အိမ္သာတက္တဲ႔ အခ်ိန္မွာေတာင္ အလွည့္က် မိဘုရားမ်ားက တစ္ပါတည္းလိုက္ပါရ
မင္းတုန္းမင္းၾကီးဟာ အရွင္ဘုရင္ဆိုေပမယ္႔ ေအးေအးေဆးေဆး ဇိမ္ခံေနတာမ်ိဳး မဟုတ္ဘဲ သူ႔ခ်ိန္ဇယားနဲ႔သူ အလုပ္အလုပ္လုပ္ေနခဲ႔တာကို ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။မနက္ေစာေစာ ၅ နာရီခြဲေလာက္မွာ အိပ္ရာကထတယ္ ။ အျပင္မထြက္ခင္ အလွည့္က် မိဖုရားမ်ားက သလြန္ေတာ္ေအာက္ကေန တစ္ကိုယ္လံုးကို ဆီေတာ္မ်ားနဲ႔ ပြတ္လိမ္းေပးရတယ္ ။ ေခါင္းလိမ္းဆီ ၊ ကိုယ္လိမ္းဆီ ဆိုျပီး နွစ္မ်ိဳးခြဲျခားထားျပီး နွစ္မ်ိဳးစလံုးဟာစပါယ္ ျမတ္ေလး စတဲ႔ သင္းပ်ံ ႔ေမႊးၾကိဳင္တဲ႔ အဖိုးတန္ဆီမ်ားျဖစ္ၾကတယ္ ။ ေရမခ်ိဳးလို႔ မျဖစ္တဲ႔ အေၾကာင္းကိစၥေတြကလြဲျပီး မင္းတုန္းမင္းၾကီးဟာ
ေရခ်ိဳးေလ့မရွိဘူးတဲ႔ ။ ေရအစား ဆီေတြနဲ႔ ပြတ္လိမ္းျပီး တစ္ကိုယ္လံုးမွာ ရွိတဲ႔ ေခ်းေညာ္မ်ားနဲ႔
မေကာင္းတဲ့ အနံ ႔အသက္ေတြကို သုတ္သင္တာျဖစ္မယ္ထင္ပါတယ္။
ၿပီးေတာ႔နာရီ၀က္ခန္႔ ၾကာေအာင္ ကိုယ္မွာ ဆီေတြလိမ္းျပိး ကတုိးမွဳန္ ႔မ်ားနဲ႔ ပြတ္လိမ္းတာကိုခံပါတယ္။
အလွည့္က် ပ်ိဳေတာ္မ်ားက မင္းၾကိီးက်န္းမာေရးအတြက္ အနွိပ္ေတာ္ ဆက္ၾကရပါတယ္ ။
အနွိပ္ခံျပီးေနာက္မွာ အိမ္သာေတာ္၀င္ပါတယ္။ အိမ္သာတက္ေနတဲ႔ အခ်ိန္မွာ အလွည့္က် မိဘုရားမ်ားက တစ္ပါတည္းလိုက္ပါရာျပီး ေထာက္လွမ္းခ်က္ရေသာစကားမ်ား ၊ အလိုေတာ္ ေမးေတာ္ရွိေသာ စကား
မ်ားကို ျပန္လည္ေလွ်ာက္ထားရန္ျဖစ္ပါတယ္။
အိမ္သာမွထြက္လာတဲ႔ အခါ နန္းေတာ္ဦး အေရွ ႔ပိုင္းမွာ သားေတာ္မ်ားက မ်က္နွာသစ္ေရဆက္ၾက
ရပါတယ္ ။
မ်က္နွာသစ္ၿပီးနာက္မွာ ဆံေတာ္ရွင္းတယ္ ( ေခါင္းျဖီးတယ္ ) ။ နန္းမယ္ေတာ္မိဖုရားေခါင္ၾကီး (စၾကာၤေဒ၀ီ) ရွိစဥ္အခါက ေန႔စဥ္ေခါင္းျဖီးေပးရတယ္တဲ႔ ။ မိဖုုရားၾကီး ကြန္လြန္ျပီးတဲ႔ ေနာက္ပိုင္း ကိုယ္တိုင္ဖီးပါတယ္ ။ ဘယ္သူ႔ကိုမွ မခိုင္း ၊ ဘယ္သူကိုမွ သူ႔ဦးေခါင္းကို ကိုင္ခြင္႔ မျပဳ ၊ ဘယ္သူ ႔ကိုမွ မယံု။
ၿပီးေတာ႔မွ ၀တ္ေတာ္လဲ ျပီး ဘုရားၾကည္ညိဳ ( ရွိခိုး ) တယ္ ။
နံနက္ ၈ နာရီခန္႔ အေရာက္မွာ နံက္စာစားတယ္ ။ နံက္နက္စာ စားေနစဥ္မွာ သမီးေတာ္မ်ားက နေဘးနားမွေနျပီး အလွည့္က် ကမၼဌာန္း ရြတ္ဖတ္ေပးၾကရတယ္။
နံနက္ ၉ နာရီခန္႔အေရာက္ ညီလာခံ မွာ အသင္႔ ေစာင္႔ ေနျပိီျဖစ္တဲ့ မွဴးေတာ္ မတ္ေတာ္မ်ားကို
ေတာင္နန္းေတာ္ေရႊေဆာင္ဦးမွာ အေတြ ႔ခံတယ္ ။ အဲဒီ ညီလာခံမွာ ပထမဆံုး အေ၀းကေၾကးနန္းစာ၊
ေလွ်ာက္တင္စာ ၊ ဆရာေတာ္တို႔ သြင္းစာမ်ားဖတ္ၾကားတာကို နားေထာင္တယ္ ။ အေ၀းကေရာက္လာတဲ့ေျခလ်ုင္ေတာ္ ၊ ျမင္းလ်င္ေတာ္ ၊ ေလွလွ်င္ေတာ္ ၊ ဓာတ္စီးေတာ္တို႔ရဲ႕ ထြက္ဆိုခ်က္မ်ားကို နားေထာင္ျပီး မွတ္တမ္းးတင္ေစတယ္။ တင္ေလ်ွာက္ခ်က္မ်ားကို နားေထာင္ျပီး ေပၚေပါက္ေနတဲ႔ နိဳင္ငံေရး အျခင္းအရာမ်ားကို ေဆြးေႏြး ေျဖရွင္းျပီး ညီလာခံသိမ္းတယ္။
ညီလာခံ ကြဲျပီးေနာက္မွာ နန္းေတာ္ ေနာက္ပိုင္းကို၀င္ျပီး မိဖုုရားမ်ား သမီးေတာ္မ်ားနဲ႔ ေတြ ႔ကာ ေမးသင္႔ တာေမး ၊ ေဆြးေႏြးသင္႔ တာေဆြးေႏြးတယ္ ။ သတင္းထူး ၊ အေၾကာင္းထူး မရွိရင္ ေတာင္နန္းေတာ္ မွာ စာၾကည့္တယ္။
ေန႔လည္ တစ္နာရီေလာက္မွာ ေတာင္နန္းေတာ္မွာပဲ အခ်ိဳပြဲသံုးေဆာင္တယ္ ။ ျပီးရင္ ဗိုလ္ရွဳခံ ထြက္ေတာ္ မူတယ္ ။ ဗိုလ္ရွဳခံရာမွာေတာ႔ လက္ရုံးဘက္ သက္ဆိုင္ရာ အရာရွိခ်ည္းသက္သက္ျဖစ္ျပီး အမိန္႔ေတာ္ မွတ္ရန္နဲ႔ အမိန္႔ေတာ္ျပန္ရန္အတြက္ျဖစ္ပါတယ္။ ကုန္းေၾကာင္း ေရေၾကာင္း ရာဇဌာနီျမိဳ ႔ေစာင္႔ ၊
အေ၀းျမိဳ ႔ေစာင့္နဲ႔ တပ္ေျပာင္းတပ္လႊဲတို႔ အေၾကာင္းကို အထူးေဆြးေႏြးတယ္။
ဗိုလ္ရွဳခံျပီးေနာက္ မွာ ေတာင္နန္းေတာ္ ေနာက္ပိုင္းကို၀င္ျပီး စာၾကည့္ျပန္တယ္။
ညေနေလးနာရီေလာက္မွာ ေတာင္နန္းေတာ္မွာဘဲ ညစာစားပါတယ္။
၅ နာရီေလာက္မွာ နံ႔သာျဖဴနန္းေတာ္ကိုကူးျပီး သီးျခားခန္ ႔ထားတဲ႔အေထာက္ေတာ္မ်ားကို အေတြ႕ခံတယ္။
ေထာက္လွမ္းခ်က္မ်ားကို လက္ခံတယ္ ။ အဲဒီေထာက္လွန္းခ်က္ေတြကို သင္႔ေတာ္တဲ႔ မွဴးမတ္မ်ားကို
ခန္႔အပ္ျပီး တိတ္တဆိတ္ ထပ္မံစံုစမ္းေစတယ္ ။ အေရးယူသင့္တဲ႔ကိစၥ အေၾကာင္းအရာမ်ားကို နံနက္ ညီလာခံမွာ ေဆြးေႏြး အေရးယူတယ္။
ညေန ၆ နာရီေလာက္မွာ နံ႔သာျဖဴ နန္းေတာ္ကေန ေရႊနန္းေတာ္ ဦးကိုကူးျပီး ညညီလာခံမွာ အဆင္သင့္
ေစာင့္ေနၾကတဲ႔ မွဴးၾကီး မတ္ၾကီးမ်ားကို အေတြ ႔ခံတယ္ ။
ညညီလာခံ ကြဲျပီးေနာက္မွာ ေရႊနန္းေတာ္အေနာက္ပိုင္း၀င္ျပီး ဆင္ျဖဴရွင္မ မိဖုရားေဆာင္မွာ အခ်ိဳပြဲ သံုးေဆာင္တယ္ ။ အခ်ိဳပြဲတည္ျပီးေနာက္ မွာ ၀တ္လဲေတာ္ မ်ားလဲျပီး စက္ေတာ္ေခၚျမဲ အခန္းေတြကို ၀င္တယ္။ စက္ေတာ္ေခၚတဲ႔ အခန္းမွာ အလွည့္က်မိန္းမစာေတာ္ဖတ္မ်ား စာဖတ္တာကို နားေထာင္တယ္။
ဥပုသ္ေန႔ေတြ မွာ ရံုးပိတ္ျပီး အလွည့္က် ဆရေတာ္မ်ားရဲ ႔တရားမ်ားကို နာယူမွတ္သားတယ္။
မင္းတုန္းမင္းရဲ ႔ အေထာက္ေတာ္ မ်ားမ်ားခန္႔ အပ္ထားပံုမွာ စိတ္၀င္စားဖို႔ ေကာင္းလွတယ္။
အေ၀းျမိဳ႕မ်ားတြက္ တစ္မ်ိဳး ၊ ရာဇဌာနီအတြတြက္တစ္မ်ိဳးထားတယ္္။ အဲဒီ အေထာက္ေတာ္ေတြကို ထင္ရွားတဲ႔အဖြဲ ႔နဲ႔ မထင္မရွား ေထာက္လွန္းေရးအဖြဲ ႔ဆိုျပီး ဖြဲ ႔ထားေပးတယ္။ မထင္မရွားအေထာက္ေတာ္ မ်ားထဲမွာ ဆရာသံဃာေတာ္ ၊ မိဖုရား ၊ သားေတာ္ ၊ သမီးေတာ္ ၊ အပ်ိဳေတာ္ ၊ အရာရွိၾကီး အရာရွိငယ္ ၊ အစုၾကီးမွဳထမ္း ၊ အစုေသးမွဳထမ္း ၊ အစုနုမွဳထမ္း ၊ ဖိုးသူေတာ္ ၊ မယ္သီလရွင္ ၊ သမားေတာ္ ၊ အနွိပ္ေတာ္ ၊ ဆတၱာသည္စတာေတြပါ၀င္ပါတယ္ ။
ရာဇဌာနီ မွာေထာက္လွမ္းရတဲ႔ အေထာက္ေတာ္ေတြထဲမွာ အိမ္ေရွ ႔စံ ကေနာင္မင္းအိမ္ကို ေထာက္လွမ္း ရတဲ႔ အေထာက္ေတာ္မ်ားလည္းပါ၀င္တယ္လို႔ ဆိုပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ မင္းတုန္းမင္းၾကီးဟာ
သူ ႔ကိုထီးနန္းရေအာင္ ကူညီေပးခဲ႔တဲ႔ ကေနာင္မင္းသားကို အိမ္ေရွ ႔အရာအပ္နွင္းထားေပမယ္႔ စိတ္ခ်
ယံုၾကည္မွဳ မရွိေၾကာင္းေပၚလြင္ပါတယ္။
မင္းတုန္းမင္းရဲ ႔ခ်စ္လွစြာေသာ သမီးေတာ္ျဖစ္တဲ႔ စုဖုရားလတ္ဟာလည္း အလယ္နန္းမိဖုရား ဆင္ျဖဴရွင္မ
ေဆာင္ေတာ္မွာအေထာက္ေတာ္ ျဖစ္ပါတယ္တဲ႔ ။ သူနဲ႔အတူ တစ္ခ်ိန္လံုးလိုက္ပါခစားေနတဲ႔ ဆင္ျဖဴရွင္မ ကိုလည္း မယံုျပန္ပါဘူး။
သရစိမ္းမိဖုရားကို ဘ႑ာစိုး စာရင္းကိုင္အျဖစ္ခန္႔ အပ္ထားတယ္ ။ မိဖုရားမ်ား ၊ မင္းသား မင္းသမီးမ်ားနဲ႔ ဆိုင္တဲ ႔ေရႊေငြ ေက်ာက္သံပထၳျမားစာရင္း ၊ အထည္လိပ္နဲ႔ ပစၥည္းေတြထားတဲ႔ အခန္း စတာေတြ တာ၀န္ ယူရပါတယ္ ။ ဘ႑ာစိုးျဖစ္တဲ႔ သရစိမ္းမိဖုုရားဟာ ညဘက္ အေဆာင္ျပန္အိပ္ခြင္႔ မရဘဲ အရွင္ဘုရင္ စက္ေတာ္ေခၚရာအခန္း သလြန္ေတာ္ေျခရင္းမွာ သမီးေတာ္မိုင္းလံု ျမိဳ ႔စားနဲ႔ အတူအိပ္ရတယ္တဲ႔ ။ ဘ႑ာစိုးဆိုေတာ႔ မ်က္စိေအာက္ကေန အေပ်ာက္မခံတာလားမသိဘူး။
ဆရာမၾကီး မၾကန္ရဲ ႔ ” မင္းတုန္းမင္းၾကီးဘာေတြလုပ္ ” ေဆာင္းပါးမွ ေကာက္နဳတ္ထားတာ ျဖစ္ပါတယ္ ။
.
Share From ကေနာင္
============
Unicode>>>
မင်းတုန်းမင်းကြီးဟာ အရှင်ဘုရင်ဆိုပေမယ့် အေးအေးဆေးဆေး ဇိမ်ခံနေတာမျိုး မဟုတ်ဘဲ သူ့ချိန်ဇယားနဲ့သူ အလုပ်အလုပ်လုပ်နေခဲ့တာကို ချီးကျူးဖို့ ကောင်းပါတယ်။
မနက်စောစော ၅ နာရီခွဲလောက်မှာ အိပ်ရာကထတယ် ။ အပြင်မထွက်ခင် အလှည့်ကျ မိဖုရားများက သလွန်တော်အောက်ကနေ တစ်ကိုယ်လုံးကို ဆီတော်များနဲ့ ပွတ်လိမ်းပေးရတယ် ။ ခေါင်းလိမ်းဆီ ၊ ကိုယ်လိမ်းဆီ ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး နှစ်မျိုးစလုံးဟာစပါယ် မြတ်လေး စတဲ့ သင်းပျံ ့မွှေးကြိုင်တဲ့ အဖိုးတန်ဆီများဖြစ်ကြတယ် ။ ရေမချိုးလို့ မဖြစ်တဲ့ အကြောင်းကိစ္စတွေကလွဲပြီး မင်းတုန်းမင်းကြီးဟာ
ရေချိုးလေ့မရှိဘူးတဲ့ ။ ရေအစား ဆီတွေနဲ့ ပွတ်လိမ်းပြီး တစ်ကိုယ်လုံးမှာ ရှိတဲ့ ချေးညော်များနဲ့
မကောင်းတဲ့ အနံ ့အသက်တွေကို သုတ်သင်တာဖြစ်မယ်ထင်ပါတယ်။
ပြီးတော့နာရီဝက်ခန့် ကြာအောင် ကိုယ်မှာ ဆီတွေလိမ်းပြိး ကတိုးမှုန် ့များနဲ့ ပွတ်လိမ်းတာကိုခံပါတယ်။
အလှည့်ကျ ပျိုတော်များက မင်းကြိီးကျန်းမာရေးအတွက် အနှိပ်တော် ဆက်ကြရပါတယ် ။
အနှိပ်ခံပြီးနောက်မှာ အိမ်သာတော်ဝင်ပါတယ်။ အိမ်သာတက်နေတဲ့ အချိန်မှာ အလှည့်ကျ မိဘုရားများက တစ်ပါတည်းလိုက်ပါရာပြီး ထောက်လှမ်းချက်ရသောစကားများ ၊ အလိုတော် မေးတော်ရှိသော စကား
များကို ပြန်လည်လျှောက်ထားရန်ဖြစ်ပါတယ်။
အိမ်သာမှထွက်လာတဲ့ အခါ နန်းတော်ဦး အရှေ ့ပိုင်းမှာ သားတော်များက မျက်နှာသစ်ရေဆက်ကြ
ရပါတယ် ။
မျက်နှာသစ်ပြီးနာက်မှာ ဆံတော်ရှင်းတယ် ( ခေါင်းဖြီးတယ် ) ။ နန်းမယ်တော်မိဖုရားခေါင်ကြီး (စကြာင်္ဒေဝီ) ရှိစဉ်အခါက နေ့စဉ်ခေါင်းဖြီးပေးရတယ်တဲ့ ။ မိဖုုရားကြီး ကွန်လွန်ပြီးတဲ့ နောက်ပိုင်း ကိုယ်တိုင်ဖီးပါတယ် ။ ဘယ်သူ့ကိုမှ မခိုင်း ၊ ဘယ်သူကိုမှ သူ့ဦးခေါင်းကို ကိုင်ခွင့် မပြု ၊ ဘယ်သူ ့ကိုမှ မယုံ။
ပြီးတော့မှ ဝတ်တော်လဲ ပြီး ဘုရားကြည်ညို ( ရှိခိုး ) တယ် ။
နံနက် ၈ နာရီခန့် အရောက်မှာ နံက်စာစားတယ် ။ နံက်နက်စာ စားနေစဉ်မှာ သမီးတော်များက နဘေးနားမှနေပြီး အလှည့်ကျ ကမ္မဌာန်း ရွတ်ဖတ်ပေးကြရတယ်။
နံနက် ၉ နာရီခန့်အရောက် ညီလာခံ မှာ အသင့် စောင့် နေပြိီဖြစ်တဲ့ မှူးတော် မတ်တော်များကို
တောင်နန်းတော်ရွှေဆောင်ဦးမှာ အတွေ ့ခံတယ် ။ အဲဒီ ညီလာခံမှာ ပထမဆုံး အဝေးကကြေးနန်းစာ၊
လျှောက်တင်စာ ၊ ဆရာတော်တို့ သွင်းစာများဖတ်ကြားတာကို နားထောင်တယ် ။ အဝေးကရောက်လာတဲ့ခြေလျုင်တော် ၊ မြင်းလျင်တော် ၊ လှေလျှင်တော် ၊ ဓာတ်စီးတော်တို့ရဲ့ ထွက်ဆိုချက်များကို နားထောင်ပြီး မှတ်တမ်းးတင်စေတယ်။ တင်လျှောက်ချက်များကို နားထောင်ပြီး ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အခြင်းအရာများကို ဆွေးနွေး ဖြေရှင်းပြီး ညီလာခံသိမ်းတယ်။
ညီလာခံ ကွဲပြီးနောက်မှာ နန်းတော် နောက်ပိုင်းကိုဝင်ပြီး မိဖုုရားများ သမီးတော်များနဲ့ တွေ ့ကာ မေးသင့် တာမေး ၊ ဆွေးနွေးသင့် တာဆွေးနွေးတယ် ။ သတင်းထူး ၊ အကြောင်းထူး မရှိရင် တောင်နန်းတော် မှာ စာကြည့်တယ်။
နေ့လည် တစ်နာရီလောက်မှာ တောင်နန်းတော်မှာပဲ အချိုပွဲသုံးဆောင်တယ် ။ ပြီးရင် ဗိုလ်ရှုခံ ထွက်တော် မူတယ် ။ ဗိုလ်ရှုခံရာမှာတော့ လက်ရုံးဘက် သက်ဆိုင်ရာ အရာရှိချည်းသက်သက်ဖြစ်ပြီး အမိန့်တော် မှတ်ရန်နဲ့ အမိန့်တော်ပြန်ရန်အတွက်ဖြစ်ပါတယ်။ ကုန်းကြောင်း ရေကြောင်း ရာဇဌာနီမြို ့စောင့် ၊
အဝေးမြို ့စောင့်နဲ့ တပ်ပြောင်းတပ်လွှဲတို့ အကြောင်းကို အထူးဆွေးနွေးတယ်။
ဗိုလ်ရှုခံပြီးနောက် မှာ တောင်နန်းတော် နောက်ပိုင်းကိုဝင်ပြီး စာကြည့်ပြန်တယ်။
ညနေလေးနာရီလောက်မှာ တောင်နန်းတော်မှာဘဲ ညစာစားပါတယ်။
၅ နာရီလောက်မှာ နံ့သာဖြူနန်းတော်ကိုကူးပြီး သီးခြားခန် ့ထားတဲ့အထောက်တော်များကို အတွေ့ခံတယ်။
ထောက်လှမ်းချက်များကို လက်ခံတယ် ။ အဲဒီထောက်လှန်းချက်တွေကို သင့်တော်တဲ့ မှူးမတ်များကို
ခန့်အပ်ပြီး တိတ်တဆိတ် ထပ်မံစုံစမ်းစေတယ် ။ အရေးယူသင့်တဲ့ကိစ္စ အကြောင်းအရာများကို နံနက် ညီလာခံမှာ ဆွေးနွေး အရေးယူတယ်။
ညနေ ၆ နာရီလောက်မှာ နံ့သာဖြူ နန်းတော်ကနေ ရွှေနန်းတော် ဦးကိုကူးပြီး ညညီလာခံမှာ အဆင်သင့်
စောင့်နေကြတဲ့ မှူးကြီး မတ်ကြီးများကို အတွေ ့ခံတယ် ။
ညညီလာခံ ကွဲပြီးနောက်မှာ ရွှေနန်းတော်အနောက်ပိုင်းဝင်ပြီး ဆင်ဖြူရှင်မ မိဖုရားဆောင်မှာ အချိုပွဲ သုံးဆောင်တယ် ။ အချိုပွဲတည်ပြီးနောက် မှာ ဝတ်လဲတော် များလဲပြီး စက်တော်ခေါ်မြဲ အခန်းတွေကို ဝင်တယ်။ စက်တော်ခေါ်တဲ့ အခန်းမှာ အလှည့်ကျမိန်းမစာတော်ဖတ်များ စာဖတ်တာကို နားထောင်တယ်။
ဥပုသ်နေ့တွေ မှာ ရုံးပိတ်ပြီး အလှည့်ကျ ဆရတော်များရဲ ့တရားများကို နာယူမှတ်သားတယ်။
မင်းတုန်းမင်းရဲ ့ အထောက်တော် များများခန့် အပ်ထားပုံမှာ စိတ်ဝင်စားဖို့ ကောင်းလှတယ်။
အဝေးမြို့များတွက် တစ်မျိုး ၊ ရာဇဌာနီအတွတွက်တစ်မျိုးထားတယ််။ အဲဒီ အထောက်တော်တွေကို ထင်ရှားတဲ့အဖွဲ ့နဲ့ မထင်မရှား ထောက်လှန်းရေးအဖွဲ ့ဆိုပြီး ဖွဲ ့ထားပေးတယ်။ မထင်မရှားအထောက်တော် များထဲမှာ ဆရာသံဃာတော် ၊ မိဖုရား ၊ သားတော် ၊ သမီးတော် ၊ အပျိုတော် ၊ အရာရှိကြီး အရာရှိငယ် ၊ အစုကြီးမှုထမ်း ၊ အစုသေးမှုထမ်း ၊ အစုနုမှုထမ်း ၊ ဖိုးသူတော် ၊ မယ်သီလရှင် ၊ သမားတော် ၊ အနှိပ်တော် ၊ ဆတ္တာသည်စတာတွေပါဝင်ပါတယ် ။
ရာဇဌာနီ မှာထောက်လှမ်းရတဲ့ အထောက်တော်တွေထဲမှာ အိမ်ရှေ ့စံ ကနောင်မင်းအိမ်ကို ထောက်လှမ်း ရတဲ့ အထောက်တော်များလည်းပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မင်းတုန်းမင်းကြီးဟာ
သူ ့ကိုထီးနန်းရအောင် ကူညီပေးခဲ့တဲ့ ကနောင်မင်းသားကို အိမ်ရှေ ့အရာအပ်နှင်းထားပေမယ့် စိတ်ချ
ယုံကြည်မှု မရှိကြောင်းပေါ်လွင်ပါတယ်။
မင်းတုန်းမင်းရဲ ့ချစ်လှစွာသော သမီးတော်ဖြစ်တဲ့ စုဖုရားလတ်ဟာလည်း အလယ်နန်းမိဖုရား ဆင်ဖြူရှင်မ
ဆောင်တော်မှာအထောက်တော် ဖြစ်ပါတယ်တဲ့ ။ သူနဲ့အတူ တစ်ချိန်လုံးလိုက်ပါခစားနေတဲ့ ဆင်ဖြူရှင်မ ကိုလည်း မယုံပြန်ပါဘူး။
သရစိမ်းမိဖုရားကို ဘဏ္ဍာစိုး စာရင်းကိုင်အဖြစ်ခန့် အပ်ထားတယ် ။ မိဖုရားများ ၊ မင်းသား မင်းသမီးများနဲ့ ဆိုင်တဲ ့ရွှေငွေ ကျောက်သံပထ္ထမြားစာရင်း ၊ အထည်လိပ်နဲ့ ပစ္စည်းတွေထားတဲ့ အခန်း စတာတွေ တာဝန် ယူရပါတယ် ။ ဘဏ္ဍာစိုးဖြစ်တဲ့ သရစိမ်းမိဖုုရားဟာ ညဘက် အဆောင်ပြန်အိပ်ခွင့် မရဘဲ အရှင်ဘုရင် စက်တော်ခေါ်ရာအခန်း သလွန်တော်ခြေရင်းမှာ သမီးတော်မိုင်းလုံ မြို ့စားနဲ့ အတူအိပ်ရတယ်တဲ့ ။ ဘဏ္ဍာစိုးဆိုတော့ မျက်စိအောက်ကနေ အပျောက်မခံတာလားမသိဘူး။
ဆရာမကြီး မကြန်ရဲ ့ ” မင်းတုန်းမင်းကြီးဘာတွေလုပ် ” ဆောင်းပါးမှ ကောက်နုတ်ထားတာ ဖြစ်ပါတယ် ။
.
Share From ကနောင်
0 comments :
Post a Comment