ဘဏ္တိုးရေငြေပၚတြင္ အခြန္ေကာက္ေတာ့မည္..။

ဘဏ္တိုးရေငြေပၚတြင္ အခြန္ေကာက္ခံရန္ စီစဥ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၇
ပမာဏ မ်ားျပားေသာ ဘဏ္အပ္ႏွံေငြမ်ားမွ အတိုးရေငြအေပၚတြင္ ႏႈန္းထားတစ္ရပ္ျဖင့္ အခြန္ေကာက္ခံရန္ ျပည္တြင္း အခြန္မ်ား ဦးစီးဌာနက စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း အဆိုပါဌာန၏ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က The Voice သို႔ ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၏ ဝင္ေငြခြန္ ဥပေဒတြင္ စည္းၾကပ္ထိုက္ေသာ ဝင္ေငြရွိသူတိုင္း အခြန္ ေပးေဆာင္ရန္ ျပ႒ာန္းထားရာတြင္ ဘဏ္တိုးရေငြေပၚ၌ အခြန္ေကာက္ခံျခင္းလည္း ပါဝင္ေသာ္လည္း လက္ရွိတြင္ အားလံုးကို မလုပ္ေဆာင္ႏိုင္ေသးေၾကာင္း ျပည္တြင္း အခြန္မ်ား ဦးစီးဌာနမွ အႀကီးတန္း အရာရွိတစ္ဦးက ဆိုသည္။

“ဘဏ္ကရတဲ့ အတိုးေပၚမွာ Withholding Tax (ပင္ရင္းမွႏုတ္ယူ ေပးသြင္းအခြန္ေငြ) ေခၚတာေပါ့၊ အဲဒါကို ေလာေလာဆယ္ အေျခအေနမွာ မလုပ္ႏိုင္ေသးဘူး။ မၾကာခင္မွာ ဒါေတြ ျဖစ္လာပါမယ္”ဟု အထက္ပါပုဂၢိဳလ္က ဆိုသည္။

ႏိုင္ငံတကာတြင္လည္း ဘဏ္တိုးရေငြ အေပၚတြင္ အခြန္စည္းၾကပ္မႈမ်ားရွိၿပီး ျပည္တြင္းေန ႏိုင္ငံသား၊ ႏိုင္ငံျခားသားမ်ားႏွင့္ ျပည္ပေန ႏိုင္ငံျခားသားအေပၚ အခြန္ႏႈန္းထား ခြဲျခားေကာက္ခံေလ့ ရွိၾကသည္။

“သတ္မွတ္ခ်က္ေတာ့ ရွိတာေပါ့။ ဥပမာ - ဘဏ္မွာ သိန္း ၃၀ဝ စာရင္းေသ အပ္ထားရင္ တစ္ႏွစ္ကို ၁၀ ရာခိုင္ႏႈန္းနဲ႔ သိန္း ၃၀ ျပန္ရမယ္။ အဲဒီလိုဟာမ်ိဳးကိုေတာ့ ေကာက္ခ်င္မွ ေကာက္မွာေပါ့။ သို႔ေသာ္လည္းပဲ သိန္း ၁၀,ဝ၀ဝ တို႔ စသျဖင့္ေပါ့ ေငြအမ်ားႀကီး အပ္ထားသူေတြ က်ရင္ေတာ့ ေပးရမယ္”ဟု ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ဆိုသည္။

ဘဏ္တိုးရေငြေပၚတြင္ အခြန္ ေကာက္ခံရန္ ယခင္ကတည္းက ေငြစု ဘဏ္ဥပေဒ သီးသန္႔ ျပ႒ာန္းထားမႈ ရွိေသာ္လည္း ႏိုင္ငံပိုင္ဘဏ္မ်ားကို ကင္းလြတ္ခြင့္ျပဳထားျခင္းမွာ ေခတ္ကာလႏွင့္ မေလ်ာ္ညီသည့္အတြက္ ျပင္ဆင္ရန္ လိုအပ္ေၾကာင္း ကေမၻာဇဘဏ္မွ အႀကီးတန္း အႀကံေပး ဦးသန္းလြင္က ဆိုသည္။

“အရင္တုန္းကေတာ့ ပုဂၢလိက ဘဏ္ရယ္လို႔မွ မရွိေသးတာ။ ကိစၥမရွိဘူးေပါ့။ ခုက ပုဂၢလိက ဘဏ္ေတြလည္း အမ်ားႀကီး ျဖစ္လာၿပီဆိုေတာ့ ႏိုင္ငံပိုင္ကိုေတာ့ အခြန္မေကာက္ဘဲ ေနတာမ်ိဳးက မျဖစ္သင့္ဘူး။ လက္ရွိ အခြန္ေပးေနရလား ဆိုတာေတာ့ ေသခ်ာ ျပန္ၾကည့္မွရမယ္”ဟု ၎က ဆိုသည္။

အာဆီယံေဒသတြင္း ႏိုင္ငံမ်ားအနက္ ကေမၻာဒီးယား၊ လာအို၊ အင္ဒို နီးရွား၊ ဖိလစ္ပိုင္ႏွင့္ ထိုင္းႏိုင္ငံတို႔သည္ လက္ရွိတြင္ ျပည္တြင္းေန ႏိုင္ငံသားမ်ား၏ ဘဏ္တိုးရေငြအေပၚ အခြန္ေကာက္ခံလ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္ ယခုႏွစ္ ဇန္နဝါရီလ ၁၀ ရက္ေန႔က ထုတ္ျပန္ထားေသာ အမိန္႔ေၾကာ္ျငာစာအရ ျပည္ပေန ႏိုင္ငံျခားသားမ်ားသာ ဘဏ္တိုးရေငြ အေပၚတြင္ အခြန္ ၁၅ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္သည္။ 
THEVOICE
ဘဏ်တိုးရငွေပေါ်တွင် အခွန်ကောက်ခံရန် စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ပမာဏ များပြားသော ဘဏ်အပ်နှံငွေများမှ အတိုးရငွေအပေါ်တွင် နှုန်းထားတစ်ရပ်ဖြင့် အခွန်ကောက်ခံရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဝင်ငွေခွန် ဥပဒေတွင် စည်းကြပ်ထိုက်သော ဝင်ငွေရှိသူတိုင်း အခွန် ပေးဆောင်ရန် ပြဋ္ဌာန်းထားရာတွင် ဘဏ်တိုးရငွေပေါ်၌ အခွန်ကောက်ခံခြင်းလည်း ပါဝင်သော်လည်း လက်ရှိတွင် အားလုံးကို မလုပ်ဆောင်နိုင်သေးကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

“ဘဏ်ကရတဲ့ အတိုးပေါ်မှာ Withholding Tax (ပင်ရင်းမှနုတ်ယူ ပေးသွင်းအခွန်ငွေ) ခေါ်တာပေါ့၊ အဲဒါကို လောလောဆယ် အခြေအနေမှာ မလုပ်နိုင်သေးဘူး။ မကြာခင်မှာ ဒါတွေ ဖြစ်လာပါမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

နိုင်ငံတကာတွင်လည်း ဘဏ်တိုးရငွေ အပေါ်တွင် အခွန်စည်းကြပ်မှုများရှိပြီး ပြည်တွင်းနေ နိုင်ငံသား၊ နိုင်ငံခြားသားများနှင့် ပြည်ပနေ နိုင်ငံခြားသားအပေါ် အခွန်နှုန်းထား ခွဲခြားကောက်ခံလေ့ ရှိကြသည်။

“သတ်မှတ်ချက်တော့ ရှိတာပေါ့။ ဥပမာ - ဘဏ်မှာ သိန်း ၃ဝဝ စာရင်းသေ အပ်ထားရင် တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းနဲ့ သိန်း ၃၀ ပြန်ရမယ်။ အဲဒီလိုဟာမျိုးကိုတော့ ကောက်ချင်မှ ကောက်မှာပေါ့။ သို့သော်လည်းပဲ သိန်း ၁၀,ဝဝဝ တို့ စသဖြင့်ပေါ့ ငွေအများကြီး အပ်ထားသူတွေ ကျရင်တော့ ပေးရမယ်”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

ဘဏ်တိုးရငွေပေါ်တွင် အခွန် ကောက်ခံရန် ယခင်ကတည်းက ငွေစု ဘဏ်ဥပဒေ သီးသန့် ပြဋ္ဌာန်းထားမှု ရှိသော်လည်း နိုင်ငံပိုင်ဘဏ်များကို ကင်းလွတ်ခွင့်ပြုထားခြင်းမှာ ခေတ်ကာလနှင့် မလျော်ညီသည့်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်း အကြံပေး ဦးသန်းလွင်က ဆိုသည်။

“အရင်တုန်းကတော့ ပုဂ္ဂလိက ဘဏ်ရယ်လို့မှ မရှိသေးတာ။ ကိစ္စမရှိဘူးပေါ့။ ခုက ပုဂ္ဂလိက ဘဏ်တွေလည်း အများကြီး ဖြစ်လာပြီဆိုတော့ နိုင်ငံပိုင်ကိုတော့ အခွန်မကောက်ဘဲ နေတာမျိုးက မဖြစ်သင့်ဘူး။ လက်ရှိ အခွန်ပေးနေရလား ဆိုတာတော့ သေချာ ပြန်ကြည့်မှရမယ်”ဟု ၎င်းက ဆိုသည်။

အာဆီယံဒေသတွင်း နိုင်ငံများအနက် ကမ္ဘောဒီးယား၊ လာအို၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည် လက်ရှိတွင် ပြည်တွင်းနေ နိုင်ငံသားများ၏ ဘဏ်တိုးရငွေအပေါ် အခွန်ကောက်ခံလျက်ရှိပြီး မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအရ ပြည်ပနေ နိုင်ငံခြားသားများသာ ဘဏ်တိုးရငွေ အပေါ်တွင် အခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
THEVOICE

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...