“အေလာင္းကုိ စေတြ႔တဲ့ေနရာမွာေတာ့ ပက္လက္အေနအထား အေနာက္ဘက္ကုိ ေျချပဳၿပီး အေရွ႕ဘက္ကုိ ေခါင္းေပါ့။ ပက္လက္ အေနအထားနဲ႔ ရင္ဘတ္မွာ ဓားဒဏ္ရာနဲ႔၊ ေက်ာကုန္းမွာ ဓားဒဏ္ရာနဲ႔ အက်ႌက အတြင္းခံတထည္၊ အေပၚကတထည္၊ အေပၚက အေႏြးထည္တထည္ ေအာက္က ေဘာင္းဘီရွည္ နဂုိပုံစံအတုိင္းပဲ မုဒိမ္းျပဳက်င့္ထားတဲ့အေနအထား မရွိပါဘူး”လို႔ ျမစ္ႀကီးနားအမွတ္(၂) ရဲစခန္းမွဴး ဦးဆန္းဦးက DVB သတင္းဌာနရဲ႕ ေမးၾကားခ်က္ကုိ ျပန္လည္ေျဖၾကားခဲ့ပါတယ္။
အသက္ခံရတဲ့ ေသဆံုးသူ သူနာျပဳဆရာမက အသက္ ၂၄ ႏွစ္အရြယ္ မလီဆန္ပန္ဆိုသူျဖစ္ၿပီး ျမစ္ႀကီးနားၿမိဳ႕မွာ အေဒၚျဖစ္သူနဲ႔ ေနထုိင္ၿပီး သူ႔ေမာင္၀မ္းကြဲရဲ့ အိမ္ဆုိင္မွာ ဆုိင္ေစာင့္ရင္း အသတ္ခံခဲ့ရတာလုိ႔ ဆုိပါတယ္။
ဒီအမႈကုိ ျမစ္ႀကီးနားနယ္ေျမရဲစခန္းကေန အမႈႀကီးအမွတ္စဥ္ ၁/၂၀၁၇၊(ပ)၂၅/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္အေရးယူထားၿပီး အမႈမွန္ေပၚေပါက္ေရးအတြက္ ေဆာင္ရြက္ေနတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ရဲစခန္းကေန သိရပါတယ္။
ေသဆုံးသူ မလိဆန္ပန္က ဗန္ေမာ္ သူနာျပဳ ေက်ာင္းဆင္းျဖစ္ၿပီး အရင္က သူနာျပဳတာဝန္ထမ္းေဆာင္ခဲ့ဖူးသူတစ္ဦးျဖစ္ကာ လက္ရွိအခ်ိန္မွာေတာ့ ဒီအလုပ္ကို ဆက္လက္လုပ္ကိုင္တာ မရွိေတာ့ဘူးလို႔ ေသဆုံးသူနဲ႔ နီးစပ္သူေတြထံကေန သိရပါတယ္။
Source & Photos : DVB
=============
Unicode>>>
မြစ်ကြီးနားမြို့၊ကြက်ပေါင်ခြံရပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက သူနာပြုဆရာမ အမျိုးသမီးငယ်တစ်ဦးကို နေအိမ်ဆိုင်ထဲကိုဝင်ပြီး ဓါးနဲ့ ၁၉ ချက်ပေါင်းများစွာ ထိုးသတ်သွားမှုကို လူတစ်ယောက်တည်းက ပြုလုပ်သွားခဲ့တာလို့ သိရပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အနေအထားမရှိဘူးလို့ သိရပါတယ်။
“အလောင်းကို စတွေ့တဲ့နေရာမှာတော့ ပက်လက်အနေအထား အနောက်ဘက်ကို ခြေပြုပြီး အရှေ့ဘက်ကို ခေါင်းပေါ့။ ပက်လက် အနေအထားနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာနဲ့၊ ကျောကုန်းမှာ ဓားဒဏ်ရာနဲ့ အကျႌက အတွင်းခံတထည်၊ အပေါ်ကတထည်၊ အပေါ်က အနွေးထည်တထည် အောက်က ဘောင်းဘီရှည် နဂိုပုံစံအတိုင်းပဲ မုဒိမ်းပြုကျင့်ထားတဲ့အနေအထား မရှိပါဘူး”လို့ မြစ်ကြီးနားအမှတ်(၂) ရဲစခန်းမှူး ဦးဆန်းဦးက DVB သတင်းဌာနရဲ့ မေးကြားချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
အသက်ခံရတဲ့ သေဆုံးသူ သူနာပြုဆရာမက အသက် ၂၄ နှစ်အရွယ် မလီဆန်ပန်ဆိုသူဖြစ်ပြီး မြစ်ကြီးနားမြို့မှာ အဒေါ်ဖြစ်သူနဲ့ နေထိုင်ပြီး သူ့မောင်ဝမ်းကွဲရဲ့ အိမ်ဆိုင်မှာ ဆိုင်စောင့်ရင်း အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒီအမှုကို မြစ်ကြီးနားနယ်မြေရဲစခန်းကနေ အမှုကြီးအမှတ်စဉ် ၁/၂၀၁၇၊(ပ)၂၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ မြစ်ကြီးနားမြို့နယ်ရဲစခန်းကနေ သိရပါတယ်။
သေဆုံးသူ မလိဆန်ပန်က ဗန်မော် သူနာပြု ကျောင်းဆင်းဖြစ်ပြီး အရင်က သူနာပြုတာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကာ လက်ရှိအချိန်မှာတော့ ဒီအလုပ်ကို ဆက်လက်လုပ်ကိုင်တာ မရှိတော့ဘူးလို့ သေဆုံးသူနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
Source & Photos : DVB
0 comments :
Post a Comment