လူသားေတြရဲ႕ ရက္စက္မႈဒါဏ္ကုိ ေသမတတ္ ခံစားေနရတဲ့ လိပ္ကေလး ..!

ပင္လယ္သမုဒၵရာကုိ ညစ္ညမ္းေအာင္ျပဳလုပ္ၾကသူမ်ားမွာ လူသားေတြပင္ျဖစ္ပါတယ္။ လူသားတုိ႔ရဲ႕ ဆုိးႀကဳိးေတြကုိ အဓိက ခံေနရၾကတာေတာ့ ေရသတၱ၀ါေတြျဖစ္ပါတယ္။ ပစ္ခ်တဲ့အမႈိက္ေတြထဲမွာ ပလတ္စတစ္ေတြဟာ အဆုိးဆုံး လုိ႔ေျပာလုိ႔ရပါတယ္။

အခုလည္း ေရသတၱ၀ါေလ့လာေရးအဖြဲ႔တစ္ဖြဲ႔ဟာ သနားစဖြယ္လိပ္ကေလးတစ္ေကာင္ကုိ
 ေကာ္စကာရီကာ ကြ်န္းအနီး မွာေတြ႔ရွိခဲ့ရပါတယ္။ သနားဖုိ႔ေကာင္းတာကေတာ့ ပလတ္စတစ္ေခ်ာင္းတစ္ေခ်ာင္းဟာ လိပ္ရဲ႕ ႏွာေခါင္းမွာ ဆုိ႔ေန တာပါ။ ဘယ္လုိမွ ဖယ္ထုတ္လုိ႔ မရတာေၾကာင့္ လိပ္ကေလးမွာ အေတာ္ဒုကၡေရာက္ေနပါတယ္။ ဒါကုိ ေလ့လာေရး အဖြဲ႔၀င္ေတြက ဖယ္ရွားဖုိ႔ႀကဳိးစားရာမွာ ပလတ္စတစ္ေခ်ာင္းဟာ အေတာ္နက္နက္ စုိက္၀င္ေနတာေၾကာင့္ ဖယ္ရွား ဖုိ႔ အလြန္ခက္ခဲ ခဲ့သလုိ လိပ္ကေလးမွာလည္း နာက်င္လြန္းတာေၾကာင့္ ရုန္းကန္ေအာ္ဟစ္ေနတာကုိ ဗီဒီယုိမွာျမင္ႏုိင္ပါတယ္။ အလြန္သနားဖုိ႔ေကာင္းလွပါတယ္။ ေနာက္ဆုံးမွာေတာ့ ပလတ္စတစ္ေကာ္ေခ်ာင္းကို ဖယ္ထုတ္ႏုိင္ ခဲ့ၿပီး ၆ လက္မခန္႔ အရွည္ရွိတာကို ေတြ႔လုိက္ရပါတယ္။

ဖယ္ထုတ္ခ်ိန္ ၈ မိနစ္အတြင္းမွာ လိပ္ကေလးအတြက္ေတာ့ ငရဲက်ေနသလုိ ခံစားရမွာေသခ်ာပါတယ္။
Credit: Thutazone
=========
ပင်လယ်သမုဒ္ဒရာကို ညစ်ညမ်းအောင်ပြုလုပ်ကြသူများမှာ လူသားတွေပင်ဖြစ်ပါတယ်။ လူသားတို့ရဲ့ ဆိုးကြိုးတွေကို အဓိက ခံနေရကြတာတော့ ရေသတ္တဝါတွေဖြစ်ပါတယ်။ ပစ်ချတဲ့အမှိုက်တွေထဲမှာ ပလတ်စတစ်တွေဟာ အဆိုးဆုံး လို့ပြောလို့ရပါတယ်။

အခုလည်း ရေသတ္တဝါလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ သနားစဖွယ်လိပ်ကလေးတစ်ကောင်ကို
 ကော်စကာရီကာ ကျွန်းအနီး မှာတွေ့ရှိခဲ့ရပါတယ်။ သနားဖို့ကောင်းတာကတော့ ပလတ်စတစ်ချောင်းတစ်ချောင်းဟာ လိပ်ရဲ့ နှာခေါင်းမှာ ဆို့နေ တာပါ။ ဘယ်လိုမှ ဖယ်ထုတ်လို့ မရတာကြောင့် လိပ်ကလေးမှာ အတော်ဒုက္ခရောက်နေပါတယ်။ ဒါကို လေ့လာရေး အဖွဲ့ဝင်တွေက ဖယ်ရှားဖို့ကြိုးစားရာမှာ ပလတ်စတစ်ချောင်းဟာ အတော်နက်နက် စိုက်ဝင်နေတာကြောင့် ဖယ်ရှား ဖို့ အလွန်ခက်ခဲ ခဲ့သလို လိပ်ကလေးမှာလည်း နာကျင်လွန်းတာကြောင့် ရုန်းကန်အော်ဟစ်နေတာကို ဗီဒီယိုမှာမြင်နိုင်ပါတယ်။ အလွန်သနားဖို့ကောင်းလှပါတယ်။ နောက်ဆုံးမှာတော့ ပလတ်စတစ်ကော်ချောင်းကို ဖယ်ထုတ်နိုင် ခဲ့ပြီး ၆ လက်မခန့် အရှည်ရှိတာကို တွေ့လိုက်ရပါတယ်။

ဖယ်ထုတ်ချိန် ၈ မိနစ်အတွင်းမှာ လိပ်ကလေးအတွက်တော့ ငရဲကျနေသလို ခံစားရမှာသေချာပါတယ်။
Credit: Thutazone

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...