by - Democracy Today
by - Democracy Today
++++++++++++++++++++++++
"သားကိုနှမြောတယ်"
ဒေါ်ဖွားမြ
+++++++++++++++++++
မစားတော့ဘူး။ အားလုံးလည်း သူ့စိတ်
နဲ့သောကရောက်နေကြတယ်"
++++++++++++++++++++++++++
ဒေါ်ကြည်မြင့်
++++++++++++++++++++
++++++++++++++++++++++++++++++
ကိုဝင်းမြင့်
ကြည်လင်း(ခ)ဖိုးတူး၏ ညီ
+++++++++++++++++++++++++++++++
ဒေါ်ဝင်းကြည်
++++++++++++++++++++++++++++++++
ဦးစိုးဝင်း
+++++++++++++++++++++++++
+++++++++++++++++++++++++++++
+++++++++++++++++++++++++++++
ဦးမြင့်သန်း
စိုင်လျားရွာဒေသခံ
+++++++++++++++++++++++++++++
မူရင်း Link >>>
Unicode>>>https://m.facebook.com/story.php…
ဦးကိုနီကိုသတ်ခဲ့သောကြည်လင်း၏မိသားစုဝင်များထံမှ ရင်ဖွင့်သံများ
***************************************
ကိုသစ္စာ ကွင်းဆင်းတွေ့ဆုံမေးမြန်းသည်၊၊
by - Democracy Today
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံ မှအပြန် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရသည်။
ပစ်သတ် သောသေနတ်သမားကို လိုက်လံဖမ်း ဆီးသော တက္ကစီသမားကိုနေဝင်းလည်း သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ ၎င်းင်း တို့ကိုသတ်သော တရားခံကြည်လင်း (ခ)ဖိုးတူးမှာ စစ်ကိုင်းတိုင်းဒေသကြီး
ယင်းမာပင်မြို့နယ် စိုင်လျားရွာမှဖြစ် ကြောင်း ရဲတပ်ဖွဲ့၏သွားရောက်စစ်ဆေး အတည်ပြုချက်
အရသိရသည်။စိုင်လျားရွာနေအိမ်တွင်
အသက် (၈၀)ကျော် မိခင်ကြီး ဒေါ်ဖွားမြမှာ သား သမီးများနှင့်အတူနေထိုင်ပြီး ကြည်လင်း မှာ မွေးချင်းခုနစ်ဦးအနက် အကြီးဆုံး သားဖြစ်ကြောင်းသိရသည်။
ကြည်လင်း (ခ) ဖိုးတူးနှင့်ပတ်သက်၍ မိသားစုဝင် များနှင့်ရွာခံများကို ဒီမိုကရေစီတူဒေးမှ ဖေဖော်ဝါရီ ၁ရက်နေ့တွင်သွားရောက်တွေ့ ဆုံမေးမြန်းခဲ့ရာ ၎င်းင်းတို့၏ဖြေကြား ချက်များ ကိုဖော်ပြလိုက်ပါသည်။
- အယ်ဒီတာ (Democracy Today)
++++++++++++++++++++++++
"သားကိုနှမြောတယ်"
ဒေါ်ဖွားမြ
ကြည်လင်း(ခ)ဖိုးတူး၏ မိခင်
+++++++++++++++++++
အမေ့မှာ သားလေးယောက်၊ သမီးသုံး
ယောက်ရှိပါတယ်။ ဖိုးတူးကတော့ သားဦး ပါ။ တခြားနာမည်မှည့်ထားတာမရှိဘူး။ ခု ဖမ်းထားတယ်ဆိုတာလည်း သူဟုတ်မှန်း၊ မ ဟုတ်မှန်းမသိပါဘူးကွယ်။ ဒီလိုလာပြီးမေး ကြလို့သိရတာ။
သွားတွေ့ကြည့်ချင်ပေမယ့် ကားမူးလို့ဘယ်
မှမသွားနိုင်ပါဘူး။ ဘယ်ကား မှမစီးနိုင်ဘူး။ ဖုန်းနဲ့အသံကြားရင်တော့ပြော ချင်ပါတယ်။ မန္တလေးရောက်မှ ကြည်လင်း လို့မှည့်တာ။ ငါမသိဘူး။ ငါတော့တွေ့ချင် တယ်။
သားကိုနှမြောတယ်။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ဘယ်သူကမှလာမပြောဘူး။"အမေဆိုရင်
အဲဒီသတင်းကြားတဲ့နေ့ကစပြီး ထမင်းကို
မစားတော့ဘူး။ အားလုံးလည်း သူ့စိတ်
နဲ့သောကရောက်နေကြတယ်"
++++++++++++++++++++++++++
ဒေါ်ကြည်မြင့်
ကြည်လင်း(ခ)ဖိုးတူး၏ ညီမ
++++++++++++++++++++
သူက အရက်လည်းမသောက်၊ ကွမ်း လည်းမစား၊ ဆေးမသောက်ပါဘူး။ အသန့် အပြန့်ကြိုက်တာ။ ရေမွှေးဆပ်ပြာသုံးတယ်။ ခဲဖိနပ်သန့်သန့်မှစီးတာ။ ရွာလာရင် ထွန်တုံး တောင် နောက်ပြန်ထိုင်တာ။ အမေ့ကိုလည်း လုပ်ကျွေးတယ်။ ဟိုဘက်ကျမှ ဘာစိတ်တွေ ပေါက်သွားလဲ မသိပါဘူး။ ကြက်တောင်သတ် ရဲတာမဟုတ်ဘူး။ ဆေးတွေကျွေးပြီးခိုင်းကြ တာလားမသိဘူး။ အမေဆိုရင် အဲဒီသတင်း ကြားတဲ့နေ့ကစပြီး ထမင်းကိုမစားတော့ ဘူး။ အားလုံးလည်း သူ့စိတ်နဲ့သောကရောက်နေကြတာ။
အိမ်မှာလူရှုပ်ရှုပ်လာတာလည်း မကြိုက်ဘူး။ ကိုယ်လည်း ဘာမှစားထားတာ မရှိဘူး။ သူနဲ့ပတ်သက်ပြီး အစ်ကိုကြီးအဖ အရာဆိုတော့ လာရင်ကျွေးမွေးလိုက်တာပဲ။ ဘယ်မှာနေတယ်။ ဘာလုပ်တယ်ဆိုတာလဲ မသိဘူး။ ဖုန်းကလည်းမဆက်တော့ အဆက် အသွယ်ကိုမရှိတာ။ ဒီမှာလည်း ရဲတွေလာ ကြည့်ပြီးပြီ။ ဟိုမှာမိထားပြီပဲ။ အဲဒီမှာ စစ်ကြ ပါလား။ ကျွန်မတို့မှာ ပဲစင်းငုံခင်းတွေလည်း ပစ်ပြီး အမေအိုကြီးထိုင်ကြည့်နေရတာ။ အထိတ်တလန့်နဲ့ နေနေရတာ။
"သူ့အသက် (၃၀)လောက်က အိမ်ကထွက်သွားတာ။
ဒီကိုနောက်ဆုံးလာတာတော့ ထောင်ကထွက်တဲ့အချိန်လာတာလို့သိရတာပဲ"
++++++++++++++++++++++++++++++
ကိုဝင်းမြင့်
စိုင်လျားရွာအုပ်ချုပ်ရေးမှူးဟောင်း
ကြည်လင်း(ခ)ဖိုးတူး၏ ညီ
+++++++++++++++++++++++++++++++
ကျွန်တော်တို့ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းကခွဲနေရတာဆိုတော့ ဒီသတင်းကြားကြားချင်း မဟုတ်ပါစေနဲ့က လွဲလို့ ဘာမှမတတ်နိုင်ဘူး။ ကျွန်တော်တို့ မိသားစုတွေကတော့ ရိုးရိုးသားသားနဲ့ တောင်သူလုပ်စားနေကြတာပါ။ အင်တာနက်မှာ သူများဖုန်းတွေလာပြလို့ ဒီဟာတွေ မြင်ရတာ။ ဒီပုံတွေကိုလည်း အတည်ပြုမပေးနိုင်ဘူး။ ပုံမှန်မဟုတ်တော့ မရှင်းလင်းတော့ ဗီဒီယို ကားထဲက ရုပ်လိုဖြစ်နေတော့ မပြောနိုုင် ဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကိုက ရန်ကုန် ဆိုတာ ဒီအရွယ်ထိတစ်ခါမှမရောက်ဖူးတော့ သူ့ဆီလိုက်ဖို့ဆိုတာလည်း ဘာအဆက်အ သွယ်မှမရှိဘူး။
အမေကိုတော့ သိရအောင် ထည့်ချင်ပါတယ်။ သူအသက် (၃၀)လောက် က အိမ်ကထွက်သွားတာ။
ဒီကိုနောက်ဆုံး လာတာတော့ ထောင်ကထွက်တဲ့အချိန်လာ တာလို့ သိရတာပဲ။ ဒီတစ်ခေါက်ပြန်ထွက် သွားတော့လည်း သူ့မိန်းမဆီပဲသွားမယ် ထင် တာပေါ့။ ဒီလိုပဲပြန်လာလိုက်၊ ပျောက်သွား လိုက်ပဲ။ ပြန်ချင်တဲ့အခါ ထပြန်သွားတာပဲ။ ကျွန်တော်သိသလောက်တော့ ခုသူ့မှာသား သမီးမရှိဘူး။ အရင်အိမ်ထောင်နဲ့ရထားတာ တော့ တစ်ယောက်ရှိတယ်လို့ သိရတယ်။ ခု ဟာနဲ့ကျ အိမ်ကလည်းသဘောမကျတော့ ဆက်သွယ်မှုမရှိဘူးဗျ။ တစ်ယောက်တည်း လာတာပါ။ ကျွန်တော်တို့ကလည်း သူဘာတွေလုပ်တယ်ဆိုတာသိချင်လို့ အမှုမှန်ပေါ် စေချင်တာ။ ဆိုးတာ၊ ကောင်းတာ သူ့ထိုက်နဲ့သူ့ကံပဲ။
ဒီတိုင်းသေသွားမှာတောင်ကြောက်တယ်။
မိသားစုမှာလည်း အရှက်တရားရ တယ်။ အမည်းစက်ပျောက်အောင်ပေါ်စေ ချင်တယ်။ ဘယ်သူတွေခိုင်းတာလဲပေါ့။ ကျွန်တော်တို့မိသားစုအပေါ် လူတွေတစ်မျိုး မြင်နေတာတွေဝမ်းနည်းတယ်။ အပြစ်ရှိတာ ဆိုရင် သူခံရမယ်ပေါ့။
"အမေဆိုရင် မိဘဆိုတော့တုန်လှုပ်နေတာ ဧည့်သည်လာရင်ကိုကြောက်နေရတာ"
++++++++++++++++++++++++++++++
ဒေါ်ဝင်းကြည်
ကြည်လင်း(ခ)ဖိုးတူး၏ အငယ်ဆုံးညီမ
++++++++++++++++++++++++++++++++
ကောလဟလတွေကလည်း အကုန် ဖြစ်နေတာ။ အမေဆိုရင် မိဘဆိုတော့ တုန်လှုပ်နေတာ။ ဧည့်သည်လာရင်ကို ကြောက် နေရတာ။ အမေကခိုင်းတာမဟုတ်ဘူး၊ မဟုတ်ဘူးနဲ့။ အမေကသနားတာပဲသိတယ်။ ဘာမှမသိဘူး။ သူ့ဘာသာသူဟိုမှာ ပြောင်းလဲရင်တော့မသိဘူး။ အမေကမှည့် တာတော့ ဖိုးတူးပဲ။ အိမ်ထောင်စုဇယား မှာလည်းဖိုးတူးပါ။
နေတာတော့ မန္တလေးမှာ အိမ်ငှားနေတာ လို့သိရတယ်။
အိမ်ပိုင်မရှိတော့နေရာပြောင်းပြောင်းနေတာ။ ကိုယ်လည်း တစ်ခါမှမရောက်ဖူးဘူး။ သူရတဲ့မိန်းမလည်း အပျိုရတာမဟုတ်တော့ သဘောမကျဘူး။ တစ်ခါတော့ရွာလိုက်
လာသေးတယ်။ အဖေက ပါတီကောင်စီခေတ်က ဥက္ကဋ္ဌလုပ်ဖူးတယ်။ သူ့သားတွေကို ပညာတတ်ဖြစ်စေချင်တာ။
မွေးချင်းထဲက ကိုညွန့်ထွန်းတစ်ယောက်ပဲဘွဲ့ရတာ။
အခုအိမ်ထောင်ကျပြီး ဒီအိမ်မှာအတူနေတယ်။ အဖေသာရှိရင် အဲဒီလိုကြားတာနဲ့ သူ့ကိုသတ်မှာ။ ကျွန်မတို့ မိသားစုမှာ ဒီသတင်းကြားကတည်းက စိတ်ဆင်းရဲနေရတယ်။ ဟိုမှာပဲ မေးကြည့်ကြစေချင်တယ်။ ဒီမှာလာလာမေးနေကြတာ။ ဘာမှသူနဲ့ပတ်သက်တာမရှိဘူး။ စားရတာ လည်းမရှိဘူး။"အိမ်ထောင်စုဇယားထဲမှာ ငယ်နာမည်ကတော့ ဖိုးတူးလို့ပေးထားပါတယ်"
++++++++++++++++++++++++++++++
ဦးစိုးဝင်း
ယင်းမာပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူး
+++++++++++++++++++++++++
စီအိုင်ဒီရယ်၊ စသုံးလုံးရယ်၊ နယ်မြေရဲ တွေနဲ့ သူ့အိမ်ကို ဇန်နဝါရီ ၃၀ ရက်က သွားစစ်ခဲ့ပါတယ်။ အိမ်ထောင်စုဇယားထဲမှာ ငယ်နာမည်ကတော့ ဖိုးတူးလို့ပေးထားပါတယ်။ ရွာကထွက်သွားပြီး မန္တလေးမှာနေတယ်လို့ သိရတယ်။ သူ့မိသားစုကတော့ ဘာသာရေးရော၊ နိုင်ငံရေးရော ဘာမှဆက်နွှယ်တာ မတွေ့ရဘူး။ ရိုးရိုးတောင်သူလယ်သမားပါပဲ။
"ကိုဖိုးတူးတို့အိမ်က ဘေးပတ်ဝန်းကျင်နဲ့လည်း အဆက်အဆံနည်းတော့ သိပ်မသိကြဘူး"
+++++++++++++++++++++++++++++
ဦးမြင့်သန်း
စိုင်လျားရွာဒေသခံ
+++++++++++++++++++++++++++++
မနေ့က ရဲတွေလာမှလူတွေက သိသွားတယ်။ ရွာထဲမှာပြောတော့ နေကြတယ်။ သူ့ အိမ်ကိုရှာတယ်လို့ ကြားတယ်။ ကျွန်တော်တို့ ကမမြင်ဖူးဘူး။ သူတို့အိမ်က တောင်သူကြီး ပါ။ ရွာလယ်လောက်မှာရှိတယ်။ သူ့အဖေဦးတင်လှိုင်ကတော့ မရှိတော့ဘူး။ မွေးချင်းထဲတစ်ယောက်ဆို အသားဖြူဖြူနဲ့သန့်လို့ တရုတ် လို့ထင်ကြတာ။ ရွာကမိုးတွင်းဆိုသွားမရဘူး။ အနားက ကျွန်းတောမှာဆိုင်ကယ်ထားပြီး ခြေကျင်သွားရတယ်။
ယင်းမာပင်နဲ့ ရှစ်မိုင်ပဲ ဝေးပေမယ့် လမ်းကမကောင်းဘူး။ ဖွံ့ဖြိုးရေး အတွက် လမ်းတွေတော့ လုပ်တယ်။ မကောင်း ဘူး။ ဒီဘက်က လူငယ်တွေက ဖားကန့်တို့၊ ထိုင်းတို့မှာ သွားအလုပ်လုပ်တယ်။ ကျွန်တော်တောင် ထိုင်းမှာ အလုပ်လုပ်ခဲ့တာ။ ကိုဖိုးတူး တို့အိမ်က ဘေးပတ်ဝန်းကျင်နဲ့လည်း အဆက် အဆံနည်းတော့ သိပ်မသိကြဘူး။
ယင်းမာပင်မြို့နယ် စိုင်လျားရွာရှိ ကြည်လင်း(ခ)ဖိုးတူး (၅၃)နှစ်၏နေအိမ်ကို ရဲတပ်ဖွဲ့ မှ ဇန်နဝါရီ ၃၀ ရက်ကသွားရောက်စစ်ဆေးခဲ့ သည်။ စစ်ဆေးစဉ် ကြည်လင်း (ခ)ဖိုးတူးမှာ မွေးချင်းbခုနစ်ယောက်အနက် အကြီးဆုံးသားဖြစ်ပြီး
ဖခင်ဦးတင်လှိုင် (ကွယ်လွန်)နှင့် မိခင်မှာ ဒေါ်ဖွားမြဖြစ်ကြောင်း၊ စိုင်လျားရွာ တွင် ငယ်စဉ်ကလယ်ယာလုပ်ပြီး ၂၀၀၃ ခုနှစ် က ရွာမှထွက်သွားကာ ဘုရားခိုးမှုဖြင့် ထောင် ဒဏ် ၂၇ နှစ်ကျခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ထောင်မှလွတ်လာပြီး ရွာသို့ရောက်လာကာ နှစ်နှစ်ခန့် တောင်သူလုပ်ခဲ့သေးကြောင်း သိ ရသည်။ လွန်ခဲ့သောလေး၊ ငါးလခန့်က ရွာမှပြန်ထွက်သွားပြီး ထောင်မကျခင်က မြစ်ကြီးနားမြို့မှ မဝင်းကြည်ဆိုသူနှင့်အိမ်ထောင်ကျကာ မန္တလေးတွင်နေဖူးကြောင်း၊ ၎င်း၏နေအိမ်ကိုရှာဖွေစဉ် လက်နက်၊ ခဲယမ်း၊ ဥပဒေ နှင့်ငြိစွန်းသောပစ္စည်းများမတွေ့ခဲ့ကြောင်း စစ်ဆေးချက်များအရ သိရသည်။ ။
#Democracytoday
မူရင်း Link >>>
https://m.facebook.com/story.php…
0 comments :
Post a Comment