ကခ်င္အမ်ဳိးသားညီလာခံက်င္းပေနသည့္ မေနာကြင္းကုိ ရဲမ်ား ဝင္ေရာက္စီးနင္း

ကခ်င္အမ်ဳိးသားညီလာခံက်င္းပေနသည့္ မေနာကြင္းကုိ ရဲမ်ား ဝင္ေရာက္စီးနင္း
၁၆ ေဖေဖာ္ဝါရီ ျမစ္ႀကီးနား
ကခ်င္အမ်ဳိးသားညီလာခံ က်င္းပေနတဲ့ ျမစ္ႀကီးနားၿမိဳ႕ မေနာကြင္းကုိ ရဲတပ္ဖြဲ႔ေတြ အင္အားအမ်ားအျပားနဲ႔ ဒီေန႔မနက္ ၈ နာရီေလာက္ကတည္းက လာေရာက္စီးနင္း ပိတ္ပင္ထားလုိက္ပါတယ္။
ဒီကေန႔ ေဖေဖာ္ဝါရီ ၁၆ နဲ႔ ၁၇ ရက္ေန႔ေတြမွာ စတင္က်င္းပေနတဲ့ ကခ်င္အမ်ဳိးသားညီလာခံက်င္းပရာ ခန္းမထဲကုိ ေရာက္ေနတဲ့သူေတြ အျပင္ထြက္လုိ႔မရသလုိ အျပင္မွာရွိေနသူေတြလည္း အထဲဝင္မရ ျဖစ္ေနတယ္လုိ႔ မေနာကြင္းေရွ႕ ပိတ္ခံရတဲ့ ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ေဒၚခြန္ဂ်ာက ေျပာပါတယ္။
“က်မတုိ႔ ဝင္းေပါက္ဝကုိလည္း ပိတ္ထားလုိက္တယ္။ လုပ္မယ့္ မႂကြယ္ခန္းမကုိလည္း တံခါးေပါက္ကို ပိတ္ထားလုိက္ေတာ့ က်မတုိ႔ ဝင္းထဲမွာ အေယာက္ ၂၀၀ ေလာက္ ပိတ္မိေနတယ္ရွင္။ အျပင္မွာလည္း ညီလာခံလာတက္ဖုိ႔ လာတဲ့ဧည့္သည္ေတြလည္း မဝင္ရဘူးေပါ့။ ၈ နာရီခြဲေလာက္မွာ ပိတ္လုိက္တဲ့အခါက်ေတာ့ ဝင္းထဲဝင္းျပင္ ၂ ဖြဲ႔ကြဲေနတယ္ရွင္။ တခ်ဳိ႕ေခါင္းေဆာင္ေတြကုိေတာ့ ဝင္ခြင့္ျပဳလုိက္တယ္။ အခု က်င္းပေရးေကာ္မတီေတြ အစည္းအေဝးလုပ္ေနပါတယ္ရွင္။”
ကခ်င္အမ်ဳိးသားညီလာခံကို ကခ်င္လူမ်ဳိးေတြရဲ႕ အျမင့္ဆုံးအဖြဲ႔အစည္းျဖစ္တဲ့ ကခ်င္အတုိင္ပင္ခံအဖြဲ႔ကေန ဦးေဆာင္က်င္းပတာျဖစ္ၿပီး ဒီညီလာခံဟာ ၂၁ ရာစု ပင္လုံညီလာခံအတြက္ အႀကိဳျပင္ဆင္ေရးျဖစ္သလုိ ၂၁ ရာစု ပင္လုံတက္ဖုိ႔ လူေရြးခ်ယ္ဖုိ႔ စီစဥ္ထားတဲ့ပြဲ ျဖစ္တယ္လုိ႔လည္း ေဒၚခြန္ဂ်ာက ေျပာပါတယ္။
ဒီညီလာခံက်င္းပမယ့္ မႂကြယ္ခန္းမကုိ အစုိးရတာဝန္ရွိသူေတြ ခြင့္မျပဳဘူးလုိ႔ လြန္ခဲ့တဲ့ ရက္ပုိင္းက ေျပာဆုိၿပီး အခု ကြင္းတခုလုံးကုိ ပိတ္လုိက္တာလုိ႔လည္း ေျပာပါတယ္။
“ခြင့္မျပဳဘူးဆုိတာ ညီလာခံမလုပ္နဲ႔ေတာ့လုိ႔ မေျပာဘူး။ ဒါေပမယ့္ ညီလာခံလုပ္မယ့္ ဒီကြင္းကုိ ဝင္စီးလုိက္တဲ့ သေဘာျဖစ္တယ္။ က်မတုိ႔ကေတာ့ မေန႔ ေန႔လယ္အထိကေတာ့ အဆင္ေျပလုိ႔ က်မတုိ႔ လုပ္ဖုိ႔အတြက္ က်မလည္း ရန္ကုန္ကေန တက္လာတာပါ။ က်မတုိ႔ ရန္ကုန္က ကုိယ္စားလွယ္ေတာင္မွ အားလုံးေပါင္း ၅၀ ေလာက္ရွိပါတယ္။ မႂကြယ္ခန္းမကုိ ေလာေလာဆယ္ ခြင့္မျပဳဘူး၊ ဒါေပမယ့္ ေလာေလာဆယ္ ဝင္းထဲကုိလည္း ဝင္ခြင့္မျပဳဘူးျဖစ္တယ္။”
ဒီညီလာခံတက္ဖုိ႔ ျမန္မာႏုိင္ငံ ေဒသအသီးသီးက ကခ်င္အမ်ဳိးသားကုိယ္စားလွယ္ ၆၀၀ ကုိ ဖိတ္ၾကားထားၿပီး ကြင္းထဲမွာ၂၀၀ ေလာက္ ေရာက္ရွိေနတာ ျဖစ္ပါတယ္။
Credit : DVB
 Unicode>>>
ကချင်အမျိုးသားညီလာခံကျင်းပနေသည့် မနောကွင်းကို ရဲများ ဝင်ရောက်စီးနင်း
၁၆ ဖေဖော်ဝါရီ မြစ်ကြီးနား
ကချင်အမျိုးသားညီလာခံ ကျင်းပနေတဲ့ မြစ်ကြီးနားမြို့ မနောကွင်းကို ရဲတပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ဒီနေ့မနက် ၈ နာရီလောက်ကတည်းက လာရောက်စီးနင်း ပိတ်ပင်ထားလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ စတင်ကျင်းပနေတဲ့ ကချင်အမျိုးသားညီလာခံကျင်းပရာ ခန်းမထဲကို ရောက်နေတဲ့သူတွေ အပြင်ထွက်လို့မရသလို အပြင်မှာရှိနေသူတွေလည်း အထဲဝင်မရ ဖြစ်နေတယ်လို့ မနောကွင်းရှေ့ ပိတ်ခံရတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောပါတယ်။
“ကျမတို့ ဝင်းပေါက်ဝကိုလည်း ပိတ်ထားလိုက်တယ်။ လုပ်မယ့် မကြွယ်ခန်းမကိုလည်း တံခါးပေါက်ကို ပိတ်ထားလိုက်တော့ ကျမတို့ ဝင်းထဲမှာ အယောက် ၂၀၀ လောက် ပိတ်မိနေတယ်ရှင်။ အပြင်မှာလည်း ညီလာခံလာတက်ဖို့ လာတဲ့ဧည့်သည်တွေလည်း မဝင်ရဘူးပေါ့။ ၈ နာရီခွဲလောက်မှာ ပိတ်လိုက်တဲ့အခါကျတော့ ဝင်းထဲဝင်းပြင် ၂ ဖွဲ့ကွဲနေတယ်ရှင်။ တချို့ခေါင်းဆောင်တွေကိုတော့ ဝင်ခွင့်ပြုလိုက်တယ်။ အခု ကျင်းပရေးကော်မတီတွေ အစည်းအဝေးလုပ်နေပါတယ်ရှင်။”
ကချင်အမျိုးသားညီလာခံကို ကချင်လူမျိုးတွေရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ကချင်အတိုင်ပင်ခံအဖွဲ့ကနေ ဦးဆောင်ကျင်းပတာဖြစ်ပြီး ဒီညီလာခံဟာ ၂၁ ရာစု ပင်လုံညီလာခံအတွက် အကြိုပြင်ဆင်ရေးဖြစ်သလို ၂၁ ရာစု ပင်လုံတက်ဖို့ လူရွေးချယ်ဖို့ စီစဉ်ထားတဲ့ပွဲ ဖြစ်တယ်လို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။
ဒီညီလာခံကျင်းပမယ့် မကြွယ်ခန်းမကို အစိုးရတာဝန်ရှိသူတွေ ခွင့်မပြုဘူးလို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ပြောဆိုပြီး အခု ကွင်းတခုလုံးကို ပိတ်လိုက်တာလို့လည်း ပြောပါတယ်။
“ခွင့်မပြုဘူးဆိုတာ ညီလာခံမလုပ်နဲ့တော့လို့ မပြောဘူး။ ဒါပေမယ့် ညီလာခံလုပ်မယ့် ဒီကွင်းကို ဝင်စီးလိုက်တဲ့ သဘောဖြစ်တယ်။ ကျမတို့ကတော့ မနေ့ နေ့လယ်အထိကတော့ အဆင်ပြေလို့ ကျမတို့ လုပ်ဖို့အတွက် ကျမလည်း ရန်ကုန်ကနေ တက်လာတာပါ။ ကျမတို့ ရန်ကုန်က ကိုယ်စားလှယ်တောင်မှ အားလုံးပေါင်း ၅၀ လောက်ရှိပါတယ်။ မကြွယ်ခန်းမကို လောလောဆယ် ခွင့်မပြုဘူး၊ ဒါပေမယ့် လောလောဆယ် ဝင်းထဲကိုလည်း ဝင်ခွင့်မပြုဘူးဖြစ်တယ်။”
ဒီညီလာခံတက်ဖို့ မြန်မာနိုင်ငံ ဒေသအသီးသီးက ကချင်အမျိုးသားကိုယ်စားလှယ် ၆၀၀ ကို ဖိတ်ကြားထားပြီး ကွင်းထဲမှာ၂၀၀ လောက် ရောက်ရှိနေတာ ဖြစ်ပါတယ်။
Credit : DVB



Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...