ျပည့္ျပည့္…က ကိုေနဝင္း ရဲ႕ပထမ အိမ္ေထာင္နဲ႔ ေမြးတဲ့သမီးပါ၊…သူ(၁)တန္းအရြယ္ေလာက္မွာ အိမ္ေထာင္ကြဲသြားတာလို႔သိရပါတယ္။
အခု၁၀တန္း၊ သူ႔အေမ့နဲအတူေနပါတယ္။
အေမကလည္း က်န္းမာေရးမေကာင္း၊ ခ်ိဳ႕တဲ့စြာ ေနရတဲ့ ကေလးပါ၊သူ႔အေဖအခုလိုဆံုးပါးသြားတဲ့ အခ်ိန္ သမီးမိန္းကေလး သိတတ္နားလည္တဲ့ အရြယ္ သူလည္း ခံစားရမွာပါ။သူ႔အေဖရဲ႕… ေနာက္ဆံုးခရီးကို လာတာေတာင္… မဝံမရဲ နဲ႔ အားငယ္ေနရွာတဲ့ကေလးပါ…
အေဖရဲ႕ ေနာက္ဆံုးခရီးကို လာတဲ့ သူ႔ရဲ႕… ပံုေလးေတြကို… ေတြ႕ၿပီး…ဦးကိုကိုႀကီး(၈၈မ်ိဳးဆက္) ကေနတဆင့္… စံုစမ္းၿပီး…ေရာက္ေအာင္သြားခဲ့တာပါ…
ကိုလူမင္းတို႔ကို…ေတြ႕ေတာ့.ျပည့္ျပည့္ေလးက… ဝမ္းနည္းဝမ္းသာ…မ်က္ရည္ေတြက်ပါတယ္…
စိတ္မေကာင္းစြာနဲ႔ က်မ သူ႔မ်က္ရည္ေတြကို… သုတ္ေပးရင္း…အားမငယ္ဖို႔၊စာပိုႀကိဳးစားဖို႔၊… စိတ္ဓာတ္မာဖို႔၊…ဘယ္ေတာ့မွမသိမ္ငယ္ဖို႔ကို…
ကိုလူမင္း ကလည္း…ေတာ္ေတာ္ေလး…
အားေပးတယ္…သူ႔ပညာေရးအတြက္လည္း…
အတတ္ႏိုင္ဆံုး…ကူညီေပးမွာပါ…
သူတို႔ကို…အားေပးတဲ့သူလည္း…အင္မတန္…
နည္းရွာပါတယ္…ျပန္ခါနီးႏႈတ္ဆက္ေတာ့ျပည့္ျပည့္ရဲ႕ အေမ…မ်က္ဝန္းမွာ…မ်က္ရည္စေတြနဲ႔ပါ…
ေတာ္ေတာ္ေလး… စိတ္မေကာင္း ျဖစ္ရပါတယ္…
အိမ္ေထာင္ေရး…ဆိုတာလည္း…အေၾကာင္း
အမ်ိဳးမ်ိဳးေၾကာင့္ကြဲတတ္ပါတယ္…ကေလးေတြက… ၾကားကဘာအျပစ္မွမရွိပါ…တခ်ိဳ႕တခ်ိဳ႕ေတြက…မသိပဲ…အေဖက…သူရဲေကာင္း…ျဖစ္မွ…ေပၚလာတယ္…ဆိုၿပီး…ေျပာေနၾကတာဟာ…ျပည့္ျပည့္…သိတတ္နားလည္ေနတဲ့အရြယ္…ထိခိုက္ခံစားရမွာစိုးလို႔…သိသေလာက္ေလး… မၽွမၽွတတေလး…ရွင္းျပေပးတာပါ…
ဘယ္သူ႔…ဘယ္သူကိုမွ…မထိခိုက္…
မနစ္နာေစခ်င္ပါ…ျပည္ျပည့္…အေၾကာင္းေလး… သိေစခ်င္လို႔…ဒီစာေလးကိုေရးရတာပါ…
ကိုယ္ခ်င္းစာေပးပါေစ…လဲေနသူ…ထူေပးပါ…
အားငယ္သူ…အားေပးပါ…
#Credit- Ayarwady Lu Min
#Photo_Credit_U_MyatKhine_n_KoKoGyi
#Edkza@Thaw Zin Aung
ပြည့်ပြည့်…က ကိုနေဝင်း ရဲ့ပထမ အိမ်ထောင်နဲ့ မွေးတဲ့သမီးပါ၊…သူ(၁)တန်းအရွယ်လောက်မှာ အိမ်ထောင်ကွဲသွားတာလို့သိရပါတယ်။အခု၁ဝတန်း၊ သူ့အမေ့နဲအတူနေပါတယ်။
အမေကလည်း ကျန်းမာရေးမကောင်း၊ ချို့တဲ့စွာ နေရတဲ့ ကလေးပါ၊သူ့အဖေအခုလိုဆုံးပါးသွားတဲ့ အချိန် သမီးမိန်းကလေး သိတတ်နားလည်တဲ့ အရွယ် သူလည်း ခံစားရမှာပါ။သူ့အဖေရဲ့… နောက်ဆုံးခရီးကို လာတာတောင်… မဝံမရဲ နဲ့ အားငယ်နေရှာတဲ့ကလေးပါ…
အဖေရဲ့ နောက်ဆုံးခရီးကို လာတဲ့ သူ့ရဲ့… ပုံလေးတွေကို… တွေ့ပြီး…ဦးကိုကိုကြီး(၈၈မျိုးဆက်) ကနေတဆင့်… စုံစမ်းပြီး…ရောက်အောင်သွားခဲ့တာပါ…
ကိုလူမင်းတို့ကို…တွေ့တော့.ပြည့်ပြည့်လေးက… ဝမ်းနည်းဝမ်းသာ…မျက်ရည်တွေကျပါတယ်…
စိတ်မကောင်းစွာနဲ့ ကျမ သူ့မျက်ရည်တွေကို… သုတ်ပေးရင်း…အားမငယ်ဖို့၊စာပိုကြိုးစားဖို့၊… စိတ်ဓာတ်မာဖို့၊…ဘယ်တော့မှမသိမ်ငယ်ဖို့ကို…
ကိုလူမင်း ကလည်း…တော်တော်လေး…
အားပေးတယ်…သူ့ပညာရေးအတွက်လည်း…
အတတ်နိုင်ဆုံး…ကူညီပေးမှာပါ…
သူတို့ကို…အားပေးတဲ့သူလည်း…အင်မတန်…
နည်းရှာပါတယ်…ပြန်ခါနီးနှုတ်ဆက်တော့ပြည့်ပြည့်ရဲ့ အမေ…မျက်ဝန်းမှာ…မျက်ရည်စတွေနဲ့ပါ…
တော်တော်လေး… စိတ်မကောင်း ဖြစ်ရပါတယ်…
အိမ်ထောင်ရေး…ဆိုတာလည်း…အကြောင်း
အမျိုးမျိုးကြောင့်ကွဲတတ်ပါတယ်…ကလေးတွေက… ကြားကဘာအပြစ်မှမရှိပါ…တချို့တချို့တွေက…မသိပဲ…အဖေက…သူရဲကောင်း…ဖြစ်မှ…ပေါ်လာတယ်…ဆိုပြီး…ပြောနေကြတာဟာ…ပြည့်ပြည့်…သိတတ်နားလည်နေတဲ့အရွယ်…ထိခိုက်ခံစားရမှာစိုးလို့…သိသလောက်လေး… မျှမျှတတလေး…ရှင်းပြပေးတာပါ…
ဘယ်သူ့…ဘယ်သူကိုမှ…မထိခိုက်…
မနစ်နာစေချင်ပါ…ပြည်ပြည့်…အကြောင်းလေး… သိစေချင်လို့…ဒီစာလေးကိုရေးရတာပါ…
ကိုယ်ချင်းစာပေးပါစေ…လဲနေသူ…ထူပေးပါ…
အားငယ်သူ…အားပေးပါ…
#Credit- Ayarwady Lu Min
#Photo_Credit_U_MyatKhine_n_KoKoGyi
#Edkza@Thaw Zin Aung
0 comments :
Post a Comment