ခိုးရာမလိုက္သည့္ ရည္းစားကို ဖုန္းဆက္ေျပာၿပီး ႀကိဳးဆြဲခ်ေသဆံုး


ခိုးရာမလိုက္သည့္ ရည္းစားကို ဖုန္းဆက္ေျပာၿပီး ႀကိဳးဆြဲခ်ေသဆံုး

ရည္းစားျဖစ္သူ မိန္းကေလး ခိုးရာ မလိုက္သည့္အတြက္ဟုဆိုကာ ႀကိဳးဆြဲခ် ေသဆံုးခဲ့သည့္ျဖစ္ရပ္ ကံေပါက္ ဓာတ္ေငြ႔ပိုက္လိုင္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ကံေပါက္နယ္ေျမ ရဲစခန္းထံမွ သိရသည္။
.
ျဖစ္စဥ္မွာ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသားက ၎၏ ရည္းစားျဖစ္သူ မိန္းကေလးအား အခင္းျဖစ္ရာေနရာကို ဆိုင္ကယ္ျဖင့္ ေခၚေဆာင္လာခဲ့ၿပီးေနာက္ ခိုးေျပးရန္ ေျပာခဲ့ရာ မိန္းကေလးက အသက္ ငယ္ေသးသည့္အတြက္ ျငင္းဆိုကာ လမ္းေလွ်ာက္ျပန္လာခဲ့ရာမွ ႀကိဳးဆြဲခ် ေသဆံုးမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ယင္းရဲစခန္းမွ စခန္းမွဴးက ေျပာသည္။
လမ္းေလွ်ာက္ျပန္လာသည့္ မိန္းကေလးသည္ အခင္းျဖစ္ရာ ေနရာႏွင့္ ေပ ၃၀ဝ ခန္႔အကြာသို႔ အေရာက္တြင္ ယင္းအမ်ိဳးသားက ဖုန္းဆက္ၿပီး ၎ႀကိဳးဆြဲခ် ေသဆံုးသည့္အေၾကာင္းကို အိမ္ကို အေၾကာင္းၾကားေပးရန္ ေျပာဆိုခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ မိန္းကေလးက ေနာက္ျပန္လွည့္ေျပးကာ သြားၾကည့္ရာတြင္ သစ္ပင္တြင္ လံုခ်ည္ျဖင့္ ႀကိဳးဆြဲခ် ေသဆံုးေနသည္ကို ေတြ႔ခဲ့ရေၾကာင္း ထြက္ဆိုခ်က္ကို ကိုးကား၍ ကံေပါက္ နယ္ေျမရဲစခန္းမွ စခန္းမွဴးက ေျပာသည္။
.
ယင္းေသဆံုးမႈသည္ ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕နယ္၊ အုန္းပင္ကြင္းေက်း႐ြာ အုပ္စုပိုင္နယ္ေျမအတြင္း ေဖေဖာ္ဝါရီ ၁၀ ရက္က ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
အိမ္မွ ပုဆိုး အပို ယူသြားသည့္အတြက္ ႀကိဳးဆြဲခ် ေသဆံုးရန္ ႀကိဳတင္ ႀကံစည္ထားျခင္း ျဖစ္ႏိုင္ေၾကာင္း အခင္း ျဖစ္ရာေနရာ ေရာက္ရွိခဲ့သည့္ ေဒသခံ တစ္ဦးက ခန္႔မွန္းသည္။ အဆိုပါ ႀကိဳးဆြဲခ် ေသဆံုးမႈကို ကံေပါက္နယ္ေျမရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၁/၂၀၁၇) ျဖင့္ အမႈဖြင့္ထားသည္။
#The Voice
===========

Unicode>>>
ခိုးရာမလိုက်သည့် ရည်းစားကို ဖုန်းဆက်ပြောပြီး ကြိုးဆွဲချသေဆုံး

ရည်းစားဖြစ်သူ မိန်းကလေး ခိုးရာ မလိုက်သည့်အတွက်ဟုဆိုကာ ကြိုးဆွဲချ သေဆုံးခဲ့သည့်ဖြစ်ရပ် ကံပေါက် ဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ကံပေါက်နယ်မြေ ရဲစခန်းထံမှ သိရသည်။
.
ဖြစ်စဉ်မှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားက ၎င်း၏ ရည်းစားဖြစ်သူ မိန်းကလေးအား အခင်းဖြစ်ရာနေရာကို ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီးနောက် ခိုးပြေးရန် ပြောခဲ့ရာ မိန်းကလေးက အသက် ငယ်သေးသည့်အတွက် ငြင်းဆိုကာ လမ်းလျှောက်ပြန်လာခဲ့ရာမှ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ စခန်းမှူးက ပြောသည်။
လမ်းလျှောက်ပြန်လာသည့် မိန်းကလေးသည် အခင်းဖြစ်ရာ နေရာနှင့် ပေ ၃ဝဝ ခန့်အကွာသို့ အရောက်တွင် ယင်းအမျိုးသားက ဖုန်းဆက်ပြီး ၎င်းကြိုးဆွဲချ သေဆုံးသည့်အကြောင်းကို အိမ်ကို အကြောင်းကြားပေးရန် ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် မိန်းကလေးက နောက်ပြန်လှည့်ပြေးကာ သွားကြည့်ရာတွင် သစ်ပင်တွင် လုံချည်ဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း ထွက်ဆိုချက်ကို ကိုးကား၍ ကံပေါက် နယ်မြေရဲစခန်းမှ စခန်းမှူးက ပြောသည်။
.
ယင်းသေဆုံးမှုသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ အုပ်စုပိုင်နယ်မြေအတွင်း ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အိမ်မှ ပုဆိုး အပို ယူသွားသည့်အတွက် ကြိုးဆွဲချ သေဆုံးရန် ကြိုတင် ကြံစည်ထားခြင်း ဖြစ်နိုင်ကြောင်း အခင်း ဖြစ်ရာနေရာ ရောက်ရှိခဲ့သည့် ဒေသခံ တစ်ဦးက ခန့်မှန်းသည်။ အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို ကံပေါက်နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇) ဖြင့် အမှုဖွင့်ထားသည်။
#The Voice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...