စသံုးလံုးအရာရွိ အိမ္ေထာင္ေရးေဖာက္ျပန္မႈ ဇနီးကိုယ္တိုင္ စံုစမ္းေဖာ္ထုတ္ၿပီး တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္

အိမ္ေထာင္ေရးေဖာက္ျပန္ သည္ဆိုကာ ပဲခူးတိုင္းေဒသႀကီးအထူး စံုစမ္းစစ္ေဆးေရးဦးစီးဌာနမွ စံုစမ္းေရးမွဴးကို ၎၏ဇနီးက ေနာက္ေယာင္ခံ စံုစမ္းေဖာ္ထုတ္ၿပီး တစ္လင္တစ္ မယား ဥပေဒျဖင့္ အမႈဖြင့္တိုင္တန္း သျဖင့္ စစ္ကိုင္းၿမိဳ႕မရဲစခန္း၌ ဖမ္း ဆီးထိန္းသိမ္းထားေၾကာင္း သတင္း ရရွိသည္။
မႏၲေလးတိုင္းေဒသႀကီး ေအာင္ ေျမသာစံၿမိဳ႕နယ္တြင္ ေနထိုင္သည့္ တရားလို အမ်ိဳးသမီးသည္ ပဲခူးတိုင္း ေဒသႀကီးရွိ အထူးစံုစမ္းစစ္ေဆးေရး ဦးစီးဌာန၌ တာ၀န္က်ေနသည့္ ခင္ပြန္းႏွင့္ အမ်ိဳးသမီးတစ္ဦးကို စစ္ကိုင္းတိုင္းအတြင္းရွိ ဟိုတယ္တစ္ခုတြင္တရားမ၀င္ေပါင္းသင္းေနထိုင္သည္ကို သိခဲ့သျဖင့္ ေဖေဖာ္၀ါရီ ၆ ရက္က အမႈဖြင့္ တိုင္တန္းခဲ့ေၾကာင္းတရားလုိ အမ်ိဳးသမီးကဆိုသည္။
စြပ္စြဲခံရသူ အထူးစံုစမ္းစစ္ ေဆးေရးဦးစီးဌာနမွ အသက္ (၄၀) အရြယ္ စံုစမ္းေရးမွဴး ဦးမင္း မင္းဟန္က ပဲခူးတုိင္းအတြင္း တာ ၀န္က်ေနစဥ္ ဇနီးသည္မွာ မႏၲ ေလးတြင္က်န္ရစ္ခဲ့ၿပီး ဦးမင္းမင္း ဟန္သည္ မၾကာခဏ ဆိုသလို မႏၲေလးသို႔ ျပန္လာခဲ့ေၾကာင္း၊ ဦးမင္းမင္းဟန္ျပန္လာသည့္အခါ ၎၏ ဖုန္းအတြင္း၌ အမ်ိဳး သမီးတစ္ဦးႏွင့္ တြဲ႐ိုက္ထားသည့္ ဓာတ္ပံုမ်ားေတြ႕သျဖင့္ လင္မယားခ်င္း စကားမ်ားခဲ့ေၾကာင္း တရားလို အမ်ိဳးသမီးက ရွင္းျပသည္။
‘‘သူတို႔က အရင္ကတည္းက ေဖ့စ္ဘြတ္ခ္မွာ ေျပာဆိုေနၾက တာေတြရွိတယ္။ ကြၽန္မက ကယ္ ရီသမားေလးကို တစ္ေန႔ ၇,၀၀၀ ေပးၿပီးသူသြားတဲ့ေနရာကို လိုက္ ၾကည့္ခိုင္းေတာ့ စစ္ကိုင္းဘက္က ေရႊျပည့္စံုဟိုတယ္မွာ တည္းေန တာသိလို႔ အမႈဖြင့္လိုက္တာ။ သူ နဲ႔ေဖာက္ျပန္တဲ့ အမ်ိဳးသမီးမွာ လည္း အိမ္ေထာင္နဲ႔ကေလးႏွစ္ ေယာက္နဲ႔’’ဟု ၎ကဆိုသည္။
‘‘အဲဒီ ေကာင္မေလးက ေဆာက္လုပ္ေရးကုမၸဏီတစ္ခု မွာလုပ္တာ။ သူနဲ႔ကြၽန္မနဲ႔လည္း အျပင္မွာရင္းႏွီးတယ္။ သူက တံ တားဦးဘက္မွာေနတာ။ သူတို႔ တည္းခဲ့တဲ့ ဟိုတယ္က စစ္ကိုင္း မွာဆိုေတာ့ စစ္ကိုင္းရဲစခန္းမွာ အမႈဖြင့္ထားတာပါ’’ ဟု ၎က ဆိုသည္။
အထူးစံုစမ္းစစ္ေဆးေရးဦး စီးဌာန စံုစမ္းေရးမွဴးဦးမင္းမင္း ဟန္ႏွင့္ တရားလိုအမ်ိဳးသမီးတို႔ သည္ ၂၀၀၃ ႏို၀င္ဘာကစတင္၍ တရား၀င္ေပါင္းသင္းလာခဲ့ကာ အသက္ (၈)ႏွစ္အရြယ္ သားတစ္ ဦး ထြန္္းကားခဲ့ေၾကာင္း ၎ကဆို သည္။ စြပ္စြဲခံထားရသည့္ ဦးမင္း မင္းဟန္ကို စစ္ကိုင္းၿမိဳ႕မရဲစခန္း က ေဖေဖာ္၀ါရီ ၂၂ ရက္တြင္ ဖမ္း ဆီးထိန္းသိမ္းကာ ၎ႏွင့္အတူ ေနထိုင္သည့္ အသက္ (၃၇)ႏွစ္အ ရြယ္ အမ်ိဳးသမီးကိုလည္း ေဖေဖာ္ ၀ါရီ ၂၃ ရက္တြင္ ေခၚယူစစ္ေဆး ခဲ့ေၾကာင္း စစ္ကုိင္းၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကဆိုသည္။
‘‘ကြၽန္ေတာ္တို႔ ဒီေန႔ရမန္ ယူၿပီး စစ္ေဆးေနပါတယ္။တရားလိုအမ်ိဳးသမီးက ႏွစ္ေယာက္စလံုးကို တိုင္တာဆိုေတာ့ ေလာေလာဆယ္ ႏွစ္ေယာက္စလံုးကို ထိန္းသိမ္းထားပါတယ္။ ပုဒ္မကေတာ့ တစ္လင္တစ္မယား ဥပေဒပုဒ္မ ၁၃ နဲ႔ အ မႈဖြင့္ထားပါတယ္’’ဟု ၎ကဆိုသည္။
=============
7Day News Journal
=============

အိမ်ထောင်ရေးဖောက်ပြန် သည်ဆိုကာ ပဲခူးတိုင်းဒေသကြီးအထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးကို ၎င်း၏ဇနီးက နောက်ယောင်ခံ စုံစမ်းဖော်ထုတ်ပြီး တစ်လင်တစ် မယား ဥပဒေဖြင့် အမှုဖွင့်တိုင်တန်း သဖြင့် စစ်ကိုင်းမြို့မရဲစခန်း၌ ဖမ်း ဆီးထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။
မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံမြို့နယ်တွင် နေထိုင်သည့် တရားလို အမျိုးသမီးသည် ပဲခူးတိုင်း ဒေသကြီးရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၌ တာဝန်ကျနေသည့် ခင်ပွန်းနှင့် အမျိုးသမီးတစ်ဦးကို စစ်ကိုင်းတိုင်းအတွင်းရှိ ဟိုတယ်တစ်ခုတွင်တရားမဝင်ပေါင်းသင်းနေထိုင်သည်ကို သိခဲ့သဖြင့် ဖေဖော်ဝါရီ ၆ ရက်က အမှုဖွင့် တိုင်တန်းခဲ့ကြောင်းတရားလို အမျိုးသမီးကဆိုသည်။
စွပ်စွဲခံရသူ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနမှ အသက် (၄၀) အရွယ် စုံစမ်းရေးမှူး ဦးမင်း မင်းဟန်က ပဲခူးတိုင်းအတွင်း တာ ဝန်ကျနေစဉ် ဇနီးသည်မှာ မန္တ လေးတွင်ကျန်ရစ်ခဲ့ပြီး ဦးမင်းမင်း ဟန်သည် မကြာခဏ ဆိုသလို မန္တလေးသို့ ပြန်လာခဲ့ကြောင်း၊ ဦးမင်းမင်းဟန်ပြန်လာသည့်အခါ ၎င်း၏ ဖုန်းအတွင်း၌ အမျိုး သမီးတစ်ဦးနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများတွေ့သဖြင့် လင်မယားချင်း စကားများခဲ့ကြောင်း တရားလို အမျိုးသမီးက ရှင်းပြသည်။
‘‘သူတို့က အရင်ကတည်းက ဖေ့စ်ဘွတ်ခ်မှာ ပြောဆိုနေကြ တာတွေရှိတယ်။ ကျွန်မက ကယ် ရီသမားလေးကို တစ်နေ့ ၇,၀၀၀ ပေးပြီးသူသွားတဲ့နေရာကို လိုက် ကြည့်ခိုင်းတော့ စစ်ကိုင်းဘက်က ရွှေပြည့်စုံဟိုတယ်မှာ တည်းနေ တာသိလို့ အမှုဖွင့်လိုက်တာ။ သူ နဲ့ဖောက်ပြန်တဲ့ အမျိုးသမီးမှာ လည်း အိမ်ထောင်နဲ့ကလေးနှစ် ယောက်နဲ့’’ဟု ၎င်းကဆိုသည်။
‘‘အဲဒီ ကောင်မလေးက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု မှာလုပ်တာ။ သူနဲ့ကျွန်မနဲ့လည်း အပြင်မှာရင်းနှီးတယ်။ သူက တံ တားဦးဘက်မှာနေတာ။ သူတို့ တည်းခဲ့တဲ့ ဟိုတယ်က စစ်ကိုင်း မှာဆိုတော့ စစ်ကိုင်းရဲစခန်းမှာ အမှုဖွင့်ထားတာပါ’’ ဟု ၎င်းက ဆိုသည်။
အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာန စုံစမ်းရေးမှူးဦးမင်းမင်း ဟန်နှင့် တရားလိုအမျိုးသမီးတို့ သည် ၂၀၀၃ နိုဝင်ဘာကစတင်၍ တရားဝင်ပေါင်းသင်းလာခဲ့ကာ အသက် (၈)နှစ်အရွယ် သားတစ် ဦး ထွန််းကားခဲ့ကြောင်း ၎င်းကဆို သည်။ စွပ်စွဲခံထားရသည့် ဦးမင်း မင်းဟန်ကို စစ်ကိုင်းမြို့မရဲစခန်း က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖမ်း ဆီးထိန်းသိမ်းကာ ၎င်းနှင့်အတူ နေထိုင်သည့် အသက် (၃၇)နှစ်အ ရွယ် အမျိုးသမီးကိုလည်း ဖေဖော် ၀ါရီ ၂၃ ရက်တွင် ခေါ်ယူစစ်ဆေး ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
‘‘ကျွန်တော်တို့ ဒီနေ့ရမန် ယူပြီး စစ်ဆေးနေပါတယ်။တရားလိုအမျိုးသမီးက နှစ်ယောက်စလုံးကို တိုင်တာဆိုတော့ လောလောဆယ် နှစ်ယောက်စလုံးကို ထိန်းသိမ်းထားပါတယ်။ ပုဒ်မကတော့ တစ်လင်တစ်မယား ဥပဒေပုဒ်မ ၁၃ နဲ့ အ မှုဖွင့်ထားပါတယ်’’ဟု ၎င်းကဆိုသည်။
=============

7Day News Journal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...