အဆုိေတာ္ ေတာ္ေတာ္မ်ားမ်ားက က်ြန္ေတာ့ကို ရဲရင့္ေအာင္လို႕ပဲေခၚၾကတဲ့အေၾကာင္း ဖြင့္ဟလာတဲ့ လူရႊင္ေတာ္ၾကာစိ

5Stars ဆယ့္ႏွစ္ျပည့္ အမွတ္တရအေနနဲ႕ထြက္ရွိခဲ့တဲ့ Today အမ္တီဗီေလးဟာ အေျခအေနေကာင္းလွသလို အဲ့ဒီထဲက ကံေစရာဆိုတဲ့ သီခ်င္းေလးဟာလဲ လူရႊင္ေတာ္ၾကာစိရဲ႕ ဘ၀အေျခအေနမွန္ကို ရုိက္ကူးထားတယ္လို႕သိရပါတယ္။ ဒါ့အျပင္ အဆုိပါသီခ်င္းေလးကို ေတးေရးေမွာ္ရွင္ (5Stars အဖြဲ႕ထဲကေမ်ာက္ရံႈး) ကေရးစပ္သီကံုးေပးထားၿပီး လူမႈကြန္ယက္ေပၚအဆိုပါသီခ်င္းေလးပ်ံ႕ႏွံ႕ခ်ိန္မွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ရင္ထဲကုိေရာက္ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ အဆုိပါသီခ်င္းေလးကိုသီဆုိထားတဲ့ လူရႊင္ေတာ္ၾကာစိကို သီခ်င္းနဲ႕ပတ္သက္ၿပီး ၊ လက္ရွိ အႏုပညာလႈပ္ရွားမႈမ်ားနဲ႕ပတ္သက္ၿပီး သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈ အေနနဲ႕ဘာေတြလုပ္ျဖစ္ေနလဲ။

အခုလက္ရွိက  ကၽြန္ေတာ္တုိ႕ 5 Stars ငါးေယာက္ ငါးသိုင္းေခ်ာင္းမွာ ပြဲသြားကဖို႕ရွိတယ္။ အဲ့ဒါၿပီးရင္ ကၽြန္ေတာ္တို႕လႈိင္သာယာမွာကမယ္။ ေနာက္ ၁၃ ရက္ေန႕က ေနျပည္ေတာ္မင္း၀ံေတာင္ဆရာေတာ္ၾကီးရဲ႕ ပရဟိတပြဲေလးရွိမယ္။

-၄ ရက္ေန႕ကထြက္ခဲ့တဲ့ သီခ်င္းေခြေလးနဲ႕ပတ္သက္ၿပီး ပရိသတ္အားေပးမႈ အေျခအေနေလးကိုလဲ ေျပာျပေပးပါဦး။

၄ ရက္ေန႕ကျဖန္႕ခဲ့တယ္။ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားအားေပးၾကတယ္။ အရမ္း၀မ္းသာပါတယ္။ မထင္မွတ္ပဲနဲ႕ဒီအေခြေလးကို ပရိသတ္က မွ်ေ၀ခံစားေပးခဲ့ၾကတဲ့အတြက္ ၀မ္းလဲသာတယ္။ ေက်လဲေက်နပ္ပါတယ္

-ဆယ္ႏွစ္ျပည့္ အေခြထြက္ခဲ့တာကေရာ ဘာေၾကာင့္မ်ားလဲ။ ဂီတနဲ႕ပတ္သက္ၿပီး ေရွ႕ဆက္ဖန္တီးျပဖို႕ေတြရွိေသးလို႕လား။

ဂီတက ကၽြန္ေတာ္တို႕ရဲ႕ treatment မဟုတ္ဘူး။ ဟာသတစ္ခုတည္းပါ။ လူရႊင္ေတာ္အလုပ္ပဲ လုပ္မွာပါ။ ဒါေပမဲ့ ဂီတဆိုတာ ဆယ္ႏွစ္ျပည့္တဲ့ အထိမ္းအမွတ္အေနနဲ႕ေပါ့။ ငါးႏွစ္မွာလဲ ေဖ်ာ္ေျဖေရးေတြလုပ္ခဲ့ၿပီးၿပီး။ ခုနစ္ႏွစ္မွာလဲ ေဖ်ာ္ေျဖေရးေတြလုပ္ခဲ့ၿပီးၿပီ။ ဆယ္ႏွစ္ျပည့္တဲ့အခ်ိန္မွာ ကၽြန္ေတာ္တုိ႕ဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုၿပီး ပရိသတ္ကို ရသေလးတစ္ခုျဖစ္သြားေအာင္ စီးရီးေခြထုတ္ၿပီး ေက်းဇူးဆပ္ခ်င္တယ္ဆုိၿပီး ထုတ္ျဖစ္သြားတာပါ။ ကၽြန္ေတာ္တို႕ဒီအေခြေလးထုတ္ျဖစ္ဖို႕အတြက္ ႏွစ္ႏွစ္ေလာက္ကတည္းက ၾကိဳတင္ၿပီး အစီအစဥ္ ဆြဲခဲ့ရတာပါ။ သီခ်င္းငါးလံုး ၁၂ ပုဒ္ပါတယ္။ ငါးေယာက္ Group Song က သံုးပုဒ္ က်န္တဲ့ဟာက တစ္ေယာက္ႏွစ္ပုဒ္စီ၊ ကိုေမ်ာက္ရံႈးကေတာ့ တစ္ပုဒ္ထဲပဲေပါ့။

-အဲ့ဒီထဲမွာ ပရိသတ္ေတြသေဘာက်ၾကတဲ့ ကံေစရာသီခ်င္းေလးဖန္တီးျဖစ္ပံုကုိလဲသိခ်င္ပါတယ္။

အဲ့ဒီသီခ်င္းေလးက ကၽြန္ေတာ့ရဲ႕ ခံစားခ်က္အစစ္အမွန္ေပါ့။ အေမဆံုးသြားတဲ့အခ်ိန္မွာ ကၽြန္ေတာ္ပြဲကေနရတဲ့အခ်ိန္။ ဒါေပမဲ့ အေမဆံုးၿပီးမွ သိတာမဟုတ္ပါဘူး။ အေမဆံုးေတာ့မယ္ဆုိကတည္းက သိတယ္။ သိရဲ႕သားနဲ႕ပြဲမကခ်င္ပဲနဲ႕အေမက သြားက၊ သူ႕ကုိစိတ္မပူနဲ႕ဆိုၿပီး စကားမေျပာႏုိင္ပဲ လက္ကေလးနဲ႕ပြဲသြားကခိုင္းတယ္။ ေဆးရံုမွာ အေမ့ကိုေအာက္ဆီဂ်င္နဲ႕ထားခဲ့ၿပီး ပရိသတ္ကို သြားေဖ်ာ္ေျဖရတယ္။ ပရိသတ္ကိုေဖ်ာ္ေျဖရတဲ့အခ်ိန္မွာ စိတ္ကအေမ့ဆီေရာက္ေနတယ္။ အသုဘခ်တဲ့ အခ်ိန္မွာလဲ မမွီဘူး ကၽြန္ေတာ္ကေခတ္သစ္ျမန္မာအျငိမ့္ ရိုက္ေနတယ္။ ထမင္းစားခ်ိန္မွာ အေမ့နာေရးကို ကမန္းကတန္းေျပးခဲ့ရတာေပါ့။ အေမ့ဆီကျပန္လာေတာ့ ေဖ်ာ္ေျဖေရးျပန္လာေပါ့။ အဲ့ဒီသီခ်င္းေလးေၾကာင့္ ပရိသတ္ကို မ်က္ရည္က်ေစသလိုျဖစ္သြားခဲ့ရင္ေတာင္းပန္ပါတယ္။ ပရိသတ္အားေပးလိမ့္မယ္လို႕ကၽြန္ေတာ္မထင္ပါဘူး။ အခုလိုအားေပးၾကတဲ့အတြက္ေက်းဇူးတင္ပါတယ္။

-အဲ့ဒီသီခ်င္းေလးေခြေလးကို ထုတ္ျဖစ္ခဲ့တာက ဆယ္ႏွစ္ျပည့္အတြက္သီးသန္႕ပဲေပါ့။ ဂီတဖက္မွာဆက္ေလွ်ာက္ဖို႕အတြက္ထုတ္ျဖစ္ခဲ့တာမဟုတ္ဘူးေပါ့။

မဟုတ္ပါဘူး။ ဆယ္ႏွစ္ျပည့္မွာ ကၽြန္ေတာ္တို႕ငါးေယာက္ရဲ႕ မွတ္တိုင္တစ္ခုအေနနဲ႕ပါ။ ဒီအေခြေလးထုတ္ျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႕ငါးေယာက္ရဲ႕ သၾကၤန္ပြဲေလးေတြ၊ ပရိုမိုးရွင္းပြဲေလးေတြမွာ ျပန္ဆိုလို႕ရတယ္။ အဲ့ဒါမ်ိဳးေလးေတြရည္ရြယ္ၿပီးလုပ္ျဖစ္ခဲ့တာပါ။ တကယ့္အဆုိေတာ္ၾကီးေတြလိုေတာ့ မဟုတ္ပါဘူး။ ပိုက္ဆံရွိလို႕ပိုက္ဆံေပါလို႕ထုတ္တာလဲ မဟုတ္ပါဘူး။ ငါးေယာက္စီးေနတဲ့ ကားေလးကို သိန္းႏွစ္ရာနဲ႕ေပါင္ၿပီးေတာ့ ဒီအေခြေလးကို ဖန္တီးထားတာပါခင္ဗ်။

-အေခြေရာင္းအားအေျခအေနကေရာ ဘယ္လုိရွိလဲ။

မဆိုးဘူးလို႕ေျပာရမွာေပါ့။ ကၽြန္ေတာ္တုိ႕ 5 Stars အဖြဲ႕ကေတာ့ နယ္တကာလွည့္ရင္း ပြဲကေနရတာျဖစ္တဲ့အတြက္ ပြဲကတဲ့ေနရာတုိင္းမွာ ဒီအေခြေလးေတြေရာင္းျဖစ္မယ္။ ေရာင္းရင္းေရာင္းရင္းနဲ႕ဒီအေခြေလးေတြ ကုန္သြားမယ္လို႕ထင္ပါတယ္။ အမ္တီဗီတစ္ခါတည္း ထြက္လိုက္တာေပါ့။ စီဒီၾကီးပဲ ပရိသတ္ကုိခ်ျပရင္ ကၽြန္ေတာ္တို႕သီခ်င္းေတြကို ပရိသတ္နားစြဲမွာ မဟုတ္တဲ့အတြက္ အမ္တီဗီတစ္ခါတည္း ထြက္လိုက္တာပါ။ ပရိသတ္ကေတာ့ ဟာသေတြအေျပာင္အေနာက္ေတြရိုက္ထားတာလုိ႕ထင္ပါလိမ့္မယ္။ ဒါေပမဲ့ အတည္ၾကီးေတြလုပ္ထားတာပါ။

-ေတးေရးေတြကေရာဘယ္သူေတြပါေသးလဲ။

ေတးေရးကေတာ့ ေမွာ္ရွင္၊ ေနာက္ၿပီးေတာ့ ကိုစိုးကိုသန္႕၊ ေနာက္ကိုစိန္လင္းေပါ့။ ေမွာ္ရွင္က ကၽြန္ေတာ္တို႕အဖြဲ႕ကိုေမ်ာက္ရံႈးပါ။

-သရုပ္ေဆာင္ပုိင္းမွာဆုိရင္လဲ မိန္းမလ်ာကာရိုက္တာေတာ္ေတာ္မ်ားမ်ားနဲ႕အစ္ကို႕ကိုေတြ႕ရတယ္ေနာ္။

သရုပ္ေဆာင္ပိုင္းကေၾကာ္ျငာေလးေတြရုိက္ျဖစ္တယ္။ ေနာက္မိန္းကေလး ကာရိုက္တာကေတာ့ ေတာ္ာေတာ္မ်ားမ်ားသရုပ္ေဆာင္ျဖစ္တယ္။ ကၽြန္ေတာ့္ကုိေခၚရင္ မိန္းကေလး ကာရိုက္တာေတြေခၚတာမ်ားတယ္။ ကိုယ္လုပ္ခ်င္တာလုပ္လုိ႕မရဘူးေလ။ ပရိသတ္အားေပးတဲ့ ကာရိုက္တာကိုပဲ လုပ္ျဖစ္တာမ်ားပါတယ္။

-ကံေစရာသီခ်င္းကိုဆိုရတဲ့အခ်ိန္ သရုပ္ေဆာင္ရတဲ့အခ်ိန္မွာေရာ ဘယ္လုိခံစားရလဲ။

သီခ်င္းစဆိုတဲ့အခ်ိန္မွာ တစ္ေၾကာင္းႏွစ္ေၾကာင္းပဲ ဆိုရေသးတယ္။ မ်က္ရည္က်လို႕ျပန္ရုိက္ရတယ္။ ကၽြန္ေတာ္က ဖိုင္နယ္ကို မဆိုခ်င္ေတာ့ဘူး။ ဒါေပမဲ့လဲ မဆုိလို႕မရတဲ့အတြက္ ဆိုခဲ့ရတယ္။ အဲ့ဒီမွာ လူကစိတ္ထဲမွာ ခံစားေနရတာဆိုေတာ့ ကုိယ့္အသံက ဘယ္လုိျဖစ္ေနမွန္းေတာင္မသိဘူး။ အဲဒါကိုနားလည္ေပးၿပီး ခံစားေပးၾကတဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္။

-အစ္ကုိ႕နဲ႕အဆုိေတာ္ရဲရင့္ေအာင္ကုိဆိုရင္လဲ လူမႈကြန္ယက္ေတြေပၚမွာ ေနာက္ေျပာင္ၿပီး troll ၾကတာမ်ိဳးရွိတယ္။ အဲ့ဒါကိုဘယ္လိုခံစားရလဲ။

ကၽြန္ေတာ္ကေတာ့ ေပ်ာ္ပါတယ္။ သူတို႕ေတြကြန္မန္႕မွာေရးထားတာေလးေတြကိုၾကည့္ၿပီး တစ္ခါတစ္ေလက်ရင္ လဲရယ္ခ်င္တယ္။ ရဲရင့္ေအာင္နဲ႕ကၽြန္ေတာ္နဲ႕မတူမွန္းသိၾကေပမဲ့ေနာက္ၾကတယ္။ တကယ့္ကိုမတူတာပါ။ ကိုရဲရင့္ေအာင္က အသားျဖဴျဖဴေခ်ာေခ်ာ၊ ကၽြန္ေတာ္ကမဲတယ္။ ရုပ္ကလဲမေခ်ာ၊ သူကႏုိင္ငံေက်ာ္အဆုိေတာ္ပဲဟာကို။ သူ႕ရဲ႕ အဆုိေတာ္သူငယ္ခ်င္းေတြဆုိ သူ႕ကိုၾကာစိပဲေခၚၾကတယ္တဲ့။ ကၽြန္ေတာ့္ကိုက်ေတာ့ ကိုယုန္ေလးတို႕ကုိႏုိင္း၀မ္းတို႕အကုန္လံုးက ရဲရင့္ေအာင္လို႕ေခၚၾကတယ္။

-အစ္ကုိနဲ႕ရဲရင့္ေအာင္ကအျပင္မွာခင္လား။

သိပ္မဆံုဖူးဘူးခင္ဗ်။ အခုခ်ိန္ထိကုိ မဆံုဖူးေသးဘူး။ တစ္ခါေလာက္ေတာ့ ဆံုျဖစ္ေအာင္ဆံုမယ္။ ၿပီးရင္ႏွစ္ေယာက္အတူတြဲရိုက္ၿပီးေတာ့တင္ဦးမယ္။

-အစ္ကုိ႕ကိုအားေပးေထာက္ခံၾကတဲ့ ပရိသတ္ေတြရွိသလို လူရႊင္ေတာ္မို႕လို႕ အသံမေကာင္းဘူးလို႕ေျပာေနၾကတဲ့သူေတြကုိေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ေၾသာ္သူတို႕ကအဲ့ဒီလိုေ၀ဖန္ေပးတာေကာင္းပါတယ္။ မွန္ပါတယ္။ ကုိယ္က အသံမွမေကာင္းတာ ေနာက္ၿပီးလူရႊင္ေတာ္လဲျဖစ္တဲ့အတြက္ ဘယ္လိုမွမေကာင္းႏုိင္ဘူးေလ။ ကိုယ့္ရဲ႕ခံစားခ်က္ေလးကိုတင္ျပရံုပါ။ သူတို႕ေ၀ဖန္တာမွန္ပါတယ္လို႕ေျပာခ်င္ပါတယ္။

-ပရိသတ္ကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

အေခြကို ေအာ္ရီဂ်င္နယ္ေလး၀ယ္ၿပီးအားေပးၾကပါလို႕။ ကားေပါင္ၿပီး လုပ္ထားတာျဖစ္တဲ့အတြက္ ကားေလးျပန္ေရြးလို႕ရေအာင္ အကုန္ျပန္မရေတာင္ တစ္၀က္ေလာက္ျပန္ရေအာင္ မူရင္းအေခြေလးကို ၀ယ္ယူအားေပးပါလို႕ေျပာခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ ဒီအေခြေလးကိုၾကည့္ၿပီး ၀မ္းနည္းၾကတဲ့ ပရိသတ္မ်ားအေပၚအေၾကြးတင္သြားပါၿပီ။ အဲ့ဒါေၾကာင့္ေနာက္ဆုိ ရယ္စရာေတြကုိ အတိုးခ်ၿပီး တင္ဆက္သြားပါ့မယ္။

trend.com.mm
==============

Unicode>>>
5Stars ဆယ့်နှစ်ပြည့် အမှတ်တရအနေနဲ့ထွက်ရှိခဲ့တဲ့ Today အမ်တီဗီလေးဟာ အခြေအနေကောင်းလှသလို အဲ့ဒီထဲက ကံစေရာဆိုတဲ့ သီချင်းလေးဟာလဲ လူရွှင်တော်ကြာစိရဲ့ ဘဝအခြေအနေမှန်ကို ရိုက်ကူးထားတယ်လို့သိရပါတယ်။ ဒါ့အပြင် အဆိုပါသီချင်းလေးကို တေးရေးမှော်ရှင် (5Stars အဖွဲ့ထဲကမျောက်ရှုံး) ကရေးစပ်သီကုံးပေးထားပြီး လူမှုကွန်ယက်ပေါ်အဆိုပါသီချင်းလေးပျံ့နှံ့ချိန်မှာ ပရိသတ်တော်တော်များများရဲ့ ရင်ထဲကိုရောက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အဆိုပါသီချင်းလေးကိုသီဆိုထားတဲ့ လူရွှင်တော်ကြာစိကို သီချင်းနဲ့ပတ်သက်ပြီး ၊ လက်ရှိ အနုပညာလှုပ်ရှားမှုများနဲ့ပတ်သက်ပြီး သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

အခုလက်ရှိက  ကျွန်တော်တို့ 5 Stars ငါးယောက် ငါးသိုင်းချောင်းမှာ ပွဲသွားကဖို့ရှိတယ်။ အဲ့ဒါပြီးရင် ကျွန်တော်တို့လှိုင်သာယာမှာကမယ်။ နောက် ၁၃ ရက်နေ့က နေပြည်တော်မင်းဝံတောင်ဆရာတော်ကြီးရဲ့ ပရဟိတပွဲလေးရှိမယ်။

-၄ ရက်နေ့ကထွက်ခဲ့တဲ့ သီချင်းခွေလေးနဲ့ပတ်သက်ပြီး ပရိသတ်အားပေးမှု အခြေအနေလေးကိုလဲ ပြောပြပေးပါဦး။

၄ ရက်နေ့ကဖြန့်ခဲ့တယ်။ ပရိသတ်တွေတော်တော်များများအားပေးကြတယ်။ အရမ်းဝမ်းသာပါတယ်။ မထင်မှတ်ပဲနဲ့ဒီအခွေလေးကို ပရိသတ်က မျှဝေခံစားပေးခဲ့ကြတဲ့အတွက် ဝမ်းလဲသာတယ်။ ကျေလဲကျေနပ်ပါတယ်

-ဆယ်နှစ်ပြည့် အခွေထွက်ခဲ့တာကရော ဘာကြောင့်များလဲ။ ဂီတနဲ့ပတ်သက်ပြီး ရှေ့ဆက်ဖန်တီးပြဖို့တွေရှိသေးလို့လား။

ဂီတက ကျွန်တော်တို့ရဲ့ treatment မဟုတ်ဘူး။ ဟာသတစ်ခုတည်းပါ။ လူရွှင်တော်အလုပ်ပဲ လုပ်မှာပါ။ ဒါပေမဲ့ ဂီတဆိုတာ ဆယ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့။ ငါးနှစ်မှာလဲ ဖျော်ဖြေရေးတွေလုပ်ခဲ့ပြီးပြီး။ ခုနစ်နှစ်မှာလဲ ဖျော်ဖြေရေးတွေလုပ်ခဲ့ပြီးပြီ။ ဆယ်နှစ်ပြည့်တဲ့အချိန်မှာ ကျွန်တော်တို့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ပရိသတ်ကို ရသလေးတစ်ခုဖြစ်သွားအောင် စီးရီးခွေထုတ်ပြီး ကျေးဇူးဆပ်ချင်တယ်ဆိုပြီး ထုတ်ဖြစ်သွားတာပါ။ ကျွန်တော်တို့ဒီအခွေလေးထုတ်ဖြစ်ဖို့အတွက် နှစ်နှစ်လောက်ကတည်းက ကြိုတင်ပြီး အစီအစဉ် ဆွဲခဲ့ရတာပါ။ သီချင်းငါးလုံး ၁၂ ပုဒ်ပါတယ်။ ငါးယောက် Group Song က သုံးပုဒ် ကျန်တဲ့ဟာက တစ်ယောက်နှစ်ပုဒ်စီ၊ ကိုမျောက်ရှုံးကတော့ တစ်ပုဒ်ထဲပဲပေါ့။

-အဲ့ဒီထဲမှာ ပရိသတ်တွေသဘောကျကြတဲ့ ကံစေရာသီချင်းလေးဖန်တီးဖြစ်ပုံကိုလဲသိချင်ပါတယ်။

အဲ့ဒီသီချင်းလေးက ကျွန်တော့ရဲ့ ခံစားချက်အစစ်အမှန်ပေါ့။ အမေဆုံးသွားတဲ့အချိန်မှာ ကျွန်တော်ပွဲကနေရတဲ့အချိန်။ ဒါပေမဲ့ အမေဆုံးပြီးမှ သိတာမဟုတ်ပါဘူး။ အမေဆုံးတော့မယ်ဆိုကတည်းက သိတယ်။ သိရဲ့သားနဲ့ပွဲမကချင်ပဲနဲ့အမေက သွားက၊ သူ့ကိုစိတ်မပူနဲ့ဆိုပြီး စကားမပြောနိုင်ပဲ လက်ကလေးနဲ့ပွဲသွားကခိုင်းတယ်။ ဆေးရုံမှာ အမေ့ကိုအောက်ဆီဂျင်နဲ့ထားခဲ့ပြီး ပရိသတ်ကို သွားဖျော်ဖြေရတယ်။ ပရိသတ်ကိုဖျော်ဖြေရတဲ့အချိန်မှာ စိတ်ကအမေ့ဆီရောက်နေတယ်။ အသုဘချတဲ့ အချိန်မှာလဲ မမှီဘူး ကျွန်တော်ကခေတ်သစ်မြန်မာအငြိမ့် ရိုက်နေတယ်။ ထမင်းစားချိန်မှာ အမေ့နာရေးကို ကမန်းကတန်းပြေးခဲ့ရတာပေါ့။ အမေ့ဆီကပြန်လာတော့ ဖျော်ဖြေရေးပြန်လာပေါ့။ အဲ့ဒီသီချင်းလေးကြောင့် ပရိသတ်ကို မျက်ရည်ကျစေသလိုဖြစ်သွားခဲ့ရင်တောင်းပန်ပါတယ်။ ပရိသတ်အားပေးလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူး။ အခုလိုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။

-အဲ့ဒီသီချင်းလေးခွေလေးကို ထုတ်ဖြစ်ခဲ့တာက ဆယ်နှစ်ပြည့်အတွက်သီးသန့်ပဲပေါ့။ ဂီတဖက်မှာဆက်လျှောက်ဖို့အတွက်ထုတ်ဖြစ်ခဲ့တာမဟုတ်ဘူးပေါ့။

မဟုတ်ပါဘူး။ ဆယ်နှစ်ပြည့်မှာ ကျွန်တော်တို့ငါးယောက်ရဲ့ မှတ်တိုင်တစ်ခုအနေနဲ့ပါ။ ဒီအခွေလေးထုတ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ငါးယောက်ရဲ့ သင်္ကြန်ပွဲလေးတွေ၊ ပရိုမိုးရှင်းပွဲလေးတွေမှာ ပြန်ဆိုလို့ရတယ်။ အဲ့ဒါမျိုးလေးတွေရည်ရွယ်ပြီးလုပ်ဖြစ်ခဲ့တာပါ။ တကယ့်အဆိုတော်ကြီးတွေလိုတော့ မဟုတ်ပါဘူး။ ပိုက်ဆံရှိလို့ပိုက်ဆံပေါလို့ထုတ်တာလဲ မဟုတ်ပါဘူး။ ငါးယောက်စီးနေတဲ့ ကားလေးကို သိန်းနှစ်ရာနဲ့ပေါင်ပြီးတော့ ဒီအခွေလေးကို ဖန်တီးထားတာပါခင်ဗျ။

-အခွေရောင်းအားအခြေအနေကရော ဘယ်လိုရှိလဲ။

မဆိုးဘူးလို့ပြောရမှာပေါ့။ ကျွန်တော်တို့ 5 Stars အဖွဲ့ကတော့ နယ်တကာလှည့်ရင်း ပွဲကနေရတာဖြစ်တဲ့အတွက် ပွဲကတဲ့နေရာတိုင်းမှာ ဒီအခွေလေးတွေရောင်းဖြစ်မယ်။ ရောင်းရင်းရောင်းရင်းနဲ့ဒီအခွေလေးတွေ ကုန်သွားမယ်လို့ထင်ပါတယ်။ အမ်တီဗီတစ်ခါတည်း ထွက်လိုက်တာပေါ့။ စီဒီကြီးပဲ ပရိသတ်ကိုချပြရင် ကျွန်တော်တို့သီချင်းတွေကို ပရိသတ်နားစွဲမှာ မဟုတ်တဲ့အတွက် အမ်တီဗီတစ်ခါတည်း ထွက်လိုက်တာပါ။ ပရိသတ်ကတော့ ဟာသတွေအပြောင်အနောက်တွေရိုက်ထားတာလို့ထင်ပါလိမ့်မယ်။ ဒါပေမဲ့ အတည်ကြီးတွေလုပ်ထားတာပါ။

-တေးရေးတွေကရောဘယ်သူတွေပါသေးလဲ။

တေးရေးကတော့ မှော်ရှင်၊ နောက်ပြီးတော့ ကိုစိုးကိုသန့်၊ နောက်ကိုစိန်လင်းပေါ့။ မှော်ရှင်က ကျွန်တော်တို့အဖွဲ့ကိုမျောက်ရှုံးပါ။

-သရုပ်ဆောင်ပိုင်းမှာဆိုရင်လဲ မိန်းမလျာကာရိုက်တာတော်တော်များများနဲ့အစ်ကို့ကိုတွေ့ရတယ်နော်။

သရုပ်ဆောင်ပိုင်းကကြော်ငြာလေးတွေရိုက်ဖြစ်တယ်။ နောက်မိန်းကလေး ကာရိုက်တာကတော့ တော်ာတော်များများသရုပ်ဆောင်ဖြစ်တယ်။ ကျွန်တော့်ကိုခေါ်ရင် မိန်းကလေး ကာရိုက်တာတွေခေါ်တာများတယ်။ ကိုယ်လုပ်ချင်တာလုပ်လို့မရဘူးလေ။ ပရိသတ်အားပေးတဲ့ ကာရိုက်တာကိုပဲ လုပ်ဖြစ်တာများပါတယ်။

-ကံစေရာသီချင်းကိုဆိုရတဲ့အချိန် သရုပ်ဆောင်ရတဲ့အချိန်မှာရော ဘယ်လိုခံစားရလဲ။

သီချင်းစဆိုတဲ့အချိန်မှာ တစ်ကြောင်းနှစ်ကြောင်းပဲ ဆိုရသေးတယ်။ မျက်ရည်ကျလို့ပြန်ရိုက်ရတယ်။ ကျွန်တော်က ဖိုင်နယ်ကို မဆိုချင်တော့ဘူး။ ဒါပေမဲ့လဲ မဆိုလို့မရတဲ့အတွက် ဆိုခဲ့ရတယ်။ အဲ့ဒီမှာ လူကစိတ်ထဲမှာ ခံစားနေရတာဆိုတော့ ကိုယ့်အသံက ဘယ်လိုဖြစ်နေမှန်းတောင်မသိဘူး။ အဲဒါကိုနားလည်ပေးပြီး ခံစားပေးကြတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။

-အစ်ကို့နဲ့အဆိုတော်ရဲရင့်အောင်ကိုဆိုရင်လဲ လူမှုကွန်ယက်တွေပေါ်မှာ နောက်ပြောင်ပြီး troll ကြတာမျိုးရှိတယ်။ အဲ့ဒါကိုဘယ်လိုခံစားရလဲ။

ကျွန်တော်ကတော့ ပျော်ပါတယ်။ သူတို့တွေကွန်မန့်မှာရေးထားတာလေးတွေကိုကြည့်ပြီး တစ်ခါတစ်လေကျရင် လဲရယ်ချင်တယ်။ ရဲရင့်အောင်နဲ့ကျွန်တော်နဲ့မတူမှန်းသိကြပေမဲ့နောက်ကြတယ်။ တကယ့်ကိုမတူတာပါ။ ကိုရဲရင့်အောင်က အသားဖြူဖြူချောချော၊ ကျွန်တော်ကမဲတယ်။ ရုပ်ကလဲမချော၊ သူကနိုင်ငံကျော်အဆိုတော်ပဲဟာကို။ သူ့ရဲ့ အဆိုတော်သူငယ်ချင်းတွေဆို သူ့ကိုကြာစိပဲခေါ်ကြတယ်တဲ့။ ကျွန်တော့်ကိုကျတော့ ကိုယုန်လေးတို့ကိုနိုင်းဝမ်းတို့အကုန်လုံးက ရဲရင့်အောင်လို့ခေါ်ကြတယ်။

-အစ်ကိုနဲ့ရဲရင့်အောင်ကအပြင်မှာခင်လား။

သိပ်မဆုံဖူးဘူးခင်ဗျ။ အခုချိန်ထိကို မဆုံဖူးသေးဘူး။ တစ်ခါလောက်တော့ ဆုံဖြစ်အောင်ဆုံမယ်။ ပြီးရင်နှစ်ယောက်အတူတွဲရိုက်ပြီးတော့တင်ဦးမယ်။

-အစ်ကို့ကိုအားပေးထောက်ခံကြတဲ့ ပရိသတ်တွေရှိသလို လူရွှင်တော်မို့လို့ အသံမကောင်းဘူးလို့ပြောနေကြတဲ့သူတွေကိုရော ဘာများပြောချင်သေးလဲ။

သြော်သူတို့ကအဲ့ဒီလိုဝေဖန်ပေးတာကောင်းပါတယ်။ မှန်ပါတယ်။ ကိုယ်က အသံမှမကောင်းတာ နောက်ပြီးလူရွှင်တော်လဲဖြစ်တဲ့အတွက် ဘယ်လိုမှမကောင်းနိုင်ဘူးလေ။ ကိုယ့်ရဲ့ခံစားချက်လေးကိုတင်ပြရုံပါ။ သူတို့ဝေဖန်တာမှန်ပါတယ်လို့ပြောချင်ပါတယ်။

-ပရိသတ်ကိုရော ဘာများပြောချင်သေးလဲ။

အခွေကို အော်ရီဂျင်နယ်လေးဝယ်ပြီးအားပေးကြပါလို့။ ကားပေါင်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ကားလေးပြန်ရွေးလို့ရအောင် အကုန်ပြန်မရတောင် တစ်ဝက်လောက်ပြန်ရအောင် မူရင်းအခွေလေးကို ဝယ်ယူအားပေးပါလို့ပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီအခွေလေးကိုကြည့်ပြီး ဝမ်းနည်းကြတဲ့ ပရိသတ်များအပေါ်အကြွေးတင်သွားပါပြီ။ အဲ့ဒါကြောင့်နောက်ဆို ရယ်စရာတွေကို အတိုးချပြီး တင်ဆက်သွားပါ့မယ်။

trend.com.mm

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...