သူရဦးေရႊမန္း ဦးေဆာင္သည့္ ေကာ္မရွင္ သက္တမ္းတိုးမႈအေပၚ တပ္မေတာ္ ကန္႔ကြက္

ေနျပည္ေတာ္(ေဖေဖာ္ဝါရီ ၂၇ရက္၊ ၂၀၁၇ခုႏွစ္)။ ။ ျပည္ေထာင္စုလႊတ္ေတာ္နာယကေဟာင္းျဖစ္သူ သူရဦးေရႊမန္း ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ဥပေဒေရးရာႏွင့္အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္၏ သက္တမ္း ထပ္မံတိုးျမွင့္ျခင္းအေပၚ တပ္မေတာ္က ကန္႔ကြက္လိုက္သည္။
ၿပီးခဲ့သည့္ႏွစ္ မတ္လ ၁ရက္က စတင္ဖြဲ႔စည္းခဲ့သည့္ အဆိုပါ ေကာ္မရွင္၏ သက္တမ္းသည္ တစ္ႏွစ္ျပည့္ေျမာက္ၿပီျဖစ္သည့္အတြက္ ေနာက္ထပ္ သက္တမ္းတစ္ႏွစ္ ထပ္မံတိုးျမွင့္ရန္ ေဖေဖာ္ဝါရီ ၂၇ရက္က ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ တင္ျပလာမႈအေပၚ တပ္မေတာ္က ကန္႔ကြက္လိုက္ျခင္း ျဖစ္သည္။
သူရဦးေရႊမန္း ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ျပည္ေထာင္စုလႊတ္ေတာ္၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္သည္ ဖြဲ႔စည္းပံုအေျခခံဥပေဒႏွင့္ မညီေၾကာင္း ျပည္သူ႔လႊတ္ေတာ္၏ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္က ျပည္ေထာင္စုလႊတ္ေတာ္တြင္ ကန္႔ကြက္သည္။
“ေကာ္မရွင္ ဖြဲ႔စည္းျခင္းကို ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္တို႔မွာ ဖြဲ႔စည္းႏုိင္ဖို႔အတြက္ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ အာဏာ အပ္ႏွင္းထားရွိပါတယ္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေကာ္မရွင္ ဖြဲ႔စည္းျခင္းကို ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ အာဏာ အပ္ႏွင္းထားျခင္း မရွိပါဘူး” ဟု ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က ေျပာသည္။
ထို႔ျပင္ အဆိုပါ ေကာ္မရွင္သည္ ဖြဲ႔စည္းပံုအေျခခံဥပေဒႏွင့္ ညီ၊ မညီ စိစစ္ေပးရန္ တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၅၀ဦးက ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာခံု႐ံုးသို႔ ယခုလ ၂၂ရက္က တင္ျပထားသည္ဟုလည္း ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က ဆိုသည္။
တပ္မေတာ္သားကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က ကန္႔ကြက္ေသာေၾကာင့္ လႊတ္ေတာ္တြင္ မဲခြဲဆံုးျဖတ္ခဲ့ရာ ေထာက္ခံမဲ ၃၃၃မဲ၊ ကန္႔ကြက္မဲ ၁၈၉မဲႏွင့္ ၾကာေန ၆မဲ ရရွိခဲ့သျဖင့္ ေကာ္မရွင္ သက္တမ္းတိုးျခင္းကို လႊတ္ေတာ္က အတည္ျပဳေၾကာင္း ဆံုးျဖတ္လိုက္သည္။
“ဖြဲ႔စည္းပံုအေျခခံဥပေဒနဲ႔လည္း မညီပါဘူး။ မညီလို႔လည္း ညီ၊ မညီ စိစစ္ေပးဖို႔ ခံု႐ံုးကိုလည္း တင္ထားပါတယ္။ ခံု႐ံုးကလည္း ဘာမွ အဆံုးအျဖတ္ မေပးေသးပါဘူး။ ဒီလို အေျခအေနမွာ သက္တမ္းတိုးတာဟာ မေကာင္းပါဘူး။ မေကာင္းပါဘူးဆိုတာ မလုပ္သင့္ပါဘူး” ဟု ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က မီဒီယာမ်ားကို ေျပာသည္။

မဲခြဲဆံုးျဖတ္ခဲ့မႈႏွင့္ပတ္သက္၍လည္း ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က “ကၽြန္ေတာ္တုိ႔ တပ္မေတာ္သားမ်ား ကန္႔ကြက္ရဲ့သားနဲ႔ အေလးအနက္ထား စဥ္းစားေဆာင္ရြက္မႈမရွိဘဲနဲ႔ အတင္းမဲခြဲၿပီး ဆံုးျဖတ္သြားတာ ျဖစ္ပါတယ္။ ဒါဟာ မလုပ္သင့္တဲ့ကိစၥ ျဖစ္ပါတယ္” ဟု ဆိုသည္။
သူရဦးေရႊမန္း ဦးေဆာင္သည့္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ကို ၂၀၁၆ခုႏွစ္ မတ္လ ၁ရက္တြင္ စတင္ဖြဲ႔စည္းခဲ့ၿပီး လက္ရွိတြင္ အဖြဲ႔ဝင္ (၃၈)ဦး ရွိသည္။
အေျခခံဥပေဒႏွင့္မညီေသာေၾကာင့္ ကန္႔ကြက္ရျခင္းျဖစ္ၿပီး ေကာ္မရွင္ ဥကၠဌ သူရဦးေရႊမန္းအေပၚ ပုဂၢိဳလ္ေရးအရ ကန္႔ကြက္ျခင္းမဟုတ္ဟုလည္း ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က ေျပာသည္။
"ကၽြန္ေတာ္တုိ႔ တပ္မေတာ္သားေတြကေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ထိန္းသိမ္း၊ ကာကြယ္၊ ေစာင့္ေရွာက္ရမွာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ မညီတဲ့ကိစၥေတြကို ေထာက္ျပ၊ ေျပာဆို၊ ကန္႔ကြက္ရမွာ ျဖစ္ပါတယ္" ဟု ၎က ဆိုသည္။http://www.mizzimaburmese.com


နေပြည်တော်(ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်ထောင်စုလွှတ်တော်နာယကဟောင်းဖြစ်သူ သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ သက်တမ်း ထပ်မံတိုးမြှင့်ခြင်းအပေါ် တပ်မတော်က ကန့်ကွက်လိုက်သည်။

ပြီးခဲ့သည့်နှစ် မတ်လ ၁ရက်က စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါ ကော်မရှင်၏ သက်တမ်းသည် တစ်နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် နောက်ထပ် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ရန် ဖေဖော်ဝါရီ ၂၇ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြလာမှုအပေါ် တပ်မတော်က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ပြည်သူ့လွှတ်တော်၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သည်။

“ကော်မရှင် ဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဖွဲ့စည်းနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာ အပ်နှင်းထားရှိပါတယ် ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာ အပ်နှင်းထားခြင်း မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

ထို့ပြင် အဆိုပါ ကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်ပေးရန် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၀ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယခုလ ၂၂ရက်က တင်ပြထားသည်ဟုလည်း ဗိုလ်မှူးချုပ် မောင်မောင်က ဆိုသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ကန့်ကွက်သောကြောင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၃၃မဲ၊ ကန့်ကွက်မဲ ၁၈၉မဲနှင့် ကြာနေ ၆မဲ ရရှိခဲ့သဖြင့် ကော်မရှင် သက်တမ်းတိုးခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီပါဘူး။ မညီလို့လည်း ညီ၊ မညီ စိစစ်ပေးဖို့ ခုံရုံးကိုလည်း တင်ထားပါတယ်။ ခုံရုံးကလည်း ဘာမှ အဆုံးအဖြတ် မပေးသေးပါဘူး။ ဒီလို အခြေအနေမှာ သက်တမ်းတိုးတာဟာ မကောင်းပါဘူး။ မကောင်းပါဘူးဆိုတာ မလုပ်သင့်ပါဘူး” ဟု ဗိုလ်မှူးချုပ် မောင်မောင်က မီဒီယာများကို ပြောသည်။



မဲခွဲဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍လည်း ဗိုလ်မှူးချုပ် မောင်မောင်က “ကျွန်တော်တို့ တပ်မတော်သားများ ကန့်ကွက်ရဲ့သားနဲ့ အလေးအနက်ထား စဉ်းစားဆောင်ရွက်မှုမရှိဘဲနဲ့ အတင်းမဲခွဲပြီး ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။ ဒါဟာ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ဆိုသည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ၂၀၁၆ခုနှစ် မတ်လ ၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် (၃၈)ဦး ရှိသည်။

အခြေခံဥပဒေနှင့်မညီသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ပြီး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းအပေါ် ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်ခြင်းမဟုတ်ဟုလည်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

"ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မညီတဲ့ကိစ္စတွေကို ထောက်ပြ၊ ပြောဆို၊ ကန့်ကွက်ရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။http://www.mizzimaburmese.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...