ဗုိလ္တေထာင္ ကုန္ေသတၱာတင္ ယာဥ္၀င္းထဲမွာ ယာဥ္ေမာင္းကိုသတ္ျပီး ထြက္ေျပးခဲ့တဲ့ ယာဥ္ေနာက္လုိက္


ဗိုလ္တေထာင္  ျမိဳ႔နယ္၊ အမွတ္( ၁) ရပ္ကြက္ ၊ ကမ္းနားလမ္း ရွိ ကုန္ေသတၱာ တင္ယာဥ္၀င္းအတြင္း ျဖစ္ပြားခဲ့တဲ့ လူသတ္မႈျဖစ္စဥ္မွာ ထြက္ေျပးသြားတဲ့ ျပစ္မႈက်ဳးလြန္သူကို ဖမ္းဆီးရမိတယ္လို႔သိရပါတယ္။
မတ္လ၁၀ရက္ေန႕မွာ ကမ္းနားလမ္းရွိ ကုန္ေသတၱာယာဥ္၀င္းအတြင္းမွာ ကုန္ေသတၱာေမာင္းႏွင္သူ ယာဥ္ေမာင္းသိန္းေဇာ္ (ခ) စုတ္ဖြား ဆုိသူ ယာဥ္ေမာင္းအတက္အဆင္းျပဳလုပ္တဲ့ေနရာမွာေသဆံုးေနတာကိုေတြ႔ ရတဲ့အတြက္ ဗိုလ္တေထာင္ရဲစခန္းကသြားေရာက္စစ္ေဆးခဲ႕ရပါတယ္။
ေသဆုံးသူမွာ လည္ဂုတ္ ထုိးသြင္းဒဏ္ရာ (၁)ခ်က္ ၊ ၀ဲလက္ျပင္ထိုးသြင္းဒဏ္ရာ (၂)ခ်က္၊ ယာပခံုးထိုးသြင္းဒဏ္ရာ(၁)၊ ၀ဲလက္ေမာင္းပြန္းျခစ္ ဒဏ္ရာ(၁)ခ်က္၊ ရင္ညႊန္႔ထုိးသြင္းဒဏ္ရာ(၁)ခ်က္ နဲ႔ ဦးေခါင္း၀ဲ/ယာဂ်ဳိေစာင္း ပြန္းျခစ္ဒဏ္ရာ(၂)ခ်က္ ကိုေတြ႔ရွိခဲ့တယ္လို႔လည္းသိရပါတယ္။
ရဲအရာရွိေတြ စစ္ေဆးတဲ့အခ်ိန္မွာ ယာဥ္ေနာက္လိုက္တဲ့ ေအာင္ေဇာ္မင္းကလည္း ေပ်ာက္ဆံုးေနတဲ့အျပင္ ကိုင္ေဆာင္ေနတဲ့လက္ကိုင္ဖုန္းကလည္း စက္ပိတ္ထားတာကုိစစ္ေဆးေတြ႕ရွိခဲ႕ပါတယ္။
အဆုိပါ ယာဥ္ေနာက္လုိက္ ေအာင္ေဇာ္မင္းကုိ မတ္လ ၁၃ရက္ေန႔ ၁၀နာရီခြဲအခ်ိန္ခန္႔က မအူပင္ျမိဳ႔နယ္ ၊ ပန္းခြာေလးေက်းရြာမွာ ဖမ္းဆီးရမိခဲ့တယ္လို႔သိရပါတယ္။
ေအာင္ေဇာ္မင္းကို ဖမ္းဆီးစစ္ေဆးရာ လြန္ခဲတဲ့ (၂)လခန္႔က ရန္ကုန္ျမိဳ႔ကိုေရာက္လာျပီးေတာ့ ေက်ာက္တံတားျမိဳ႔နယ္ ညပိုင္းမွာဖြင့္လွစ္တဲ့ ထမင္းေၾကာ္ဆိုင္မွာစားပြဲထုိးလုပ္ေနတဲ့အခ်ိန္မွာ ေသဆံုးသြားတဲ့ သိန္းေဇာ္(ခ) စုတ္ဖြား ခင္မင္ရင္းနီွးခဲ့ျပီးေတာ့ ယာဥ္ေနာက္လိုက္ စပယ္ယာလုပ္ကိုင္ခဲ့တယ္လို႔လည္းသိရပါတယ္။
အခင္းျဖစ္ပြားတဲ့ေန႔က သိန္းေဇာ္ (ခ) စုတ္ဖြားနဲ႔ ေအာင္ေဇာ္မင္းတို႔က ကားေနာက္ခန္းမွာ အရက္အတူတူေသာက္ရင္း စကားမ်ားတဲ့အခါမွာ သိန္းေဇာ္(ခ)စုတ္ဖြားက ေအာင္ေဇာ္မင္း လက္သီးနဲ႔ထုိးခဲ့တယ္။ ေအာင္ေဇာ္မင္းကလည္း ၀က္အူလွည့္နဲ႔ျပန္ထုိးျပီး ေငြက်ပ္ (၁)သိန္းခြဲထည့္ထားတဲ့ လြယ္အိတ္၊ SAMSUNG J3 အမ်ဳိးအစားလက္ကိုင္ဖုန္းနဲ႔ MICR အမ်ဳိးအစား key Pad လက္ကိုင္ဖုန္း (၁)လံုးတုိ႕ကုိယူေဆာင္ခဲ႕တယ္လုိ႕သိရပါတယ္။
ဗုိလ္ထေထာင္ရဲစခန္းက ေအာင္ေဇာ္မင္းဆီက အမႈနဲ႔ပတ္သက္တဲ့ သက္ေသခံ ပစၥည္းမ်ားကိုလည္း ျပန္လည္သိမ္းဆည္းထားျပီး (ပ) ၄၇/ ၂၀၁၇ လူေသမႈ ၃၀၂နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔လည္းသိရပါတယ္။

ႏွင္းႏွင္း
Credit: KUMUDRA
======
ဗိုလ်တထောင်  မြို့နယ်၊ အမှတ်( ၁) ရပ်ကွက် ၊ ကမ်းနားလမ်း ရှိ ကုန်သေတ္တာ တင်ယာဉ်ဝင်းအတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်မှာ ထွက်ပြေးသွားတဲ့ ပြစ်မှုကျုးလွန်သူကို ဖမ်းဆီးရမိတယ်လို့သိရပါတယ်။
မတ်လ၁ဝရက်နေ့မှာ ကမ်းနားလမ်းရှိ ကုန်သေတ္တာယာဉ်ဝင်းအတွင်းမှာ ကုန်သေတ္တာမောင်းနှင်သူ ယာဉ်မောင်းသိန်းဇော် (ခ) စုတ်ဖွား ဆိုသူ ယာဉ်မောင်းအတက်အဆင်းပြုလုပ်တဲ့နေရာမှာသေဆုံးနေတာကိုတွေ့ ရတဲ့အတွက် ဗိုလ်တထောင်ရဲစခန်းကသွားရောက်စစ်ဆေးခဲ့ရပါတယ်။
သေဆုံးသူမှာ လည်ဂုတ် ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ ဝဲလက်ပြင်ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ယာပခုံးထိုးသွင်းဒဏ်ရာ(၁)၊ ဝဲလက်မောင်းပွန်းခြစ် ဒဏ်ရာ(၁)ချက်၊ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ(၁)ချက် နဲ့ ဦးခေါင်းဝဲ/ယာဂျိုစောင်း ပွန်းခြစ်ဒဏ်ရာ(၂)ချက် ကိုတွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။
ရဲအရာရှိတွေ စစ်ဆေးတဲ့အချိန်မှာ ယာဉ်နောက်လိုက်တဲ့ အောင်ဇော်မင်းကလည်း ပျောက်ဆုံးနေတဲ့အပြင် ကိုင်ဆောင်နေတဲ့လက်ကိုင်ဖုန်းကလည်း စက်ပိတ်ထားတာကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဆိုပါ ယာဉ်နောက်လိုက် အောင်ဇော်မင်းကို မတ်လ ၁၃ရက်နေ့ ၁ဝနာရီခွဲအချိန်ခန့်က မအူပင်မြို့နယ် ၊ ပန်းခွာလေးကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
အောင်ဇော်မင်းကို ဖမ်းဆီးစစ်ဆေးရာ လွန်ခဲတဲ့ (၂)လခန့်က ရန်ကုန်မြို့ကိုရောက်လာပြီးတော့ ကျောက်တံတားမြို့နယ် ညပိုင်းမှာဖွင့်လှစ်တဲ့ ထမင်းကြော်ဆိုင်မှာစားပွဲထိုးလုပ်နေတဲ့အချိန်မှာ သေဆုံးသွားတဲ့ သိန်းဇော်(ခ) စုတ်ဖွား ခင်မင်ရင်းနှီးခဲ့ပြီးတော့ ယာဉ်နောက်လိုက် စပယ်ယာလုပ်ကိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့က သိန်းဇော် (ခ) စုတ်ဖွားနဲ့ အောင်ဇော်မင်းတို့က ကားနောက်ခန်းမှာ အရက်အတူတူသောက်ရင်း စကားများတဲ့အခါမှာ သိန်းဇော်(ခ)စုတ်ဖွားက အောင်ဇော်မင်း လက်သီးနဲ့ထိုးခဲ့တယ်။ အောင်ဇော်မင်းကလည်း ဝက်အူလှည့်နဲ့ပြန်ထိုးပြီး ငွေကျပ် (၁)သိန်းခွဲထည့်ထားတဲ့ လွယ်အိတ်၊ SAMSUNG J3 အမျိုးအစားလက်ကိုင်ဖုန်းနဲ့ MICR အမျိုးအစား key Pad လက်ကိုင်ဖုန်း (၁)လုံးတို့ကိုယူဆောင်ခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ထထောင်ရဲစခန်းက အောင်ဇော်မင်းဆီက အမှုနဲ့ပတ်သက်တဲ့ သက်သေခံ ပစ္စည်းများကိုလည်း ပြန်လည်သိမ်းဆည်းထားပြီး (ပ) ၄၇/ ၂၀၁၇ လူသေမှု ၃၀၂နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။

နှင်းနှင်း
Credit: KUMUDRA

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...