အထီးက်န္တယ္လို႔ ခံစားရတဲ့အခါ ဒါေလးေတြလုပ္ၾကည့္ပါ...

ကမာၻႀကီးေပၚမွာ ေနထို္င္ေနၾကတာ လူေပါင္း ၇ သန္းေက်ာ္ ရွိပါတယ္။ ဒီ (၇) သန္းေက်ာ္ထဲက အမ်ားစုက အခ်ိန္တိုင္းလိုလို တစ္ေယာက္တည္း အထီးက်န္ေနတယ္၊ ငါ့ဘြေလးသနားစရာ လို႔ ခံစားေနၾကရတယ္။ ဘဝမွာ တစ္ႀကိမ္တစ္ခါေတာ့ လူတိုင္း အထီးက်န္ဆန္တဲ့ ခံစားခ်က္ကို ၾကံဳေတြ႔ ခံစားဖူးၾကမွာပါ။ ဒါေပမယ့္ အဲဒီတုန္းကလည္း သင္တစ္ေယာက္တည္းပဲ ဒီခံစားမႈကို ေက်ာ္ျဖတ္ခဲ့တာပါ။ အခုထိကို အထီးက်န္ေနတုန္းလား။
ဒီလို အထီးက်န္တဲ့ ခံစားမႈမွမဟုတ္ပါဘူး။ တစ္ျခားခံစားမႈေတြကေကာ ေန႔တိုင္း ခံစားေနစရာ လိုအပ္တဲ့အရာေတြလား။ မျဖစ္မေနကို ခံစားရမွာလား။ အဲဒီလို ဆိုရင္ေတာင္ သင္ေန႔တိုင္း ဝမ္းနည္းမေနႏိုင္ပါဘူး။ တစ္ခ်ိဳ႕ ဖီလင္ေတြက ခံစားမႈေပးတယ္၊ နာက်င္မႈေပးတယ္ဆိုတာ သင့္ကို နားလည္ေအာင္ သြန္သင္ေနတာာလို႔ ေျပာရင္ ယံုမလား။ ဒီ အထီးက်န္တဲ့ ခံစားမႈအပါအဝင္ေပါ့။ အခုအထီးက်န္တယ္လို႔ ခံစားေနရရင္ ဒီအခ်က္ေလးေတြကို ဆက္ဖတ္ၾကည့္လိုက္ပါ။

(၁) သင္တစ္ေယာက္တည္း မဟုတ္ပါဘူး
ျဖစ္ခ်င္တာက ဆႏၵ၊ ျဖစ္ေနတာက ဘဝ၊ ျဖစ္ႏိုင္တာက စ ရပါတယ္။ တစ္ေယာက္တည္းအထီးက်န္တယ္။ ဟုတ္ၿပီ။ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ေတာ့ လူတိုင္း အထီးက်န္မႈကို ခံစားၾကရတာပါပဲ။ ဒါေလာက သဘာဝျဖစ္ၿပီး ဒီအထီးက်န္မႈဆိုတာ သင္တစ္ေယာက္တည္းၾကံဳရတဲ့ ခံစားမႈမဟုတ္ဘူးဆိုတာကို သတိရပါ။ ၿပီးေတာ့

(၂) လူေတြက ေအာင္ျမင္ထင္ရွားတဲ့အခ်က္ေတြကိုပဲ သိေစခ်င္ၾကတာပါ
ေဖ့စ္ဘြတ္ေတြ၊ အင္စတာဂရမ္ေတြ ၾကည့္ၿပီးရင္ တစ္ခါတစ္ေလ စိတ္ဓာတ္က်တတ္ၾကပါတယ္။ သူတို႔လို ဘဝေတြ၊ ေအာင္ျမင္မႈေတြ ငါ့မွာ မရွိဘူးဆိုၿပီး ဝမ္းနည္းပက္လက္ျဖစ္ၾကပါတယ္။ တစ္ေန႔  ဆဲလ္ဖီတစ္ပံုေတာင္မွ လွလွပပ မတင္ႏိုင္ၾကရွာပါဘူး။ ဒါေပမယ့္ လူေတြက သူတို႔ရဲ့ ေတာက္ပ ေအာင္ျမင္ထင္ရွားၿပီး ၾကည့္ေကာင္းေနတာကိုပဲ တင္ေလ့ရွိၾကတာပါ။ ၿပီးေတာ့ သင့္လက္တြဲေဖာ္က ပြင့္လင္းမႈ မရွိတာ ဘာေၾကာင့္လဲ သိခ်င္ရင္ ဖတ္ၾကည့္လို႔ရပါတယ္။

(၃) ဒီတိုင္းေလးလဲ အဆင္ေျပပါတယ္
တစ္ခါတစ္ေလ ကိုယ့္ဖာသာ ဒီလိုျဖစ္စရာအေၾကာင္းမရွိဘူး၊ ငါတစ္ေယာက္တည္း ျဖစ္ေနတာ အဓိပၸာယ္လံုးဝကို မရွိဘူး စသျဖင့္ ေတြးၾကတယ္။ ဘာေတြ ထပ္လုပ္ရမလဲ၊ ေရွ႕ဆက္ဒီလို တစ္ေယာက္တည္းမျဖစ္ေအာင္ ဘာေတြလုပ္မယ္၊ ဘာေတြလိုအပ္တယ္ စသျဖင့္ စီစဥ္ၾကတယ္။ ကိုယ့္အေတြးနဲ႔ ကိုယ္ရွိၾကသည္ေပ့ါ။ ဒါဆိုလည္း ဒီလိုေလးေျပာင္းေတြးၾကည့္ေစခ်င္တယ္။ တကယ္က အထီးက်န္ေနတာမဟုတ္ပါဘူး။ အားျပန္ျဖည့္ဖို႔ အခ်ိန္ေပးထားတာပါ။ ေနာက္တစ္ခါ ျပန္လည္ထင္ရွားေတာက္ပဖို႔၊ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေလွ်ာက္လည္ဖို႔၊ ဘဲနဲ႔ သြားေတြ႔တဲ့အခါလွေနဖို႔ အခ်ိန္ေလးနည္းနည္းေတာ့ လိုတယ္ေလ။

(၄) ကိုယ့္ကိုယ္ကိုယ္ သူငယ္ခ်င္းလုပ္လိုက္ပါ
တကယ္ကို ပစ္ထားခံရတာပါ၊ သူငယ္ခ်င္းေတြကလည္း တကယ္ ပစ္ထားတာပါ၊ တျခားမိသားစုဝင္ေတြကလည္း ေခါင္းထဲကို မရွိတာပါဆိုရင္ ဘယ္လိုလုပ္ၾကမလဲ။ အုိေကေလ။ စိတ္ညစ္ေနစရာမလိုပါဘူး။ သူငယ္ခ်င္း အေပါင္းအသင္းမ့ဲေနတဲ့ သင့္ကိုယ္သင္ သူငယ္ခ်င္းလုပ္လိုက္ပါ။ ဒါကလြယ္ပါတယ္။ ငါ့သူငယ္ခ်င္း ဘာမွ အားမငယ္နဲ႔၊ မင္းနဲ႔အတူ ငါရွိတယ္၊ မင္းဝမ္းနည္းမေနနဲ႔၊ ဒီေကာင္ေတြထက္သာတဲ့လူ၊ စိတ္ထားပိုေကာင္းတဲ့လူ၊ ဒီေကာင္ေတြထက္ ကိုယ္ခ်င္းစာစိတ္ရွိတဲ့လူသာ ျဖစ္ေအာင္ႀကိဳးစားစမ္းပါ၊ မင္းဘာလိုလည္းေျပာ၊ ငါကူညီေပးမယ္။ ဒါက ဥပမာ ေျပာျပတာပါ။ မင္းအတြက္ မင္းရွိပါတယ္။
သင္နဲ႔အတူ အခုရွိေနတဲ့သူ (သင္ကိုယ္တိုင္) ကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ သင္အထီးက်န္တယ္လို႔ ခံစားရမွာမဟုတ္ပါဘူး။ - ဝိမ္းဒိုင္ယာ

(၅) မနက္မိုးေသာက္ရင္ အလင္းေရာက္စၿမဲပါ
အခု ဒီစာကို ဖတ္ေနတဲ့အခ်ိန္က မနက္ျဖစ္ခ်င္ျဖစ္မယ္။ ညေန ျဖစ္ခ်င္လည္းျဖစ္ႏိုင္တယ္။ ညအိ္ပ္ခါနီးလည္း ျဖစ္ႏိုင္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ စာဖတ္ၿပီးရင္ တျခားဟာေလွ်ာက္ၾကည့္မယ္၊ ေဖ့စ္ဘြတ္ခ္သံုးမယ္၊ ဖုန္းကလိမယ္၊ ၿပီးရင္ အိပ္ေတာ့ အိပ္ရဦးမွာပဲ။ အိုေက.. ဒီလိုနဲ႔ ေနာက္တစ္ေန႔မနက္ေရာက္လာမယ္။ ေနလည္းထြက္လာမယ္။ ဖုန္းဖြင့္ၾကည့္ရင္ ေနာက္ထပ္ စိတ္ဝင္စားစရာေတြ၊ စိတ္ရႈပ္စရာေတြ ဘာေတြ ေတြ႔ရမယ္မွန္း မသိပါဘူး။ ေကာင္းတာလည္းရွိမယ္၊ ဆိုးတာလည္းရွိမယ္။ တစ္ခုေသခ်ာတာကေတာ့ ဘာမွမေသခ်ာဘူးဆိုတာပါပဲ။ မနက္ျဖန္မနက္ ဘဲနဲ႔ စိတ္ေကာက္တာကေန မတ္ေဆ့ခ်္နဲ႔ ေခ်ာ့ထားတာလည္း ေတြ႔ခ်င္ေတြ႔ရႏိုင္တယ္။ အိမ္ကလူေတြကလည္း ကိုယ္ႀကိဳက္တဲ့မုန္႔ေလး မနက္စာဝယ္ခ်င္ဝယ္ေပးထားလိမ့္မယ္၊ သူငယ္ခ်င္းေတြကလည္း စိတ္ေျပာင္းၿပီး ေခၚခ်င္ေခၚမွာေပါ့။ တစ္သက္လံုးႀကီး အထီးက်န္ၿပီး ဘယ္သူမွ မျဖတ္သန္းႏိုင္ပါဘူး။ ေပ်ာ္စရာမဟုတ္ရင္ေတာင္ စိတ္ရႈပ္စရာေပၚလာလို႔ ဆက္မဖီးလ္ႏိုင္တာမ်ိဳးပဲ ျဖစ္မွာပါ။

အားလံုးပဲ စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ က်န္းမာျခင္းျဖင့္ ခ်မ္းေျမ႕စြာ အနားယူႏိုင္ၾကပါေစ။

Source : TinyBuddha
======
 Unicode

ကမ္ဘာကြီးပေါ်မှာ နေထို်င်နေကြတာ လူပေါင်း ၇ သန်းကျော် ရှိပါတယ်။ ဒီ (၇) သန်းကျော်ထဲက အများစုက အချိန်တိုင်းလိုလို တစ်ယောက်တည်း အထီးကျန်နေတယ်၊ ငါ့ဘွလေးသနားစရာ လို့ ခံစားနေကြရတယ်။ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လူတိုင်း အထီးကျန်ဆန်တဲ့ ခံစားချက်ကို ကြုံတွေ့ ခံစားဖူးကြမှာပါ။ ဒါပေမယ့် အဲဒီတုန်းကလည်း သင်တစ်ယောက်တည်းပဲ ဒီခံစားမှုကို ကျော်ဖြတ်ခဲ့တာပါ။ အခုထိကို အထီးကျန်နေတုန်းလား။
ဒီလို အထီးကျန်တဲ့ ခံစားမှုမှမဟုတ်ပါဘူး။ တစ်ခြားခံစားမှုတွေကကော နေ့တိုင်း ခံစားနေစရာ လိုအပ်တဲ့အရာတွေလား။ မဖြစ်မနေကို ခံစားရမှာလား။ အဲဒီလို ဆိုရင်တောင် သင်နေ့တိုင်း ဝမ်းနည်းမနေနိုင်ပါဘူး။ တစ်ချို့ ဖီလင်တွေက ခံစားမှုပေးတယ်၊ နာကျင်မှုပေးတယ်ဆိုတာ သင့်ကို နားလည်အောင် သွန်သင်နေတာာလို့ ပြောရင် ယုံမလား။ ဒီ အထီးကျန်တဲ့ ခံစားမှုအပါအဝင်ပေါ့။ အခုအထီးကျန်တယ်လို့ ခံစားနေရရင် ဒီအချက်လေးတွေကို ဆက်ဖတ်ကြည့်လိုက်ပါ။

(၁) သင်တစ်ယောက်တည်း မဟုတ်ပါဘူး
ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘဝ၊ ဖြစ်နိုင်တာက စ ရပါတယ်။ တစ်ယောက်တည်းအထီးကျန်တယ်။ ဟုတ်ပြီ။ တစ်ချိန်မဟုတ် တစ်ချိန်တော့ လူတိုင်း အထီးကျန်မှုကို ခံစားကြရတာပါပဲ။ ဒါလောက သဘာဝဖြစ်ပြီး ဒီအထီးကျန်မှုဆိုတာ သင်တစ်ယောက်တည်းကြုံရတဲ့ ခံစားမှုမဟုတ်ဘူးဆိုတာကို သတိရပါ။ ပြီးတော့

(၂) လူတွေက အောင်မြင်ထင်ရှားတဲ့အချက်တွေကိုပဲ သိစေချင်ကြတာပါ
ဖေ့စ်ဘွတ်တွေ၊ အင်စတာဂရမ်တွေ ကြည့်ပြီးရင် တစ်ခါတစ်လေ စိတ်ဓာတ်ကျတတ်ကြပါတယ်။ သူတို့လို ဘဝတွေ၊ အောင်မြင်မှုတွေ ငါ့မှာ မရှိဘူးဆိုပြီး ဝမ်းနည်းပက်လက်ဖြစ်ကြပါတယ်။ တစ်နေ့  ဆဲလ်ဖီတစ်ပုံတောင်မှ လှလှပပ မတင်နိုင်ကြရှာပါဘူး။ ဒါပေမယ့် လူတွေက သူတို့ရဲ့ တောက်ပ အောင်မြင်ထင်ရှားပြီး ကြည့်ကောင်းနေတာကိုပဲ တင်လေ့ရှိကြတာပါ။ ပြီးတော့ သင့်လက်တွဲဖော်က ပွင့်လင်းမှု မရှိတာ ဘာကြောင့်လဲ သိချင်ရင် ဖတ်ကြည့်လို့ရပါတယ်။

(၃) ဒီတိုင်းလေးလဲ အဆင်ပြေပါတယ်
တစ်ခါတစ်လေ ကိုယ့်ဖာသာ ဒီလိုဖြစ်စရာအကြောင်းမရှိဘူး၊ ငါတစ်ယောက်တည်း ဖြစ်နေတာ အဓိပ္ပာယ်လုံးဝကို မရှိဘူး စသဖြင့် တွေးကြတယ်။ ဘာတွေ ထပ်လုပ်ရမလဲ၊ ရှေ့ဆက်ဒီလို တစ်ယောက်တည်းမဖြစ်အောင် ဘာတွေလုပ်မယ်၊ ဘာတွေလိုအပ်တယ် စသဖြင့် စီစဉ်ကြတယ်။ ကိုယ့်အတွေးနဲ့ ကိုယ်ရှိကြသည်ပေ့ါ။ ဒါဆိုလည်း ဒီလိုလေးပြောင်းတွေးကြည့်စေချင်တယ်။ တကယ်က အထီးကျန်နေတာမဟုတ်ပါဘူး။ အားပြန်ဖြည့်ဖို့ အချိန်ပေးထားတာပါ။ နောက်တစ်ခါ ပြန်လည်ထင်ရှားတောက်ပဖို့၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ဖို့၊ ဘဲနဲ့ သွားတွေ့တဲ့အခါလှနေဖို့ အချိန်လေးနည်းနည်းတော့ လိုတယ်လေ။

(၄) ကိုယ့်ကိုယ်ကိုယ် သူငယ်ချင်းလုပ်လိုက်ပါ
တကယ်ကို ပစ်ထားခံရတာပါ၊ သူငယ်ချင်းတွေကလည်း တကယ် ပစ်ထားတာပါ၊ တခြားမိသားစုဝင်တွေကလည်း ခေါင်းထဲကို မရှိတာပါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အိုကေလေ။ စိတ်ညစ်နေစရာမလိုပါဘူး။ သူငယ်ချင်း အပေါင်းအသင်းမဲ့နေတဲ့ သင့်ကိုယ်သင် သူငယ်ချင်းလုပ်လိုက်ပါ။ ဒါကလွယ်ပါတယ်။ ငါ့သူငယ်ချင်း ဘာမှ အားမငယ်နဲ့၊ မင်းနဲ့အတူ ငါရှိတယ်၊ မင်းဝမ်းနည်းမနေနဲ့၊ ဒီကောင်တွေထက်သာတဲ့လူ၊ စိတ်ထားပိုကောင်းတဲ့လူ၊ ဒီကောင်တွေထက် ကိုယ်ချင်းစာစိတ်ရှိတဲ့လူသာ ဖြစ်အောင်ကြိုးစားစမ်းပါ၊ မင်းဘာလိုလည်းပြော၊ ငါကူညီပေးမယ်။ ဒါက ဥပမာ ပြောပြတာပါ။ မင်းအတွက် မင်းရှိပါတယ်။
သင်နဲ့အတူ အခုရှိနေတဲ့သူ (သင်ကိုယ်တိုင်) ကို ကြိုက်နှစ်သက်တယ်ဆိုရင် သင်အထီးကျန်တယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ - ဝိမ်းဒိုင်ယာ

(၅) မနက်မိုးသောက်ရင် အလင်းရောက်စမြဲပါ
အခု ဒီစာကို ဖတ်နေတဲ့အချိန်က မနက်ဖြစ်ချင်ဖြစ်မယ်။ ညနေ ဖြစ်ချင်လည်းဖြစ်နိုင်တယ်။ ညအိ်ပ်ခါနီးလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်ပြီးရင် တခြားဟာလျှောက်ကြည့်မယ်၊ ဖေ့စ်ဘွတ်ခ်သုံးမယ်၊ ဖုန်းကလိမယ်၊ ပြီးရင် အိပ်တော့ အိပ်ရဦးမှာပဲ။ အိုကေ.. ဒီလိုနဲ့ နောက်တစ်နေ့မနက်ရောက်လာမယ်။ နေလည်းထွက်လာမယ်။ ဖုန်းဖွင့်ကြည့်ရင် နောက်ထပ် စိတ်ဝင်စားစရာတွေ၊ စိတ်ရှုပ်စရာတွေ ဘာတွေ တွေ့ရမယ်မှန်း မသိပါဘူး။ ကောင်းတာလည်းရှိမယ်၊ ဆိုးတာလည်းရှိမယ်။ တစ်ခုသေချာတာကတော့ ဘာမှမသေချာဘူးဆိုတာပါပဲ။ မနက်ဖြန်မနက် ဘဲနဲ့ စိတ်ကောက်တာကနေ မတ်ဆေ့ချ်နဲ့ ချော့ထားတာလည်း တွေ့ချင်တွေ့ရနိုင်တယ်။ အိမ်ကလူတွေကလည်း ကိုယ်ကြိုက်တဲ့မုန့်လေး မနက်စာဝယ်ချင်ဝယ်ပေးထားလိမ့်မယ်၊ သူငယ်ချင်းတွေကလည်း စိတ်ပြောင်းပြီး ခေါ်ချင်ခေါ်မှာပေါ့။ တစ်သက်လုံးကြီး အထီးကျန်ပြီး ဘယ်သူမှ မဖြတ်သန်းနိုင်ပါဘူး။ ပျော်စရာမဟုတ်ရင်တောင် စိတ်ရှုပ်စရာပေါ်လာလို့ ဆက်မဖီးလ်နိုင်တာမျိုးပဲ ဖြစ်မှာပါ။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းဖြင့် ချမ်းမြေ့စွာ အနားယူနိုင်ကြပါစေ။

Source : TinyBuddha

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...