တန္ဖိုးရွိတဲ႔ ေက်ာက္ မ်က္ ရတနာထက္ ဂရုစိုက္ကာ သာယာတဲအိမ္ေထာင္ေရးေလးပိုင္ဆိုင္ေနပါတယ္။
👉ကိုယ့္ဟာက် တုန္ေနေအာင္ႏွေမ်ာတတ္တဲ႔ ဖခင္ေမတၱာနဲ႔ ကုန္ေနေအာင္ ခ်စ္ျပေနတယ္။ သမီးကညာ အပ်ိဳေပါက္ျဖစ္ၿပီး တစ္ေန႕ေတာ့ စစ္ပြဲႀကီးတစ္ခု ႀကံဳလိုက္ရတယ္။😪
“ငါ့ေကာင္ႀကီး မင္းကို မေတြ႕တာၾကာလို႔ အိမ္ထိလိုက္လာခဲ႔တာ ေနမွေကာင္းလားလို႕”
“ငါအိမ္ထဲအိမ္ျပင္ကို မထြက္ရဲလို႕ပါကြာ”(မ်က္ႏွာပ်က္လ်က္)
“ဟာ မ်က္ႏွာလည္းမေကာင္းပါလား ဘာျဖစ္တာလဲဟ”
“သားႀကီး မင္းေျပာတာမွန္တယ္ကြာ” (ဖက္ၿပီး ငိုသည္)
“မင္းကလည္း အေၾကာင္းရင္းလည္းငါ့ေျပာပါဦးဟ”
“ဒီလိုပါေတာ္ သူ႕သမီး မွာ ဗိုက္ရေနလို႔ေလ ”
“ဟာ ဟုတ္လား မင္းကလည္း ေစာေစာစီးစီး ေျမးခ်ီရေတာ့မယ္ဟာ ဝမ္းသာရမယ္ေလ”
“မဟုတ္ဘူး မဟုတ္ဘူး” (ကေယာက္ေခ်ာက္ခ်ား)
“ေဟ ဘာလဲဟ ေျပာျပပါကြာ”
“ငါ့သမီးေလး ငါ့ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ ေနလာခဲ႔တာ ခုအသက္၁၈ႏွစ္ ထိပါမင္းသိပါတယ္”
“ဒါေပမယ့္ကြာ မေန႕က ေက်ာင္းကအျပန္ သူေနမေကာင္းဘူးဆိုၿပီး အိပ္ေနတာ ငါတို႕လဲ ဘာမွန္းမသိရလို႕ ဆရာဝန္ေခၚစစ္မွ……ကိုယ္ ကိုယ္ဝန္တဲ႔ကြာ ဟီးးး”
“ဟာ မင္းေျပာတဲ့ တား တားေဆးေရာ”
“မေနာက္ပါနဲ႕ ကြာ ငါ့သမီးကိုေမးတယ္”
“ေအးေျပာေလ”
“သူတို႕အရမ္းခ်စ္တာတဲ႔ အဲ႔ဒါနဲ႕ လိုက္ေလ်ာေပးလိုက္မိတာပါ တဲ႔ တားေဆးမသံုးလိုက္မိဘူး သူ႕ေကာင္ေလးက ရတယ္ဆိုလို႕တဲ႔ကြာ”
“ေဟ သူ႕ေကာင္ေလးဘယ္မွာလဲ ေျပာမျပဘူးလား”
“အဲ႔ေကာင္ /ေတာက္!! ဟိုေန႕ကပဲ ခရီးထြက္သြားတယ္တဲ႔ကြာ”
“ျပန္လာမွာပါ ျပန္လာေတာ့ေအးေဆးေျပာျပေပါ့
မဟုတ္ဘူး မဟုတ္ဘူး ကြာ သူကငါ့သမီူးကို အေပ်ာ္ႀကံတာ ငါသိတယ ္ ငါျပန္ဝဋ္လည္တာ ဟူးး!!!;;;”😪
“မဟုတ္ပါဘူး စိတ္ေအးေအးထားပါကြ မင့္သမီးေရာ ”
“သူအရမ္းရွက္ေနတယ္ မစားမေသာက္နဲ ဖ်ားေနတယ္ ”
“မင္းသမီးေလးကို ဂရုစိုက္ပါကြာ မင္လည္းဂရုစိုက္ဦး”
“ငါရွက္တယ္ ကြာ ငါအရမ္းရွက္တယ္ ငါ့အသိုင္းအဝိုင္းထဲမွာ ဘယ္လိုမ်က္နွာျပရမလဲ သမီးမိုက္ ငါ့မ်ကိႏွာကို အိုးမဲသုတ္တယ္ ေတာက္!!”//😪
“ဟာ မင္းအဲ႔လိုေျပာထြက္တယ္ေနာ္ ဒီမွာ ေဟ်ာင့္ မင္းရက္စက္စြာ ေျခြခ်ခဲ႔တဲ့ ပန္းေလးေတြတုန္းက မင္းနင္းေခ်ၿပီး လႊင့္ပစ္ခဲ႔ေသးတာပဲ အခုမင္းအလွည့္က်ေတာ့ မင္းက ေျကြပန္းျဖစ္မွာေၾကာက္လို႔ ေရေလာင္းေပါင္းသင္ေနေသာ္လည္း ေျကြသြားတဲ႔ပန္းျဖစ္ေတာ့ မင္းက နာက်င္တတ္ၿပီးေပါ့ေနာ္ မင္းေျပာဖူးတယ္ေလ တားေဆးရွိရင္ ၿပီးတယ္ဆို”
“ငါသိပါၿပီကြာ ငါ့မွာ ေမာင္ႏွမ မရွိေပမယ့္ ငါ့သားသမီးနဲ႔က်မွ ဝဋ္လည္ရတယ္ ငါသိပါၿပီ ငါနားလည္ပါၿပီကြာ ”
“အရွက္တရားမွာ တားေဆးမရွိဘူး တစ္သက္လံုး ငါဒီစကား ငါ့နားမွာ ၾကားလို႔ ငါေနာင္တရပါၿပီကြာ ;;(ငိုေနလ်က္)😭
➡ဒီေခတ္ႀကီးဝယ္ အရွက္တရားကို တန္ဖိုးမဲ႕ေသာအေတြးနဲ႔ ေဝးေဝးမွာ ထားတတ္ၾကလို႔ မိန္းမလွေလးေတြ ဘဝပ်က္ ကာ လမ္းမေပၚကဘဝေတြကို ပိုင္ဆိုင္ၾကရသည္။
ထို႕ေၾကာင့္ 💦💦
👉လူတစ္ေယာက္အတြက္ အရွက္တရားမွာ တားေဆးမရွိ။
သိကၡာမဲ႔ သူဟာ ဘဝနိမ့္က်မႈအတြက္ ရာႏႈန္းတစ္ဝက္ ေသခ်ာေနပါၿပီ။
အဆင္ေျပၾကပါေစ……
#စာအေရးအသားေလးေတြႀကိဳက္လို႔_Copy_Paste_လုပ္ထားတာ_
www.apannpyay.com
===============
Unicode>>>
“ဟျောင့် သားကြီး မနေ့က မင်းဖုန်းငါဆက်သေးတယ် စက်ပိတ်ထားတယ်တဲ့ ဘာဖြစ်လို့လဲဟ”
“သြော် ဒါလား မနေ့က ငါရယ် ငါ့ဆော်ရယ် တည်းခိုခန်းမှာရောက်နေလို့ ပိတ်ထားလိုက်တာ”
“ဟာ သားကြီး စွံလှချည်လား မင်းသူ့ကို ခိုးပြေးလိုက်တာပေါ့”
“မင်းကလည်း ဝေးလိုက်တာ ဒီခေတ်ကြီးထဲ ဆော်ကိုခေါ်ပြီး တည်းခိုခန်းသွားနေတာတွေ တစ်ပုံကြီးပါကွ”
“ဟာ အဲ့လိုမဟုတ်ဘူးလေ ဒါဆိုမင်းညက အဲ့မှာ ကောင်မလေးနဲ့ ဘာတွေများလုပ်နေလို့……”
“သားကြီး မင်းတော်တော် ထူတာပဲ နှစ်ယောက်တည်းဆိုမှတော့ ဘာလုပ်မလဲဟ လင်မယားလုပ်တာဟေ့ ဟုတ်ပလား”
“ဟာ မင်းသူ့ကို ယူမှာပေါ့”
“ရော် …ခက်ပီ သားကြီးရာ ရည်းစားထားပါတယ်ဆို အဆင်မပြေရင်ပြတ်ပေါ့ ဖူးစာပါရင်ငြားပေါ့ဒါပဲရှိတာ ငါမဖြေတတ်ဘူး”
“ဟင် မင်းကလည်း တာဝန်မယူချင်တဲ့သဘောပေါ့”
“ဒီခေတ်ကြီးထဲမှာလေ ယောက်ျားလေးတစ်ယောက် တော်ကီ ကြွယ်ရင် မိန်းမလှလေးတွေ body ဝယ်စရာတောင်မလိုဘူးကွ”
“မိန်းကလေးက ဘယ်ကျေနပ်နိုင်မလဲကွ ဘဝနဲ့ရင်းရတာ”
“ဟား အခုခေတ်က ကွန်ဒုံးက လိုသုံးဖြစ်သလို မိန်းမဆိုတာလည်း ငွေပေးရင် ကျေအေးတတ်ပါတယ်ကွာ…”
“သူကမင်းကို တကယ်ချစ်လို့ ဒီလောက်ထိပေးဆပ်တာဖြစ်မှာပါ ကွာ မင်းသူ့ကို ယူလိုက်ပါ”
“ယူစရာလားဟ မနေ့ညကပဲ သူ့ကို တာဆေး ဝယ်ပေးပြီးသား သူနဲ့ငါလက်ထပ်ဖို့ကဝေးကြီး ဒီလို အညှာလွယ်နေမှတော့ ဘယ်ကြာမလဲ ဖောက်ပြန်မှာပေါ့ဟ”
“အဲ့လိုလည်း မတွေးနဲ့လေ မင်းလည်းသူ့ချစ်လို့ သူနဲ့တူတူနေတာ သူကလည်းမင်းကို တကယ်ချစ်လို့ ယုံလို့ ပေးဆပ်တာဆိုရင်ကော”
“သားကြီး ဟာသတွေလာမပြနဲ့ ငါစိတ်မဝင်စားဘူး အထာကျတဲ့ဆော်တွေတစ်ပုံကြီး သူမပြတ်လည်း ငါပြတ်တဲ့ခါ နောက်တစ်ယောက်ပေါ့ကွ”
“ဒါဆို သူအတွက် မင်းဘက်က မသေချာဘူးပေါ့”
“ထားပါတော့ သားကြီးရာ သူလည်းတာဆေးနဲ့အဆင်ပြေနေလောက်ပီ မင််းနဲ့ငါ ဝါးတီးသွားဆွဲစို့ နောက်မှ မင်းတရားဆက်ဟော”
“သြော် …မင်းကတော့ သူ့အတွက် တားဆေးပေးခဲ့တာ သူအတွက် အရှက်တရားကတော့ တားဆေးမရှိဘူးကွ ”
➡ဒီလိုနဲ့ သူတို့ အတူတူ ထမင်းစားရင်း ခဏကြာ ……⏰
‘သားကြီး မင်းမှာ ညီမ မရှိဘူးလား”
“ညီမလည်းမရှိဘူး အမလည်းမရှိဘူး ဘာလဲ မင်းက စောနက ဟာကို ငါ့ ဝဋ်လိုက်မှာစိုးရိမ်နေတာလား”
“ဝဋ်ဆိုတာ လည်စမြဲပဲလေ”
“ဟား ငါ့မှာမောင်နှမ မရှိဘူး အဲ့တော့ ဘာဝဋ်မှလည်မလဲ ကိုယ့်ကံနဲ့ကိုယ် ဆော်ကြည်တာ မနာလိုမဖြစ်ပါနဲ့ ကွာ ဟက်ဟက်;;”
“အေးပါကွာ……”
👉ယောက်ျားလေးဘက်က တစ်သက်မှာ ဆော်ဘယ်နှယောက်ထားထား မျက်နှာများတဲ့ စကားကို ဂုဏ်ပုဒ်တစ်ခုလို့ ထင်နေပြီး အထည်အလဲတွဲတတ်သလို တစ်ချို့က ရေကြည် ရေနောက် သောက်မြည်းတတ်ပြီး ဘဝဖျက်ဆီးတတ်သည့် virus တစ်ခုလို ရွံဖို့ကောင်းသည်။😪
“ကို ချစ်ကို ပစ်မသွားနဲ့နော် ကို့အလိုကျ အကုန်ဖြစ်စေရမယ်”
“အေးပါချစ်ရယ် ပစ်ဘူးနော် ချစ်ကိုချစ်လို့ ဒီအဆင့်ထိ ကိုစွန့်စားခဲ့တာပေါ့ ”
“ရော့ တားဆေးလေး တစ်ပတ်တစ်ခါသောက်နော် “😪
“ဟုတ်ကိုကို ချစ်ဗိုက်မပေါ်ဖို့ တားဆေးရှိတယ် ကိုပစ်သွားတဲ့အခါ ချစ်အရှက်ရတာ တားဆေးမရှိဘူးနော် အရှက်နဲ့လူလုပ်နေရတာပါ ချစ်တို့က”😪
“အေးပါကွာ ချစ်တယ်နော……”
သူငယ်ချင်းနှစ်ယောက်မတွေ့ဖြစ်တာ ရက်အနည်းငယ်အကြာတွင်⏰⏰
“တူ……တူ”☎
“အေး သားကြီးပြော”
“သားကြီး ငါ ဟိုဆော် နဲ့ပြတ်သွားပြီ ”
“ဟေ ဟုတ်လား ဘာဖြစ်ကြတာလဲ”
“အေး သူက အရင်က ရည်းစားရှိခဲ့ဖူးတယ်ဟ”
“ဒါကတော့ မင်းလည်းတူတူပဲဟာ”
“အာ မင်းကလည်း သူလို အညှာလွယ်ပုံနဲ့ သူများစားပြီးသားကြီး ငါမယူချင်ပါဘူး”
“ဟာ သားကြီး တစ်ဖက်သက်ဆန်တာ မင်းပြောတာက”
“သူကတော့ ဘာမှမဖြစ်ခဲ့ဘူးပြောပေမယ့် ငါကတော့ အချိုသပ်ပြီး ဖြတ်လိုက်တယ် ”
“သေချာစဉ်းစားပါဦး ဟိုက မိန်းကလေးလေ တွေးကြည့်စမ်းပါကွ မင်းဆော်ကြည့်ရတာ အဲ့လိုထဲကဟုတ်ပါဘူး ရိုးရိုးလေးပါ”
“ငါမသိဘူးအဲ့ဒါတွေ အေး အဲ့အကြောင်းပြောတာ ဘာပြောပြော မဆက်တော့ဘူးပြတ်ပြီ အခုတောင် နောင်တရတယ် ”
“အေးပါကွာ မင်းကံပေါ့ ဝဋ်ဆိုတာ မကြာဘူးနော်”
“ဝဋ်……ထားပါတော့ ဒါပဲနော် ဖုန်းချပီ”
👉နှစ်အတော် ကြာတော့ သူအိမ်ထောင်ကျသွားတယ်။ နောက်တော့ သူ့မှာ သမီးလေးမွေးလာခဲ့တယ်။ တဖြည်းဖြည်း သမီးလေးအရွယ်ရောက်လာတော့ ဒီကောင် ရွှေလိုဥပြီး တန်ဖိုးရှိတဲ့ ကျောက် မျက် ရတနာထက် ဂရုစိုက်ကာ သာယာတဲအိမ်ထောင်ရေးလေးပိုင်ဆိုင်နေပါတယ်။
👉ကိုယ့်ဟာကျ တုန်နေအောင်နှမျောတတ်တဲ့ ဖခင်မေတ္တာနဲ့ ကုန်နေအောင် ချစ်ပြနေတယ်။ သမီးကညာ အပျိုပေါက်ဖြစ်ပြီး တစ်နေ့တော့ စစ်ပွဲကြီးတစ်ခု ကြုံလိုက်ရတယ်။😪
“ငါ့ကောင်ကြီး မင်းကို မတွေ့တာကြာလို့ အိမ်ထိလိုက်လာခဲ့တာ နေမှကောင်းလားလို့”
“ငါအိမ်ထဲအိမ်ပြင်ကို မထွက်ရဲလို့ပါကွာ”(မျက်နှာပျက်လျက်)
“ဟာ မျက်နှာလည်းမကောင်းပါလား ဘာဖြစ်တာလဲဟ”
“သားကြီး မင်းပြောတာမှန်တယ်ကွာ” (ဖက်ပြီး ငိုသည်)
“မင်းကလည်း အကြောင်းရင်းလည်းငါ့ပြောပါဦးဟ”
“ဒီလိုပါတော် သူ့သမီး မှာ ဗိုက်ရနေလို့လေ ”
“ဟာ ဟုတ်လား မင်းကလည်း စောစောစီးစီး မြေးချီရတော့မယ်ဟာ ဝမ်းသာရမယ်လေ”
“မဟုတ်ဘူး မဟုတ်ဘူး” (ကယောက်ချောက်ချား)
“ဟေ ဘာလဲဟ ပြောပြပါကွာ”
“ငါ့သမီးလေး ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာ နေလာခဲ့တာ ခုအသက်၁၈နှစ် ထိပါမင်းသိပါတယ်”
“ဒါပေမယ့်ကွာ မနေ့က ကျောင်းကအပြန် သူနေမကောင်းဘူးဆိုပြီး အိပ်နေတာ ငါတို့လဲ ဘာမှန်းမသိရလို့ ဆရာဝန်ခေါ်စစ်မှ……ကိုယ် ကိုယ်ဝန်တဲ့ကွာ ဟီးးး”
“ဟာ မင်းပြောတဲ့ တား တားဆေးရော”
“မနောက်ပါနဲ့ ကွာ ငါ့သမီးကိုမေးတယ်”
“အေးပြောလေ”
“သူတို့အရမ်းချစ်တာတဲ့ အဲ့ဒါနဲ့ လိုက်လျောပေးလိုက်မိတာပါ တဲ့ တားဆေးမသုံးလိုက်မိဘူး သူ့ကောင်လေးက ရတယ်ဆိုလို့တဲ့ကွာ”
“ဟေ သူ့ကောင်လေးဘယ်မှာလဲ ပြောမပြဘူးလား”
“အဲ့ကောင် /တောက်!! ဟိုနေ့ကပဲ ခရီးထွက်သွားတယ်တဲ့ကွာ”
“ပြန်လာမှာပါ ပြန်လာတော့အေးဆေးပြောပြပေါ့
မဟုတ်ဘူး မဟုတ်ဘူး ကွာ သူကငါ့သမီူးကို အပျော်ကြံတာ ငါသိတယ ် ငါပြန်ဝဋ်လည်တာ ဟူးး!!!;;;”😪
“မဟုတ်ပါဘူး စိတ်အေးအေးထားပါကွ မင့်သမီးရော ”
“သူအရမ်းရှက်နေတယ် မစားမသောက်နဲ ဖျားနေတယ် ”
“မင်းသမီးလေးကို ဂရုစိုက်ပါကွာ မင်လည်းဂရုစိုက်ဦး”
“ငါရှက်တယ် ကွာ ငါအရမ်းရှက်တယ် ငါ့အသိုင်းအဝိုင်းထဲမှာ ဘယ်လိုမျက်နှာပြရမလဲ သမီးမိုက် ငါ့မျကိနှာကို အိုးမဲသုတ်တယ် တောက်!!”//😪
“ဟာ မင်းအဲ့လိုပြောထွက်တယ်နော် ဒီမှာ ဟျောင့် မင်းရက်စက်စွာ ခြွေချခဲ့တဲ့ ပန်းလေးတွေတုန်းက မင်းနင်းချေပြီး လွှင့်ပစ်ခဲ့သေးတာပဲ အခုမင်းအလှည့်ကျတော့ မင်းက ကြွေပန်းဖြစ်မှာကြောက်လို့ ရေလောင်းပေါင်းသင်နေသော်လည်း ကြွေသွားတဲ့ပန်းဖြစ်တော့ မင်းက နာကျင်တတ်ပြီးပေါ့နော် မင်းပြောဖူးတယ်လေ တားဆေးရှိရင် ပြီးတယ်ဆို”
“ငါသိပါပြီကွာ ငါ့မှာ မောင်နှမ မရှိပေမယ့် ငါ့သားသမီးနဲ့ကျမှ ဝဋ်လည်ရတယ် ငါသိပါပြီ ငါနားလည်ပါပြီကွာ ”
“အရှက်တရားမှာ တားဆေးမရှိဘူး တစ်သက်လုံး ငါဒီစကား ငါ့နားမှာ ကြားလို့ ငါနောင်တရပါပြီကွာ ;;(ငိုနေလျက်)😭
➡ဒီခေတ်ကြီးဝယ် အရှက်တရားကို တန်ဖိုးမဲ့သောအတွေးနဲ့ ဝေးဝေးမှာ ထားတတ်ကြလို့ မိန်းမလှလေးတွေ ဘဝပျက် ကာ လမ်းမပေါ်ကဘဝတွေကို ပိုင်ဆိုင်ကြရသည်။
ထို့ကြောင့် 💦💦
👉လူတစ်ယောက်အတွက် အရှက်တရားမှာ တားဆေးမရှိ။
သိက္ခာမဲ့ သူဟာ ဘဝနိမ့်ကျမှုအတွက် ရာနှုန်းတစ်ဝက် သေချာနေပါပြီ။
အဆင်ပြေကြပါစေ……
#စာအရေးအသားလေးတွေကြိုက်လို့_Copy_Paste_လုပ်ထားတာ_
www.apannpyay.com
Home
/
ဗဟုသုတအစံု
/
ဘ၀ႏွင္႔အခ်စ္က႑
/
ေယာက္်ားေလးတစ္ေယာက္ ေတာ္ကီ ႀကြယ္ရင္ မိန္းမလွေလးေတြ BODY ဝယ္စရာေတာင္မလိုဘူးကြ
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment